Kantharyar Centre
×

အားကစားျပိဳင္ပြဲတစ္ခုခု ဝင္ေရာက္ယွဥ္ျပိဳင္မယ့္ည ခ်စ္တင္းေႏွာတာက စြမ္းေဆာင္မႈအေပၚ အျပဳသေဘာေဆာင္တဲ့ အက်ဳိးသက္ေရာက္မႈ ရရိွႏုိင္ေၾကာင္း သုေတသနအသစ္တစ္ခုက ေဖာ္ျပထားပါတယ္။ လိင္ေပ်ာ္ပါးမႈေရွာင္တာ အားကစားဆုိင္ရာစြမ္းေဆာင္မႈ တုိးျမင့္ေပးႏုိင္တယ္ဆုိတဲ့ ေခါက္ရုိးက်ဳိးအျမင္နဲ႔ဆုိ ဒီရလဒ္ေတြဟာ အထူးအဆန္းျဖစ္ပါတယ္။ ျပိဳင္ပြဲမတုိင္မီ လိင္ကိစၥေရွာင္ရွားျခင္းကိစၥက အားကစားေလာကမွာ အျငင္းပြားဖြယ္တစ္ခုလုိ႔ အီတလီႏုိင္ငံ Florence တကၠသိုလ္က အားကစားေဆးပညာရပ္ဆုိင္ရာ လက္ေထာက္ပါေမာကၡ ယင္းေလ့လာမႈဦးေဆာင္သူ Laura Stefani က ဆုိပါတယ္။

လိင္မႈကိစၥျပဳလုပ္တာက အားကစားျပိဳင္ပြဲရလဒ္အေပၚ အႏုတ္လကၡဏာေဆာင္တဲ့ရလဒ္ရိွေၾကာင္း ရည္ညြန္းမယ့္ သိပၸံနည္းက်အေထာက္အထား အခိုင္အမာမရိွဘူးလုိ႔ Stefani က ေျပာပါတယ္။ ယင္းေလ့လာမႈအတြက္ အားကစားစြမ္းေဆာင္မႈအေပၚ လိင္မႈကိစၥရဲ႕ အက်ဳိးသက္ေရာက္မႈအေၾကာင္း ေလ့လာမႈ ရာနဲ႔ခ်ီေတြထဲကေန  စစ္ထုတ္ခဲ့ပါတယ္။ ဒီေလ့လာမႈေတြအနက္ စံသတ္မွတ္ခ်က္ေတြနဲ႔ ကိုက္ညီျပီး ယုံၾကည္စိတ္ခ်ရဆုံးျဖစ္တာေလးေတြ ေရြးခ်ယ္သတ္မွတ္အျပီးမွာ ေလ့လာမႈ ၅ ခုသာ ထြက္လာခဲ့ရပါတယ္။

ယခင္ အမ်ဳိးသမီး အားကစားသမားေတြဟာ ျပိဳင္ပြဲညမတုိင္ခင္ လိင္ကိစၥလုပ္လုပ္၊ မလုပ္လုပ္ ျခားနားမႈမရိွဘူးလုိ႔ ေလ့လာမႈတစ္ခု ေတြ႔ရိွခဲ့ပါတယ္။ မာရသြန္အေျပးသမားေတြရဲ႕စြမ္းေဆာင္မႈမွာ ေကာင္းမြန္တဲ့အက်ဳိးရလဒ္ တကယ္ရိွေၾကာင္း ေနာက္တစ္ခုမွာ ေလ့လာမိခဲ့ပါတယ္။ လတ္တေလာ သက္ေသအေထာက္အထားက "အေပ်ာ္အပါးလုိက္စားမႈေရွာင္" ဆိုတဲ့ အရင္သီအုိရီေဟာင္းေတြကို အႏုိင္ေခ်ဖ်က္လုိက္တာေၾကာင့္ အားကစားသမားေတြအေနနဲ႔ ျပိဳင္ပြဲမတုိင္ခင္ည လိင္ေပ်ာ္ပါးမႈကို မလုံမလဲျဖစ္စရာမရိွေၾကာင္း သုေတသီေတြ သုံးသပ္ခဲ့ၾကပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Trend Myanmar

#Unicode Version

အားကစားပြိုင်ပွဲတစ်ခုခု ဝင်ရောက်ယှဉ်ပြိုင်မယ့်ည ချစ်တင်းနှောတာက စွမ်းဆောင်မှုအပေါ် အပြုသဘောဆောင်တဲ့ အကျိုးသက်ရောက်မှု ရရှိနိုင်ကြောင်း သုတေသနအသစ်တစ်ခုက ဖော်ပြထားပါတယ်။ လိင်ပျော်ပါးမှုရှောင်တာ အားကစားဆိုင်ရာစွမ်းဆောင်မှု တိုးမြင့်ပေးနိုင်တယ်ဆိုတဲ့ ခေါက်ရိုးကျိုးအမြင်နဲ့ဆို ဒီရလဒ်တွေဟာ အထူးအဆန်းဖြစ်ပါတယ်။ ပြိုင်ပွဲမတိုင်မီ လိင်ကိစ္စရှောင်ရှားခြင်းကိစ္စက အားကစားလောကမှာ အငြင်းပွားဖွယ်တစ်ခုလို့ အီတလီနိုင်ငံ Florence တက္ကသိုလ်က အားကစားဆေးပညာရပ်ဆိုင်ရာ လက်ထောက်ပါမောက္ခ ယင်းလေ့လာမှုဦးဆောင်သူ Laura Stefani က ဆိုပါတယ်။

လိင်မှုကိစ္စပြုလုပ်တာက အားကစားပြိုင်ပွဲရလဒ်အပေါ် အနုတ်လက္ခဏာဆောင်တဲ့ရလဒ်ရှိကြောင်း ရည်ညွန်းမယ့် သိပ္ပံနည်းကျအထောက်အထား အခိုင်အမာမရှိဘူးလို့ Stefani က ပြောပါတယ်။ ယင်းလေ့လာမှုအတွက် အားကစားစွမ်းဆောင်မှုအပေါ် လိင်မှုကိစ္စရဲ့ အကျိုးသက်ရောက်မှုအကြောင်း လေ့လာမှု ရာနဲ့ချီတွေထဲကနေ  စစ်ထုတ်ခဲ့ပါတယ်။ ဒီလေ့လာမှုတွေအနက် စံသတ်မှတ်ချက်တွေနဲ့ ကိုက်ညီပြီး ယုံကြည်စိတ်ချရဆုံးဖြစ်တာလေးတွေ ရွေးချယ်သတ်မှတ်အပြီးမှာ လေ့လာမှု ၅ ခုသာ ထွက်လာခဲ့ရပါတယ်။

ယခင် အမျိုးသမီး အားကစားသမားတွေဟာ ပြိုင်ပွဲညမတိုင်ခင် လိင်ကိစ္စလုပ်လုပ်၊ မလုပ်လုပ် ခြားနားမှုမရှိဘူးလို့ လေ့လာမှုတစ်ခု တွေ့ရှိခဲ့ပါတယ်။ မာရသွန်အပြေးသမားတွေရဲ့စွမ်းဆောင်မှုမှာ ကောင်းမွန်တဲ့အကျိုးရလဒ် တကယ်ရှိကြောင်း နောက်တစ်ခုမှာ လေ့လာမိခဲ့ပါတယ်။ လတ်တလော သက်သေအထောက်အထားက "အပျော်အပါးလိုက်စားမှုရှောင်" ဆိုတဲ့ အရင်သီအိုရီဟောင်းတွေကို အနိုင်ချေဖျက်လိုက်တာကြောင့် အားကစားသမားတွေအနေနဲ့ ပြိုင်ပွဲမတိုင်ခင်ည လိင်ပျော်ပါးမှုကို မလုံမလဲဖြစ်စရာမရှိကြောင်း သုတေသီတွေ သုံးသပ်ခဲ့ကြပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top