Kantharyar Centre
×

ကာရာအုိေကဘားက ထုိင္းအမ်ိဳးသမီးငယ္တဦးကုိ သတ္မႈသံသယနဲ႔ထုိင္းရဲေတြက ဖမ္းဆီးလိုက္ပါတယ္။
ပရာကရက္ပရြမ္ေခါ့တ္ဆုိတဲ့ အမ်ိဳးသမီး ေသဆံုးၿပီး ၂ ရက္ၾကာ ေအာက္တုိဘာ ၂၉ ရက္ေန႔က ဘန္စဖန္ခ႐ိုင္မွာ ရာဘာစိုက္ပ်ိဳးေရးအလုပ္လုပ္တဲ့ အသက္ ၄၀ အရြယ္ ျမန္မာႏုိင္ငံသား ေဝးခူးေဝး ဆုိသူကုိ ေနအိမ္တန္းလ်ားကေန ဖမ္းဆီးခဲ့တာလုိ႔ ဘန္ေကာက္ပို႔စ္သတင္းမွာ ေဖာ္ျပပါတယ္။

ေအာက္တုိဘာလ ၂၇ ရက္ေန႔က တဝန္ဒဲန္ကာရာအုိေကဘားမွာ အလုပ္လုပ္တဲ့ အသက္ ၂၂ ႏွစ္အရြယ္ ပရာကရက္ပရြမ္ေခါ့တ္ဆုိတဲ့ အမ်ိဳးသမီး ဟုိတယ္အခန္းတခုထဲမွာ အဝတ္မပါပဲ လည္ပင္းမွာ အညဳိအမည္း စြဲဒဏ္ရာေတြနဲ႔ ေယာင္ယမ္းၿပီး ေသဆံုးေနတာကုိ ဟုိတယ္ဝန္ထမ္းက ပရာကရက္က ေတြ႔ရွိအေၾကာင္းၾကားခဲ့ၿပီးေနာက္ ရဲေတြက စုံစမ္းစစ္ေဆးၿပီး အခုလုိ သြားေရာက္ဖမ္းဆီးခဲ့တာလုိ႔ ဆုိပါတယ္။

ရဲတပ္ဖြဲ႔ရဲ႕ စစ္ေဆးေမးျမန္းခ်က္အရ မစၥတာေဝးဟာ ေအာက္တုိဘာ ၂၆ ရက္ေန႔ညက ကာရာအုိေကဘားမွာ ဘီယာေသာက္ခဲ့ၿပီး အဲဒီအမ်ိဳးသမီးကို ဟုိတယ္မွာ သူနဲ႔တညလံုးေပ်ာ္ပါးဖုိ႔ ဘတ္ ၁၈၀၀ နဲ႔ ငွားရမ္းခဲ့ေၾကာင္း ထြက္ဆုိခဲ့တယ္လုိ႔ ရဲေတြက ေျပာပါတယ္။

ဟုိတယ္မွာ သူတို႔ ၂ ဦး ေပ်ာ္ပါးခဲ့ၾကၿပီး မစၥတာေဝးက ေနာက္တႀကိမ္ေပ်ာ္ပါးဖုိ႔ ေတာင္းဆိုတဲ့အခ်ိန္မွာ ေသဆံုးသူအမ်ိဳးသမီးထံ ဖုန္းလာခဲ့ေၾကာင္း၊ ဖုန္းဟာ ေသဆံုးသူအမ်ိဳးသမီးရဲ႕ ရည္းစားျဖစ္ဟန္တူေၾကာင္း၊ အဲဒီေနာက္ အမ်ိဳးသမီးက တညလံုး မေနခ်င္ေတာ့ေၾကာင္း ျငင္းဆန္ခဲ့လုိ႔ မစၥတာေဝးဟာ ေဒါသထြက္လာၿပီး ေသဆံုးသူအမ်ိဳးသမီးနဲ႔ ရန္ျဖစ္ခဲ့တယ္၊ အဲဒီေနာက္ အမ်ိဳးသမီးကို အဓမၼျပဳက်င့္ခဲ့တယ္၊ အမ်ိဳးသမီးလည္း ေအာ္ဟစ္အကူအညီေတာင္းေပမယ့္ သူက အမ်ိဳးသမီး မလႈပ္ႏုိင္ေတာ့တဲ့အထိ လည္ပင္းညႇစ္ခဲ့တယ္လို႔ ထြက္ဆုိခဲ့ေၾကာင္း ရဲေတြက ေျပာပါတယ္။

မစၥတာေဝးဟာ ျဖစ္ခဲ့တာေတြကို အထိတ္တလန္႔ အံ့အားသင့္ခဲ့ၿပီး သူေနတဲ့တန္းလ်ားကို ျပန္ခဲ့တယ္လုိ႔ ဆုိပါတယ္။

သူ႔အေနနဲ႔ ထြက္ေျပးဖုိ႔ ႀကိဳးစားမွာမဟုတ္သလို အခုသူလုပ္ခဲ့တာေတြအတြက္လည္း ေတာ္ေတာ္စိတ္မေကာင္းျဖစ္တယ္လုိ႔ ဆုိပါတယ္။

က်ဴးလြန္ခဲ့တာေတြကို ရာဇဝတ္မႈေၾကာင္းအရ ျပန္လည္ သ႐ုပ္ျပဖုိ႔အတြက္ ရဲေတြက မစၥတာေဝးကို ကာရာအုိေကဘားနဲ႔ ဟုိတယ္ကို ျပန္လည္ေခၚေဆာင္ခဲ့ပါတယ္။

ေဒါသထြက္ေနတဲ့ ေသဆံုးသူရဲ႕ အမ်ိဳးေတြနဲ႔ ရပ္ကြက္ေနလူထု ၁၀၀ ေက်ာ္ေလာက္ရဲ႕ ထုိးႀကိတ္႐ိုက္ႏွက္မႈကို ကာကြယ္ေပးႏုိင္ဖုိ႔ ရဲအေယာက္ ၅၀ ေလာက္က သူနဲ႔အတူလုိက္ပါခဲ့ရေၾကာင္း သတင္းမွာ ေဖာ္ျပထားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:DVB

#Unicode Version
ကာရာအိုကေဘားက ထိုင်းအမျိုးသမီးငယ်တဦးကို သတ်မှုသံသယနဲ့ထိုင်းရဲတွေက ဖမ်းဆီးလိုက်ပါတယ်။
ပရာကရက်ပရွမ်ခေါ့တ်ဆိုတဲ့ အမျိုးသမီး သေဆုံးပြီး ၂ ရက်ကြာ အောက်တိုဘာ ၂၉ ရက်နေ့က ဘန်စဖန်ခရိုင်မှာ ရာဘာစိုက်ပျိုးရေးအလုပ်လုပ်တဲ့ အသက် ၄၀ အရွယ် မြန်မာနိုင်ငံသား ဝေးခူးဝေး ဆိုသူကို နေအိမ်တန်းလျားကနေ ဖမ်းဆီးခဲ့တာလို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။

အောက်တိုဘာလ ၂၇ ရက်နေ့က တဝန်ဒဲန်ကာရာအိုကေဘားမှာ အလုပ်လုပ်တဲ့ အသက် ၂၂ နှစ်အရွယ် ပရာကရက်ပရွမ်ခေါ့တ်ဆိုတဲ့ အမျိုးသမီး ဟိုတယ်အခန်းတခုထဲမှာ အဝတ်မပါပဲ လည်ပင်းမှာ အညိုအမည်း စွဲဒဏ်ရာတွေနဲ့ ယောင်ယမ်းပြီး သေဆုံးနေတာကို ဟိုတယ်ဝန်ထမ်းက ပရာကရက်က တွေ့ရှိအကြောင်းကြားခဲ့ပြီးနောက် ရဲတွေက စုံစမ်းစစ်ဆေးပြီး အခုလို သွားရောက်ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

ရဲတပ်ဖွဲ့ရဲ့ စစ်ဆေးမေးမြန်းချက်အရ မစ္စတာဝေးဟာ အောက်တိုဘာ ၂၆ ရက်နေ့ညက ကာရာအိုကေဘားမှာ ဘီယာသောက်ခဲ့ပြီး အဲဒီအမျိုးသမီးကို ဟိုတယ်မှာ သူနဲ့တညလုံးပျော်ပါးဖို့ ဘတ် ၁၈၀၀ နဲ့ ငှားရမ်းခဲ့ကြောင်း ထွက်ဆိုခဲ့တယ်လို့ ရဲတွေက ပြောပါတယ်။

ဟိုတယ်မှာ သူတို့ ၂ ဦး ပျော်ပါးခဲ့ကြပြီး မစ္စတာဝေးက နောက်တကြိမ်ပျော်ပါးဖို့ တောင်းဆိုတဲ့အချိန်မှာ သေဆုံးသူအမျိုးသမီးထံ ဖုန်းလာခဲ့ကြောင်း၊ ဖုန်းဟာ သေဆုံးသူအမျိုးသမီးရဲ့ ရည်းစားဖြစ်ဟန်တူကြောင်း၊ အဲဒီနောက် အမျိုးသမီးက တညလုံး မနေချင်တော့ကြောင်း ငြင်းဆန်ခဲ့လို့ မစ္စတာဝေးဟာ ဒေါသထွက်လာပြီး သေဆုံးသူအမျိုးသမီးနဲ့ ရန်ဖြစ်ခဲ့တယ်၊ အဲဒီနောက် အမျိုးသမီးကို အဓမ္မပြုကျင့်ခဲ့တယ်၊ အမျိုးသမီးလည်း အော်ဟစ်အကူအညီတောင်းပေမယ့် သူက အမျိုးသမီး မလှုပ်နိုင်တော့တဲ့အထိ လည်ပင်းညှစ်ခဲ့တယ်လို့ ထွက်ဆိုခဲ့ကြောင်း ရဲတွေက ပြောပါတယ်။

မစ္စတာဝေးဟာ ဖြစ်ခဲ့တာတွေကို အထိတ်တလန့် အံ့အားသင့်ခဲ့ပြီး သူနေတဲ့တန်းလျားကို ပြန်ခဲ့တယ်လို့ ဆိုပါတယ်။

သူ့အနေနဲ့ ထွက်ပြေးဖို့ ကြိုးစားမှာမဟုတ်သလို အခုသူလုပ်ခဲ့တာတွေအတွက်လည်း တော်တော်စိတ်မကောင်းဖြစ်တယ်လို့ ဆိုပါတယ်။

ကျူးလွန်ခဲ့တာတွေကို ရာဇဝတ်မှုကြောင်းအရ ပြန်လည် သရုပ်ပြဖို့အတွက် ရဲတွေက မစ္စတာဝေးကို ကာရာအိုကေဘားနဲ့ ဟိုတယ်ကို ပြန်လည်ခေါ်ဆောင်ခဲ့ပါတယ်။

ဒေါသထွက်နေတဲ့ သေဆုံးသူရဲ့ အမျိုးတွေနဲ့ ရပ်ကွက်နေလူထု ၁၀၀ ကျော်လောက်ရဲ့ ထိုးကြိတ်ရိုက်နှက်မှုကို ကာကွယ်ပေးနိုင်ဖို့ ရဲအယောက် ၅၀ လောက်က သူနဲ့အတူလိုက်ပါခဲ့ရကြောင်း သတင်းမှာ ဖော်ပြထားပါတယ်။



ဖိုးသူတော် (www.phothutaw.com)
Credit:DVB


 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top