Kantharyar Centre
×

အေမရိကန္ျပည္ေတာင္စု၊ ေတာင္ကယ္႐ိုလိုင္းနားျပည္နယ္၊ ေတာင္းဗိုင္းလ္ၿမိဳ႕က စ်ာပနအခမ္းအနားတစ္ခုကို တက္ေရာက္လာသူေတြဟာ စူပါဟီး႐ိုးဝတ္စံုေတြ ဝတ္ဆင္လာၾကပါတယ္။ သူတို႔ေတြ ဒီလိုဝတ္လာရျခင္းဟာ ကြယ္လြန္သူ ေျခာက္ႏွစ္သားေလးအတြက္ျဖစ္ပါတယ္။

စက္တင္ဘာ ၂၈ ရက္က ေတာင္ကယ္႐ိုလိုင္းနား မူလတန္းေက်ာင္းတစ္ေက်ာင္းမွာ ဆယ္ေက်ာ္သက္တစ္ဦး ေသနတ္နဲ႔ဝင္ပစ္ခဲ့တာေၾကာင့္ အသက္ ၆ ႏွစ္အရြယ္ ဂ်ာေကာ့ေဟာလ္ဟာ ေသနတ္မွန္ၿပီးေသဆံုးသြားခဲ့တာျဖစ္ပါတယ္။

ဂ်ာေကာ့ေလးဟာ စူပါဟီး႐ိုးေတြကို အရမ္းသေဘာက်သူျဖစ္လို႔ ကေလးအတြက္ေၾကကြဲဝမ္းနည္းသူေတြဟာ စူပါဟီး႐ိုးေတြလို ဝတ္ဆင္ကာ စ်ာပနကို ပို႔ေဆာင္ခဲ့ၾကတာျဖစ္ပါတယ္။ စ်ာပနအခမ္းအနားကိုေတာ့ ေအာက္တုိဘာ ၅ ရက္ မနက္မွာ ျပဳလုပ္ခဲ့တာပါ။

စူပါမန္း၊ Avengers တို႔လို စူပါဟီး႐ိုးမ်ိဳးစံုကို ေတြ႔ရၿပီး Batman ဆိုရင္ ဇာတ္ကားထဲကလိုမ်ိဳး အလန္းစားကားကိုပါ ေမာင္းလာခဲ့တာေတြ႔ရပါတယ္။ ဒီစ်ာပနေလးကို ႐ုပ္သံအခ်ိဳ႕ကလည္း တုိက္႐ိုက္ထုတ္လႊင့္ခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Duwun

#Uniocode Version

အမေရိကန်ပြည်တောင်စု၊ တောင်ကယ်ရိုလိုင်းနားပြည်နယ်၊ တောင်းဗိုင်းလ်မြို့က ဈာပနအခမ်းအနားတစ်ခုကို တက်ရောက်လာသူတွေဟာ စူပါဟီးရိုးဝတ်စုံတွေ ဝတ်ဆင်လာကြပါတယ်။ သူတို့တွေ ဒီလိုဝတ်လာရခြင်းဟာ ကွယ်လွန်သူ ခြောက်နှစ်သားလေးအတွက်ဖြစ်ပါတယ်။

စက်တင်ဘာ ၂၈ ရက်က တောင်ကယ်ရိုလိုင်းနား မူလတန်းကျောင်းတစ်ကျောင်းမှာ ဆယ်ကျော်သက်တစ်ဦး သေနတ်နဲ့ဝင်ပစ်ခဲ့တာကြောင့် အသက် ၆ နှစ်အရွယ် ဂျာကော့ဟောလ်ဟာ သေနတ်မှန်ပြီးသေဆုံးသွားခဲ့တာဖြစ်ပါတယ်။

ဂျာကော့လေးဟာ စူပါဟီးရိုးတွေကို အရမ်းသဘောကျသူဖြစ်လို့ ကလေးအတွက်ကြေကွဲဝမ်းနည်းသူတွေဟာ စူပါဟီးရိုးတွေလို ဝတ်ဆင်ကာ ဈာပနကို ပို့ဆောင်ခဲ့ကြတာဖြစ်ပါတယ်။ ဈာပနအခမ်းအနားကိုတော့ အောက်တိုဘာ ၅ ရက် မနက်မှာ ပြုလုပ်ခဲ့တာပါ။

စူပါမန်း၊ Avengers တို့လို စူပါဟီးရိုးမျိုးစုံကို တွေ့ရပြီး Batman ဆိုရင် ဇာတ်ကားထဲကလိုမျိုး အလန်းစားကားကိုပါ မောင်းလာခဲ့တာတွေ့ရပါတယ်။ ဒီဈာပနလေးကို ရုပ်သံအချို့ကလည်း တိုက်ရိုက်ထုတ်လွှင့်ခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top