Kantharyar Centre
×

လာမည့္ ႏုိ၀င္ဘာ ၁ ရက္ေန႔ဆုိလွ်င္ ကိုေဇာ္၀င္း၏ ဇနီးဆုံးပါးသည္မွာ သုံးလတင္းတင္းျပည့္ခဲ့ၿပီ ျဖစ္သည္။ သို႔ေသာ္ ၎၏စိတ္ထဲတြင္ မေန႔တစ္ေန႔ကလုိပင္။ ဇနီးသည္ မဆုံးပါးမီက ျဖစ္ပ်က္ခဲ့သည့္အျဖစ္အပ်က္မ်ားကုိ ေတြးမိကာ ယခုအခ်ိန္ထိ ယူက်ဳံးမရရွိေနဆဲပင္ ျဖစ္သည္။

‘‘ကြၽန္ေတာ့္အမ်ဳိးသမီးကို ဦးေႏွာက္ေသြးေၾကာေပါက္ၿပီး ေသဆုံးတယ္လို႔ ဆရာ၀န္ႀကီးေတြက ေျပာတယ္။ ကေလးမေမြးခင္အခ်ိန္မွာ ေသြးေပါင္ခ်ိန္ကို ေသခ်ာဂ႐ုတစုိက္တုိင္းေပးခဲ့မယ္ဆုိရင္ ဒီလိုအျဖစ္ဆိုးနဲ႔ ႀကံဳမွာ မဟုတ္ဘူး။ အခုေတာ့ အသက္ေပးလုိက္ရၿပီ’’ ဟု ႏွေျမာတသစိတ္ျဖင့္ ကိုေဇာ္၀င္းက ဆုိသည္။

ဇနီးသည္မေမွ်ာ္လင့္ဘဲ ေသဆုံးရျခင္းကို ေမြးဖြားေပးသည့္ ဆရာ၀န္၏ ေပါ့ဆမႈေၾကာင့္ဟု ကိုေဇာ္၀င္းက တထစ္ခ်ယုံၾကည္ေနသည္။ ေမြးဖြားၿပီးၿပီးခ်င္း ဦးေႏွာက္ေသြးေၾကာေပါက္သျဖင့္ ကိုယ္တစ္ျခမ္း ေလျဖတ္သြားေသာ ဇနီးသည္အားမည္သည့္ က်န္းမာေရးေစာင့္ေရွာက္မႈမွ ၎ဆရာ၀န္က မေပးခဲ့ဟုကိုေဇာ္၀င္းက ဆုိသည္။

ကိုေဇာ္၀င္းတို႔ဇနီးေမာင္ႏံွအဖို႔ ယခုကေလးေမြးဖြားမႈသည္ စတုတၳေျမာက္ျဖစ္ကာ ယခင္ကေလးမ်ား ေမြးဖြားခဲ့စဥ္အတုိင္း ဗုိက္မခဲြဘဲ ႐ိုး႐ုိးေမြးဖြားမည္ဟုဆုံးျဖတ္ခဲ့ၿပီး ဇူလုိင္ကစတင္​၍ အစိုးရေဆး႐ုံသို႔ တက္ေရာက္ခဲ့သည္။

‘‘ဇူလုိင္မနက္ ၃ နာရီမွာေမြးတယ္။ ေမြးလူနာထုတ္လုိ႔ရၿပီဆုိလို႔ သြားထုတ္ေတာ့ ကြၽန္ေတာ့္အမ်ဳိးသမီးပါးစပ္က အျမႇဳပ္ေတြျပန္႔ေနတယ္။ ဘယ္တစ္ျခမ္းက လုံး၀မလႈပ္ေတာ့ဘူး။ ညာတစ္ျခမ္းကလည္း တအား႐ုန္းေနတယ္။ ဆရာ၀န္က ကိုယ့္လူနာကိုရေအာင္ႏႈိးသြား။ လူနာကအိပ္ခ်င္ေယာင္ေဆာင္ေနတာ။ ႐ုပ္ရွင္လာ႐ုိက္မေနနဲ႔။ မင္းသမီးလည္း မဟုတ္ဘူး ဆရာ၀န္က အဲဒီလိုေျပာၿပီး လူနာရဲ႕ လက္ကိုလည္း အပ္နဲ႔အခ်က္ ၂၀ ေလာက္ ေဒါသန႔ဲထုိးတယ္။ ၿပီးေတာ့ ေခၚသြားခိုင္းတယ္’’ဟု ဇနီးသည္၏အျဖစ္အပ်က္မ်ားကို ျပန္ျမင္ေယာင္ဟန္ျဖင့္ ကိုေဇာ္၀င္းဆုိသည္။

ထို႔ျပင္ ေမြးဖြားၿပီးခ်ိန္ နံနက္ ၃ နာရီမွ ေမြးလူနာေဆာင္အတြင္းသို႔ ၎၏ဇနီးအားေျပာင္းေရႊ႕ထားခဲ့ၿပီး နံနက္ ၆ နာရီအထိ မည္သည့္ဆရာ၀န္မွ် လာေရာက္ၾကည့္႐ႈမႈ မရွိခဲ့ေပ။ ေမြးကင္းစကေလးငယ္အား မိခင္ႏုိ႔ခ်ဳိမတုိက္ႏုိင္သျဖင့္ ေဘးခုတင္မ်ားမွ ေမြးလူနာမိခင္ သုံးဦးတို႔က အလွည့္က်ႏုိ႔ခ်ဳိတုိက္ေကြၽးေပးခဲ့ရသည္။

နံနက္ ၆ နာရီမွ သူနာျပဳတစ္ဦးေရာက္ရွိလာကာ ဇနီးသည္အား ေမြးခန္းထဲသို႔ ခ်က္ခ်င္းထည့္ခိုင္းၿပီး ေအာက္ဆီဂ်င္ေပးၿပီးေနာက္ ေရာဂါရွာေဖြရန္အတြက္ စီတီစကင္န္႐ိုက္ျခင္းမ်ား ျပဳလုပ္ခဲ့သည္။ ယင္းေဆး႐ုံရွိ ဆရာ၀န္ႀကီးတစ္ဦးက လူနာမွာ ဦးေႏွာက္ေသြး ေၾကာအထုံးရွိၿပီး ယင္းအထုံးက ကေလးေမြးဖြားခ်ိန္၌ ေပါက္ထြက္ခဲ့ျခင္းျဖစ္သည္ဟုဆုိကာ လူနာကုိရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီးသို႔ လဲႊေျပာင္းခဲ့သည္။

‘‘ရန္ကုန္ေဆး႐ုံႀကီး ဦးေႏွာက္အာ႐ုံေၾကာဌာနမွာ ေခါင္းကိုႏွစ္ႀကိမ္ခဲြစိတ္မႈလုပ္ခဲ့တယ္။ အသက္ရွဴရလြယ္ေအာင္ လည္ပင္းကို အေပါက္ေဖာက္ထားတယ္။ အဲဒီမွာ လူနာကို ဆရာ၀န္ေရာ သူနာျပဳန႔ဲ ၀န္ထမ္းေတြကပါ ဂ႐ုစုိက္ၾကပါတယ္။ ဒါေပမဲ့ ေဆး႐ုံမွာ တစ္လနီးပါးေလာက္ကုလုိက္ရၿပီးၾသဂုတ္ ၁ ရက္ေန႔မွာ ကြၽန္ေတာ့္အမ်ဳိးသမီးဆုံးသြားတယ္’’ဟု အသံတိုးေဖ်ာ့စြာျဖင့္ ကိုေဇာ္၀င္းက ဆုိသည္။

ျမန္မာႏုိင္ငံရွိ အစိုးရႏွင့္ ပုဂၢလိကေဆး႐ုံအခ်ဳိ႕တြင္ ၿပီးျပည့္စုံေသာ က်န္းမာေရးေစာင့္ေရွာက္မႈကုိ ျပည္သူမ်ားအား ျပည့္၀စြာမေပးႏုိင္ေသးဘဲ ကိုေဇာ္၀င္း၏ဇနီးသည္ကဲ့သို႔ပင္ မွားယြင္းေပါ့ဆသည့္ ျဖစ္ရပ္မ်ားစြာရွိေနၿပီး ၎တို႔ေၾကာင့္ ထိခိုက္နစ္နာခဲ့ရသည့္ အသက္ေပးလုိက္ရသည့္ မိခင္ႏွင့္ကေလးမ်ားအတြက္ ေဘးကင္းလုံၿခံဳေသာ က်န္းမာေရးေစာင့္ေရွာက္မႈ စနစ္တစ္ခုမွာ မျဖစ္မေန လုိအပ္လ်က္ရွိသည္။

အလားတူ မၾကာေသးမီက အစုိးရေဆး႐ုံတစ္႐ုံတြင္ ကေလးမီးဖြားခဲ့သည့္ ဇနီးသည္၌ အခ်င္းစက်န္ခဲ့ျခင္းႏွင့္ ကေလးငယ္မွာလည္း စအိုေပါက္မပါျခင္းကို အိမ္သို႔ေရာက္မွသိရွိရၿပီး မိခင္ႏွင့္ကေလးမွာ အေရးေပၚေဆး၀ါးကုသမႈခံယူခဲ့ရသည့္ အျဖစ္အပ်က္တစ္ခု ေလာေလာလတ္လတ္ပင္ ရွိေသး သည္။

‘‘ကေလးကို ႐ိုး႐ုိးေမြးၿပီးတဲ့အခ်ိန္ ဇနီးသည္က ေသြးဆက္ဆင္းေနလို႔ ဆရာ၀န္ကို အသိေပးေပမယ့္ သားအိမ္ထုတ္ရမယ္ပဲေျပာၿပီး ဘာမွမလုပ္ေပးဘူး။ ဗုိက္ထဲမွာအခ်င္းစက်န္တာကိုမသိဘဲ ေဆး႐ုံကေပးဆင္းလုိက္တယ္။ ဆင္းၿပီးႏွစ္ရက္ၾကာေတာ့ ေသြးတအားျပန္ဆင္းလာေတာ့ ပုဂၢလိကေဆး႐ုံကို သြားျပတဲ့အခါက်မွ သားအိမ္ထဲမွာ အခ်င္းစနဲ႔ ေသြးခဲေတြ ရွိေနမွန္းသိတယ္’’ဟု ကာယကံရွင္ကိုေက်ာ္က ေျပာသည္။

ယင္းအျပင္ ရင္ေသြးငယ္မွာလည္း ေဆး႐ုံ၏မွတ္ခ်က္ထဲ၌ အကုန္ေကာင္းမြန္သည္ဟု ေရးသားထားေသာ္လည္း ေဆး႐ုံကဆင္းၿပီး ႏွစ္ရက္အၾကာ၌ ဗိုက္တင္း၍ ၀မ္းမသြားႏုိင္သျဖင့္ ၀မ္းခ်ဴရာမွ စအိုေပါက္မပါရွိျခင္းကို ေတြ႕ရွိရေသာေၾကာင့္ အေရးေပၚေဆးကုသမႈကို ဆက္လက္ခံယူခ့ဲရသည္။

‘‘သူတုိ႔ဘက္ကေပါ့ဆတာ။ ေနာက္လူေတြ အဲဒီလိုမျဖစ္ေအာင္ေတာ့ ေဆး႐ုံရဲ႕တာ၀န္ရွိသူေတြကို ေတြ႕ဆုံၿပီး အသိေပးလုိက္တယ္။ သူတုိ႔ကလည္း အဲဒီေန႔မွာတာ၀န္က်တဲ့ ဆရာ၀န္ေတြကို ႐ုံးတြင္းသတိေပးမႈနဲ႔ အေရးယူေဆာင္ရြက္မႈေတြ လုပ္ၿပီးသြားၿပီလုိ႔ ေျပာတယ္။ ေနာက္အဲဒီလို မျဖစ္ေစခ်င္ပါဘူး’’ ဟု ကုိေက်ာ္က ဆက္လက္ေျပာၾကားသည္။

ယင္းျဖစ္ရပ္မ်ားႏွင့္ပတ္သက္၍ အစိုးရေဆး႐ုံတစ္႐ုံတြင္ တာ၀န္က်ေနသည့္ သားဖြားမီးယပ္ဆရာ၀န္ႀကီးတစ္ဦးက ‘‘အမွန္ကေတာ့ ေဆး႐ုံမွာပဲေမြးေမြး၊ အျပင္ေဆး႐ုံမွာပဲေမြးေမြး ကေလးတစ္ေယာက္ထြက္လာၿပီဆို စစ္ေဆးရတာေတြ ရွိတယ္။ စအိုေပါက္ပါ၊ မပါဆုိတာကိုလည္း အၿမဲတမ္းပလတ္စတစ္အိတ္ေပ်ာ့ေပ်ာ့ေလး ရွိတယ္။ အဲဒါနဲ႔ ထိုးၾကည့္ၿပီး ကေလးခ်ီးေလးေတြ ပိုက္ကေလးမွာ ပါလာၿပီဆိုရင္ အဲဒါစအုိေပါက္ပါတာေပါ့။ မပါဘူးဆိုရင္ ကေလးခဲြခန္းဆရာ၀န္ဆီ ပို႔ၿပီးခြဲစိတ္ရတယ္။ ဒီလိုမွ မဟုတ္ရင္ ကေလးက ဒုကၡေရာက္ကုန္မွာေပါ့။ ေနာက္ၿပီး ေသခ်ာစစ္ေဆးဖုိ႔ လိုတယ္။ ကေလးကအခ်ိန္မတုိင္ခင္မွာ ၀မ္းေတြသြားတာတို႔၊ မသြားဘူးတို႔ဆိုရင္ တစ္ခုခုမွားယြင္းေနတယ္ဆုိရင္ သိၿပီးေတာ့ ျမန္ျမန္ေဆးကုသမႈခံယူဖို႔ လိုတာေပါ့’’ဟု ဆုိသည္။

၂၀၁၄ လူဦးေရႏွင့္ သန္းေခါင္းစာရင္းပါ အခ်က္အလက္မ်ားကုိ အေသးစိတ္ေလ့လာထားေသာ သုေတသနအရ ျမန္မာႏုိင္ငံသည္ အာဆီယံႏုိင္ငံမ်ားႏွင့္ ႏႈိင္းယွဥ္ပါက မိခင္ႏွင့္ကေလး ေသဆုံးႏႈန္းျမင့္မားေနၿပီး မိခင္ေသဆုံးမႈမွာ ႏွစ္စဥ္အရွင္ေမြးကေလးဦးေရ တစ္သိန္းလွ်င္ မိခင္ ၂၀၂ ဦး ေသဆုံးေနသည္။

ကုလသမဂၢကေလးမ်ား ရန္ပုံေငြအဖဲြ႕၏ ၂၀၁၅ အစီရင္ခံစာတြင္လည္း ႏွစ္စဥ္(၅)ႏွစ္ေအာက္ ကေလးေျခာက္ေသာင္းခဲြခန္႔ႏွင့္ မိခင္ဦးေရ ၂၅၀၀ ခန္႔မွာ မီးဖြားစဥ္အတြင္း ေသဆုံးေနၾကရသည္ဟု ေဖာ္ျပထားသည္။

ထုိကဲ့သို႔ေသဆုံးေနရျခင္းမွာ လမ္းပန္းဆက္သြယ္ေရးခက္ခဲျခင္း၊ ေက်းရြာမ်ားအထိ က်န္းမာေရးေစာင့္ေရွာက္မႈမရရွိျခင္း၊ ဆင္းရဲႏြမ္းပါးျခင္းစသည့္အေၾကာင္းအခ်က္အလက္မ်ားအျပင္ မွားယြင္းေပါ့ဆမႈမ်ားေၾကာင့္လည္း ျဖစ္ႏုိင္သည္ဟု ဆရာ၀န္ႀကီးအခ်ဳိ႕က သုံးသပ္သည္။

အဆိုပါ မွားယြင္းေပါ့ဆမႈမ်ားအနက္ ခဲြစိတ္ခံရေသာ လူနာ၏ ခႏၶာကိုယ္ထဲ၌ သန္႔ရွင္းေရးသုံးပစၥည္းမ်ားျဖစ္ေသာ ဂြမ္း၊ အ၀တ္စ၊ ကတ္ေၾကး၊ ခဲြစိတ္သုံးဓားဟူသည့္ ပစၥည္းတစ္ခုခု ေမ့က်န္ခဲ့ျခင္းသည္လည္း မွားယြင္းေပါ့ဆမႈတစ္ခု ျဖစ္သည္။

‘‘ကြၽန္မညီမဆိုေမြးတုန္းက မိန္းမကုိယ္ကိုခ်ဳပ္ေတာ့ ခ်ဳပ္႐ုိးးအဝမွာ ပိတ္စအျဖဴေလး ကြၽန္မေတြ႕လုိက္လို႔ေျပာတာကို ဆရာ၀န္မႀကီးက မဟုတ္ပါဘူးဆုိၿပီးျပန္ေျပာတာ။ ေသခ်ာျပန္စစ္ေဆးေပးဖို႔ ထပ္ေတာင္းဆုိေတာ့မွ စစ္ၾကည့္လုိက္တာ ပတ္တီးတစ္လိပ္ထြက္ လာတာ။ ပုဂၢလိကေဆးခန္းမွာ အဲဒီလိုမ်ဳိးႀကံဳခဲ့ဖူးတယ္’’ဟု ေမာ္လၿမိဳင္ေန မယုကဆုိသည္။

ႏုိင္ငံတကာတြင္လည္း ယင္းကဲ့သို႔ မွားယြင္းေပါ့ဆသည့္ျဖစ္ရပ္မ်ားစြာရွိေနၿပီး ယင္းမွားယြင္းမႈမ်ဳိးသည္ ခြင့္လႊတ္၍မရသည့္ အမွားမ်ဳိးျဖစ္သည္။ အဘယ္ေၾကာင့္ဆုိေသာ္ ေနာက္ဆက္တဲြအျဖစ္ အသက္အႏၲရာယ္ ရင္ဆုိင္ရႏုိင္ေသာေၾကာင့္ ျဖစ္ေပသည္။

‘‘တစ္ကမၻာလုံးမွာရွိတဲ့ ခြဲခန္းေတြမွာ လုပ္ကိုလုပ္ရတဲ့အခ်က္ေတြဆိုတာ ရွိတယ္။ ခဲြခန္းသုံးပစၥည္းအေရအတြက္ကို မခဲြခင္အခ်ိန္နဲ႔ ခဲြၿပီးအခ်ိန္မွာ ခဲြစိတ္တဲ့အဖဲြ႕က ေသခ်ာစစ္ရတယ္။ ေရတြက္ရတယ္။ ခဲြစိတ္လူနာက အရမ္းအေရးႀကီးတယ္။ ဒါေပမဲ့ ၾကားဖူးေနတယ္။ ႏုိင္ငံျခားမွာေရာ၊ ျမန္မာႏုိင္ငံမွာေရာ မသိလုိ႔ရွိရင္ အဲဒါမ်ဳိးေတြက က်န္ခဲ့တတ္တယ္။ လူေတြရဲ႕ မွားယြင္းမႈေပါ့။ ေပါ့ဆမႈလို႔ေျပာလို႔ရတယ္။ တစ္ခုမွျဖစ္လို႔မရဘူး။ ျဖစ္ၿပီဆုိရင္ ဒါကလုံး၀ခြင့္လႊတ္လုိ႔ မရတဲ့အမွားမ်ဳိးေပါ့’’ဟု ဗဟုိအမ်ဳိးသမီးေဆး႐ုံ၊ သားဖြားမီးယပ္အထူးကုဆရာ၀န္ႀကီးတဲြဖက္ပါေမာကၡ ေဒါက္တာစိုးလြင္က ဆုိသည္။

၎ကဲ့သို႔ မေတာ္တဆျဖစ္ရပ္မ်ား မၾကာခဏျဖစ္ေပၚေနပါက ကုသေပးသည့္ ဆရာ၀န္မ်ားအေပၚ လူနာအပိုင္းက ေလးစားအားကိုးမႈ ပ်က္ယြင္းလာၿပီး ေဆး႐ုံ၊ ေဆးခန္းမ်ားသို႔လည္း ယုံၾကည္မႈ ေလ်ာ့နည္းလာႏုိင္သည္။ လက္ရွိတြင္ျဖစ္ေပၚေနေသာ ဆရာ၀န္ႏွင့္ လူနာအခ်ဳိးမမွ်တမႈ ျပႆနာမ်ား၊ ဆရာ၀န္မ်ား၏ ခံစားခြင့္ႏွင့္ ရပုိင္ ခြင့္မ်ားကို ယခုထက္ပို၍ ႏုိင္ငံေတာ္အစုိးရက ျဖည့္ဆည္းေပးႏုိင္မည္ဆုိပါက ယင္းျဖစ္ရပ္မ်ား ေလ်ာ့နည္းလာမည္ျဖစ္သည္။

‘‘ဆရာ၀န္ေတြနဲ႔ လူနာေတြ ခ်စ္ခ်စ္ခင္ခင္နဲ႔ အဆင္ေျပေျပ ေမြးဖြားေပးႏုိင္ဖို႔အတြက္ အကုန္လုံးပူးေပါင္းၿပီး ေဆာင္ရြက္မွ။ ႏုိင္ငံေတာ္ကလည္း ပံ့ပိုးမႈေတြလိုတယ္။ ဆရာေတြ၊ ဆရာမေတြလုပ္ငန္းခြင္မွာ ေပ်ာ္ရႊင္ဖို႔လုိတယ္။ လူနာေတြကလည္း ေဆး႐ုံ၊ ေဆးခန္းေတြကိုအားကိုးဖို႔ လိုတယ္။ အျပန္အလွန္ခ်စ္ခင္မႈလိုတာေပါ့။ အရင္က ဘာတစ္ခုမွ ျပည့္ျပည့္စုံစုံမရွိဘူး။ ၀ယ္ရတယ္။ ဆရာ၀န္ေတြကလည္း လုပ္ခလစာက ဒ႐ုိင္ဘာလခေလာက္ေတာင္ မရဘူး။ အဲဒီေတာ့ လုပ္ငန္းခြင္မွာ မေပ်ာ္ရႊင္ၾကဘူး။ အဲဒီေတာ့ လုပ္ငန္းခြင္မွာ အမွားမွားအယြင္းယြင္းေတြ ျဖစ္ကုန္တယ္။ အဲဒီေတာ့အကုန္လုံးၿပီးျပည့္စုံမွ ၿငိမ္းခ်မ္းေရး၊ စီးပြားေရး၊ ပညာေရး အဲဒါေတြဖံြ႕ၿဖိဳးလာတဲ့ေန႔က်ရင္ ခုနကလုိ ခ်ဳိ႕ယြင္းမႈေတြ နည္းလာၿပီးေအာင္ျမင္တဲ့ က်န္းမာေရးေစာင့္ေရွာက္မႈေတြရလာမွာပါ’’ ဟု ေဒါက္တာစိုးလြင္က ေျပာသည္။

ဇနီးသည္ေသဆုံးခဲ့ရသည့္ ျဖစ္ရပ္မ်ဳိးမည္သူ႔ကိုမွ် ေနာက္ထပ္မႀကံဳေစခ်င္ေၾကာင္း က်န္းမာေရးေစာင့္ေရွာက္မႈကို ယခုထက္ပိုမိုၿပီး အေလးေပးလာေစရန္ ေမွ်ာ္လင့္ထားသည္ဟု ကိုေဇာ္၀င္းက ဆုိသည္။

‘‘မီးဖြားလူနာနဲ႔ တျခားလူနာေတြကို ဒီလုိဂ႐ုတစုိက္မရွိတဲ့ ပုံစံ မ်ဳိးနဲ႔ေတာ့ က်န္းမာေရးေစာင့္ေရွာက္မႈက ဘယ္လိုမွမလုံေလာက္ဘူး။ ဘယ္လိုလူနာမ်ဳိးကုိပဲျဖစ္ျဖစ္ ဆရာ၀န္ေရာ၊ ေဆး႐ုံတာ၀န္ရွိသူေတြပါ ေလးေလးစားစားနဲ႔ ဂ႐ုတစုိက္ေျပာဆုိ ဆက္ဆံေစခ်င္တယ္’’ဟု ၎ကဆုိသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
လာမည့် နိုဝင်ဘာ ၁ ရက်နေ့ဆိုလျှင် ကိုဇော်ဝင်း၏ ဇနီးဆုံးပါးသည်မှာ သုံးလတင်းတင်းပြည့်ခဲ့ပြီ ဖြစ်သည်။ သို့သော် ၎င်း၏စိတ်ထဲတွင် မနေ့တစ်နေ့ကလိုပင်။ ဇနီးသည် မဆုံးပါးမီက ဖြစ်ပျက်ခဲ့သည့်အဖြစ်အပျက်များကို တွေးမိကာ ယခုအချိန်ထိ ယူကျုံးမရရှိနေဆဲပင် ဖြစ်သည်။

‘‘ကျွန်တော့်အမျိုးသမီးကို ဦးနှောက်သွေးကြောပေါက်ပြီး သေဆုံးတယ်လို့ ဆရာဝန်ကြီးတွေက ပြောတယ်။ ကလေးမမွေးခင်အချိန်မှာ သွေးပေါင်ချိန်ကို သေချာဂရုတစိုက်တိုင်းပေးခဲ့မယ်ဆိုရင် ဒီလိုအဖြစ်ဆိုးနဲ့ ကြုံမှာ မဟုတ်ဘူး။ အခုတော့ အသက်ပေးလိုက်ရပြီ’’ ဟု နှမြောတသစိတ်ဖြင့် ကိုဇော်ဝင်းက ဆိုသည်။

ဇနီးသည်မမျှော်လင့်ဘဲ သေဆုံးရခြင်းကို မွေးဖွားပေးသည့် ဆရာဝန်၏ ပေါ့ဆမှုကြောင့်ဟု ကိုဇော်ဝင်းက တထစ်ချယုံကြည်နေသည်။ မွေးဖွားပြီးပြီးချင်း ဦးနှောက်သွေးကြောပေါက်သဖြင့် ကိုယ်တစ်ခြမ်း လေဖြတ်သွားသော ဇနီးသည်အားမည်သည့် ကျန်းမာရေးစောင့်ရှောက်မှုမှ ၎င်းဆရာဝန်က မပေးခဲ့ဟုကိုဇော်ဝင်းက ဆိုသည်။

ကိုဇော်ဝင်းတို့ဇနီးမောင်နံှအဖို့ ယခုကလေးမွေးဖွားမှုသည် စတုတ္ထမြောက်ဖြစ်ကာ ယခင်ကလေးများ မွေးဖွားခဲ့စဉ်အတိုင်း ဗိုက်မခွဲဘဲ ရိုးရိုးမွေးဖွားမည်ဟုဆုံးဖြတ်ခဲ့ပြီး ဇူလိုင်ကစတင်၍ အစိုးရဆေးရုံသို့ တက်ရောက်ခဲ့သည်။

‘‘ဇူလိုင်မနက် ၃ နာရီမှာမွေးတယ်။ မွေးလူနာထုတ်လို့ရပြီဆိုလို့ သွားထုတ်တော့ ကျွန်တော့်အမျိုးသမီးပါးစပ်က အမြှုပ်တွေပြန့်နေတယ်။ ဘယ်တစ်ခြမ်းက လုံးဝမလှုပ်တော့ဘူး။ ညာတစ်ခြမ်းကလည်း တအားရုန်းနေတယ်။ ဆရာဝန်က ကိုယ့်လူနာကိုရအောင်နှိုးသွား။ လူနာကအိပ်ချင်ယောင်ဆောင်နေတာ။ ရုပ်ရှင်လာရိုက်မနေနဲ့။ မင်းသမီးလည်း မဟုတ်ဘူး ဆရာဝန်က အဲဒီလိုပြောပြီး လူနာရဲ့ လက်ကိုလည်း အပ်နဲ့အချက် ၂၀ လောက် ဒေါသနဲ့ထိုးတယ်။ ပြီးတော့ ခေါ်သွားခိုင်းတယ်’’ဟု ဇနီးသည်၏အဖြစ်အပျက်များကို ပြန်မြင်ယောင်ဟန်ဖြင့် ကိုဇော်ဝင်းဆိုသည်။

ထို့ပြင် မွေးဖွားပြီးချိန် နံနက် ၃ နာရီမှ မွေးလူနာဆောင်အတွင်းသို့ ၎င်း၏ဇနီးအားပြောင်းရွှေ့ထားခဲ့ပြီး နံနက် ၆ နာရီအထိ မည်သည့်ဆရာဝန်မျှ လာရောက်ကြည့်ရှုမှု မရှိခဲ့ပေ။ မွေးကင်းစကလေးငယ်အား မိခင်နို့ချိုမတိုက်နိုင်သဖြင့် ဘေးခုတင်များမှ မွေးလူနာမိခင် သုံးဦးတို့က အလှည့်ကျနို့ချိုတိုက်ကျွေးပေးခဲ့ရသည်။

နံနက် ၆ နာရီမှ သူနာပြုတစ်ဦးရောက်ရှိလာကာ ဇနီးသည်အား မွေးခန်းထဲသို့ ချက်ချင်းထည့်ခိုင်းပြီး အောက်ဆီဂျင်ပေးပြီးနောက် ရောဂါရှာဖွေရန်အတွက် စီတီစကင်န်ရိုက်ခြင်းများ ပြုလုပ်ခဲ့သည်။ ယင်းဆေးရုံရှိ ဆရာဝန်ကြီးတစ်ဦးက လူနာမှာ ဦးနှောက်သွေး ကြောအထုံးရှိပြီး ယင်းအထုံးက ကလေးမွေးဖွားချိန်၌ ပေါက်ထွက်ခဲ့ခြင်းဖြစ်သည်ဟုဆိုကာ လူနာကိုရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ လွဲှပြောင်းခဲ့သည်။

‘‘ရန်ကုန်ဆေးရုံကြီး ဦးနှောက်အာရုံကြောဌာနမှာ ခေါင်းကိုနှစ်ကြိမ်ခွဲစိတ်မှုလုပ်ခဲ့တယ်။ အသက်ရှူရလွယ်အောင် လည်ပင်းကို အပေါက်ဖောက်ထားတယ်။ အဲဒီမှာ လူနာကို ဆရာဝန်ရော သူနာပြုနဲ့ ဝန်ထမ်းတွေကပါ ဂရုစိုက်ကြပါတယ်။ ဒါပေမဲ့ ဆေးရုံမှာ တစ်လနီးပါးလောက်ကုလိုက်ရပြီးသြဂုတ် ၁ ရက်နေ့မှာ ကျွန်တော့်အမျိုးသမီးဆုံးသွားတယ်’’ဟု အသံတိုးဖျော့စွာဖြင့် ကိုဇော်ဝင်းက ဆိုသည်။

မြန်မာနိုင်ငံရှိ အစိုးရနှင့် ပုဂ္ဂလိကဆေးရုံအချို့တွင် ပြီးပြည့်စုံသော ကျန်းမာရေးစောင့်ရှောက်မှုကို ပြည်သူများအား ပြည့်ဝစွာမပေးနိုင်သေးဘဲ ကိုဇော်ဝင်း၏ဇနီးသည်ကဲ့သို့ပင် မှားယွင်းပေါ့ဆသည့် ဖြစ်ရပ်များစွာရှိနေပြီး ၎င်းတို့ကြောင့် ထိခိုက်နစ်နာခဲ့ရသည့် အသက်ပေးလိုက်ရသည့် မိခင်နှင့်ကလေးများအတွက် ဘေးကင်းလုံခြုံသော ကျန်းမာရေးစောင့်ရှောက်မှု စနစ်တစ်ခုမှာ မဖြစ်မနေ လိုအပ်လျက်ရှိသည်။

အလားတူ မကြာသေးမီက အစိုးရဆေးရုံတစ်ရုံတွင် ကလေးမီးဖွားခဲ့သည့် ဇနီးသည်၌ အချင်းစကျန်ခဲ့ခြင်းနှင့် ကလေးငယ်မှာလည်း စအိုပေါက်မပါခြင်းကို အိမ်သို့ရောက်မှသိရှိရပြီး မိခင်နှင့်ကလေးမှာ အရေးပေါ်ဆေးဝါးကုသမှုခံယူခဲ့ရသည့် အဖြစ်အပျက်တစ်ခု လောလောလတ်လတ်ပင် ရှိသေး သည်။

‘‘ကလေးကို ရိုးရိုးမွေးပြီးတဲ့အချိန် ဇနီးသည်က သွေးဆက်ဆင်းနေလို့ ဆရာဝန်ကို အသိပေးပေမယ့် သားအိမ်ထုတ်ရမယ်ပဲပြောပြီး ဘာမှမလုပ်ပေးဘူး။ ဗိုက်ထဲမှာ အချင်းစကျန်တာကိုမသိဘဲ ဆေးရုံကပေးဆင်းလိုက်တယ်။ ဆင်းပြီးနှစ်ရက်ကြာတော့ သွေးတအားပြန်ဆင်းလာတော့ ပုဂ္ဂလိကဆေးရုံကို သွားပြတဲ့အခါကျမှ သားအိမ်ထဲမှာ အချင်းစနဲ့ သွေးခဲတွေ ရှိနေမှန်းသိတယ်’’ဟု ကာယကံရှင်ကိုကျော်က ပြောသည်။

ယင်းအပြင် ရင်သွေးငယ်မှာလည်း ဆေးရုံ၏မှတ်ချက်ထဲ၌ အကုန်ကောင်းမွန်သည်ဟု ရေးသားထားသော်လည်း ဆေးရုံကဆင်းပြီး နှစ်ရက်အကြာ၌ ဗိုက်တင်း၍ ဝမ်းမသွားနိုင်သဖြင့် ဝမ်းချူရာမှ စအိုပေါက်မပါရှိခြင်းကို တွေ့ရှိရသောကြောင့် အရေးပေါ်ဆေးကုသမှုကို ဆက်လက်ခံယူခဲ့ရသည်။

‘‘သူတို့ဘက်ကပေါ့ဆတာ။ နောက်လူတွေ အဲဒီလိုမဖြစ်အောင်တော့ ဆေးရုံရဲ့တာဝန်ရှိသူတွေကို တွေ့ဆုံပြီး အသိပေးလိုက်တယ်။ သူတို့ကလည်း အဲဒီနေ့မှာတာဝန်ကျတဲ့ ဆရာဝန်တွေကို ရုံးတွင်းသတိပေးမှုနဲ့ အရေးယူဆောင်ရွက်မှုတွေ လုပ်ပြီးသွားပြီလို့ ပြောတယ်။ နောက်အဲဒီလို မဖြစ်စေချင်ပါဘူး’’ ဟု ကိုကျော်က ဆက်လက်ပြောကြားသည်။

ယင်းဖြစ်ရပ်များနှင့်ပတ်သက်၍ အစိုးရဆေးရုံတစ်ရုံတွင် တာဝန်ကျနေသည့် သားဖွားမီးယပ်ဆရာဝန်ကြီးတစ်ဦးက ‘‘အမှန်ကတော့ ဆေးရုံမှာပဲမွေးမွေး၊ အပြင်ဆေးရုံမှာပဲမွေးမွေး ကလေးတစ်ယောက်ထွက်လာပြီဆို စစ်ဆေးရတာတွေ ရှိတယ်။ စအိုပေါက်ပါ၊ မပါဆိုတာကိုလည်း အမြဲတမ်းပလတ်စတစ်အိတ်ပျော့ပျော့လေး ရှိတယ်။ အဲဒါနဲ့ ထိုးကြည့်ပြီး ကလေးချီးလေးတွေ ပိုက်ကလေးမှာ ပါလာပြီဆိုရင် အဲဒါစအိုပေါက်ပါတာပေါ့။ မပါဘူးဆိုရင် ကလေးခွဲခန်းဆရာဝန်ဆီ ပို့ပြီးခွဲစိတ်ရတယ်။ ဒီလိုမှ မဟုတ်ရင် ကလေးက ဒုက္ခရောက်ကုန်မှာပေါ့။ နောက်ပြီး သေချာစစ်ဆေးဖို့ လိုတယ်။ ကလေးကအချိန်မတိုင်ခင်မှာ ဝမ်းတွေသွားတာတို့၊ မသွားဘူးတို့ဆိုရင် တစ်ခုခုမှားယွင်းနေတယ်ဆိုရင် သိပြီးတော့ မြန်မြန်ဆေးကုသမှုခံယူဖို့ လိုတာပေါ့’’ဟု ဆိုသည်။

၂၀၁၄ လူဦးရေနှင့် သန်းခေါင်းစာရင်းပါ အချက်အလက်များကို အသေးစိတ်လေ့လာထားသော သုတေသနအရ မြန်မာနိုင်ငံသည် အာဆီယံနိုင်ငံများနှင့် နှိုင်းယှဉ်ပါက မိခင်နှင့်ကလေး သေဆုံးနှုန်းမြင့်မားနေပြီး မိခင်သေဆုံးမှုမှာ နှစ်စဉ်အရှင်မွေးကလေးဦးရေ တစ်သိန်းလျှင် မိခင် ၂၀၂ ဦး သေဆုံးနေသည်။

ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့၏ ၂၀၁၅ အစီရင်ခံစာတွင်လည်း နှစ်စဉ်(၅)နှစ်အောက် ကလေးခြောက်သောင်းခွဲခန့်နှင့် မိခင်ဦးရေ ၂၅၀၀ ခန့်မှာ မီးဖွားစဉ်အတွင်း သေဆုံးနေကြရသည်ဟု ဖော်ပြထားသည်။

ထိုကဲ့သို့သေဆုံးနေရခြင်းမှာ လမ်းပန်းဆက်သွယ်ရေးခက်ခဲခြင်း၊ ကျေးရွာများအထိ ကျန်းမာရေးစောင့်ရှောက်မှုမရရှိခြင်း၊ ဆင်းရဲနွမ်းပါးခြင်းစသည့်အကြောင်းအချက်အလက်များအပြင် မှားယွင်းပေါ့ဆမှုများကြောင့်လည်း ဖြစ်နိုင်သည်ဟု ဆရာဝန်ကြီးအချို့က သုံးသပ်သည်။

အဆိုပါ မှားယွင်းပေါ့ဆမှုများအနက် ခွဲစိတ်ခံရသော လူနာ၏ ခန္ဓာကိုယ်ထဲ၌ သန့်ရှင်းရေးသုံးပစ္စည်းများဖြစ်သော ဂွမ်း၊ အဝတ်စ၊ ကတ်ကြေး၊ ခွဲစိတ်သုံးဓားဟူသည့် ပစ္စည်းတစ်ခုခု မေ့ကျန်ခဲ့ခြင်းသည်လည်း မှားယွင်းပေါ့ဆမှုတစ်ခု ဖြစ်သည်။

‘‘ကျွန်မညီမဆိုမွေးတုန်းက မိန်းမကိုယ်ကိုချုပ်တော့ ချုပ်ရိုးးအဝမှာ ပိတ်စအဖြူလေး ကျွန်မတွေ့လိုက်လို့ပြောတာကို ဆရာဝန်မကြီးက မဟုတ်ပါဘူးဆိုပြီးပြန်ပြောတာ။ သေချာပြန်စစ်ဆေးပေးဖို့ ထပ်တောင်းဆိုတော့မှ စစ်ကြည့်လိုက်တာ ပတ်တီးတစ်လိပ်ထွက် လာတာ။ ပုဂ္ဂလိကဆေးခန်းမှာ အဲဒီလိုမျိုးကြုံခဲ့ဖူးတယ်’’ဟု မော်လမြိုင်နေ မယုကဆိုသည်။

နိုင်ငံတကာတွင်လည်း ယင်းကဲ့သို့ မှားယွင်းပေါ့ဆသည့်ဖြစ်ရပ်များစွာရှိနေပြီး ယင်းမှားယွင်းမှုမျိုးသည် ခွင့်လွှတ်၍မရသည့် အမှားမျိုးဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် နောက်ဆက်တွဲအဖြစ် အသက်အန္တရာယ် ရင်ဆိုင်ရနိုင်သောကြောင့် ဖြစ်ပေသည်။

‘‘တစ်ကမ္ဘာလုံးမှာရှိတဲ့ ခွဲခန်းတွေမှာ လုပ်ကိုလုပ်ရတဲ့အချက်တွေဆိုတာ ရှိတယ်။ ခွဲခန်းသုံးပစ္စည်းအရေအတွက်ကို မခွဲခင်အချိန်နဲ့ ခွဲပြီးအချိန်မှာ ခွဲစိတ်တဲ့အဖွဲ့က သေချာစစ်ရတယ်။ ရေတွက်ရတယ်။ ခွဲစိတ်လူနာက အရမ်းအရေးကြီးတယ်။ ဒါပေမဲ့ ကြားဖူးနေတယ်။ နိုင်ငံခြားမှာရော၊ မြန်မာနိုင်ငံမှာရော မသိလို့ရှိရင် အဲဒါမျိုးတွေက ကျန်ခဲ့တတ်တယ်။ လူတွေရဲ့ မှားယွင်းမှုပေါ့။ ပေါ့ဆမှုလို့ပြောလို့ရတယ်။ တစ်ခုမှဖြစ်လို့မရဘူး။ ဖြစ်ပြီဆိုရင် ဒါကလုံးဝခွင့်လွှတ်လို့ မရတဲ့အမှားမျိုးပေါ့’’ဟု ဗဟိုအမျိုးသမီးဆေးရုံ၊ သားဖွားမီးယပ်အထူးကုဆရာဝန်ကြီးတွဲဖက်ပါမောက္ခ ဒေါက်တာစိုးလွင်က ဆိုသည်။

၎င်းကဲ့သို့ မတော်တဆဖြစ်ရပ်များ မကြာခဏဖြစ်ပေါ်နေပါက ကုသပေးသည့် ဆရာဝန်များအပေါ် လူနာအပိုင်းက လေးစားအားကိုးမှု ပျက်ယွင်းလာပြီး ဆေးရုံ၊ ဆေးခန်းများသို့လည်း ယုံကြည်မှု လျော့နည်းလာနိုင်သည်။ လက်ရှိတွင်ဖြစ်ပေါ်နေသော ဆရာဝန်နှင့် လူနာအချိုးမမျှတမှု ပြဿနာများ၊ ဆရာဝန်များ၏ ခံစားခွင့်နှင့် ရပိုင် ခွင့်များကို ယခုထက်ပို၍ နိုင်ငံတော်အစိုးရက ဖြည့်ဆည်းပေးနိုင်မည်ဆိုပါက ယင်းဖြစ်ရပ်များ လျော့နည်းလာမည်ဖြစ်သည်။

‘‘ဆရာဝန်တွေနဲ့ လူနာတွေ ချစ်ချစ်ခင်ခင်နဲ့ အဆင်ပြေပြေ မွေးဖွားပေးနိုင်ဖို့အတွက် အကုန်လုံးပူးပေါင်းပြီး ဆောင်ရွက်မှ။ နိုင်ငံတော်ကလည်း ပံ့ပိုးမှုတွေလိုတယ်။ ဆရာတွေ၊ ဆရာမတွေလုပ်ငန်းခွင်မှာ ပျော်ရွှင်ဖို့လိုတယ်။ လူနာတွေကလည်း ဆေးရုံ၊ ဆေးခန်းတွေကိုအားကိုးဖို့ လိုတယ်။ အပြန်အလှန်ချစ်ခင်မှုလိုတာပေါ့။ အရင်က ဘာတစ်ခုမှ ပြည့်ပြည့်စုံစုံမရှိဘူး။ ဝယ်ရတယ်။ ဆရာဝန်တွေကလည်း လုပ်ခလစာက ဒရိုင်ဘာလခလောက်တောင် မရဘူး။ အဲဒီတော့ လုပ်ငန်းခွင်မှာ မပျော်ရွှင်ကြဘူး။ အဲဒီတော့ လုပ်ငန်းခွင်မှာ အမှားမှားအယွင်းယွင်းတွေ ဖြစ်ကုန်တယ်။ အဲဒီတော့အကုန်လုံးပြီးပြည့်စုံမှ ငြိမ်းချမ်းရေး၊ စီးပွားရေး၊ ပညာရေး အဲဒါတွေဖွံ့ဖြိုးလာတဲ့နေ့ကျရင် ခုနကလို ချို့ယွင်းမှုတွေ နည်းလာပြီးအောင်မြင်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေရလာမှာပါ’’ ဟု ဒေါက်တာစိုးလွင်က ပြောသည်။

ဇနီးသည်သေဆုံးခဲ့ရသည့် ဖြစ်ရပ်မျိုးမည်သူ့ကိုမျှ နောက်ထပ်မကြုံစေချင်ကြောင်း ကျန်းမာရေးစောင့်ရှောက်မှုကို ယခုထက်ပိုမိုပြီး အလေးပေးလာစေရန် မျှော်လင့်ထားသည်ဟု ကိုဇော်ဝင်းက ဆိုသည်။

‘‘မီးဖွားလူနာနဲ့ တခြားလူနာတွေကို ဒီလိုဂရုတစိုက်မရှိတဲ့ ပုံစံ မျိုးနဲ့တော့ ကျန်းမာရေးစောင့်ရှောက်မှုက ဘယ်လိုမှမလုံလောက်ဘူး။ ဘယ်လိုလူနာမျိုးကိုပဲဖြစ်ဖြစ် ဆရာဝန်ရော၊ ဆေးရုံတာဝန်ရှိသူတွေပါ လေးလေးစားစားနဲ့ ဂရုတစိုက်ပြောဆို ဆက်ဆံစေချင်တယ်’’ဟု ၎င်းကဆိုသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top