Property Expo
×


တ႐ုတ္အစိုးရ၏ဖမ္းဆီး မႈမ်ားေၾကာင့္ ကုန္သည္မ်ား အ ဝယ္ေလ်ာ့နည္းသျဖင့္ ရွမ္းျပည္ နယ္ေျမာက္ပိုင္းမွ ေျပာင္းဖူးေစ့အသစ္ေပၚခ်ိန္တြင္ ေစ်းႏႈန္းမ်ား စြာက်ဆင္းေနေၾကာင္း မူဆယ္ၿမိဳ႕ ကုန္သည္မ်ားထံမွ သတင္းရရွိ သည္။

 တ႐ုတ္အစိုးရက ျမန္မာႏုိင္ ငံမွ တင္ပို႔ေရာင္းခ်သည့္ လယ္ ယာထြက္ကုန္မ်ားကို ယခုႏွစ္တြင္ဖမ္းဆီးမႈမ်ား မၾကာခဏ ျပဳလုပ္ သျဖင့္ ကုန္သည္မ်ား အေရာင္းအဝယ္ မလုပ္ကိုင္ရဲၾကေပ။ ထို႔အျပင္ ျမန္မာႏိုင္ငံမွ ေျပာင္းဖူးေစ့သည္ ဗီယက္နမ္ႏိုင္ငံႏွင့္ ႏိႈင္းယွဥ္ပါက အရည္အေသြးပိုင္းအားနည္းခ်က္ မ်ားရွိေနသည္ဟု မူဆယ္ၿမိဳ႕မွ ေျပာင္းဖူးေစ့ ကုန္သည္အခ်ိဳ႕က ေျပာၾကားသည္။

  ေျပာင္းဖူးေစ့ အသစ္ေပၚ သည့္ လက္ရွိ ေအာက္တုိဘာလ ဆန္းတြင္ ေျပာင္းဖူးေစ့တစ္အိတ္ လွ်င္ က်ပ္ ၁၄,၀၀၀ ေက်ာ္(တ႐ုတ္ ေငြ ၇၇ ယြမ္)ေစ်းရွိသည္။ ယခင္ က ေျပာင္းဖူးေစ့တစ္အိတ္သည္ က်ပ္ ၁၈,၇၀၀ ေက်ာ္ (ယြမ္ ၁၀၀ ေက်ာ္) ေစ်းရွိခဲ့သည္။

 ေျပာင္းဖူးစိုက္ ေတာင္သူ မ်ားအေနျဖင့္ သီးႏွံေပၚခ်ိန္တြင္ ေစ်းႏႈန္း ႐ုတ္တရက္က်ဆင္းေန မႈေၾကာင့္ အခက္အခဲမ်ားျဖစ္ေန သည္ဟု ကုန္သည္အခ်ိဳ႕က ဆို သည္။

‘‘ေျပာင္းဖူးေစ့ေစ်းက သံုးပံု တစ္ပံုေလာက္က်သြားတယ္။ တ ႐ုတ္က အဝယ္မရွိဘူး’’ဟု မူဆယ္ ၿမိဳ႕မွ ကုန္သည္ ဦးမင္းသိန္းက ေျပာသည္။

 ယခုႏွစ္ ေျပာင္းဖူးေစ့စိုက္ ပ်ိဳးခ်ိန္က ေတာင္သူတစ္ဦး၏အ ရင္းသည္ တစ္အိတ္လွ်င္ က်ပ္ ၁၅,၀၀၀ ခန္႔ရွိသျဖင့္ လက္ရွိအခ်ိန္တြင္ ဆံုး႐ႈံးမႈႀကံဳေနရသည္ဟု ေနာင္ခ်ိဳၿမိဳ႕နယ္မွ ေျပာင္းစိုက္ပ်ိဳး သူတစ္ဦးက ေျပာသည္။

 ယခုအခ်ိန္သည္ ရွမ္းျပည္ နယ္ေျမာက္ပိုင္းေဒသတြင္ ေျပာင္း ဖူးေစ့အသစ္မ်ား ေပၚခ်ိန္ျဖစ္ၿပီး မူဆယ္ၿမိဳ႕သို႔ ေန႔စဥ္ ေျပာင္းကား မ်ားစြာ ဝင္ေရာက္ေနသျဖင့္ ဂိုေဒါင္မ်ားတြင္ ကုန္ပစၥည္းမ်ား စုၿပံဳေနသည္ဟုသိရသည္။



ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

 တရုတ်အစိုးရ၏ဖမ်းဆီး မှုများကြောင့် ကုန်သည်များ အ ဝယ်လျော့နည်းသဖြင့် ရှမ်းပြည် နယ်မြောက်ပိုင်းမှ ပြောင်းဖူးစေ့အသစ်ပေါ်ချိန်တွင် ဈေးနှုန်းများ စွာကျဆင်းနေကြောင်း မူဆယ်မြို့ ကုန်သည်များထံမှ သတင်းရရှိ သည်။

 တရုတ်အစိုးရက မြန်မာနိုင် ငံမှ တင်ပို့ရောင်းချသည့် လယ် ယာထွက်ကုန်များကို ယခုနှစ်တွင်ဖမ်းဆီးမှုများ မကြာခဏ ပြုလုပ် သဖြင့် ကုန်သည်များ အရောင်းအဝယ် မလုပ်ကိုင်ရဲကြပေ။ ထို့အပြင် မြန်မာနိုင်ငံမှ ပြောင်းဖူးစေ့သည် ဗီယက်နမ်နိုင်ငံနှင့် နှိုင်းယှဉ်ပါက အရည်အသွေးပိုင်းအားနည်းချက် များရှိနေသည်ဟု မူဆယ်မြို့မှ ပြောင်းဖူးစေ့ ကုန်သည်အချို့က ပြောကြားသည်။

  ပြောင်းဖူးစေ့ အသစ်ပေါ် သည့် လက်ရှိ အောက်တိုဘာလ ဆန်းတွင် ပြောင်းဖူးစေ့တစ်အိတ် လျှင် ကျပ် ၁၄,၀၀၀ ကျော်(တရုတ် ငွေ ၇၇ ယွမ်)ဈေးရှိသည်။ ယခင် က ပြောင်းဖူးစေ့တစ်အိတ်သည် ကျပ် ၁၈,၇၀၀ ကျော် (ယွမ် ၁၀၀ ကျော်) ဈေးရှိခဲ့သည်။

 ပြောင်းဖူးစိုက် တောင်သူ များအနေဖြင့် သီးနှံပေါ်ချိန်တွင် ဈေးနှုန်း ရုတ်တရက်ကျဆင်းနေ မှုကြောင့် အခက်အခဲများဖြစ်နေ သည်ဟု ကုန်သည်အချို့က ဆို သည်။

‘‘ပြောင်းဖူးစေ့ဈေးက သုံးပုံ တစ်ပုံလောက်ကျသွားတယ်။ တ ရုတ်က အဝယ်မရှိဘူး’’ဟု မူဆယ် မြို့မှ ကုန်သည် ဦးမင်းသိန်းက ပြောသည်။

 ယခုနှစ် ပြောင်းဖူးစေ့စိုက် ပျိုးချိန်က တောင်သူတစ်ဦး၏အ ရင်းသည် တစ်အိတ်လျှင် ကျပ် ၁၅,၀၀၀ ခန့်ရှိသဖြင့် လက်ရှိအချိန်တွင် ဆုံးရှုံးမှုကြုံနေရသည်ဟု နောင်ချိုမြို့နယ်မှ ပြောင်းစိုက်ပျိုး သူတစ်ဦးက ပြောသည်။

 ယခုအချိန်သည် ရှမ်းပြည် နယ်မြောက်ပိုင်းဒေသတွင် ပြောင်း ဖူးစေ့အသစ်များ ပေါ်ချိန်ဖြစ်ပြီး မူဆယ်မြို့သို့ နေ့စဉ် ပြောင်းကား များစွာ ဝင်ရောက်နေသဖြင့် ဂိုဒေါင်များတွင် ကုန်ပစ္စည်းများ စုပြုံနေသည်ဟုသိရသည်။



ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily


 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top