Property Expo
×






Credit:Duwun

Unicode Version

ခင်ပွန်းကွယ်ရာမှာ အခြားအမျိုးသားတစ်ဦးနဲ့ တွဲခုတ်နေတယ်လို့ ယူဆရသူ အမျိုးသမီးနဲ့ သူ့ရဲချစ်သူကို ဈေးတစ်ခုထဲမှာ တွေ့ရှိပြီးနောက် တရားဝင်ခင်ပွန်းက ရိုက်နှက်အပြစ်ပေးခဲ့တဲ့ဖြစ်ရပ် တရုတ်နိုင်ငံမှာ ဖြစ်ပွားခဲ့တာပါ။


ဈေးတစ်ခုအတွင်းမှာ သူမနဲ့ အခြားအမျိုးသားတို့ကို ခင်ပွန်းသည်က တွေ့ရှိခဲ့တာဖြစ်ပါတယ်။ တရုတ်လူမှုကွန်ယက်မှာ စတင်ပျံ့နှံ့လာတဲ့ ဗီဒီယိုဖိုင်မြင်ကွင်းအရ ခင်ပွန်းဖြစ်သူဟာ အမျိုးသမီးရဲ့ အဝတ်အစားတွေကို ဆွဲထားရင်းကနေ ဇနီးသည်နဲ့ တွဲနေသူကို ကန်ကျောက်ရိုက်နှက်ဖို့ ကြိုးစားခဲ့ပါတယ်။ အရိုက်ခံရတဲ့ အမျိုးသားဟာ သူတို့နံဘေးမှာ ထိုင်နေခဲ့ပြီး သွေးတွေထွက်နေခဲ့တာ တွေ့ရပါတယ်။

" ငါနင့်ကို ဘယ်တုန်းကမှ ဒီလိုမရိုက်ခဲ့ဘူး" လို့လည်း သူမရဲ့ ခင်ပွန်းဖြစ်သူက အော်ဟစ်ပြောဆိုနေတာကို ဗီဒီယိုဖိုင်ထဲမှာ တွေ့နိုင်ပါတယ်။

သူတို့နှစ်ယောက်လုံးကို ရိုက်ပုတ်ဖို့ ကြိုးစားနေတဲ့ခင်ပွန်းဖြစ်သူကို တားဆီးရင်းကနေ ဇနီးဖြစ်သူဟာ ဒေါသထွက်လာခဲ့တာတွေ့ရပြီး အချေအတင် စကားဆက်များခဲ့ကြပါတယ်။ ခင်ပွန်းဖြစ်သူကတော့ တစ်နေရာကို ဖုန်းဆက်ဖို့ ကြိုးစားနေခဲ့တာတွေ့နိုင်ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Duwun
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top