Property Expo
×

အသက္ ၂၆ ႏွစ္အ႐ြယ္ ၿဗိတိသွ်သူ အေခ်ာအလွ ေလယာဥ္မွဴးမွာ ကမာၻ႕အသက္အငယ္အဆုံး ေလယာဥ္မွဴးျဖစ္လာေၾကာင္း easyJet ေလေၾကာင္းလုိင္းက ေျပာပါတယ္။ ငယ္ငယ္႐ြယ္႐ြယ္နဲ႕ ေလယာဥ္မွဴးျဖစ္ေနတ့ဲ ကိတ္မက္ဝီလ်ံကုိ ေလယာဥ္အမႈထမ္းေတြနဲ႕ ခရီးသည္ေတြက မၾကာခဏဆုိသလုိ အသက္ေမးျမန္းေလ့႐ွိၾကၿပီး အံ့ၾသခ်ီးက်ဴးခဲ့ၾကတယ္လို႕ ဆုိပါတယ္။

ကိတ္က အသက္ ၁၃ ႏွစ္အ႐ြယ္မွာကတည္းက ေလယာဥ္စတင္ေမာင္းႏွင္ခဲ့ၿပီး သူမရဲ႕ ၁၉ ႏွစ္ျပည္ ေမြးေန႕မွာ ေဆာက္သမ္တန္႐ွိ CTV Aviation ေလယာဥ္ေမာင္းသင္တန္းကုိ တက္ေရာက္ခဲ့ပါတယ္။ ၂၀၁၁ ခုႏွစ္မွာေတာ့ ကိတ္ဟာ easyJet ေလေၾကာင္းလုိင္းမွာ ပထမတန္းအရာ႐ွိအျဖစ္ စတင္လုပ္ကုိင္ခဲ့ၿပီးေနာက္ ယခုအခါမွာ ေလယာဥ္မွဴးရာထူးကုိ ရ႐ွိထားခ့ဲၿပီ ျဖစ္ပါတယ္။

ကိတ္ဟာ ကမာၻ႕ေလေၾကာင္းလုိင္းမ်ားအနက္ အသက္အငယ္အဆုံး ေလယာဥ္မွဴးျဖစ္တယ္လုိ႕ easyJet ေလေၾကာင္းလုိင္း ေျပာခြင့္ရပုဂၢဳိလ္ အမ်ဳိးသမီးက ေျပာပါတယ္။

သူမရဲ႕အသက္ကုိ မေတြးေတာမိဘဲ ေလယာဥ္ေမာင္းသင္တန္းေတြကုိ တက္ေရာက္ေအာင္ျမင္ခဲ့သလုိ ေလေၾကာင္းလုိင္းရဲ႕ တာဝန္ေတြကုိ စြမ္းေဆာင္ႏုိင္ခဲ့တာေၾကာင့္ သူမအတြက္ ေလယာဥ္မွဴးရာထူးဟာ အသက္အ႐ြယ္နဲ႕ မသက္ဆုိင္ေၾကာင္း သက္ေသျပႏုိင္ခဲ့တယ္လုိ႕ ကိတ္က ဆုိပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Duwun


#Uniocde Version


အသက် ၂၆ နှစ်အရွယ် ဗြိတိသျှသူ အချောအလှ လေယာဉ်မှူးမှာ ကမ္ဘာ့အသက်အငယ်အဆုံး လေယာဉ်မှူးဖြစ်လာကြောင်း easyJet လေကြောင်းလိုင်းက ပြောပါတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ လေယာဉ်မှူးဖြစ်နေတဲ့ ကိတ်မက်ဝီလျံကို လေယာဉ်အမှုထမ်းတွေနဲ့ ခရီးသည်တွေက မကြာခဏဆိုသလို အသက်မေးမြန်းလေ့ရှိကြပြီး အံ့သြချီးကျူးခဲ့ကြတယ်လို့ ဆိုပါတယ်။

ကိတ်က အသက် ၁၃ နှစ်အရွယ်မှာကတည်းက လေယာဉ်စတင်မောင်းနှင်ခဲ့ပြီး သူမရဲ့ ၁၉ နှစ်ပြည် မွေးနေ့မှာ ဆောက်သမ်တန်ရှိ CTV Aviation လေယာဉ်မောင်းသင်တန်းကို တက်ရောက်ခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်မှာတော့ ကိတ်ဟာ easyJet လေကြောင်းလိုင်းမှာ ပထမတန်းအရာရှိအဖြစ် စတင်လုပ်ကိုင်ခဲ့ပြီးနောက် ယခုအခါမှာ လေယာဉ်မှူးရာထူးကို ရရှိထားခဲ့ပြီ ဖြစ်ပါတယ်။

ကိတ်ဟာ ကမ္ဘာ့လေကြောင်းလိုင်းများအနက် အသက်အငယ်အဆုံး လေယာဉ်မှူးဖြစ်တယ်လို့ easyJet လေကြောင်းလိုင်း ပြောခွင့်ရပုဂ္ဂိုလ် အမျိုးသမီးက ပြောပါတယ်။

သူမရဲ့အသက်ကို မတွေးတောမိဘဲ လေယာဉ်မောင်းသင်တန်းတွေကို တက်ရောက်အောင်မြင်ခဲ့သလို လေကြောင်းလိုင်းရဲ့ တာဝန်တွေကို စွမ်းဆောင်နိုင်ခဲ့တာကြောင့် သူမအတွက် လေယာဉ်မှူးရာထူးဟာ အသက်အရွယ်နဲ့ မသက်ဆိုင်ကြောင်း သက်သေပြနိုင်ခဲ့တယ်လို့ ကိတ်က ဆိုပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun

 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top