Kantharyar Centre
×

၄၀’ စင္တီဂရိတ္ ေလာက္ပူေနတဲ့ ေႏြေန႔လည္ခင္းမွာ ေရေႏြးပူပူကုိ မႈတ္ေသာက္ဖို႔ဆိုတာ ေတာ္ေတာ္ေၾကာင္တယ္လို႔ ထင္ၾကမွာပါ။ ပူအိုက္ေနတဲ့အခါ ေရခဲေသတၱာထဲက ေရခဲေရၿဖစ္ၿဖစ္ အေအးၿဖစ္ၿဖစ္ ေသာက္မယ့္သူပဲမ်ားမွာပါ။ ဒါေပမယ့္ ဗမာၿပည္က ေရွးလူၾကီးေတြနဲ႔ အိႏိၵယက လူတခ်ိဳ႔ကေတာ့ ပူအိုက္ေနရင္ ေရေႏြးကို မႈတ္ေသာက္ၿပီး အပူသက္သာေအာင္ လုပ္ၾကပါတယ္။ သူတို႔ကပဲ ေရွးရိုးစြဲတာလား၊ ေရေႏြးေသာက္ရင္ တကယ္ပဲပူအုိက္တာသက္သာလုိ႔လား။

တခ်ိဳ႔အေၿခအေနေတြမွာေတာ့ ပူအိုက္ေနစဥ္ ေရေႏြးေသာက္တာက ေအးၿမမႈကို ေပးနုိင္တယ္လို႔ သိပၸံပညာရွင္ေတြက ဆိုပါတယ္။ ေရေႏြးေသာက္လုိက္ရင္ အပူဓာတ္တခ်ိဳ႔ ကုိယ္ထဲကို စီးဝင္နုိင္ပါတယ္။ ဒါေပမယ့္ တုိးလာတဲ့ အပူဓာတ္ကုိ ေခ်နုိင္မယ့္ ေခ်ြးေတြထြက္လာေအာင္ ေရေႏြးက လႈံ့ေဆာ္ေပးနုိင္လို႔ပါ။ ကုိယ္ေသာက္တဲ့ ေရေႏြးရဲ့အပူခ်ိန္၊ ေသာက္တဲ့ပမာဏ၊ ကုိယ့္ပတ္ဝန္းက်င္ရဲ့ လက္ရွိအပူခ်ိန္နဲ႔ စိုထိုင္းဆတို႔ ေပၚမွာေတာ့ မူတည္ပါတယ္။

ဘာ့ေၾကာင့္ေရေႏြးေသာက္ရင္ အပူသက္သာရတာလဲ

ပူအိုက္တုံး ေရေႏြးေသာက္တာက ထူးဆန္းသလိုေတာ့ ရွိပါတယ္။ ဒါေပမယ့္ ေရေႏြးကရတဲ့ အပူဓာတ္က ကိုယ္တြင္းအပူခ်ိန္နဲ႔ ယွဥ္ရင္ ေရဒါေပၚက အစက္အေၿပာက္ေလာက္ပဲ ရွိပါတယ္။ တကုိယ္လုံးမွာရွိတဲ့ အရည္ပမာဏနဲ႔ ယွဥ္ရင္လဲ ေသာက္လုိက္တဲ့ ေရေႏြးပမာဏက မေၿပာပေလာက္ပါဘူး။

သို႔ေသာ္လည္း ေရေႏြးၾကမ္း (လက္ဖက္ရည္ၾကမ္း) ေသာက္ၿခင္းက အပူခ်ိန္အာရုံခံဆဲလ္ေတြကို လွုံ့ေဆာ္ေပးၿပီး ေခ်ြးထြက္ေစပါတယ္။ ေခ်ြးထြက္တာကိုသုံးၿပီး ကိုယ္ကိုေအးေအာင္လုပ္တာ ၿဖစ္ပါတယ္။ သတိၿပဳဖို႔ကေတာ့ ေအးၿမတဲ့ အာနိသင္ရဖို႔ ထြက္လာတဲ့ေခ်ြးေတြ အေငြ့ၿပန္ဖုိ႔ လုိပါတယ္။ အေငြ႔မၿပန္ပဲ ေအာက္ကိုစီးက်သြားရင္ေတာ့ ဘာမွထူးၿပီး အပူသက္သာမွာ မဟုတ္ပါဘူး။

ေလ့က်င့္ခန္း အၿပင္းအထန္လုပ္ေနစဥ္မွာ ဒါမွမဟုတ္ အရမ္းပူတဲ့ အခ်ိန္မ်ိဳးမွာ ေခ်ြးေတြထြက္ေနေပမယ့္ ေအာက္ကို စီးက်သြားတာက အေငြ႔ၿပန္တာထက္ မ်ားေနရင္လဲ အပူသက္သာမွာ မဟုတ္ပါဘူး။ အဲဒီလိုအခ်ိန္မ်ိဳးမွာ ေရေႏြးေသာက္ၿပီး ေခ်ြးပိုထြက္လုပ္တာကေတာ့ မသင့္ေတာ္ပါဘူး။ ေရေအးေသာက္တာက ပုိၿပီးသင့္ေတာ္ပါလိမ့္မယ္။

ကိုယ္အပူခ်ိန္ထက္ ပိုေအးတဲ့ ေရေသာက္လုိက္ရင္ အပူဓာတ္တခ်ိဳ႔က ေသာက္လုိက္တဲ့ ေရထဲကို စီးဝင္သြားတဲ့အတြက္ အပူဓာတ္ကို ေလ်ာ့နည္းေစပါတယ္။ ၿပႆနာက ေရေအးေသာက္ရင္ ေခ်ြးမထြက္ေတာ့တဲ့ အတြက္ ေခ်ြးအေငြ႔ၿပန္လုိ႔ အပူသက္သာတာမ်ိဳး ရွိမွာမဟုတ္ေတာ့ပါဘူး။ ေခ်ြးထြက္လို႔ အေငြ႔ၿပန္ၿပီး အပူသက္သာတာက ေရေႏြးရဲ့ အပူဓာတ္ထက္ကုိ ေခ်ဖ်က္နုိင္ရင္ေတာ့ ေရေႏြးေသာက္တာကို ေရြးလုိ႔ရပါတယ္။

ေရခဲေရေသာက္တာက ပုိၿပီးပူအိုက္ေစသလား

သုေတသနတခုကေတာ့ အရမ္းေအးတဲ့ ေရခဲေရကို ေသာက္တာက ၃၇’ စင္တီဂရိတ္ေလာက္ပဲရွိတဲ့ေရကို ေသာက္တာထက္ ပုိၿပီးပူအိုက္ေစတယ္လို႔ ဆိုပါတယ္။ ၃၇’ စင္တီဂရိတ္ဆိုတာ ကိုယ္တြင္းပုံမွန္ အပူခ်ိန္ၿဖစ္ပါတယ္။ အရမ္းေအးတဲ့ ေရခဲေရကို ေသာက္လုိက္ရင္ ေခ်ြးထြက္တဲ့ လုပ္ငန္းစဥ္ ရပ္သြားပါတယ္။ အဲဒီအတြက္ ကုိယ္တြင္းမွာ အပူေတြေအာင္း ေနေစပါတယ္။ ေရခဲေရေသာက္လိုက္လုိ႔ ကုိယ္တြင္းအပူဓာတ္အခ်ိဳ႔ ေရထဲကို စီးဝင္ေလ်ာ့ပါးသြားေပမယ့္ ေခ်ြးမထြက္လို႔ ေအာင္းေနတဲ့ အပူဓာတ္ကမ်ားေနလုိ႔ ပိုၿပီးပူအိုက္ေစတာ ၿဖစ္ပါတယ္။

ဘာေသာက္ရမလဲ

ပူအိုက္တဲ့ အခ်ိန္မွာေရေႏြးပဲၿဖစ္ၿဖစ္၊ ေကာ္ဖီပူပူပဲၿဖစ္ၿဖစ္ ေသာက္တာက ထြက္လာတဲ့ေခ်ြးေတြ အေငြ႔ၿပန္ေနရင္ေတာ့ မွန္ကန္တဲ့ ေရြးခ်ယ္မႈလို႔ ဆိုနုိင္ရပါတယ္။ ပူရတဲ့အထဲ ေခ်ြးေတြထြက္လာတာကို ကသိကေအာက္ မၿဖစ္ဘူးဆိုရင္ေတာ့ ေခ်ြးအေငြ႔ၿပန္ေအာင္ ယပ္ခပ္ရင္း၊ ပန္ကန္ေလခံရင္း ေသာက္လုိ႔ရပါတယ္။

အေကာင္းဆုံးကို အၾကံေပးရရင္ေတာ့ ကုိယ္ေသာက္လုိ႔အဆင္ေၿပမယ့္ အပူခ်ိန္ရွိတဲ့ေရမ်ိဳးကို ေသာက္ဖုိ႔ပါ။ ဒါမွလိုအပ္တဲ့ ေရပမာဏကို ေသာက္သုံးၿဖစ္ၿပီး ေရဓာတ္ခန္းေၿခာက္တာ၊ အပူငုတ္တာ၊ နွလုံးနွင့္ ေသြးေၾကာဆုိင္ရာ ေရာဂါေတြပုိဆိုးေစတာေတြကို ကာကြယ္နုိင္မွာပါ။ ၁ ရက္ကို ေသာက္ေရအိုးထဲက၊ ေရသန္႔ဗူးထဲက ေရ ၁ - ၂ လီတာေလာက္ ေသာက္ရတာ အခက္အခဲ မရွိနုိင္ေပမယ့္ ေရေႏြးၾကမ္းကို အဲဒီေလာက္ေသာက္နုိင္ဖို႔ မလြယ္တဲ့အတြက္ေၾကာင့္ ၿဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Lwin Pyin

#Unicode Version
၄၀’ စင်တီဂရိတ် လောက်ပူနေတဲ့ နွေနေ့လည်ခင်းမှာ ရေနွေးပူပူကို မှုတ်သောက်ဖို့ဆိုတာ တော်တော်ကြောင်တယ်လို့ ထင်ကြမှာပါ။ ပူအိုက်နေတဲ့အခါ ရေခဲသေတ္တာထဲက ရေခဲရေဖြစ်ဖြစ် အအေးဖြစ်ဖြစ် သောက်မယ့်သူပဲများမှာပါ။ ဒါပေမယ့် ဗမာပြည်က ရှေးလူကြီးတွေနဲ့ အိန္ဒိယက လူတချို့ကတော့ ပူအိုက်နေရင် ရေနွေးကို မှုတ်သောက်ပြီး အပူသက်သာအောင် လုပ်ကြပါတယ်။ သူတို့ကပဲ ရှေးရိုးစွဲတာလား၊ ရေနွေးသောက်ရင် တကယ်ပဲပူအိုက်တာသက်သာလို့လား။

တချို့အခြေအနေတွေမှာတော့ ပူအိုက်နေစဉ် ရေနွေးသောက်တာက အေးမြမှုကို ပေးနိုင်တယ်လို့ သိပ္ပံပညာရှင်တွေက ဆိုပါတယ်။ ရေနွေးသောက်လိုက်ရင် အပူဓာတ်တချို့ ကိုယ်ထဲကို စီးဝင်နိုင်ပါတယ်။ ဒါပေမယ့် တိုးလာတဲ့ အပူဓာတ်ကို ချေနိုင်မယ့် ချွေးတွေထွက်လာအောင် ရေနွေးက လှုံ့ဆော်ပေးနိုင်လို့ပါ။ ကိုယ်သောက်တဲ့ ရေနွေးရဲ့အပူချိန်၊ သောက်တဲ့ပမာဏ၊ ကိုယ့်ပတ်ဝန်းကျင်ရဲ့ လက်ရှိအပူချိန်နဲ့ စိုထိုင်းဆတို့ ပေါ်မှာတော့ မူတည်ပါတယ်။

ဘာ့ကြောင့်ရေနွေးသောက်ရင် အပူသက်သာရတာလဲ

ပူအိုက်တုံး ရေနွေးသောက်တာက ထူးဆန်းသလိုတော့ ရှိပါတယ်။ ဒါပေမယ့် ရေနွေးကရတဲ့ အပူဓာတ်က ကိုယ်တွင်းအပူချိန်နဲ့ ယှဉ်ရင် ရေဒါပေါ်က အစက်အပြောက်လောက်ပဲ ရှိပါတယ်။ တကိုယ်လုံးမှာရှိတဲ့ အရည်ပမာဏနဲ့ ယှဉ်ရင်လဲ သောက်လိုက်တဲ့ ရေနွေးပမာဏက မပြောပလောက်ပါဘူး။

သို့သော်လည်း ရေနွေးကြမ်း (လက်ဖက်ရည်ကြမ်း) သောက်ခြင်းက အပူချိန်အာရုံခံဆဲလ်တွေကို လှုံ့ဆော်ပေးပြီး ချွေးထွက်စေပါတယ်။ ချွေးထွက်တာကိုသုံးပြီး ကိုယ်ကိုအေးအောင်လုပ်တာ ဖြစ်ပါတယ်။ သတိပြုဖို့ကတော့ အေးမြတဲ့ အာနိသင်ရဖို့ ထွက်လာတဲ့ချွေးတွေ အငွေ့ပြန်ဖို့ လိုပါတယ်။ အငွေ့မပြန်ပဲ အောက်ကိုစီးကျသွားရင်တော့ ဘာမှထူးပြီး အပူသက်သာမှာ မဟုတ်ပါဘူး။

လေ့ကျင့်ခန်း အပြင်းအထန်လုပ်နေစဉ်မှာ ဒါမှမဟုတ် အရမ်းပူတဲ့ အချိန်မျိုးမှာ ချွေးတွေထွက်နေပေမယ့် အောက်ကို စီးကျသွားတာက အငွေ့ပြန်တာထက် များနေရင်လဲ အပူသက်သာမှာ မဟုတ်ပါဘူး။ အဲဒီလိုအချိန်မျိုးမှာ ရေနွေးသောက်ပြီး ချွေးပိုထွက်လုပ်တာကတော့ မသင့်တော်ပါဘူး။ ရေအေးသောက်တာက ပိုပြီးသင့်တော်ပါလိမ့်မယ်။

ကိုယ်အပူချိန်ထက် ပိုအေးတဲ့ ရေသောက်လိုက်ရင် အပူဓာတ်တချို့က သောက်လိုက်တဲ့ ရေထဲကို စီးဝင်သွားတဲ့အတွက် အပူဓာတ်ကို လျော့နည်းစေပါတယ်။ ပြဿနာက ရေအေးသောက်ရင် ချွေးမထွက်တော့တဲ့ အတွက် ချွေးအငွေ့ပြန်လို့ အပူသက်သာတာမျိုး ရှိမှာမဟုတ်တော့ပါဘူး။ ချွေးထွက်လို့ အငွေ့ပြန်ပြီး အပူသက်သာတာက ရေနွေးရဲ့ အပူဓာတ်ထက်ကို ချေဖျက်နိုင်ရင်တော့ ရေနွေးသောက်တာကို ရွေးလို့ရပါတယ်။

ရေခဲရေသောက်တာက ပိုပြီးပူအိုက်စေသလား

သုတေသနတခုကတော့ အရမ်းအေးတဲ့ ရေခဲရေကို သောက်တာက ၃၇’ စင်တီဂရိတ်လောက်ပဲရှိတဲ့ရေကို သောက်တာထက် ပိုပြီးပူအိုက်စေတယ်လို့ ဆိုပါတယ်။ ၃၇’ စင်တီဂရိတ်ဆိုတာ ကိုယ်တွင်းပုံမှန် အပူချိန်ဖြစ်ပါတယ်။ အရမ်းအေးတဲ့ ရေခဲရေကို သောက်လိုက်ရင် ချွေးထွက်တဲ့ လုပ်ငန်းစဉ် ရပ်သွားပါတယ်။ အဲဒီအတွက် ကိုယ်တွင်းမှာ အပူတွေအောင်း နေစေပါတယ်။ ရေခဲရေသောက်လိုက်လို့ ကိုယ်တွင်းအပူဓာတ်အချို့ ရေထဲကို စီးဝင်လျော့ပါးသွားပေမယ့် ချွေးမထွက်လို့ အောင်းနေတဲ့ အပူဓာတ်ကများနေလို့ ပိုပြီးပူအိုက်စေတာ ဖြစ်ပါတယ်။

ဘာသောက်ရမလဲ

ပူအိုက်တဲ့ အချိန်မှာရေနွေးပဲဖြစ်ဖြစ်၊ ကော်ဖီပူပူပဲဖြစ်ဖြစ် သောက်တာက ထွက်လာတဲ့ချွေးတွေ အငွေ့ပြန်နေရင်တော့ မှန်ကန်တဲ့ ရွေးချယ်မှုလို့ ဆိုနိုင်ရပါတယ်။ ပူရတဲ့အထဲ ချွေးတွေထွက်လာတာကို ကသိကအောက် မဖြစ်ဘူးဆိုရင်တော့ ချွေးအငွေ့ပြန်အောင် ယပ်ခပ်ရင်း၊ ပန်ကန်လေခံရင်း သောက်လို့ရပါတယ်။

အကောင်းဆုံးကို အကြံပေးရရင်တော့ ကိုယ်သောက်လို့အဆင်ပြေမယ့် အပူချိန်ရှိတဲ့ရေမျိုးကို သောက်ဖို့ပါ။ ဒါမှလိုအပ်တဲ့ ရေပမာဏကို သောက်သုံးဖြစ်ပြီး ရေဓာတ်ခန်းခြောက်တာ၊ အပူငုတ်တာ၊ နှလုံးနှင့် သွေးကြောဆိုင်ရာ ရောဂါတွေပိုဆိုးစေတာတွေကို ကာကွယ်နိုင်မှာပါ။ ၁ ရက်ကို သောက်ရေအိုးထဲက၊ ရေသန့်ဗူးထဲက ရေ ၁ - ၂ လီတာလောက် သောက်ရတာ အခက်အခဲ မရှိနိုင်ပေမယ့် ရေနွေးကြမ်းကို အဲဒီလောက်သောက်နိုင်ဖို့ မလွယ်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Lwin Pyin
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top