Property Expo
×






Credit:BBC Burmese

#Unicode Version
ကမ္ဘာ့ အမြင့်ဆုံး ဧဝရက် တောင်ကို အမျိုးသမီး ထဲက ပထမဦးဆုံး တက်ရောက် ခဲ့တဲ့ ဂျပန် အမျိုးသမီးကြီး ဂျွန်ကို တာဘေး ကွယ်လွန် ခဲ့ပြီ ဖြစ်ကြောင်း မိသားစု ဝင်တွေက ပြောပါတယ်။

ဂျွန်ကို တာဘေး ဟာ ကင်ဆာ ရောဂါ ဝေဒနာ နဲ့ ကွယ်လွန် ခဲ့တာလည်း ဖြစ်ပါတယ်။ ကွယ်လွန် ချိန်မှာ အသက် ၇၇ နှစ် ရှိပါပြီ။

၁၉၇၅ ခုနှစ်မှာ ဂျပန် တောင်တက် အမျိုးသမီးကြီး က ဧဝရက် တောင်ကို တက်ရောက် ခဲ့တာပါ။

အသက် ၃၅ နှစ်မှာ ဧဝရက် တောင်ထိပ် ကို တက်ရောက် နိုင်ခဲ့တဲ့ ပထမဦးဆုံး အမျိုးသမီး ဆိုတဲ့ မှတ်တမ်း ကို ရေးထိုး နိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

ဂျွန်ကို ဟာ အာဖရိက တိုက်က အမြင့်ဆုံး တောင် ဖြစ်တဲ့ ကလီမန်ဂျာရိုး နဲ့ အန္တာတိက တိုက်က ဗင်ဆန် တောင်တန်း တွေ ကိုလည်း တက်ရောက်ခဲ့တဲ့ ဂျပန် အမျိုးသမီး ဖြစ်ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:BBC Burmese
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top