Kantharyar Centre
×


ကင္ဆာေ၀ဒနာသည္ မ်ား၏ ဘ၀နိဂံုးကို နာက်င္မႈမပါ ဘဲ သက္သာစြာျဖတ္သန္းႏုိင္ေစ ရန္ ဘက္စံုေထာက္ကူျပဳ ေစာင့္ ေရွာက္မႈ (Palliative Care Service)လုပ္ငန္းစဥ္သည္ အ ေရးႀကီးေၾကာင္း Asean Pain Society ဥကၠ႒ ပါေမာကၡေဒါက္ တာျမင့္ေသာင္းက ေျပာသည္။

ကင္ဆာေရာဂါေၾကာင့္ ႐ုပ္ ပိုင္းႏွင့္ စိတ္ပိုင္းဆိုင္ရာျပႆနာ၊ လူမႈစီးပြားေရးဆုိင္ရာျပႆနာ မ်ား၊ ကုိယ္ရည္ကုိယ္ေသြးက် ဆင္းမႈႏွင့္ မိသားစုျပႆနာမ်ား ထိခိုက္ခံစားေနရသူ လူနာမ်ားအ တြက္ Palliative Care ေစာင့္ ေရွာက္မႈသည္ အလြန္အေရးႀကီးၿပီး တစ္ကမၻာလံုး၀ိုင္း၀န္းစုေပါင္းေျဖရွင္းရမည့္ ဦးစားေပးျပႆနာ တစ္ခုျဖစ္သည္ဟု ကမၻာ့က်န္းမာ ေရးအဖဲြ႕က တိုက္တြန္းသည္။

‘‘လူဦးေရ ၅၂ သန္းခန္႔ရွိတဲ့ ျမန္မာႏုိင္ငံအေနနဲ႔ ကင္ဆာေရာ ဂါရွင္လူနာေတြဟာ တစ္ေန႔တျခား တုိးပြားမ်ားျပားေနပါတယ္။ ႏုိင္ငံပိုင္ေဆး႐ံုေတြေရာ  ပုဂၢလိ ကပုိင္ေဆး႐ံုေတြမွာပါ ကင္ဆာ ေ၀ဒနာကုသမႈခံယူသူေတြ ေတာ္ ေတာ္ေလး မ်ားလာတယ္။ ဒါ ေၾကာင့္လည္း ျမန္မာႏုိင္ငံမွာ Palliative Care ဖံြ႕ၿဖိဳးလာေအာင္ လြန္ခ့ဲတဲ့ ေလး၊ ငါးႏွစ္ေလာက္ ကတည္းက ပညာရွင္ပိုင္းကက်န္းမာေရး ၀န္ႀကီးဌာနရဲ႕ ပံ့ပိုးမႈနဲ႔ စတင္အရွိန္ယူ ေဆာင္ရြက္ခဲ့တယ္။ ဒီပညာရပ္ဟာ လူနာကို ကိုယ္ဖိရင္ဖိေစာင့္ေရွာက္ေပးတဲ့ လူမႈေရး ေဆးပညာတစ္ခု ျဖစ္တယ္’’ဟု ပါေမာကၡေဒါက္တာျမင့္ေသာင္းက ဆုိသည္။

ဘက္စံုေထာက္ကူျပဳ ေစာင့္ ေရွာက္မႈ (Palliative Care) ဆို သည္မွာ လူနာအတြက္ လိုအပ္ ေသာ စိတ္ပိုင္းႏွင့္႐ုပ္ပုိင္းဆိုင္ရာ ကုသမႈမ်ားအျပင္ ဘာသာေရး၊ ယဥ္ေက်းမႈဆုိင္ရာ ကုထံုးမ်ားအားလံုး ပါ၀င္ျခင္းျဖစ္သည္။

ကင္ဆာေရာဂါရွင္မ်ား၏ ခံ ရခက္ေသာ ႐ုပ္ပိုင္းႏွင့္ စိတ္ပိုင္း ဆိုင္ရာ ေ၀ဒနာမ်ားကို လူနာႏွင့္ မိသားစုကုိ ဗဟိုျပဳေသာ ဘက္စံု ေထာက္ကူျပဳ ကုသမႈေပးျခင္း၊ အထူးသျဖင့္ ခံစားရခက္ခဲေသာ ေရာဂါေ၀ဒနာ၏ ျပင္းထန္စြာ နာ က်င္မႈအတြက္ WHO ၏ ၫႊန္ ၾကားခ်က္ႏွင့္အညီ သတ္မွတ္စံ ၫႊန္းအတိုင္း ေဆး၀ါးမ်ားႏွင့္ ကု သမႈေပးျခင္း၊ မိသားစုကုိ လူနာ ျပဳစုျခင္းနည္းမ်ား သင္ၾကားေပး ျခင္းႏွင့္ စိတ္ဓာတ္ခြန္အားျမႇင့္ တင္ေပးျခင္း စသျဖင့္ ဘက္ေပါင္း စံုမွ လူနာအတြက္ လိုအပ္မႈမွန္ သမွ် စီမံေဆာင္ရြက္ေပးျခင္းျဖစ္သည္။

‘‘ေကာင္းေသာ ေသျခင္းနဲ႔ ေကာင္းေသာ ဘ၀နိဂံုးခ်ဳပ္ျခင္းဆုိ တာ ေရာဂါကုိ ျပင္းျပင္းထန္ထန္ မခ်ိမဆံ့မခံစားရဘဲ ၿငိမ့္ေညာင္း ညင္သာစြာနဲ႔ ဘ၀နိဂံုးခ်ဳပ္ေစခ်င္ တယ္။ မိသားစုနဲ႔ ပညာရွင္အ သိုင္းအ၀ိုင္းၾကားထဲမွာ လံုၿခံဳစိတ္ ခ်စြာနဲ႔ မိမိဘ၀ကို အဆံုးသတ္ သြားႏုိင္ေစရန္ ရည္ရြယ္လုပ္ ေဆာင္ေပးျခင္းျဖစ္တယ္။ ဘယ္ လူနာမွ မိသားစုရဲ႕ ပစ္ပယ္မႈခုိကိုး ရာမဲ့ဘ၀မ်ိဳးနဲ႔ နိဂံုးခ်ဳပ္ခ်င္ၾကမယ္ မထင္ပါဘူး’’ဟု ပါေမာကၡေဒါက္ တာ ျမင့္ေသာင္းက ဆုိသည္။

ရန္ကုန္ျပည္သူ႔ေဆး႐ံုႀကီး နာက်င္မႈကုသဌာနတြင္ ကင္ဆာ ေရာဂါရွင္မ်ားကို ေဆးပညာရွင္ ႏွင့္ စိတ္ပညာရွင္မ်ား၊ ေဆးလူမႈ ဆက္ဆံေရးအရာရွိမ်ားက လို အပ္ေသာ ဘက္စံုေထာက္ကူျပဳ ေစာင့္ေရွာက္မႈကုိ အပတ္စဥ္လုပ္ ေဆာင္ေပးလ်က္ရွိၿပီး ဦးလွထြန္း ေမတၱာရိပ္မြန္ (ကင္ဆာေဖာင္ေဒး ရွင္း)ႏွင့္ လက္တဲြၿပီး ကင္ဆာလူ နာမ်ား၏ ေနာက္ဆံုးအခ်ိန္ကို ျပဳ စု ေစာင့္ေရွာက္ေပးေနေၾကာင္း သိရသည္။

ကမၻာေပၚတြင္ လူဦးေရ သန္း၄၀ ခန္႔သည္ Palliative Care Service ကို ႏွစ္စဥ္ လိုအပ္လ်က္ရွိ ၿပီး ယင္းတို႔အနက္ လူဦးေရ သန္း ၂၀ ခန္႔သည္ ဘ၀ေန၀င္ဆည္းဆာအခ်ိန္သို႔ ေရာက္ေနခ်ိန္၌ျပင္းထန္ေသာ နာက်င္မႈကို ခံစားေနရသည္ဟု ပညာရွင္မ်ားက ခန္႔မွန္းထားသည္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

 ကင်ဆာဝေဒနာသည် များ၏ ဘဝနိဂုံးကို နာကျင်မှုမပါ ဘဲ သက်သာစွာဖြတ်သန်းနိုင်စေ ရန် ဘက်စုံထောက်ကူပြု စောင့် ရှောက်မှု (Palliative Care Service)လုပ်ငန်းစဉ်သည် အ ရေးကြီးကြောင်း Asean Pain Society ဥက္ကဋ္ဌ ပါမောက္ခဒေါက် တာမြင့်သောင်းက ပြောသည်။

ကင်ဆာရောဂါကြောင့် ရုပ် ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာပြဿနာ၊ လူမှုစီးပွားရေးဆိုင်ရာပြဿနာ များ၊ ကိုယ်ရည်ကိုယ်သွေးကျ ဆင်းမှုနှင့် မိသားစုပြဿနာများ ထိခိုက်ခံစားနေရသူ လူနာများအ တွက် Palliative Care စောင့် ရှောက်မှုသည် အလွန်အရေးကြီးပြီး တစ်ကမ္ဘာလုံးဝိုင်းဝန်းစုပေါင်းဖြေရှင်းရမည့် ဦးစားပေးပြဿနာ တစ်ခုဖြစ်သည်ဟု ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့က တိုက်တွန်းသည်။

‘‘လူဦးရေ ၅၂ သန်းခန့်ရှိတဲ့ မြန်မာနိုင်ငံအနေနဲ့ ကင်ဆာရော ဂါရှင်လူနာတွေဟာ တစ်နေ့တခြား တိုးပွားများပြားနေပါတယ်။ နိုင်ငံပိုင်ဆေးရုံတွေရော  ပုဂ္ဂလိ ကပိုင်ဆေးရုံတွေမှာပါ ကင်ဆာ ဝေဒနာကုသမှုခံယူသူတွေ တော် တော်လေး များလာတယ်။ ဒါ ကြောင့်လည်း မြန်မာနိုင်ငံမှာ Palliative Care ဖွံ့ဖြိုးလာအောင် လွန်ခဲ့တဲ့ လေး၊ ငါးနှစ်လောက် ကတည်းက ပညာရှင်ပိုင်းကကျန်းမာရေး ဝန်ကြီးဌာနရဲ့ ပံ့ပိုးမှုနဲ့ စတင်အရှိန်ယူ ဆောင်ရွက်ခဲ့တယ်။ ဒီပညာရပ်ဟာ လူနာကို ကိုယ်ဖိရင်ဖိစောင့်ရှောက်ပေးတဲ့ လူမှုရေး ဆေးပညာတစ်ခု ဖြစ်တယ်’’ဟု ပါမောက္ခဒေါက်တာမြင့်သောင်းက ဆိုသည်။

ဘက်စုံထောက်ကူပြု စောင့် ရှောက်မှု (Palliative Care) ဆို သည်မှာ လူနာအတွက် လိုအပ် သော စိတ်ပိုင်းနှင့်ရုပ်ပိုင်းဆိုင်ရာ ကုသမှုများအပြင် ဘာသာရေး၊ ယဉ်ကျေးမှုဆိုင်ရာ ကုထုံးများအားလုံး ပါဝင်ခြင်းဖြစ်သည်။

ကင်ဆာရောဂါရှင်များ၏ ခံ ရခက်သော ရုပ်ပိုင်းနှင့် စိတ်ပိုင်း ဆိုင်ရာ ဝေဒနာများကို လူနာနှင့် မိသားစုကို ဗဟိုပြုသော ဘက်စုံ ထောက်ကူပြု ကုသမှုပေးခြင်း၊ အထူးသဖြင့် ခံစားရခက်ခဲသော ရောဂါဝေဒနာ၏ ပြင်းထန်စွာ နာ ကျင်မှုအတွက် WHO ၏ ညွှန် ကြားချက်နှင့်အညီ သတ်မှတ်စံ ညွှန်းအတိုင်း ဆေးဝါးများနှင့် ကု သမှုပေးခြင်း၊ မိသားစုကို လူနာ ပြုစုခြင်းနည်းများ သင်ကြားပေး ခြင်းနှင့် စိတ်ဓာတ်ခွန်အားမြှင့် တင်ပေးခြင်း စသဖြင့် ဘက်ပေါင်း စုံမှ လူနာအတွက် လိုအပ်မှုမှန် သမျှ စီမံဆောင်ရွက်ပေးခြင်းဖြစ်သည်။

‘‘ကောင်းသော သေခြင်းနဲ့ ကောင်းသော ဘဝနိဂုံးချုပ်ခြင်းဆို တာ ရောဂါကို ပြင်းပြင်းထန်ထန် မချိမဆံ့မခံစားရဘဲ ငြိမ့်ညောင်း ညင်သာစွာနဲ့ ဘဝနိဂုံးချုပ်စေချင် တယ်။ မိသားစုနဲ့ ပညာရှင်အ သိုင်းအဝိုင်းကြားထဲမှာ လုံခြုံစိတ် ချစွာနဲ့ မိမိဘဝကို အဆုံးသတ် သွားနိုင်စေရန် ရည်ရွယ်လုပ် ဆောင်ပေးခြင်းဖြစ်တယ်။ ဘယ် လူနာမှ မိသားစုရဲ့ ပစ်ပယ်မှုခိုကိုး ရာမဲ့ဘဝမျိုးနဲ့ နိဂုံးချုပ်ချင်ကြမယ် မထင်ပါဘူး’’ဟု ပါမောက္ခဒေါက် တာ မြင့်သောင်းက ဆိုသည်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီး နာကျင်မှုကုသဌာနတွင် ကင်ဆာ ရောဂါရှင်များကို ဆေးပညာရှင် နှင့် စိတ်ပညာရှင်များ၊ ဆေးလူမှု ဆက်ဆံရေးအရာရှိများက လို အပ်သော ဘက်စုံထောက်ကူပြု စောင့်ရှောက်မှုကို အပတ်စဉ်လုပ် ဆောင်ပေးလျက်ရှိပြီး ဦးလှထွန်း မေတ္တာရိပ်မွန် (ကင်ဆာဖောင်ဒေး ရှင်း)နှင့် လက်တွဲပြီး ကင်ဆာလူ နာများ၏ နောက်ဆုံးအချိန်ကို ပြု စု စောင့်ရှောက်ပေးနေကြောင်း သိရသည်။

ကမ္ဘာပေါ်တွင် လူဦးရေ သန်း၄၀ ခန့်သည် Palliative Care Service ကို နှစ်စဉ် လိုအပ်လျက်ရှိ ပြီး ယင်းတို့အနက် လူဦးရေ သန်း ၂၀ ခန့်သည် ဘဝနေဝင်ဆည်းဆာအချိန်သို့ ရောက်နေချိန်၌ပြင်းထန်သော နာကျင်မှုကို ခံစားနေရသည်ဟု ပညာရှင်များက ခန့်မှန်းထားသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily




 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top