Kantharyar Centre
×

ဝိတ္ခ်တယ္ဆိုတာ လြယ္ကူတဲ့ကိစၥမဟုတ္ပါဘူး။ အထူးသျဖင့္ အဝလြန္ေနတဲ့သူေတြအတြက္ ပိုၿပီးခက္ခဲပါတယ္။ အဲဒီအတြက္ ျပင္းထန္တဲ့ တြန္းအားတစ္ခုလိုအပ္ၿပီး နီကိုးလ္ဖို႔ဒ္အတြက္ တြန္းအားကေတာ့ သူမခ်စ္လွစြာေသာ သားေလး ျဖစ္ေနပါတယ္။

သူမဟာ ဝလြန္းတဲ့အတြက္ ငယ္စဥ္က ေက်ာင္းမွာ ဝတုတ္မလို႔ ေခၚခံရၿပီး အႏုိင္က်င့္ခံခဲ့ရသူပါ။

၂၀၁၂ ခုႏွစ္မွာ ပထမဆံုးသားဦးေလး ေသဆံုးသြားတဲ့အတြက္  ဝမ္းနည္းပူေဆြးၿပီး ပိုေတာင္ ဝလာခဲ့ရာ အသက္ ၂၆ ႏွစ္မွာ ၂၇၃ ေပါင္ေတာင္ ရွိလာခဲ့ပါတယ္။

၂၀၁၃ ခုႏွစ္မွာ ေဂ်ေကာ့ဘ္ကို ေမြးဖြားခ်ိန္မွာေတာ့ သူမရဲ႕ခႏၶာကိုယ္က ဝလြန္းတဲ့အတြက္ အိမ္ထဲက အိမ္ျပင္ကိုေတာင္ မထြက္ခ်င္ေတာ့ပါဘူး။ ဒါ့အျပင္ ဟိုနားဒီနား သြားရင္ေတာင္ ေမာပန္းေနခဲ့ပါတယ္။

ဒါေပမဲ့ သားေလးကို ျပဳစုေစာင့္ေရွာက္ဖို႔ ဝိတ္ခ်မွျဖစ္မယ္လို႔ သေဘာေပါက္လိုက္တဲ့ သူမဟာ အစာအိမ္အရြယ္အစားခ်ဳံ႕တဲ့ ခြဲစိတ္ကုသမႈ ျပဳလုပ္လိုက္ကာ စနစ္တက် ေလ့က်င့္ခန္း လုပ္ၿပီးတဲ့ေနာက္ ၁၂၁ ေပါင္ က်သြားခဲ့ပါတယ္။

အခု 152 ေပါင္သာ ရွိိေတာ့တဲ့ ေတာင့္ေတာင့္ေျဖာင့္ေျဖာင့္ မိခင္ေလးဟာ သူမသားနဲ႔အတူ ေဆာ့ကစားႏုိင္ၿပီျဖစ္ၿပီး လ့က်င့္ခန္းေတာင္ အတူလုပ္ေနၾကပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun

Unicode Version

ဝိတ်ချတယ်ဆိုတာ လွယ်ကူတဲ့ကိစ္စမဟုတ်ပါဘူး။ အထူးသဖြင့် အဝလွန်နေတဲ့သူတွေအတွက် ပိုပြီးခက်ခဲပါတယ်။ အဲဒီအတွက် ပြင်းထန်တဲ့ တွန်းအားတစ်ခုလိုအပ်ပြီး နီကိုးလ်ဖို့ဒ်အတွက် တွန်းအားကတော့ သူမချစ်လှစွာသော သားလေး ဖြစ်နေပါတယ်။

သူမဟာ ဝလွန်းတဲ့အတွက် ငယ်စဉ်က ကျောင်းမှာ ဝတုတ်မလို့ ခေါ်ခံရပြီး အနိုင်ကျင့်ခံခဲ့ရသူပါ။

၂၀၁၂ ခုနှစ်မှာ ပထမဆုံးသားဦးလေး သေဆုံးသွားတဲ့အတွက်  ဝမ်းနည်းပူဆွေးပြီး ပိုတောင် ဝလာခဲ့ရာ အသက် ၂၆ နှစ်မှာ ၂၇၃ ပေါင်တောင် ရှိလာခဲ့ပါတယ်။

၂၀၁၃ ခုနှစ်မှာ ဂျေကော့ဘ်ကို မွေးဖွားချိန်မှာတော့ သူမရဲ့ခန္ဓာကိုယ်က ဝလွန်းတဲ့အတွက် အိမ်ထဲက အိမ်ပြင်ကိုတောင် မထွက်ချင်တော့ပါဘူး။ ဒါ့အပြင် ဟိုနားဒီနား သွားရင်တောင် မောပန်းနေခဲ့ပါတယ်။

ဒါပေမဲ့ သားလေးကို ပြုစုစောင့်ရှောက်ဖို့ ဝိတ်ချမှဖြစ်မယ်လို့ သဘောပေါက်လိုက်တဲ့ သူမဟာ အစာအိမ်အရွယ်အစားချုံ့တဲ့ ခွဲစိတ်ကုသမှု ပြုလုပ်လိုက်ကာ စနစ်တကျ လေ့ကျင့်ခန်း လုပ်ပြီးတဲ့နောက် ၁၂၁ ပေါင် ကျသွားခဲ့ပါတယ်။

အခု 152 ပေါင်သာ ရှိတော့တဲ့ တောင့်တောင့်ဖြောင့်ဖြောင့် မိခင်လေးဟာ သူမသားနဲ့အတူ ဆော့ကစားနိုင်ပြီဖြစ်ပြီး လ့ကျင့်ခန်းတောင် အတူလုပ်နေကြပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit: Duwun


 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top