Property Expo
×

သင္ဟာ မုိဘုိင္းလ္ဖုန္း မကုိင္ဘဲ ဘယ္ေလာက္ ၾကာၾကာ ေနႏုိင္ပါ သလဲ။ ႀကိဳးဖုန္းလဲ မသံုးပါနဲ႔။ ႐ုပ္သံလ ဲမၾကည့္ပါနဲ႔။ ေရဒီယုိလဲ နားမေထာင္ပါနဲ႔။ နည္းပညာနဲ႔ ပတ္သက္တာ ဘာတစ္ခုမွ မသံုးပါနဲ႔။ လွ်ပ္စစ္မီး ကိုပါ ပိတ္ထား လိုက္ပါ။ လူေတြဟာ နည္းပညာ၊ အီလက္ ထရြန္းနစ္ နဲ႔ လွ်ပ္စစ္ပစၥည္း ေတြကို ဘယ္ေလာက္ထိ စြဲလန္းၾက တယ္ဆိုတာကို စမ္းသပ္ ေနၾကတ ဲ့သုေတသီမ်ား က ေဖာ္ျပပါ အတိုင္း ၫႊန္ၾကား ေနတာပါ။
မိုဘိုင္းလ္ဖုန္း၊ မက္ေဆ့ခ်္၊ ခ်က္တင္ေတြ အမ်ဳိးအစား စံုလင္စြာနဲ႔ ပ်ံ႕ႏွံ႔လာတဲ့ ေနာက္ပိုင္း အိမ္ေထာင္ရွင္ ေတြ၊ သမီးရည္းစား ေတြၾကားမွာ ေဖာက္ျပန္မႈ ေတြ ေၾကာက္ခမန္း လိလိ တိုးလာၿပီး ေက်ာင္းသား၊ ေက်ာင္းသူ ေတြကလဲ ကိုယ္ပိုင္ ဦးေႏွာက္၊ ဆင္ျခင္ဉာဏ္၊ မွတ္ဉာဏ္ စြမ္းအား တို႔ကို မသံုးၾက ေတာ့ဘဲ ကြန္ပ်ဴတာ နဲ႔ နည္းပညာ ေပၚကိုပဲ လံုးလံုး လ်ားလ်ားႀကီး အားကုိး လာၾကၿပီး စာေမးပြဲမွာ မုိဘုိင္းလ္ဖုန္း ေတြ သုံးၿပီးေတာ့ စာခိုးခ်တဲ့ ျပႆနာလဲ ႀကီးသည္ထက္ ႀကီးလာတဲ့ အတြက္ အခုလုိ နည္းပညာ ကင္းမဲ့ဇုန္မွာ ဘယ္ေလာက္ ၾကာၾကာ ေနႏုိင္ သလဲဆုိတာ သုေတသီ မ်ားက စမ္းသပ္ ေလ့လာ ၾကျခင္း ျဖစ္ပါတယ္။
အရင္က ႀကိဳးဖုန္း ေလာက္ရွိတဲ့ အခါ ဖုန္းလာ လိုက္ရင္ တစ္အိမ္လံုး သိပါတယ္။ ဖုန္းကို လူႀကီးက အရင္ကိုင္ ပါတယ္။ လိုအပ္မွ သား၊ သမီး ေတြကို ေပးပါတယ္။ မသကၤာရင္ ေနာက္ဖုန္း တစ္လံုး မၿပီး နားေထာင္လို႔ ရပါ ေသးတယ္။ အခုေတာ့ အသံပိတ္ ထားၿပီး တုန္ခါမႈ ေလာက္ ေပးထားလို႔ ရတဲ့ မိုဘိုင္းလ္ဖုန္း စနစ္မွာ ဘယ္သူမွ မသိေအာင္ ပို႔၊ လက္ခံ လို႔ရတဲ့ မက္ေဆ့ခ်္၊ အိပ္ရာထဲမွာ တိတ္တိတ္ ကေလး သံုးလို႔ရတဲ့ ေဖ့စ္ဘြတ္၊ ဝီခ်က္၊ ဂ်ီေတာ့၊ ဗိုင္ဘာ ေတြ ရွိလာေတာ့ အပ်င္းေျပ သံုးရာ ကေန အပ်ဳိ၊ အအို မေရွာင္ အက်င့္ စာရိတၱ ဆိုးရြား ပ်က္ျပားလာတဲ့ အထိ ျဖစ္လာၿပီး လင္မယား ကြာရွင္း ျပတ္စဲမႈႏႈန္း အဆမတန္ ျမင့္မား လာၿပီး လူငယ္ေတြလဲ အက်င့္ပ်က္ လာေတာ့မွ အေမရိကန္ သုေတသီ မ်ားက ဆက္သြယ္ေရး နည္းပညာ ရဲ႕ အက်ဳိးအျပစ္ ေတြကို အေရးတယူ ေလ့လာ ခဲ့ျခင္း ျဖစ္ပါတယ္။

လူငယ္ေတြဟာ နည္းပညာ အသစ္ေတြကို တိုးတိုးၿပီး အသံုးျပဳ ေနၾက ပါတယ္။ လူငယ္ ၉၃ ရာခိုင္ႏႈန္း ဟာ အြန္လိုင္း သံုးၾက ပါတယ္။ ေဖ့စ္ဘြတ္ သံုးသူ ၇၃ ရာခိုင္ႏႈန္း ရွိၿပီး ကိုယ္ပိုင္ မိုဘိုင္းလ္ဖုန္း ရွိသူ ၇၅ ရာခိုင္ႏႈန္း ရွိပါတယ္။ မိုဘိုင္းလ္ဖုန္း လက္ထဲက မခ်စတမ္း သံုးေနတဲ့ လူငယ္ေတြ ကိုၾကည့္ၿပီး စိုးရိမ္ ေသာကပြား ေနရ တာကေတာ့ မိဘ၊ ဆရာ နဲ႔ အုပ္ထိန္းသူ တို႔ပါပဲ။
ကမၻာ တစ္ဝန္းက မီဒီယာေတြ မွာ လူငယ္ အပ်ဳိငယ္ ေတြဟာ လိင္ကိစၥ ေတြကို မက္ေဆ့ခ်္ ကေန ပို႔ေနေၾကာင္း၊ ကိုယ္တိုင္႐ိုက္ ညစ္ညမ္းပံု ေတြကိုလဲ အပလီ ေကးရွင္း အမ်ဳိးမ်ဳိး ကေန အေပးအယူ လုပ္ေနေၾကာင္း ေဖာ္ျပ ေနၾကသလို ဆက္သြယ္ေရး နည္းပညာ ကို အသံုးျပဳၿပီး တစ္ဖက္ သားကို ႏိုင္ထက္ စီးနင္း လုပ္ေန သူေတြ၊ စိတ္ေသာက ေရာက္ေစ သူေတြ၊ အရွက္တကြဲ အက်ဳိးနည္း ျဖစ္ေစ တာေတြ ကိုလဲ ၾကားသိ ေနရပါတယ္။
ဒီလို ကိစၥမ်ဳိးေတြဟာ လူငယ္ ေတြမွာပဲ ျဖစ္တာ မဟုတ္ဘဲ အိမ္ေထာင္သည္ ေတြမွာပါ ျဖစ္ပ်က္ေနၿပီး ထိန္းမႏိုင္ သိမ္းမရ ျဖစ္လာ ေတာ့မွ ေပါက္ကြဲ သံစဥ္ေတြနဲ႔ လင္ခန္း မယားခန္း ကြာရွင္း ျပတ္စဲ ရသည္အထိ ျဖစ္လာ ၾကတာကို ေတြ႕ရပါတယ္။ ေနာက္ၿပီး ဒီလို အက်င့္ဆိုး ေတြကလဲ ဗိုင္းရပ္စ္ သဖြယ္ တစ္ဦးကို တစ္ဦး ကူးစက္ ပ်ံ႕ႏွံ႔တတ္ ျပန္တဲ့အတြက္ ဆက္သြယ္ေရး နည္းပညာကို အသံုးျပဳၿပီး အက်င့္ပ်က္ ေနၾကတဲ့ လူတစ္စုကို ရွာေဖြ ေဖာ္ထုတ္ၿပီး လမ္းေၾကာင္း မွန္ေပၚ ျပန္တင္ ေပးႏိုင္ဖုိ႔ ပညာရွင္ မ်ားက သုေတသန ျပဳ ေလ့လာ ေနၾကတာ ျဖစ္ပါတယ္။
လိင္ကိစၥ ေတြကို မေဆြးေႏြးတဲ့ အဖြဲ႕ ေတြမွာလဲ အႏၲရာယ္က မကင္းေသး ပါဘူး။ ဆက္သြယ္ေရး နည္းပညာကုိ အသံုးျပဳၿပီး တစ္ဖက္သား ကို အႏိုင္က်င့္ တာနဲ ့ ကိုယ္ - စိတ္ ဆင္းရဲေအာင္ ျပဳမူ ေျပာဆို တာေတြ ဒုနဲ႔ေဒး ရွိပါတယ္။ ေန႔စဥ္ ရက္ဆက္ အႏုိင္က်င့္ျခင္း၊ ရန္လို ခံရျခင္းတို႔ ရွိႏိုင္သလို ယုတ္မာ ႐ိုင္းစိုင္းတဲ့ ထင္ျမင္ခ်က္ ေတြ ေပးတာ၊ ၿခိမ္းေျခာက္တာ၊ ရန္လိုတာ၊ ေကာလာဟလ ျဖန္႔တာနဲ႔ တျခား စိတ္ဆိုးဖြယ္၊ စိတ္ထိခိုက္ဖြယ္ အျပဳအမူ၊ အေျပာအဆို အမ်ဳိးမ်ဳိး ေတြလဲ ရွိေနတာကို ၾကားသိ ေနရပါတယ္။
စစ္တမ္းအရ ဆက္သြယ္ေရး နည္းပညာ အသံုးျပဳ ေနၾကတဲ့ လူငယ္ ၂၄ ရာခိုင္ႏႈန္း ဟာ ဆက္သြယ္ေရး နည္းပညာနဲ႔ ကိုယ္စိတ္ ဆင္းရဲေအာင္ ျပဳမူေျပာဆို တာေတြကို ခံေန ရပါတယ္။ ၁၃ ရာခိုင္ႏႈန္းက အႏုိင္လဲ အက်င့္ခံရ၊ ကိုယ္စိတ္ ဆင္းရဲ ေအာင္လဲ အေျပာခံ ရပါတယ္။ အႏိုင္ပဲ အက်င့္ခံ ရသူကေတာ့ တစ္ ရာခိုင္ႏႈန္းပဲ ရွိပါတယ္။
ဒီေနရာမွာ အႏုိင္က်င့္ ခံရတာကို ခြဲျခမ္း စိစစ္ၾကည့္မယ္ ဆိုရင္ လူလူခ်င္း အႏုိင္က်င့္တာ ၄ဝ ရာခိုင္ႏႈန္း၊ ဖုန္းေခၚၿပီး အႏုိင္က်င့္ ေျပာဆိုတာ ၁ဝ ရာခိုင္ႏႈန္း၊ မက္ေဆ့ခ်္ပို႔ ၿပီး ႏုိင္ထက္ စီးနင္း ေျပာတာ ၁၄ ရာခိုင္ႏႈန္း နဲ႔ အြန္လိုင္း စာမ်က္ႏွာ ေတြကေန တိုက္ခိုက္တာ ၁၇ ရာခိုင္ႏႈန္း ရွိၿပီး တျခားနည္း ေတြနဲ႔ အႏုိင္က်င့္ တာက ၁ဝ ရာခိုင္ႏႈန္း ရွိတာကို ေတြ႕ရပါတယ္။
ဒါျဖစ္ရင္ ဖုန္းပိတ္ထား ပါလား၊ အြန္လိုင္း မသံုးပါနဲ႔ လားလို ့ သူတို႔ကို ေျပာၾကည့္တဲ့ အခါမွာ ေခါင္းညိတ္ၾက ပါတယ္။ ဒါေပမဲ့ ဖုန္းကိုေတာ့ လက္က မခ်ပါဘူး။ ဖုန္းဆိုတာ ဆက္သြယ္ေရး နည္းပညာသံုး ကိရိယာ အျပင္ တျခား နည္းလမ္း ေပါင္းစံုနဲ႔လဲ အသံုးျပဳလို႔ ရေနေတာ့ ဒီဖုန္းကို မခ်ႏိုင္တာ မထူးဆန္း ပါဘူး။
ဒီေန႔ လူႀကီး၊ လူငယ္မေရြး မနက္ထ လာရင္ ဖုန္းကို အရင္ကိုင္ ၾကည့္ၾက ပါတယ္။ ကြန္ပ်ဴတာကို ဖြင့္ၾက ပါတယ္။ မ်က္ႏွာ မသစ္ခင္ မွာကို အင္တာနက္လိုင္း ရ၊ မရ အရင္ၾကည့္ၾက ပါတယ္။ အိမ္ထဲက မိသားစုဝင္ေတြ အေပၚ စိတ္မရွည္ သေလာက္ ဖုန္း၊ အင္တာနက္ ေပၚက လူေတြနဲ႔ က်ေတာ့ စိတ္ရွည္ လက္ရွည္ ေျပာၾကဆို ၾကပါတယ္။ လူတိုင္းေစ့ ဖုန္းငံု႔ၾကည့္ ေနတဲ့ ထမင္းစား ဝိုင္းမ်ဳိး စာဖတ္သူလဲ ျမင္ဖူးမွာပါ။ လမ္းေကြ႕ ေတြမွာ ဖုန္းကို ငံု႔ၾကည့္ေနရင္း ဆိုင္ကယ္ စီးလာတဲ့ ေကာင္ေလး ေတြေၾကာင့္ ယာဥ္ေမာင္းသူ အေတာ္ မ်ားမ်ားလဲ အထိတ္ တလန္႔ျဖစ္ ေဒါသထြက္ဖူး မွာပါ။ သားေလး၊ သမီးေလးကို မေတြ႕လို႕ တစ္အိမ္လံုး အႏွံ႔ လိုက္ရွာလိုက္ရင္ အိပ္ရာထဲမွာ နံရံဘက္ မ်က္ႏွာမူ လဲေလ်ာင္း ေနၿပီး ဖုန္းကို ပဲ တကုပ္ကုပ္နဲ႔ သံုးေနတာကို ေတြ႕ရလို႔ စိတ္ထဲ တင္းခနဲ ျဖစ္သြားတဲ့ မိဘေတြလဲ အမ်ားႀကီးပါ။
ကားေမာင္းရင္း ဖုန္းေျပာေနလို႔ မီးပိြဳင့္၊ မီးနီကို ျဖတ္ေမာင္းမိ သူေတြ၊ တာဝန္ခ်ိန္မွာ ဖုန္းကလိ ေနလို႔ အလုပ္ျပဳတ္ သြားတဲ့ သူေတြ၊ ဖုန္းကို ဘယ္မွ မခ်ရဲဘဲ အိမ္သာသြား ရင္ေတာင္ တစ္ပါတည္း ယူသြား တတ္သူ ေတြကို ကြၽန္ေတာ္တို႔ စိန္ေခၚမႈေလး တစ္ခု လုပ္ၾကည့္ ရေအာင္။ ဆက္သြယ္ေရး နည္းပညာ မသံုးဘဲ ဘယ္ေလာက္ ၾကာၾကာ ေနႏိုင္ သလဲေပါ့။ ဖုန္းနဲ႔ အင္တာနက္ လံုးဝမသံုးဘဲ ေနၾကည့္ပါ။ ႏွစ္နာရီ ေလာက္ေန ႏိုင္တယ္ဆိုရင္ စာဖတ္သူဟာ တကယ္ ေတာ္ပါတယ္။ အေမရိကား မွာေတာ့ ၁ဝ မိနစ္ထက္ ပိုမေနႏိုင္ ၾကတာကို ေတြ႕ရပါတယ္။
တိုးတက္ ေျပာင္းလဲ လာတဲ့ေခတ္ စနစ္အရ ဆက္သြယ္ေရး နည္းပညာကို မသံုးမျဖစ္ သံုးကို သံုးရပါမယ္။ ဒါေပမဲ့ အဲဒီ ဆက္သြယ္ေရး နည္းပညာ အသံုးျပဳ အပလီ ေကးရွင္း၊ ေဆာ့ဖ္ဝဲနဲ႔ အျခား လူမႈကြန္ရက္ ေတြေၾကာင့္ သင္ဟာ လူသား မဆန္ေတာ့ဘဲ နည္းပညာ သိပ္ဆန္ သြားႏိုင္တယ္ ဆုိတာ ကိုေတာ့ ဂ႐ုျပဳရ ပါမယ္။

အိမ္ ေနရင္း ပ်င္းပ်င္း ရွိတာနဲ႔ အြန္လိုင္းသံုးရင္း မျဖစ္သင့္ တာေတြ ျဖစ္သြားတဲ့ အိမ္ရွင္မေတြ၊ ကိုယ့္လုိအပ္ခ်က္ ျဖည့္ဆည္း ေပးႏိုင္မယ့္ သူေတြကို အြန္လိုင္းမွာ အမ်ဳိးမ်ဳိး ေရလာ ေျမာင္းေပး လုပ္ၿပီး ရွာေဖြ ေနတာေတြ၊ ပုရိသမ်ား ကလဲ မိန္းကေလး ေတြကို ႏွမခ်င္း မစာနာ ေျပာဆို ခ်ဥ္းကပ္ ေနတာေတြ၊ သင့္သားသမီး ဖုန္းနဲ႔လူနဲ႔ မခြာႏိုင္လို႔ မိသားစုနဲ႔ပါ တျဖည္းျဖည္း ေဝးေနတာ ေတြကို ကုစားႏိုင္ဖို ့ ဆက္သြယ္ေရး နည္းပညာ ကင္းမဲ့ဇုန္နဲ႔ အခ်ိန္ေလး တစ္ခု ဖန္တီးလိုက္ပါ။ အဲဒီ အခ်ိန္မ်ဳိးမွာ မိသားစု၊ မိတ္ေဆြ၊ သူငယ္ခ်င္းေတြ အားလံုး လူ၊ လူခ်င္း ဆက္ဆံ ေျပာဆိုၾကပါ။ ေလာကႀကီးရဲ႕အလွကို ခံစား ၾကည့္႐ႈၾကပါ။ စကားေတြ ေျပာၾကပါလို႔ တိုက္တြန္းရင္း ဆက္သြယ္ေရး နည္းပညာ ေနာက္ကြယ္ က ေၾကာက္မယ္ဖြယ္ နစ္နာမႈ ေတြကို ေလ့လာ ေရးသား တင္ျပလုိက္ရ ပါတယ္။ ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Yatanarpon News

#Unicode Version
သင်ဟာ မိုဘိုင်းလ်ဖုန်း မကိုင်ဘဲ ဘယ်လောက် ကြာကြာ နေနိုင်ပါ သလဲ။ ကြိုးဖုန်းလဲ မသုံးပါနဲ့။ ရုပ်သံလ ဲမကြည့်ပါနဲ့။ ရေဒီယိုလဲ နားမထောင်ပါနဲ့။ နည်းပညာနဲ့ ပတ်သက်တာ ဘာတစ်ခုမှ မသုံးပါနဲ့။ လျှပ်စစ်မီး ကိုပါ ပိတ်ထား လိုက်ပါ။ လူတွေဟာ နည်းပညာ၊ အီလက် ထရွန်းနစ် နဲ့ လျှပ်စစ်ပစ္စည်း တွေကို ဘယ်လောက်ထိ စွဲလန်းကြ တယ်ဆိုတာကို စမ်းသပ် နေကြတ ဲ့သုတေသီများ က ဖော်ပြပါ အတိုင်း ညွှန်ကြား နေတာပါ။
မိုဘိုင်းလ်ဖုန်း၊ မက်ဆေ့ချ်၊ ချက်တင်တွေ အမျိုးအစား စုံလင်စွာနဲ့ ပျံ့နှံ့လာတဲ့ နောက်ပိုင်း အိမ်ထောင်ရှင် တွေ၊ သမီးရည်းစား တွေကြားမှာ ဖောက်ပြန်မှု တွေ ကြောက်ခမန်း လိလိ တိုးလာပြီး ကျောင်းသား၊ ကျောင်းသူ တွေကလဲ ကိုယ်ပိုင် ဦးနှောက်၊ ဆင်ခြင်ဉာဏ်၊ မှတ်ဉာဏ် စွမ်းအား တို့ကို မသုံးကြ တော့ဘဲ ကွန်ပျူတာ နဲ့ နည်းပညာ ပေါ်ကိုပဲ လုံးလုံး လျားလျားကြီး အားကိုး လာကြပြီး စာမေးပွဲမှာ မိုဘိုင်းလ်ဖုန်း တွေ သုံးပြီးတော့ စာခိုးချတဲ့ ပြဿနာလဲ ကြီးသည်ထက် ကြီးလာတဲ့ အတွက် အခုလို နည်းပညာ ကင်းမဲ့ဇုန်မှာ ဘယ်လောက် ကြာကြာ နေနိုင် သလဲဆိုတာ သုတေသီ များက စမ်းသပ် လေ့လာ ကြခြင်း ဖြစ်ပါတယ်။
အရင်က ကြိုးဖုန်း လောက်ရှိတဲ့ အခါ ဖုန်းလာ လိုက်ရင် တစ်အိမ်လုံး သိပါတယ်။ ဖုန်းကို လူကြီးက အရင်ကိုင် ပါတယ်။ လိုအပ်မှ သား၊ သမီး တွေကို ပေးပါတယ်။ မသင်္ကာရင် နောက်ဖုန်း တစ်လုံး မပြီး နားထောင်လို့ ရပါ သေးတယ်။ အခုတော့ အသံပိတ် ထားပြီး တုန်ခါမှု လောက် ပေးထားလို့ ရတဲ့ မိုဘိုင်းလ်ဖုန်း စနစ်မှာ ဘယ်သူမှ မသိအောင် ပို့၊ လက်ခံ လို့ရတဲ့ မက်ဆေ့ချ်၊ အိပ်ရာထဲမှာ တိတ်တိတ် ကလေး သုံးလို့ရတဲ့ ဖေ့စ်ဘွတ်၊ ဝီချက်၊ ဂျီတော့၊ ဗိုင်ဘာ တွေ ရှိလာတော့ အပျင်းပြေ သုံးရာ ကနေ အပျို၊ အအို မရှောင် အကျင့် စာရိတ္တ ဆိုးရွား ပျက်ပြားလာတဲ့ အထိ ဖြစ်လာပြီး လင်မယား ကွာရှင်း ပြတ်စဲမှုနှုန်း အဆမတန် မြင့်မား လာပြီး လူငယ်တွေလဲ အကျင့်ပျက် လာတော့မှ အမေရိကန် သုတေသီ များက ဆက်သွယ်ရေး နည်းပညာ ရဲ့ အကျိုးအပြစ် တွေကို အရေးတယူ လေ့လာ ခဲ့ခြင်း ဖြစ်ပါတယ်။

လူငယ်တွေဟာ နည်းပညာ အသစ်တွေကို တိုးတိုးပြီး အသုံးပြု နေကြ ပါတယ်။ လူငယ် ၉၃ ရာခိုင်နှုန်း ဟာ အွန်လိုင်း သုံးကြ ပါတယ်။ ဖေ့စ်ဘွတ် သုံးသူ ၇၃ ရာခိုင်နှုန်း ရှိပြီး ကိုယ်ပိုင် မိုဘိုင်းလ်ဖုန်း ရှိသူ ၇၅ ရာခိုင်နှုန်း ရှိပါတယ်။ မိုဘိုင်းလ်ဖုန်း လက်ထဲက မချစတမ်း သုံးနေတဲ့ လူငယ်တွေ ကိုကြည့်ပြီး စိုးရိမ် သောကပွား နေရ တာကတော့ မိဘ၊ ဆရာ နဲ့ အုပ်ထိန်းသူ တို့ပါပဲ။
ကမ္ဘာ တစ်ဝန်းက မီဒီယာတွေ မှာ လူငယ် အပျိုငယ် တွေဟာ လိင်ကိစ္စ တွေကို မက်ဆေ့ချ် ကနေ ပို့နေကြောင်း၊ ကိုယ်တိုင်ရိုက် ညစ်ညမ်းပုံ တွေကိုလဲ အပလီ ကေးရှင်း အမျိုးမျိုး ကနေ အပေးအယူ လုပ်နေကြောင်း ဖော်ပြ နေကြသလို ဆက်သွယ်ရေး နည်းပညာ ကို အသုံးပြုပြီး တစ်ဖက် သားကို နိုင်ထက် စီးနင်း လုပ်နေ သူတွေ၊ စိတ်သောက ရောက်စေ သူတွေ၊ အရှက်တကွဲ အကျိုးနည်း ဖြစ်စေ တာတွေ ကိုလဲ ကြားသိ နေရပါတယ်။
ဒီလို ကိစ္စမျိုးတွေဟာ လူငယ် တွေမှာပဲ ဖြစ်တာ မဟုတ်ဘဲ အိမ်ထောင်သည် တွေမှာပါ ဖြစ်ပျက်နေပြီး ထိန်းမနိုင် သိမ်းမရ ဖြစ်လာ တော့မှ ပေါက်ကွဲ သံစဉ်တွေနဲ့ လင်ခန်း မယားခန်း ကွာရှင်း ပြတ်စဲ ရသည်အထိ ဖြစ်လာ ကြတာကို တွေ့ရပါတယ်။ နောက်ပြီး ဒီလို အကျင့်ဆိုး တွေကလဲ ဗိုင်းရပ်စ် သဖွယ် တစ်ဦးကို တစ်ဦး ကူးစက် ပျံ့နှံ့တတ် ပြန်တဲ့အတွက် ဆက်သွယ်ရေး နည်းပညာကို အသုံးပြုပြီး အကျင့်ပျက် နေကြတဲ့ လူတစ်စုကို ရှာဖွေ ဖော်ထုတ်ပြီး လမ်းကြောင်း မှန်ပေါ် ပြန်တင် ပေးနိုင်ဖို့ ပညာရှင် များက သုတေသန ပြု လေ့လာ နေကြတာ ဖြစ်ပါတယ်။
လိင်ကိစ္စ တွေကို မဆွေးနွေးတဲ့ အဖွဲ့ တွေမှာလဲ အန္တရာယ်က မကင်းသေး ပါဘူး။ ဆက်သွယ်ရေး နည်းပညာကို အသုံးပြုပြီး တစ်ဖက်သား ကို အနိုင်ကျင့် တာနဲ့ ကိုယ် - စိတ် ဆင်းရဲအောင် ပြုမူ ပြောဆို တာတွေ ဒုနဲ့ဒေး ရှိပါတယ်။ နေ့စဉ် ရက်ဆက် အနိုင်ကျင့်ခြင်း၊ ရန်လို ခံရခြင်းတို့ ရှိနိုင်သလို ယုတ်မာ ရိုင်းစိုင်းတဲ့ ထင်မြင်ချက် တွေ ပေးတာ၊ ခြိမ်းခြောက်တာ၊ ရန်လိုတာ၊ ကောလာဟလ ဖြန့်တာနဲ့ တခြား စိတ်ဆိုးဖွယ်၊ စိတ်ထိခိုက်ဖွယ် အပြုအမူ၊ အပြောအဆို အမျိုးမျိုး တွေလဲ ရှိနေတာကို ကြားသိ နေရပါတယ်။
စစ်တမ်းအရ ဆက်သွယ်ရေး နည်းပညာ အသုံးပြု နေကြတဲ့ လူငယ် ၂၄ ရာခိုင်နှုန်း ဟာ ဆက်သွယ်ရေး နည်းပညာနဲ့ ကိုယ်စိတ် ဆင်းရဲအောင် ပြုမူပြောဆို တာတွေကို ခံနေ ရပါတယ်။ ၁၃ ရာခိုင်နှုန်းက အနိုင်လဲ အကျင့်ခံရ၊ ကိုယ်စိတ် ဆင်းရဲ အောင်လဲ အပြောခံ ရပါတယ်။ အနိုင်ပဲ အကျင့်ခံ ရသူကတော့ တစ် ရာခိုင်နှုန်းပဲ ရှိပါတယ်။
ဒီနေရာမှာ အနိုင်ကျင့် ခံရတာကို ခွဲခြမ်း စိစစ်ကြည့်မယ် ဆိုရင် လူလူချင်း အနိုင်ကျင့်တာ ၄ဝ ရာခိုင်နှုန်း၊ ဖုန်းခေါ်ပြီး အနိုင်ကျင့် ပြောဆိုတာ ၁ဝ ရာခိုင်နှုန်း၊ မက်ဆေ့ချ်ပို့ ပြီး နိုင်ထက် စီးနင်း ပြောတာ ၁၄ ရာခိုင်နှုန်း နဲ့ အွန်လိုင်း စာမျက်နှာ တွေကနေ တိုက်ခိုက်တာ ၁၇ ရာခိုင်နှုန်း ရှိပြီး တခြားနည်း တွေနဲ့ အနိုင်ကျင့် တာက ၁ဝ ရာခိုင်နှုန်း ရှိတာကို တွေ့ရပါတယ်။
ဒါဖြစ်ရင် ဖုန်းပိတ်ထား ပါလား၊ အွန်လိုင်း မသုံးပါနဲ့ လားလို့ သူတို့ကို ပြောကြည့်တဲ့ အခါမှာ ခေါင်းညိတ်ကြ ပါတယ်။ ဒါပေမဲ့ ဖုန်းကိုတော့ လက်က မချပါဘူး။ ဖုန်းဆိုတာ ဆက်သွယ်ရေး နည်းပညာသုံး ကိရိယာ အပြင် တခြား နည်းလမ်း ပေါင်းစုံနဲ့လဲ အသုံးပြုလို့ ရနေတော့ ဒီဖုန်းကို မချနိုင်တာ မထူးဆန်း ပါဘူး။
ဒီနေ့ လူကြီး၊ လူငယ်မရွေး မနက်ထ လာရင် ဖုန်းကို အရင်ကိုင် ကြည့်ကြ ပါတယ်။ ကွန်ပျူတာကို ဖွင့်ကြ ပါတယ်။ မျက်နှာ မသစ်ခင် မှာကို အင်တာနက်လိုင်း ရ၊ မရ အရင်ကြည့်ကြ ပါတယ်။ အိမ်ထဲက မိသားစုဝင်တွေ အပေါ် စိတ်မရှည် သလောက် ဖုန်း၊ အင်တာနက် ပေါ်က လူတွေနဲ့ ကျတော့ စိတ်ရှည် လက်ရှည် ပြောကြဆို ကြပါတယ်။ လူတိုင်းစေ့ ဖုန်းငုံ့ကြည့် နေတဲ့ ထမင်းစား ဝိုင်းမျိုး စာဖတ်သူလဲ မြင်ဖူးမှာပါ။ လမ်းကွေ့ တွေမှာ ဖုန်းကို ငုံ့ကြည့်နေရင်း ဆိုင်ကယ် စီးလာတဲ့ ကောင်လေး တွေကြောင့် ယာဉ်မောင်းသူ အတော် များများလဲ အထိတ် တလန့်ဖြစ် ဒေါသထွက်ဖူး မှာပါ။ သားလေး၊ သမီးလေးကို မတွေ့လို့ တစ်အိမ်လုံး အနှံ့ လိုက်ရှာလိုက်ရင် အိပ်ရာထဲမှာ နံရံဘက် မျက်နှာမူ လဲလျောင်း နေပြီး ဖုန်းကို ပဲ တကုပ်ကုပ်နဲ့ သုံးနေတာကို တွေ့ရလို့ စိတ်ထဲ တင်းခနဲ ဖြစ်သွားတဲ့ မိဘတွေလဲ အများကြီးပါ။
ကားမောင်းရင်း ဖုန်းပြောနေလို့ မီးပွိုင့်၊ မီးနီကို ဖြတ်မောင်းမိ သူတွေ၊ တာဝန်ချိန်မှာ ဖုန်းကလိ နေလို့ အလုပ်ပြုတ် သွားတဲ့ သူတွေ၊ ဖုန်းကို ဘယ်မှ မချရဲဘဲ အိမ်သာသွား ရင်တောင် တစ်ပါတည်း ယူသွား တတ်သူ တွေကို ကျွန်တော်တို့ စိန်ခေါ်မှုလေး တစ်ခု လုပ်ကြည့် ရအောင်။ ဆက်သွယ်ရေး နည်းပညာ မသုံးဘဲ ဘယ်လောက် ကြာကြာ နေနိုင် သလဲပေါ့။ ဖုန်းနဲ့ အင်တာနက် လုံးဝမသုံးဘဲ နေကြည့်ပါ။ နှစ်နာရီ လောက်နေ နိုင်တယ်ဆိုရင် စာဖတ်သူဟာ တကယ် တော်ပါတယ်။ အမေရိကား မှာတော့ ၁ဝ မိနစ်ထက် ပိုမနေနိုင် ကြတာကို တွေ့ရပါတယ်။
တိုးတက် ပြောင်းလဲ လာတဲ့ခေတ် စနစ်အရ ဆက်သွယ်ရေး နည်းပညာကို မသုံးမဖြစ် သုံးကို သုံးရပါမယ်။ ဒါပေမဲ့ အဲဒီ ဆက်သွယ်ရေး နည်းပညာ အသုံးပြု အပလီ ကေးရှင်း၊ ဆော့ဖ်ဝဲနဲ့ အခြား လူမှုကွန်ရက် တွေကြောင့် သင်ဟာ လူသား မဆန်တော့ဘဲ နည်းပညာ သိပ်ဆန် သွားနိုင်တယ် ဆိုတာ ကိုတော့ ဂရုပြုရ ပါမယ်။

အိမ် နေရင်း ပျင်းပျင်း ရှိတာနဲ့ အွန်လိုင်းသုံးရင်း မဖြစ်သင့် တာတွေ ဖြစ်သွားတဲ့ အိမ်ရှင်မတွေ၊ ကိုယ့်လိုအပ်ချက် ဖြည့်ဆည်း ပေးနိုင်မယ့် သူတွေကို အွန်လိုင်းမှာ အမျိုးမျိုး ရေလာ မြောင်းပေး လုပ်ပြီး ရှာဖွေ နေတာတွေ၊ ပုရိသများ ကလဲ မိန်းကလေး တွေကို နှမချင်း မစာနာ ပြောဆို ချဉ်းကပ် နေတာတွေ၊ သင့်သားသမီး ဖုန်းနဲ့လူနဲ့ မခွာနိုင်လို့ မိသားစုနဲ့ပါ တဖြည်းဖြည်း ဝေးနေတာ တွေကို ကုစားနိုင်ဖို့ ဆက်သွယ်ရေး နည်းပညာ ကင်းမဲ့ဇုန်နဲ့ အချိန်လေး တစ်ခု ဖန်တီးလိုက်ပါ။ အဲဒီ အချိန်မျိုးမှာ မိသားစု၊ မိတ်ဆွေ၊ သူငယ်ချင်းတွေ အားလုံး လူ၊ လူချင်း ဆက်ဆံ ပြောဆိုကြပါ။ လောကကြီးရဲ့အလှကို ခံစား ကြည့်ရှုကြပါ။ စကားတွေ ပြောကြပါလို့ တိုက်တွန်းရင်း ဆက်သွယ်ရေး နည်းပညာ နောက်ကွယ် က ကြောက်မယ်ဖွယ် နစ်နာမှု တွေကို လေ့လာ ရေးသား တင်ပြလိုက်ရ ပါတယ်။ ။


ဖိုးသူတော် (www.phothutaw.com)
Credit: Yatanarpon News
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top