Kantharyar Centre
×

စူပါေမာ္ဒယ္ မီရန္ကာဒါး ပုိင္ဆုိင္ေသာ မာလီဘူစံအိမ္တြင္ ေဖာက္ထြင္းမႈျဖစ္ ပြားစဥ္ ေဖာက္ထြင္းသူပစ္ခတ္ ခံရၿပီး လံုၿခံဳေရးအေစာင့္တစ္ဦး ဓားဒဏ္ရာရရိွခဲ့သည္။

 ယင္းအျဖစ္အပ်က္ကုိ ေလာ့စ္အန္ဂ်လိစ္ရဲဌာနက ထုတ္ ျပန္ေသာ္လည္း ေနအိမ္ပုိင္ရွင္ အမည္ကိုမူ မေဖာ္ျပခဲ့ေပ။

သုိ႔ေသာ္ ထုတ္ျပန္ခ်က္တြင္ ပါရိွေသာ ေနအိမ္လိပ္စာသည္ ၾသစေၾတးလ်ႏုိင္ငံဖြား မီရန္ဒါ ကား (၃၃)ႏွစ္၏ လိပ္စာဟု ေဒသခံမီဒီယာမ်ားကေဖာ္ျပသည္။

မီရန္ဒါသည္ ေအာ္လန္ဒုိ ဘလြန္းႏွင့္ ၂၀၁၀ ျပည့္ႏွစ္က အိမ္ေထာင္ျပဳခဲ့ၿပီး ေနာက္တစ္ႏွစ္တြင္ ကေလးရရိွခဲ့သည္။

သုိ႔ေသာ္ ေနာက္သံုးႏွစ္အၾကာ  ၎တို႔ႏွစ္ဦး လမ္းခြဲေတာ့မည္ဟု ေၾကညာခဲ့ၾကသည္။

အေရးေပၚ ဖုန္းေခၚဆုိမႈကုိ တုံ႔ျပန္၍ မာလီဘူေနအိမ္သို႔ ေရာက္သြားခ်ိန္တြင္ လက္နက္ ကုိင္လံုၿခံဳေရးတစ္ဦးႏွင့္ က်ဴးေက်ာ္၀င္ေရာက္သူတစ္ဦး လံုးေထြးေနၿပီး က်ဴးေက်ာ္လာသူက ဓားျဖင့္ထိုးခဲ့ကာ လုံၿခံဳေရးက ေသနတ္ျဖင့္ ပစ္ခတ္ခဲ့ရာ ႏွစ္ဦးစလံုးအား ေဆး႐ံုသုိ႔ ပုိ႔ေဆာင္ထားသည္။              

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 day daily

#Unicode Version

စူပါမော်ဒယ် မီရန်ကာဒါး ပိုင်ဆိုင်သော မာလီ ဘူစံအိမ်တွင် ဖောက်ထွင်းမှုဖြစ် ပွားစဉ် ဖောက်ထွင်းသူပစ်ခတ် ခံရပြီး လုံခြုံရေးအစောင့်တစ်ဦး ဓားဒဏ်ရာရရှိခဲ့သည်။

 ယင်းအဖြစ်အပျက်ကို လော့စ်အန်ဂျလိစ်ရဲဌာနက ထုတ် ပြန်သော်လည်း နေအိမ်ပိုင်ရှင် အမည်ကိုမူ မဖော်ပြခဲ့ပေ။

သို့သော် ထုတ်ပြန်ချက်တွင် ပါရှိသော နေအိမ်လိပ်စာသည် သြစတြေးလျနိုင်ငံဖွား မီရန်ဒါ ကား (၃၃)နှစ်၏ လိပ်စာဟု ဒေသခံမီဒီယာများကဖော်ပြသည်။

မီရန်ဒါသည် အော်လန်ဒို ဘလွန်းနှင့် ၂၀၁၀ ပြည့်နှစ်က အိမ်ထောင်ပြုခဲ့ပြီး နောက်တစ်နှစ်တွင် ကလေးရရှိခဲ့သည်။

သို့သော် နောက်သုံးနှစ်အကြာ  ၎င်းတို့နှစ်ဦး လမ်းခွဲတော့မည်ဟု ကြေညာခဲ့ကြသည်။

အရေးပေါ် ဖုန်းခေါ်ဆိုမှုကို တုံ့ပြန်၍ မာလီဘူနေအိမ်သို့ ရောက်သွားချိန်တွင် လက်နက် ကိုင်လုံခြုံရေးတစ်ဦးနှင့် ကျူးကျော်ဝင်ရောက်သူတစ်ဦး လုံးထွေးနေပြီး ကျူးကျော်လာသူက ဓားဖြင့်ထိုးခဲ့ကာ လုံခြုံရေးက သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ နှစ်ဦးစလုံးအား ဆေးရုံသို့ ပို့ဆောင်ထားသည်။              

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top