Property Expo
×








Unicode Version

ညနေ ၅ နာရီကနေ ၇ နာရီထိက ကျောက်ကပ်အလုပ်လုပ်ချိန် ဖြစ်ပါတယ်။ အဲဒီအချိန်မှာ ရေချိုးနေရင်း ဆီးသွားခြင်းကို ရှောင်ပါ။
ကျောက်ကပ်ပျက်စီးလွယ်ပါတယ်။ ည ၇ နာရီကနေ ၉ နာရီမှာ နှလုံးအမြှေးပါးအလုပ်လုပ်ချိန် ဖြစ်တာကြောင့် စိတ်အပန်းပြေစေတဲ့ ဖျော်ဖြေမှုတွေနဲ့ ရယ်မောဖွယ်ဟာသတွေကို ကြည့်ရှုခံစားသင့်ပါတယ်။



ည ၉ နာရီကနေ ၁၁ နာရီဟာ ခန္ဓာကိုယ်ရဲ့ ဦးခေါင်း၊ ကိုယ်ပိုင်းနဲ့ ခြေထောက်ပိုင်းတွေကို နှီးနှောဖလှယ်ချိန် ဖြစ်ပါတယ်။ ည ၁၁ နာရီကနေ မနက် ၃ နာရီကတော့ အသည်းရဲ့ အလုပ်လုပ်ချိန်
ဖြစ်တာကြောင့် ၁၁ နာရီထက် နောက်ကျပြီး မအိပ်သင့်ပါဘူး။ အသည်းကို အနားပေးဖို့လည်း လိုအပ်ပါတယ်။


ဒါ့အပြင် ည ၁၁ နာရီကနေ မနက် ၁ နာရီအထိ သည်းခြေကလည်းကောင်း မနက် ၃ နာရီမှ ၅ နာရီထိ အဆုတ်ကလည်းကောင်း အလုပ်လုပ်တာကြောင့် မနက် ၅ နာရီအထိ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ဖို့ လိုအပ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: ပါမောက္ခဒေါ်ခင်ဖြူ


 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top