Kantharyar Centre
×

လူကုန္ကူးမႈတားဆီး ကာကြယ္ေရး ပညာေပးလုပ္ငန္း မ်ားအတြက္ ရန္ပံုေငြဂီတေဖ်ာ္ေျဖ ပြဲကို ေအာက္တိုဘာ ၂၉ ရက္ တြင္ ျပဳလုပ္မည္ျဖစ္ေၾကာင္း ယင္းေဖ်ာ္ေျဖပြဲ State Director မီရွဲလ္က ေျပာသည္။

‘‘ဒီပြဲမွာပါဝင္တဲ့ အဆုိေတာ္ ေတြက ဟစ္ေဟာ့ပ္နဲ႔ ေပါ့ပ္အဆုိ ေတာ္ေတြပါ။ ဒီအဆုိေတာ္ေတြ ကလည္း ရန္ပံုေငြပြဲျဖစ္တဲ့အ တြက္ တတ္ႏုိင္သမွ် ေဈးေလွ်ာ့ ေပးၾကပါတယ္။ အစီအစဥ္ေတြ အေနနဲ႔ကေတာ့ သူမ်ားေတြနဲ႔မတူ ေအာင္ လုပ္ထားပါတယ္’’ဟု ၎ က ေျပာသည္။

ယင္းေဖ်ာ္ေျဖပြဲကို ေဂ်မီ၊ ဂ်ီတုန္း၊ ေဂ်ာက္ဂ်က္၊ ေက်ာ္ထြဋ္ ေဆြ၊ Lil'Z ၊ စႏၵီျမင့္လြင္၊ မိစႏၵီ၊ အမြန္းႏွင့္ ေကေကမိုးတုိ႔ ပါဝင္ သီဆုိၾကမည္ျဖစ္ၿပီး လူကုန္ကူးမႈ ႏွင့္ပတ္သက္သည့္ သတင္းစကားမ်ား ေျပာၾကားမည့္အစီအစဥ္ လည္း ပါဝင္ေၾကာင္း ၎က ဆုိသည္။

ထို႔အျပင္ Jade Dragon Dancer အဖြဲ႕ကလည္း လူကုန္ ကူးမႈတားဆီးကာကြယ္ေရးအ တြက္ Musical ပံုစံေဖ်ာ္ေျဖတင္ ဆက္မႈအစီအစဥ္ ျပဳလုပ္မည္ဟု မီရွဲလ္က ေျပာသည္။

အဆုိပါ ေဖ်ာ္ေျဖပြဲကုိ ေအာက္တိုဘာ ၂၉ ရက္တြင္ ျပည္သူ႔ရင္ျပင္၌ ျပဳလုပ္မည္ျဖစ္ၿပီး လက္မွတ္မ်ားကို က်ပ္ရွစ္ေထာင္ ျဖင့္ စီးတီးမတ္မ်ားတြင္ ေရာင္းခ် ေပးမည္ျဖစ္သည္။

လူကုန္ကူး   တားဆီးကာ ကြယ္ေရးႏွင့္ပတ္သက္၍ ကူညီႏုိင္သည့္ဘက္မွ ပါဝင္ခဲ့ၿပီး သီခ်င္းခုနစ္ပုဒ္မွ ဆယ္ပုဒ္အထိ ပါဝင္သီဆုိရန္ အစီအစဥ္ရွိေၾကာင္း ယင္း ေဖ်ာ္ေျဖပြဲတြင္ ပါဝင္သီဆုိမည့္ ေဂ်မီက ေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
လူကုန်ကူးမှုတားဆီး ကာကွယ်ရေး ပညာပေးလုပ်ငန်း များအတွက် ရန်ပုံငွေဂီတဖျော်ဖြေ ပွဲကို အောက်တိုဘာ ၂၉ ရက် တွင် ပြုလုပ်မည်ဖြစ်ကြောင်း ယင်းဖျော်ဖြေပွဲ State Director မီရှဲလ်က ပြောသည်။

‘‘ဒီပွဲမှာပါဝင်တဲ့ အဆိုတော် တွေက ဟစ်ဟော့ပ်နဲ့ ပေါ့ပ်အဆို တော်တွေပါ။ ဒီအဆိုတော်တွေ ကလည်း ရန်ပုံငွေပွဲဖြစ်တဲ့အ တွက် တတ်နိုင်သမျှ ဈေးလျှော့ ပေးကြပါတယ်။ အစီအစဉ်တွေ အနေနဲ့ကတော့ သူများတွေနဲ့မတူ အောင် လုပ်ထားပါတယ်’’ဟု ၎င်း က ပြောသည်။

ယင်းဖျော်ဖြေပွဲကို ဂျေမီ၊ ဂျီတုန်း၊ ဂျောက်ဂျက်၊ ကျော်ထွဋ် ဆွေ၊ Lil'Z ၊ စန္ဒီမြင့်လွင်၊ မိစန္ဒီ၊ အမွန်းနှင့် ကေကေမိုးတို့ ပါဝင် သီဆိုကြမည်ဖြစ်ပြီး လူကုန်ကူးမှု နှင့်ပတ်သက်သည့် သတင်းစကားများ ပြောကြားမည့်အစီအစဉ် လည်း ပါဝင်ကြောင်း ၎င်းက ဆိုသည်။

ထို့အပြင် Jade Dragon Dancer အဖွဲ့ကလည်း လူကုန် ကူးမှုတားဆီးကာကွယ်ရေးအ တွက် Musical ပုံစံဖျော်ဖြေတင် ဆက်မှုအစီအစဉ် ပြုလုပ်မည်ဟု မီရှဲလ်က ပြောသည်။

အဆိုပါ ဖျော်ဖြေပွဲကို အောက်တိုဘာ ၂၉ ရက်တွင် ပြည်သူ့ရင်ပြင်၌ ပြုလုပ်မည်ဖြစ်ပြီး လက်မှတ်များကို ကျပ်ရှစ်ထောင် ဖြင့် စီးတီးမတ်များတွင် ရောင်းချ ပေးမည်ဖြစ်သည်။

လူကုန်ကူး   တားဆီးကာ ကွယ်ရေးနှင့်ပတ်သက်၍ ကူညီနိုင်သည့်ဘက်မှ ပါဝင်ခဲ့ပြီး သီချင်းခုနစ်ပုဒ်မှ ဆယ်ပုဒ်အထိ ပါဝင်သီဆိုရန် အစီအစဉ်ရှိကြောင်း ယင်း ဖျော်ဖြေပွဲတွင် ပါဝင်သီဆိုမည့် ဂျေမီက ပြောသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top