Kantharyar Centre
×

 တစ္ႏိုင္ငံလံုးကို တုန္လႈပ္ေခ်ာက္ျခားေစခဲ့သည့္ လူသတ္တရားခံမ်ားကေတာ့ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕၏ စြမ္းေဆာင္မႈကို စိတ္ေက်နပ္ေနမည္ထင္ပါသည္။ အေၾကာင္းမွာလူမမည္ကေလးငယ္ႏွစ္ဦးအပါအ၀င္ မိသားစု၀င္ေလးဦးစလံုးကို ရက္စက္စြာသတ္ျဖတ္ခဲ့သည့္ လူသတ္တရားခံမ်ားကို တစ္လခြဲနီးပါးရွိလာသည့္တိုင္ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕က စံုစမ္းမေဖာ္ထုတ္ႏိုင္ေသးေသာေၾကာင့္ ျဖစ္ပါသည္။


ၾသဂုတ္လ ၂၀ ရက္ နံနက္က မဂၤလာဒံုၿမိဳ႕နယ္ ပတၱျမားၿမိဳ႕သစ္ တြင္ ရဲအရာရွိေဟာင္းတစ္ဦး၏ မိသားစု၀င္ေလးဦးကို ဓားခ်က္ေပါင္း မ်ားစြာျဖင့္ ရက္ရက္စက္စက္ သတ္ျဖတ္ခဲ့မႈမွာ ၄၄ ရက္ရွိလာသည့္ တိုင္ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕က စံုစမ္းမေဖာ္ထုတ္ႏိုင္ေသးပါ။ မိသားစု ၀င္မ်ားအပါအ၀င္ လူေပါင္းႏွစ္ရာေက်ာ္ကို ေခၚယူစစ္ေဆးခဲ့ေသာ္ လည္း၊ သံသယရွိသူသံုးဦး၏ ဓာတ္ပံုကို ထုတ္ျပန္၍ အလိုရွိေၾကာင္း ေၾကညာခဲ့ေသာ္လည္း ယေန႔အခ်ိန္အထိ သဲလြန္စတစ္ခုမွ်မရရွိေသး ေၾကာင္း အားပ်က္ဖြယ္သိရွိရပါသည္။ ထို႔ေၾကာင့္ လူသတ္တရားခံ မ်ားအတြက္မူ ယခုအေျခအေနမွာ စိတ္ေက်နပ္ဖြယ္ျဖစ္ေနပါလိမ့္မည္။

အမႈအခင္းႀကီးအခ်ိဳ႕တြင္ တရားခံမေဖာ္ထုတ္ႏိုင္သည္မွာ အထူးအဆန္းေတာ့မဟုတ္ပါ။ လြန္ခဲ့သည့္ ငါးလေက်ာ္က ရန္ကုန္ၿမိိဳ႕ ၾကည့္ျမင္တိုင္ၿမိဳ႕နယ္တြင္ ေန႔ခင္းေၾကာင္ေတာင္မွာပင္ အသက္ (၁၂) ႏွစ္အရြယ္ မိန္းကေလးငယ္တစ္ဦးကို အမ်ိဳးသားတစ္ဦးက ဓား ျဖင့္ေထာက္ၿပီး ဓားစာခံျပဳလုပ္၍ ျပန္ေပးဆြဲခဲ့မႈမွာလည္း ယေန႔အခ်ိန္အထိ တရားခံဖမ္းမိႏိုင္ျခင္း မရွိေသးပါ။ အဆုိပါျဖစ္စဥ္တြင္ တရားခံကို ရဲမ်ားအပါအ၀င္ ျပည္သူမ်ား မ်က္ျမင္ေတြ႕ရွိသူမ်ားစြာရွိခဲ့ေသာ္လည္း၊ တရားခံ၏ဓာတ္ပံုကို ျပည္သူမ်ားသိရန္ထုတ္ျပန္၍ အလိုရွိေၾကာင္း ေၾကညာခဲ့ေသာ္လည္း ယေန႔အခ်ိန္အထိ ဖမ္းဆီးႏိုင္မႈမရွိေသးေပ။

ထိုကဲ့သို႔ ျပစ္မႈႀကီးအခ်ိဳ႕တြင္ တရားခံမ်ား လြတ္ေျမာက္ေနျခင္းမွာ ရဲတပ္ဖြဲ႕အေပၚ ျပည္သူမ်ား၏ အားကိုးယံုၾကည္စိတ္ ေလ်ာ့နည္းေစပါ သည္။ မင္းမဲ့စ႐ိုက္ဆန္ဆန္ ျပစ္မႈမ်ားမွ တရားခံမ်ား လြတ္ေျမာက္ေန ျခင္းေၾကာင့္ ျပည္သူမ်ား ေက်ာမလံုဘဲ တရားဥပေဒစိုးမိုးမႈကို ခ်ည့္နဲ႔ ေစပါသည္။

မႈခင္းမ်ား ပိုမိုျဖစ္ပြားလာျခင္းႏွင့္အတူ ရဲတပ္ဖြဲ႕က မႈခင္းမ်ား ေလ်ာ့က်ေစရန္၊ ရဲတပ္ဖြဲ႕ႏွင့္ျပည္သူမ်ားအၾကား ပူးေပါင္းေဆာင္ရြက္မႈ ျမင့္မားလာေစရန္ ႀကိဳးပမ္းေနမႈမ်ားကို အစိုးရသစ္လက္ထက္ ထင္ ထင္ရွားရွား ေတြ႕ရပါသည္။ ဥပမာ ရန္ကုန္ၿမိဳ႕တြင္ မႈခင္းအျဖစ္မ်ားဆံုး ၿမိဳ႕နယ္မ်ားကို စီမံခ်က္ခ်၍ မႈခင္းက်ဆင္းေစရန္ ရဲတပ္ဖြဲ႕၀င္မ်ား အား ထုတ္ေနမႈမွာ ျမင္သာပါသည္။ သို႔ေသာ္ အထက္တြင္ဆိုခဲ့သည့္အတိုင္း မႈခင္းႀကီးအခ်ိဳ႕မွ ျပစ္မႈက်ဴးလြန္သူမ်ားကို ေဖာ္ထုတ္မဖမ္းဆီးႏိုင္ျခင္း မွာလည္း အေျခအေနမွန္ပင္ျဖစ္သည္။ မူးယစ္ေဆးသံုးစြဲမႈ ျမင့္တက္ ျခင္းႏွင့္အတူ မႈခင္းမ်ား ပိုမိုျဖစ္ပြားလာသည္ဆိုေသာ္လည္း၊ ရဲတပ္ဖြဲ႕ႏွင့္ ျပည္သူအခ်ိဳးတြင္ ရဲအေရအတြက္ လြန္စြာနည္းပါးေနသည္ဆိုေသာ္လည္း မႈခင္းႀကီးမ်ားမွ ျပစ္မႈက်ဴးလြန္သူအခ်ိဳ႕ လြတ္ေျမာက္ေနျခင္းမွာ ရဲတပ္ဖြဲ႕၏ စြမ္းေဆာင္ရည္အေပၚ ေမးခြန္းထုတ္စရာ ျဖစ္ေနပါသည္။

ယေန႔ျမန္မာႏိုင္ငံတြင္ က်င့္သံုးေနေသာ ႏိုင္ငံေရးစနစ္မွာ ဒီမိုကေရစီစနစ္ျဖစ္ပါသည္။ ဒီမိုကေရစီစနစ္တြင္ ႏိုင္ငံသားတိုင္းသည္ ပုိမိုလြတ္လပ္ျခင္းႏွင့္အတူ တာ၀န္ခံမႈ၊ တာ၀န္ယူမႈလည္း ပိုမိုရွိရန္ လိုအပ္ပါသည္။ အာဏာရွင္စနစ္မ်ားတြင္ အာဏာရွိသူမ်ား၏ အလိုကိုသာ ဦးစားေပးေဆာင္ရြက္ရေသာ္လည္း၊ ဒီမိုကေရစီစနစ္တြင္ မူလအာဏာပိုင္မ်ားမွာ ျပည္သူမ်ားပင္ျဖစ္၍ ျပည္သူမ်ားအေရးအတြက္ ႏိုင္ငံသားတိုင္း၊ အစိုးရ၀န္ထမ္းတိုင္းကဦးစားေပးေဆာင္ရြက္ရန္ တာ၀န္ရိွပါသည္။ ထို႔ေၾကာင့္ မေဖာ္ထုတ္ႏိုင္ေသာ ရာဇ၀တ္မႈမ်ားတြင္ တာ၀န္ယူထားသူ အဆင့္ဆင့္က ၎တို႔၏ မစြမ္းေဆာင္ႏိုင္မႈအတြက္ တာ၀န္ခံမႈ၊ တာ၀န္ယူမႈရွိရန္ လိုအပ္ပါသည္။ ေလးေလာင္းၿပိဳင္ လူသတ္မႈ၊ ၾကည့္ျမင္တိုင္ ျပန္ေပးဆြဲမႈတို႔ကဲ့သို႔ မႈခင္းႀကီးမ်ားတြင္ ေဖာ္ထုတ္ရန္ တာ၀န္ရွိေသာရဲမ်ား မစြမ္းေဆာင္ႏိုင္လွ်င္ စြမ္းႏိုင္သူျဖင့္အစားထိုးျခင္း၊ တာ၀န္ရွိရဲအရာရွိအခ်ိဳ႕က မိမိတို႔၏ မစြမ္းေဆာင္ႏိုင္မႈအတြက္ တာ၀န္သိစြာ တာ၀န္ခံျခင္းမ်ားရွိရန္ လိုအပ္ပါသည္။ သို႔မွသာ တာ၀န္ယူမႈ၊ တာ၀န္ခံမႈပိုမိုရွိေသာ ယဥ္ေက်းမႈကို  ထြန္းကားေစလာမည္ ျဖစ္ပါသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

 တစ်နိုင်ငံလုံးကို တုန်လှုပ်ချောက်ခြားစေခဲ့သည့် လူသတ်တရားခံများကတော့ မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ စွမ်းဆောင်မှုကို စိတ်ကျေနပ်နေမည်ထင်ပါသည်။ အကြောင်းမှာလူမမည်ကလေးငယ်နှစ်ဦးအပါအဝင် မိသားစုဝင်လေးဦးစလုံးကို ရက်စက်စွာသတ်ဖြတ်ခဲ့သည့် လူသတ်တရားခံများကို တစ်လခွဲနီးပါးရှိလာသည့်တိုင် မြန်မာနိုင်ငံရဲတပ်ဖွဲ့က စုံစမ်းမဖော်ထုတ်နိုင်သေးသောကြောင့် ဖြစ်ပါသည်။


သြဂုတ်လ ၂၀ ရက် နံနက်က မင်္ဂလာဒုံမြို့နယ် ပတ္တမြားမြို့သစ် တွင် ရဲအရာရှိဟောင်းတစ်ဦး၏ မိသားစုဝင်လေးဦးကို ဓားချက်ပေါင်း များစွာဖြင့် ရက်ရက်စက်စက် သတ်ဖြတ်ခဲ့မှုမှာ ၄၄ ရက်ရှိလာသည့် တိုင် မြန်မာနိုင်ငံရဲတပ်ဖွဲ့က စုံစမ်းမဖော်ထုတ်နိုင်သေးပါ။ မိသားစု ဝင်များအပါအဝင် လူပေါင်းနှစ်ရာကျော်ကို ခေါ်ယူစစ်ဆေးခဲ့သော် လည်း၊ သံသယရှိသူသုံးဦး၏ ဓာတ်ပုံကို ထုတ်ပြန်၍ အလိုရှိကြောင်း ကြေညာခဲ့သော်လည်း ယနေ့အချိန်အထိ သဲလွန်စတစ်ခုမျှမရရှိသေး ကြောင်း အားပျက်ဖွယ်သိရှိရပါသည်။ ထို့ကြောင့် လူသတ်တရားခံ များအတွက်မူ ယခုအခြေအနေမှာ စိတ်ကျေနပ်ဖွယ်ဖြစ်နေပါလိမ့်မည်။

အမှုအခင်းကြီးအချို့တွင် တရားခံမဖော်ထုတ်နိုင်သည်မှာ အထူးအဆန်းတော့မဟုတ်ပါ။ လွန်ခဲ့သည့် ငါးလကျော်က ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ်တွင် နေ့ခင်းကြောင်တောင်မှာပင် အသက် (၁၂) နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို အမျိုးသားတစ်ဦးက ဓား ဖြင့်ထောက်ပြီး ဓားစာခံပြုလုပ်၍ ပြန်ပေးဆွဲခဲ့မှုမှာလည်း ယနေ့အချိန်အထိ တရားခံဖမ်းမိနိုင်ခြင်း မရှိသေးပါ။ အဆိုပါဖြစ်စဉ်တွင် တရားခံကို ရဲများအပါအဝင် ပြည်သူများ မျက်မြင်တွေ့ရှိသူများစွာရှိခဲ့သော်လည်း၊ တရားခံ၏ဓာတ်ပုံကို ပြည်သူများသိရန်ထုတ်ပြန်၍ အလိုရှိကြောင်း ကြေညာခဲ့သော်လည်း ယနေ့အချိန်အထိ ဖမ်းဆီးနိုင်မှုမရှိသေးပေ။

ထိုကဲ့သို့ ပြစ်မှုကြီးအချို့တွင် တရားခံများ လွတ်မြောက်နေခြင်းမှာ ရဲတပ်ဖွဲ့အပေါ် ပြည်သူများ၏ အားကိုးယုံကြည်စိတ် လျော့နည်းစေပါ သည်။ မင်းမဲ့စရိုက်ဆန်ဆန် ပြစ်မှုများမှ တရားခံများ လွတ်မြောက်နေ ခြင်းကြောင့် ပြည်သူများ ကျောမလုံဘဲ တရားဥပဒေစိုးမိုးမှုကို ချည့်နဲ့ စေပါသည်။

မှုခင်းများ ပိုမိုဖြစ်ပွားလာခြင်းနှင့်အတူ ရဲတပ်ဖွဲ့က မှုခင်းများ လျော့ကျစေရန်၊ ရဲတပ်ဖွဲ့နှင့်ပြည်သူများအကြား ပူးပေါင်းဆောင်ရွက်မှု မြင့်မားလာစေရန် ကြိုးပမ်းနေမှုများကို အစိုးရသစ်လက်ထက် ထင် ထင်ရှားရှား တွေ့ရပါသည်။ ဥပမာ ရန်ကုန်မြို့တွင် မှုခင်းအဖြစ်များဆုံး မြို့နယ်များကို စီမံချက်ချ၍ မှုခင်းကျဆင်းစေရန် ရဲတပ်ဖွဲ့ဝင်များ အား ထုတ်နေမှုမှာ မြင်သာပါသည်။ သို့သော် အထက်တွင်ဆိုခဲ့သည့်အတိုင်း မှုခင်းကြီးအချို့မှ ပြစ်မှုကျူးလွန်သူများကို ဖော်ထုတ်မဖမ်းဆီးနိုင်ခြင်း မှာလည်း အခြေအနေမှန်ပင်ဖြစ်သည်။ မူးယစ်ဆေးသုံးစွဲမှု မြင့်တက် ခြင်းနှင့်အတူ မှုခင်းများ ပိုမိုဖြစ်ပွားလာသည်ဆိုသော်လည်း၊ ရဲတပ်ဖွဲ့နှင့် ပြည်သူအချိုးတွင် ရဲအရေအတွက် လွန်စွာနည်းပါးနေသည်ဆိုသော်လည်း မှုခင်းကြီးများမှ ပြစ်မှုကျူးလွန်သူအချို့ လွတ်မြောက်နေခြင်းမှာ ရဲတပ်ဖွဲ့၏ စွမ်းဆောင်ရည်အပေါ် မေးခွန်းထုတ်စရာ ဖြစ်နေပါသည်။

ယနေ့မြန်မာနိုင်ငံတွင် ကျင့်သုံးနေသော နိုင်ငံရေးစနစ်မှာ ဒီမိုကရေစီစနစ်ဖြစ်ပါသည်။ ဒီမိုကရေစီစနစ်တွင် နိုင်ငံသားတိုင်းသည် ပိုမိုလွတ်လပ်ခြင်းနှင့်အတူ တာဝန်ခံမှု၊ တာဝန်ယူမှုလည်း ပိုမိုရှိရန် လိုအပ်ပါသည်။ အာဏာရှင်စနစ်များတွင် အာဏာရှိသူများ၏ အလိုကိုသာ ဦးစားပေးဆောင်ရွက်ရသော်လည်း၊ ဒီမိုကရေစီစနစ်တွင် မူလအာဏာပိုင်များမှာ ပြည်သူများပင်ဖြစ်၍ ပြည်သူများအရေးအတွက် နိုင်ငံသားတိုင်း၊ အစိုးရဝန်ထမ်းတိုင်းကဦးစားပေးဆောင်ရွက်ရန် တာဝန်ရှိပါသည်။ ထို့ကြောင့် မဖော်ထုတ်နိုင်သော ရာဇဝတ်မှုများတွင် တာဝန်ယူထားသူ အဆင့်ဆင့်က ၎င်းတို့၏ မစွမ်းဆောင်နိုင်မှုအတွက် တာဝန်ခံမှု၊ တာဝန်ယူမှုရှိရန် လိုအပ်ပါသည်။ လေးလောင်းပြိုင် လူသတ်မှု၊ ကြည့်မြင်တိုင် ပြန်ပေးဆွဲမှုတို့ကဲ့သို့ မှုခင်းကြီးများတွင် ဖော်ထုတ်ရန် တာဝန်ရှိသောရဲများ မစွမ်းဆောင်နိုင်လျှင် စွမ်းနိုင်သူဖြင့်အစားထိုးခြင်း၊ တာဝန်ရှိရဲအရာရှိအချို့က မိမိတို့၏ မစွမ်းဆောင်နိုင်မှုအတွက် တာဝန်သိစွာ တာဝန်ခံခြင်းများရှိရန် လိုအပ်ပါသည်။ သို့မှသာ တာဝန်ယူမှု၊ တာဝန်ခံမှုပိုမိုရှိသော ယဉ်ကျေးမှုကို  ထွန်းကားစေလာမည် ဖြစ်ပါသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top