Kantharyar Centre
×
Credit : Duwun
#Unicode Version
ငါးကို ကြော်တဲ့အခါ အရေခွံပဲ ကြွပ်ပြီး အထဲကအသားက နူးအိနေဖို့ဆိုတာ သိပ်တော့မလွယ်ပါဘူး။ အရေခွံကြွပ်အောင်ကြော်ရင်းနဲ့ အထဲက အသားပါ ကြွပ်သွားတတ်ပါတယ်။ ဒီအတွက် နည်းရှိပါတယ်။
အိုးပြားကို ငါး အရေခွံမြှပ်လောက်အောင် ဆီထည့်ပါ။ ဆီပွက်လာပြီဆိုရင် ငါးကို အရေခွံပါတဲ့ပိုင်းဘက်ကို အောက်မှာထားပြီး အိုးထဲထည့်ကြော်ပါ။ ကြော်နေတုန်းမှာ ရေခဲထည့်ထားတဲ့ ခွက်နဲ့ အပေါ်ကနေ ပုံမှာ ပြထားတဲ့အတိုင်း ဖိထားပေးရမှာ ဖြစ်ရပါတယ်။ အိမ်မှာ သတ္တုခွက်မျိုးမရှိဘူးဆိုရင်တော့ စတီးအိုးအသေးထဲ ရေခဲထည့်ပြီး လုပ်လို့ရပါတယ်။
 ဒါပေမဲ့ ကြော်နေတဲ့အချိန်မှာ အပေါ်ကရေခဲခွက်ကို ကိုင်တဲ့အခါ အဝတ်သုံးပါ။
ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top