Kantharyar Centre
×

ကေလးမ်ားတြင္ ေမြးရာ ပါခ်ဳိ႕ယြင္းခ်က္ေၾကာင့္ သြားအပို ေပါက္ျခင္းျဖစ္ေပၚပါက သြားေခါ ျခင္း၊ သြားက်ဲျခင္းမ်ားျဖစ္ႏုိင္သ ျဖင့္ သြားႏွင့္ခံတြင္းဆရာ၀န္ႏွင့္ အျမန္ဆုံးျပသ ကုသမႈခံယူသင့္ ေၾကာင္း ေဒါက္သန္းထြန္း (မိုး ထက္ပါရမီ)က ေျပာသည္။

ကေလးမ်ားသည္ အသက္ (၇) ႏွစ္မွ (၉)ႏွစ္ၾကားအရြယ္တြင္ ငယ္သြားလဲၿပီး ႀကီးသြားေပါက္ သည့္အခ်ိန္၌ ျဖစ္တတ္ကာ အထူး သျဖင့္ သြားအေပၚေရွ႕သြားႏွစ္ ေခ်ာင္းအၾကားတြင္ သြားအပို ေပါက္ျခင္း အမ်ားဆုံးျဖစ္တတ္ ေၾကာင္း ၎ကဆုိသည္။

  ‘‘ေမြးရာပါ ခ်ဳိ႕ယြင္းခ်က္ ေၾကာင့္ သြားအပိုေပါက္တတ္ တယ္။ အမ်ားအားျဖင့္ မိဘေတြ က သြားအပိုေပါက္တယ္ဆိုတာ မသိၾကဘူး။ ေရွ႕သြားႀကီးႏွစ္ ေခ်ာင္းက က်ဲက်ဲလာတဲ့အခါ (ဒါ မွမဟုတ္)ေခါလာတဲ့ အခ်ိန္က်မွ သိၾကတာမ်ားတယ္။ ဒါေၾကာင့္ ကေလးေရွ႕သြားႏွစ္ေခ်ာင္းက ပုံ မွန္အေနအထားမဟုတ္ဘဲ ပိုက်ဲ ေနတာ၊ ကန္႔လန္႔ျဖစ္ေနတာမ်ဳိးဆို သြားေဆးခန္းကိုျပဖို႔ လိုတယ္’’ဟု ေဒါက္တာသန္းထြန္းကေျပာသည္။

 အခ်ဳိ႕ေသာ ကေလးလူနာ မ်ားတြင္ သြားအပိုေပါက္ရန္ ပါ လာေသာ္လည္း သြားဖုံးအျပင္ ဘက္သို႔ မထြက္ေပၚလာေသး ေသာေၾကာင့္ ဓာတ္မွန္႐ုိက္ၾကည့္ ၿပီးမွ သိႏုိင္ေၾကာင္း ၎ကဆို သည္။ ‘‘ကုသမႈကေတာ့ အပုိပါလာတဲ့ သြားကိုႏုတ္လုိက္ရင္ သြားကျပန္ေစ့ၿပီးညီသြားတယ္။ တခ်ဳိ႕က် ေတာ့ မ်က္စိနဲ႔မျမင္ရဘူး။ သြား ကန္႔လန္႔ျဖစ္ေနတယ္ဆုိရင္ ဓာတ္ မွန္႐ုိက္ၾကည့္ၿပီး သြားအပိုရွိေနရင္ ခဲြထုတ္ေပးဖုိ႔လိုတယ္။ ဒါဆိုရင္ ပုံ မွန္သြားအေနအထားအတုိင္း ျပန္ ရတယ္’’ဟု ေဒါက္တာသန္းထြန္း က ရွင္းျပသည္။

သြားအပိုေပါက္ျခင္းကုိ ေစာစီးစြာမကုသပါက ေရွ႕သြားမ်ားမ ညီဘဲ က်ဲျခင္း၊ ေခါျခင္းမ်ားသာမက ကုသသည့္အခါ၌လည္း သြားညႇိကုအထူးကုဆရာ၀န္ႏွင့္ တုိင္ပင္ျပသၿပီး ကုသရသျဖင့္ ကုန္က်စရိတ္လည္းမ်ားေၾကာင္း သိရ သည္။ ထုိ႔ျပင္ သြားအပိုေပါက္ျခင္း သည္ အံဆုံးပိုင္း၌လည္း ျဖစ္တတ္ ေသာေၾကာင့္ အစာညပ္ျခင္း၊ သြားပိုးစားျခင္း၊ သြားဖုံးေရာင္ျခင္း မ်ား ခံစားရႏုိင္သျဖင့္ သြားႏုတ္ ကုသမႈေပးရေၾကာင္း သိရသည္။

‘‘မိဘေတြအေနနဲ႔ ကေလး ေတြ ငယ္သြားနဲ႔ႀကီးသြားလဲတဲ့အ ခ်ိန္မွာ သြားႏွင့္ခံတြင္းဆရာ၀န္ထံ ေျခာက္လတစ္ခါျဖစ္ၿပီး စစ္ေဆး မႈခံယူသင့္တယ္။ သြားထပ္တာ သြားအပိုပါတဲ့သူက သြားနဲ႔ခံ တြင္းသန္႔ရွင္းေရးကို ပုံမွန္လူေတြ ထက္ပိုဂ႐ုစုိက္ၿပီး လုပ္ေပးသင့္ တယ္’’ဟု ေဒါက္တာသန္းထြန္း က အႀကံျပဳသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

ကလေးများတွင် မွေးရာ ပါချို့ယွင်းချက်ကြောင့် သွားအပို ပေါက်ခြင်းဖြစ်ပေါ်ပါက သွားခေါ ခြင်း၊ သွားကျဲခြင်းများဖြစ်နိုင်သ ဖြင့် သွားနှင့်ခံတွင်းဆရာဝန်နှင့် အမြန်ဆုံးပြသ ကုသမှုခံယူသင့် ကြောင်း ဒေါက်သန်းထွန်း (မိုး ထက်ပါရမီ)က ပြောသည်။

ကလေးများသည် အသက် (၇) နှစ်မှ (၉)နှစ်ကြားအရွယ်တွင် ငယ်သွားလဲပြီး ကြီးသွားပေါက် သည့်အချိန်၌ ဖြစ်တတ်ကာ အထူး သဖြင့် သွားအပေါ်ရှေ့သွားနှစ် ချောင်းအကြားတွင် သွားအပို ပေါက်ခြင်း အများဆုံးဖြစ်တတ် ကြောင်း ၎င်းကဆိုသည်။

  ‘‘မွေးရာပါ ချို့ယွင်းချက် ကြောင့် သွားအပိုပေါက်တတ် တယ်။ အများအားဖြင့် မိဘတွေ က သွားအပိုပေါက်တယ်ဆိုတာ မသိကြဘူး။ ရှေ့သွားကြီးနှစ် ချောင်းက ကျဲကျဲလာတဲ့အခါ (ဒါ မှမဟုတ်)ခေါလာတဲ့ အချိန်ကျမှ သိကြတာများတယ်။ ဒါကြောင့် ကလေးရှေ့သွားနှစ်ချောင်းက ပုံ မှန်အနေအထားမဟုတ်ဘဲ ပိုကျဲ နေတာ၊ ကန့်လန့်ဖြစ်နေတာမျိုးဆို သွားဆေးခန်းကိုပြဖို့ လိုတယ်’’ဟု ဒေါက်တာသန်းထွန်းကပြောသည်။

 အချို့သော ကလေးလူနာ များတွင် သွားအပိုပေါက်ရန် ပါ လာသော်လည်း သွားဖုံးအပြင် ဘက်သို့ မထွက်ပေါ်လာသေး သောကြောင့် ဓာတ်မှန်ရိုက်ကြည့် ပြီးမှ သိနိုင်ကြောင်း ၎င်းကဆို သည်။ ‘‘ကုသမှုကတော့ အပိုပါလာတဲ့ သွားကိုနုတ်လိုက်ရင် သွားကပြန်စေ့ပြီးညီသွားတယ်။ တချို့ကျ တော့ မျက်စိနဲ့မမြင်ရဘူး။ သွား ကန့်လန့်ဖြစ်နေတယ်ဆိုရင် ဓာတ် မှန်ရိုက်ကြည့်ပြီး သွားအပိုရှိနေရင် ခွဲထုတ်ပေးဖို့လိုတယ်။ ဒါဆိုရင် ပုံ မှန်သွားအနေအထားအတိုင်း ပြန် ရတယ်’’ဟု ဒေါက်တာသန်းထွန်း က ရှင်းပြသည်။

သွားအပိုပေါက်ခြင်းကို စောစီးစွာမကုသပါက ရှေ့သွားများမ ညီဘဲ ကျဲခြင်း၊ ခေါခြင်းများသာမက ကုသသည့်အခါ၌လည်း သွားညှိကုအထူးကုဆရာဝန်နှင့် တိုင်ပင်ပြသပြီး ကုသရသဖြင့် ကုန်ကျစရိတ်လည်းများကြောင်း သိရ သည်။ ထို့ပြင် သွားအပိုပေါက်ခြင်း သည် အံဆုံးပိုင်း၌လည်း ဖြစ်တတ် သောကြောင့် အစာညပ်ခြင်း၊ သွားပိုးစားခြင်း၊ သွားဖုံးရောင်ခြင်း များ ခံစားရနိုင်သဖြင့် သွားနုတ် ကုသမှုပေးရကြောင်း သိရသည်။

‘‘မိဘတွေအနေနဲ့ ကလေး တွေ ငယ်သွားနဲ့ကြီးသွားလဲတဲ့အ ချိန်မှာ သွားနှင့်ခံတွင်းဆရာဝန်ထံ ခြောက်လတစ်ခါဖြစ်ပြီး စစ်ဆေး မှုခံယူသင့်တယ်။ သွားထပ်တာ သွားအပိုပါတဲ့သူက သွားနဲ့ခံ တွင်းသန့်ရှင်းရေးကို ပုံမှန်လူတွေ ထက်ပိုဂရုစိုက်ပြီး လုပ်ပေးသင့် တယ်’’ဟု ဒေါက်တာသန်းထွန်း က အကြံပြုသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily


 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top