Property Expo
×

လူသားေတြ ဘဝမွာေတာ့ ခ်စ္တင္းႏွီးေႏွာျခင္းဟာ မရွိမျဖစ္မဟုတ္ေတာင္ အေရးႀကီးတဲ့အခန္းက႑မွ ပါဝင္တယ္ဆုိတာ ျငင္းပယ္လုိ႔မရပါဘူး။ သာမန္ေခါင္းကုိက္တာတုိ႔ ၊ ႏွာေစးတာတုိ႔ ၊ ဖ်ားနာတာတို႔ဆုိရင္ Decolgen ေသာက္စရာမလုိဘူးေနာ္ ။ ခ်စ္တင္းနွီးေႏွာလုိက္တာနဲ႔ ပိန္းၾကာရြက္ေပၚ ေရမတင္ဆုိသလုိ အေအးမိ ၊ ႏွာေစးေဝဒနာေတြကုိ ယူပစ္သလုိ ေပ်ာက္ကင္းသြားမွာ။ ႏွီးေႏွာေနစဥ္မွာ ေအာက္တုိဇင္ေဟာမုန္း (Oxytocin Hormones) ၊ မက္လာတုိနင္ေဟာမုန္း (Melatonin Hormones) ႏွင့္ ဆီရာတုိနင္ေဟာမုန္း (Seratonin Hormones) ေတြ ထြက္လာတယ္ေလ။ အဲေဟာ္မုန္းေတြက လူကုိ အိပ္ေပ်ာ္ေစပါတယ္။ အဲဒီလုိေကာင္းက်ိဳးေတြ ရွိေနတဲ့အတြက္ အသက္ ၇၅ႏွစ္ေက်ာ္ အဖုိး၊ အဖြား ၂၅ရာခုိင္ႏႈန္းဟာ အခုအခ်ိန္အထိ ႏွီးေႏွာၾကတုန္းပဲဗ်။ ၾကင္ေဖာ္နဲ႔ မဆက္ဆံေတာ့ရင္ ျဖစ္ေပၚလာႏုိင္တဲ့ အက်ိဳးဆက္ေတြကုိ တစ္ခုခ်င္းေျပာမယ္ေနာ္။

၁။ အရင္လုိ ရင္းရင္းႏွီးႏွီး မရွိေတာ့ဘူး။

ကုိယ့္ဇနီးနဲ႔မဆင္မေျပလုိ႔ အတူမေနတာပဲ ျဖစ္ျဖစ္ ၊ အိပ္ယာခြဲအိပ္တာပဲျဖစ္ျဖစ္ ေဝးကြာသြားရင္ေတာ့ လင္မယားႏွစ္ေယာက္ဆက္ဆံေရးက အရင္လုိ မေႏြးေထြးေတာ့ဘူးဗ်။ ခ်စ္တင္းေႏွာစဥ္မွာ ထုတ္လႊတ္လုိက္တဲ့ အခ်စ္ေဟာ္မုန္းဓာတ္တစ္မ်ိဳးဟာ ၾကင္ေဖာ္ႏွစ္ဦးကုိ ရုိးေျမက်ေပါင္းသင္းေစပါတယ္။ ကိုယ္ဝန္ရွိလုိ႔ နားလုိက္ရင္ပဲျဖစ္ျဖစ္ ၊ အေျခအေနအရ ရပ္နားလုိက္ရင္ပဲျဖစ္ျဖစ္ တစ္ေယာက္ကုိတစ္ေယာက္ အလုိမက်တာေတြ ျဖစ္လာတာပါပဲ။ တကယ္ေတာ့ ဆက္ဆံမႈအႀကိမ္ေရမ်ားေလ အိမ္ေထာင္ေရးခုိင္ၿမဲမွဳအားေကာင္းေလပါပဲ။

၂။ တစ္ေယာက္ကုိတစ္ေယာက္ ခြဲျခားဆက္ဆံလာၿပီ။

လင္မယားဆုိတာ စြယ္ေတာ္ရြက္ေလးလုိ ႏွစ္လႊာေပါင္းမွ တစ္ရြက္ျဖစ္ရတာပါ။ ခ်စ္ျခင္းကုိယ္စီ ေတးဖြဲ႕သီၿပီး ခ်စ္ခရီးလမ္းမွာ ေမာင္တစ္ထမ္း မယ္တစ္ရြက္နဲ႔ တူႏွစ္ကုိယ္ခ်စ္ဘဝကုိ တည္ေဆာက္ၾကရပါတယ္။ ခ်စ္တင္းႏွီးေႏွာျခင္း မရွိေတာ့ဘူးဆုိရင္ တစ္ဦးကုိတစ္ဦး သူစိမ္းတစ္ေယာက္လုိ ျမင္လာတတ္ၾကပါတယ္။ ခ်စ္ရည္လူးတုန္းက အနမ္းတစ္ပြင့္ဟာ မိန္းေမာမႈေတြ ဖိန္းရွိန္းခဲ့ေပမယ့္ အခုမ်ားမွာေတာ့ အသက္မပါသလုိ ေအးစက္လာပါၿပီ။ တစ္ေယာက္ကုိတစ္ေယာက္ ခြဲျခားဆက္ဆံလာၿပီဆုိရင္ေတာ့ အိမ္ေထာင္ေရးတစ္ခန္းရပ္ဖုိ႔ ရာခုိင္ႏႈန္းမ်ားပါၿပီ။ ရုိးေျမက်ေပါင္းသင္းေစဖုိ႔ အခ်ိန္မွန္မွန္ ခ်စ္တင္းႏွီးေႏွာျခင္းကလည္း အဓိကမရွိမျဖစ္ပါလုိ႔ဆုိခ်င္ပါတယ္။

၃။ အနာဂတ္အတြက္ ခံယူခ်က္ေတြ မတူေတာ့ပါဘူး။

လင္မယားႏွစ္ေယာက္အတြက္ေတာ့ စီးပြားေရး ၊ လူမႈေရးစတဲ့ ကိစၥေတြကုိ မယားကုိရင္ခြင္ထဲမွာ ထည့္ထားၿပီး ကုတင္ေပၚမွာ အနာဂတ္အတြက္ ေဆြးေႏြးတုိင္ပင္တတ္ၾကပါတယ္။ တစ္ေယာက္တစ္ခန္း ခြဲအိပ္မယ္ဆုိရင္ ၊ တစ္ေယာက္နဲ႔တစ္ေယာက္ ေသြးေအးေနမယ္ဆုိရင္ တုိင္ပင္စရာကိစၥေတြကုိ မတုိင္ပင္ေတာ့ဘဲ ထင္ရာစုိင္းၾကပါေတာ့တယ္။ တစ္ေယာက္အၾကံအစည္ကုိ တစ္ေယာက္က နားလည္မေပးေတာ့ဘဲ တစ္ဦးကုိတစ္ဦး “အိမ္ၾကက္ခ်င္း အုိးမဲသုတ္ခြပ္” ၾကပါေတာ့တယ္။

၄။ ရပ္နားၿပီး ေနာက္တစ္ခါျပန္ဆက္ဆံရင္္ အရင္လုိမဟုတ္ေတာ့ဘူး။

လင္မယားႏွစ္ေယာက္ၾကားမွာ အထာေလးေတြဆုိတာ ရွိၾကပါတယ္။ တစ္ေယာက္ကုိတစ္ေယာက္ ဘယ္လုိအေနအထားမ်ိဳးမွ ႀကိဳက္တယ္ ၊ ဘယ္လုိေလး ေနလုိက္မွ အဆင္ေျပတယ္ ၊ ဘယ္လုိပုိ႔စ္မ်ိဳးမွ အားရတယ္စသျဖင့္ ႏွစ္ကုိယ္တည္းသိတဲ့ကိစၥေလးေတြဆုိတာ ရွိစျမဲျဖစ္ပါတယ္။ ဆက္ဆံတာ ရပ္နားလုိက္ၿပီး ေနာက္တစ္ခါ ျပန္ဆက္ဆံမယ္ဆုိရင္ေတာ့ အရင္လုိစြမ္းေဆာင္ရည္မျပည့္ဝေတာ့တာ ေသခ်ာပါတယ္။ အားကစားသမားတစ္ေယာက္ဆုိတာ Training က်သြားရင္ အရင္လုိျပန္ျဖစ္ဖုိ႔ ခဲယဥ္းသလုိ လင္မယားႏွစ္ေယာက္မွာ Sex Drive ဆုိတာလည္း ဒီအတုိင္းပါပဲ။

ကဲ . .  ဝါလည္းကြ်တ္ၿပီ။ အိမ္ေထာင္ရွင္ဘဝေရာက္ခဲ့ရင္ေတာ့ ဒီအေၾကာင္းေလးေတြကို ေမ့မေနၾကပါနဲ႔လို႔ ေျပာခ်င္ပါတယ္။ ဒီကိစၥကုိ အားမသန္ခဲ့ရင္ေတာင္ အသက္ရွည္ရာ ၊ အနာမဲ့ေၾကာင္း ၊ ရုိးေျမက်ေပါင္းသင္းေစတဲ့ ေဆးဝါးႀကီးျဖစ္တဲ့အတြက္ အေရးႀကီးပါတယ္ဆုိတဲ့အေၾကာင္း ေဖာ္ျပလုိက္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: akhayar

#Unicode Version

လူသားတွေ ဘဝမှာတော့ ချစ်တင်းနှီးနှောခြင်းဟာ မရှိမဖြစ်မဟုတ်တောင် အရေးကြီးတဲ့အခန်းကဏ္ဍမှ ပါဝင်တယ်ဆိုတာ ငြင်းပယ်လို့မရပါဘူး။ သာမန်ခေါင်းကိုက်တာတို့ ၊ နှာစေးတာတို့ ၊ ဖျားနာတာတို့ဆိုရင် Decolgen သောက်စရာမလိုဘူးနော် ။ ချစ်တင်းနှီးနှောလိုက်တာနဲ့ ပိန်းကြာရွက်ပေါ် ရေမတင်ဆိုသလို အအေးမိ ၊ နှာစေးဝေဒနာတွေကို ယူပစ်သလို ပျောက်ကင်းသွားမှာ။ နှီးနှောနေစဉ်မှာ အောက်တိုဇင်ဟောမုန်း (Oxytocin Hormones) ၊ မက်လာတိုနင်ဟောမုန်း (Melatonin Hormones) နှင့် ဆီရာတိုနင်ဟောမုန်း (Seratonin Hormones) တွေ ထွက်လာတယ်လေ။ အဲဟော်မုန်းတွေက လူကို အိပ်ပျော်စေပါတယ်။ အဲဒီလိုကောင်းကျိုးတွေ ရှိနေတဲ့အတွက် အသက် ၇၅နှစ်ကျော် အဖိုး၊ အဖွား ၂၅ရာခိုင်နှုန်းဟာ အခုအချိန်အထိ နှီးနှောကြတုန်းပဲဗျ။ ကြင်ဖော်နဲ့ မဆက်ဆံတော့ရင် ဖြစ်ပေါ်လာနိုင်တဲ့ အကျိုးဆက်တွေကို တစ်ခုချင်းပြောမယ်နော်။

၁။ အရင်လို ရင်းရင်းနှီးနှီး မရှိတော့ဘူး။

ကိုယ့်ဇနီးနဲ့မဆင်မပြေလို့ အတူမနေတာပဲ ဖြစ်ဖြစ် ၊ အိပ်ယာခွဲအိပ်တာပဲဖြစ်ဖြစ် ဝေးကွာသွားရင်တော့ လင်မယားနှစ်ယောက်ဆက်ဆံရေးက အရင်လို မနွေးထွေးတော့ဘူးဗျ။ ချစ်တင်းနှောစဉ်မှာ ထုတ်လွှတ်လိုက်တဲ့ အချစ်ဟော်မုန်းဓာတ်တစ်မျိုးဟာ ကြင်ဖော်နှစ်ဦးကို ရိုးမြေကျပေါင်းသင်းစေပါတယ်။ ကိုယ်ဝန်ရှိလို့ နားလိုက်ရင်ပဲဖြစ်ဖြစ် ၊ အခြေအနေအရ ရပ်နားလိုက်ရင်ပဲဖြစ်ဖြစ် တစ်ယောက်ကိုတစ်ယောက် အလိုမကျတာတွေ ဖြစ်လာတာပါပဲ။ တကယ်တော့ ဆက်ဆံမှုအကြိမ်ရေများလေ အိမ်ထောင်ရေးခိုင်မြဲမှုအားကောင်းလေပါပဲ။

၂။ တစ်ယောက်ကိုတစ်ယောက် ခွဲခြားဆက်ဆံလာပြီ။

လင်မယားဆိုတာ စွယ်တော်ရွက်လေးလို နှစ်လွှာပေါင်းမှ တစ်ရွက်ဖြစ်ရတာပါ။ ချစ်ခြင်းကိုယ်စီ တေးဖွဲ့သီပြီး ချစ်ခရီးလမ်းမှာ မောင်တစ်ထမ်း မယ်တစ်ရွက်နဲ့ တူနှစ်ကိုယ်ချစ်ဘဝကို တည်ဆောက်ကြရပါတယ်။ ချစ်တင်းနှီးနှောခြင်း မရှိတော့ဘူးဆိုရင် တစ်ဦးကိုတစ်ဦး သူစိမ်းတစ်ယောက်လို မြင်လာတတ်ကြပါတယ်။ ချစ်ရည်လူးတုန်းက အနမ်းတစ်ပွင့်ဟာ မိန်းမောမှုတွေ ဖိန်းရှိန်းခဲ့ပေမယ့် အခုများမှာတော့ အသက်မပါသလို အေးစက်လာပါပြီ။ တစ်ယောက်ကိုတစ်ယောက် ခွဲခြားဆက်ဆံလာပြီဆိုရင်တော့ အိမ်ထောင်ရေးတစ်ခန်းရပ်ဖို့ ရာခိုင်နှုန်းများပါပြီ။ ရိုးမြေကျပေါင်းသင်းစေဖို့ အချိန်မှန်မှန် ချစ်တင်းနှီးနှောခြင်းကလည်း အဓိကမရှိမဖြစ်ပါလို့ဆိုချင်ပါတယ်။

၃။ အနာဂတ်အတွက် ခံယူချက်တွေ မတူတော့ပါဘူး။

လင်မယားနှစ်ယောက်အတွက်တော့ စီးပွားရေး ၊ လူမှုရေးစတဲ့ ကိစ္စတွေကို မယားကိုရင်ခွင်ထဲမှာ ထည့်ထားပြီး ကုတင်ပေါ်မှာ အနာဂတ်အတွက် ဆွေးနွေးတိုင်ပင်တတ်ကြပါတယ်။ တစ်ယောက်တစ်ခန်း ခွဲအိပ်မယ်ဆိုရင် ၊ တစ်ယောက်နဲ့တစ်ယောက် သွေးအေးနေမယ်ဆိုရင် တိုင်ပင်စရာကိစ္စတွေကို မတိုင်ပင်တော့ဘဲ ထင်ရာစိုင်းကြပါတော့တယ်။ တစ်ယောက်အကြံအစည်ကို တစ်ယောက်က နားလည်မပေးတော့ဘဲ တစ်ဦးကိုတစ်ဦး “အိမ်ကြက်ချင်း အိုးမဲသုတ်ခွပ်” ကြပါတော့တယ်။

၄။ ရပ်နားပြီး နောက်တစ်ခါပြန်ဆက်ဆံရင် အရင်လိုမဟုတ်တော့ဘူး။

လင်မယားနှစ်ယောက်ကြားမှာ အထာလေးတွေဆိုတာ ရှိကြပါတယ်။ တစ်ယောက်ကိုတစ်ယောက် ဘယ်လိုအနေအထားမျိုးမှ ကြိုက်တယ် ၊ ဘယ်လိုလေး နေလိုက်မှ အဆင်ပြေတယ် ၊ ဘယ်လိုပို့စ်မျိုးမှ အားရတယ်စသဖြင့် နှစ်ကိုယ်တည်းသိတဲ့ကိစ္စလေးတွေဆိုတာ ရှိစမြဲဖြစ်ပါတယ်။ ဆက်ဆံတာ ရပ်နားလိုက်ပြီး နောက်တစ်ခါ ပြန်ဆက်ဆံမယ်ဆိုရင်တော့ အရင်လိုစွမ်းဆောင်ရည်မပြည့်ဝတော့တာ သေချာပါတယ်။ အားကစားသမားတစ်ယောက်ဆိုတာ Training ကျသွားရင် အရင်လိုပြန်ဖြစ်ဖို့ ခဲယဉ်းသလို လင်မယားနှစ်ယောက်မှာ Sex Drive ဆိုတာလည်း ဒီအတိုင်းပါပဲ။

ကဲ . .  ဝါလည်းကျွတ်ပြီ။ အိမ်ထောင်ရှင်ဘဝရောက်ခဲ့ရင်တော့ ဒီအကြောင်းလေးတွေကို မေ့မနေကြပါနဲ့လို့ ပြောချင်ပါတယ်။ ဒီကိစ္စကို အားမသန်ခဲ့ရင်တောင် အသက်ရှည်ရာ ၊ အနာမဲ့ကြောင်း ၊ ရိုးမြေကျပေါင်းသင်းစေတဲ့ ဆေးဝါးကြီးဖြစ်တဲ့အတွက် အရေးကြီးပါတယ်ဆိုတဲ့အကြောင်း ဖော်ပြလိုက်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: akhayar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top