Kantharyar Centre
×

ေျမျပင္ေပၚမွာ ေရဓာတ္ထိန္းႏုိင္ဖုိ႔ လိေမၼာ္ခြံေတြကုိ အထူးေရစုပ္ႏုိင္တဲ့ အေထာက္အပံ့ ပစၥည္းအျဖစ္ စမ္းသပ္သုံးစြဲျပခဲ့တဲ့ အသက္ ၁၆ ႏွစ္ အရြယ္ ေတာင္အာဖရိကေက်ာင္းသူဟာ ဂူးဂဲလ္ရဲ႕ သိပၸံပြဲေတာ္မွာ အထူးဆုရခဲ့ပါတယ္။
ကီရာနာဂ်င္ဟာ ”မုိးေခါင္ေရရွားမႈကုိ သီးႏွံနဲ႔တုိက္ဖ်က္ျခင္း”ဆုိတဲ့ ေခါင္းစဥ္နဲ႔ သူ႔ရဲ႕အုိင္ဒီယာကုိ တင္သြင္းခဲ့တာျဖစ္ၿပီး ကမာၻတစ္၀န္းက အျခားဆယ္ေက်ာ္သက္ေတြကုိ ေက်ာ္ျဖတ္ၿပီး အေမရိကန္ေဒၚလာ ၅၀၀၀၀ ဆုရခဲ့ပါတယ္။ မၾကာေသးခင္က ေတာင္အာဖရိကႏုိင္ငံမွာ ၁၉၈၂ ခုႏွစ္ေနာက္ပုိင္း အဆုိးရြားဆုံး မုိးေခါင္ေရရွားမႈ ႀကံဳခဲ့လုိ႔ ေကာက္ပဲသီးႏွံေတြ ပ်က္စီးခဲ့သလုိ သတၱ၀ါေတြလည္း ေသဆုံးခဲ့ပါတယ္။

မုိးေခါင္ေရရွားရင္ ေျမသားအစုိဓာတ္ မရွိေတာ့တဲ့ကိစၥကုိ
ေျပာင္းလဲပစ္ႏုိင္ဖုိ႔အတြက္ အႀကံရခဲ့တဲ့ ကီရာနာဂ်င္ဟာ ေဖ်ာ္ရည္ထုတ္တဲ့ ကုမၸဏီက စြန္႔ပစ္ပစၥည္းျဖစ္တဲ့ လိေမၼာ္ခြံေတြကုိ အသုံးျပဳၿပီး ၄၅ ရက္အတြင္း စမ္းသပ္မႈ ၃ ႀကိမ္လုပ္ခဲ့ပါတယ္။

ကီရာနာဂ်င္ဟာ ကယ္လီဖုိးနီးယားျပည္နယ္မွာ က်င္းပခဲ့တဲ့ ႏွစ္စဥ္အခမ္းအနားမွာ ဆုလက္ခံရယူခဲ့ၿပီး သူ႔အေနနဲ႔ ေတာင္သူလယ္သမားေတြကုိ ေကာက္ပဲသီးႏွံ အထြက္မေလွ်ာ့ေစဖုိ႔နဲ႔ ေငြကုန္ေၾကးက် သက္သာေစဖုိ႔ ကူညီေပးလုိတယ္လုိ႔ ေျပာပါတယ္။ ဂူးဂဲလ္ရဲ႕သိပၸံပြဲေတာ္ဟာ အသက္ ၁၃ ႏွစ္က ၁၈ ႏွစ္ၾကား လူငယ္ေတြ သူတုိ႔ရဲ႕ အုိင္ဒီယာကုိ လက္ေတြ႕အေကာင္အထည္ေဖာ္ၿပီး ၀င္ေရာက္ယွဥ္ၿပိဳင္ႏုိင္တဲ့ ၿပိဳင္ပြဲတစ္ရပ္ပါ။

Ref : BBC News:South African teen wins Google prize for orange peel innovation

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Yoyarlay

#Unicode Version
မြေပြင်ပေါ်မှာ ရေဓာတ်ထိန်းနိုင်ဖို့ လိမ္မော်ခွံတွေကို အထူးရေစုပ်နိုင်တဲ့ အထောက်အပံ့ ပစ္စည်းအဖြစ် စမ်းသပ်သုံးစွဲပြခဲ့တဲ့ အသက် ၁၆ နှစ် အရွယ် တောင်အာဖရိကကျောင်းသူဟာ ဂူးဂဲလ်ရဲ့ သိပ္ပံပွဲတော်မှာ အထူးဆုရခဲ့ပါတယ်။
ကီရာနာဂျင်ဟာ ”မိုးခေါင်ရေရှားမှုကို သီးနှံနဲ့တိုက်ဖျက်ခြင်း”ဆိုတဲ့ ခေါင်းစဉ်နဲ့ သူ့ရဲ့အိုင်ဒီယာကို တင်သွင်းခဲ့တာဖြစ်ပြီး ကမ္ဘာတစ်ဝန်းက အခြားဆယ်ကျော်သက်တွေကို ကျော်ဖြတ်ပြီး အမေရိကန်ဒေါ်လာ ၅၀၀၀၀ ဆုရခဲ့ပါတယ်။ မကြာသေးခင်က တောင်အာဖရိကနိုင်ငံမှာ ၁၉၈၂ ခုနှစ်နောက်ပိုင်း အဆိုးရွားဆုံး မိုးခေါင်ရေရှားမှု ကြုံခဲ့လို့ ကောက်ပဲသီးနှံတွေ ပျက်စီးခဲ့သလို သတ္တဝါတွေလည်း သေဆုံးခဲ့ပါတယ်။

မိုးခေါင်ရေရှားရင် မြေသားအစိုဓာတ် မရှိတော့တဲ့ကိစ္စကို
ပြောင်းလဲပစ်နိုင်ဖို့အတွက် အကြံရခဲ့တဲ့ ကီရာနာဂျင်ဟာ ဖျော်ရည်ထုတ်တဲ့ ကုမ္ပဏီက စွန့်ပစ်ပစ္စည်းဖြစ်တဲ့ လိမ္မော်ခွံတွေကို အသုံးပြုပြီး ၄၅ ရက်အတွင်း စမ်းသပ်မှု ၃ ကြိမ်လုပ်ခဲ့ပါတယ်။

ကီရာနာဂျင်ဟာ ကယ်လီဖိုးနီးယားပြည်နယ်မှာ ကျင်းပခဲ့တဲ့ နှစ်စဉ်အခမ်းအနားမှာ ဆုလက်ခံရယူခဲ့ပြီး သူ့အနေနဲ့ တောင်သူလယ်သမားတွေကို ကောက်ပဲသီးနှံ အထွက်မလျှော့စေဖို့နဲ့ ငွေကုန်ကြေးကျ သက်သာစေဖို့ ကူညီပေးလိုတယ်လို့ ပြောပါတယ်။ ဂူးဂဲလ်ရဲ့သိပ္ပံပွဲတော်ဟာ အသက် ၁၃ နှစ်က ၁၈ နှစ်ကြား လူငယ်တွေ သူတို့ရဲ့ အိုင်ဒီယာကို လက်တွေ့အကောင်အထည်ဖော်ပြီး ဝင်ရောက်ယှဉ်ပြိုင်နိုင်တဲ့ ပြိုင်ပွဲတစ်ရပ်ပါ။

Ref : BBC News:South African teen wins Google prize for orange peel innovation


ဖိုးသူတော် (www.phothutaw.com)
Credit:Yoyarlay
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top