Property Expo
×





Credit:7Day Daily

#Unicode Version
 ဘာစီလိုနာတိုက်စစ်မှူး နေမာသည် ကမ္ဘာ့ဖလားခြေ စစ်ပွဲတွင် ဘိုလီးဗီးယားကို ဘရာဇီးက အနိုင်ရသောပွဲ၌ တစ် ဂိုးသွင်းယူခဲ့ပြီးနောက် ၎င်း၏ ကစားသမားဘဝတစ်လျှောက် သွင်းဂိုး ၃၀၀ ပြည့်မြောက်ပြီဖြစ် သည်။

ဘရာဇီး လူငယ်တိုက်စစ်မှူး  ဂါဘရီရယ်ဂျီးဆပ်နှင့် တန်ပြန် တိုက်စစ်ဆင်ပြီး နေမာက ဘိုလီး ဗီးယားသို့ သွင်းယူခဲ့သော ယင်းဂိုးမှာ ဘရာဇီးအတွက် ၎င်း၏ ၄၉ဂိုးမြောက် သွင်းဂိုးဖြစ်သည်။

နေမာ (၂၄) နှစ်သည် ဘရာ ဇီးအသင်း၏ အမြဲတမ်းဂိုးသွင်း ရှင်များစာရင်းတွင် ပီလီ ၇၇ ဂိုး၊ ရော်နယ်ဒို ၆၂ ဂိုးနှင့် ရိုမာရီယို ၅၅ ဂိုးတို့၏ နောက်တွင်ရှိနေ သည်။


နေမာသည် ဘိုလီးဗီးယား နှင့်ပွဲတွင် နဖူးဒဏ်ရာရရှိခဲ့သော် လည်း ဘောလုံးကစားခြင်းကို ထိ ခိုက်နိုင်စေလောက်သော ဒဏ်ရာ မဟုတ်ကြောင်းသိရသည်။

နေမာ၏ စုစုပေါင်းသွင်းဂိုး မှာ ဆန်းတို့စ်အသင်းအတွက် ၁၃၈ ဂိုး၊ ဘာစီလိုနာအတွက် ၉၅ဂိုး၊ ဘရာဇီးအတွက် လူငယ်ကစားသမားဘဝက သွင်းယူသော ဂိုးများအပါအဝင် ၆၇ ဂိုး တို့ဖြစ်သည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily


 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top