Kantharyar Centre
×

ေရႊဘိုၿမိဳ႕နယ္ ဆယ္ပင္ ကြၽန္း ေက်းရြာတြင္ ေနအိမ္အ တြင္း တီဗီၾကည့္ေနေသာ အမ်ိဳး သမီးတစ္ဦး မိုးႀကိဳးထိမွန္၍ ေသ ဆံုးခဲ့ေၾကာင္း ေရႊဘိုခ႐ိုင္ ေက်ာက္ေျမာင္းနယ္ေျမရဲစခန္းမွ သတင္း ရရွိသည္။

ေအာက္တုိဘာ ၈ ရက္ မြန္း လြဲ ၂ နာရီ မိနစ္ ၅၀ တြင္ ေရႊဘို ၿမိဳ႕နယ္ ဆယ္ပင္ကြၽန္း ေက်းရြာရွိ ေနအိမ္တစ္အိမ္၌ တီဗီၾကည့္ ေနသူ ငါးဦးအနက္ အသက္ (၃၅) ႏွစ္အရြယ္ အမ်ိဳးသမီးတစ္ဦး မိုး ႀကိဳးထိမွန္ ေသဆံုးခဲ့ေၾကာင္း ေက်ာက္ေျမာင္းနယ္ေျမရဲစခန္းမွ ရဲအရာရွိတစ္ဦးက ေျပာသည္။

‘‘မိုးႀကိဳထိမွန္တဲ့ ဒဏ္ရာနဲ႔ အမ်ိဳးသမီးတစ္ဦး ေသဆံုးခဲ့တာ ပါ။ ဒဏ္ရာရတဲ့အမ်ိဳးသားတစ္ဦး ကေတာ့ စဥ့္ကူးၿမိဳ႕နယ္ေဆး႐ံုမွာ ေဆးဝါးကုသမႈခံယူေနပါတယ္။ စိုးရိမ္စရာအေနအထားေတာ့ မရွိ ေတာ့ဘူးလို႔ သိရပါတယ္။ မုိးႀကိဳး ထိမွန္ ေသဆံုးတဲ့ ကိစၥကို ေသမႈေသခင္းဖြင့္ၿပီး စစ္ေဆးေနပါ တယ္’’ဟု ၎က ေျပာသည္။

အဆုိပါေနအိမ္တြင္ အမ်ိဳး သားတစ္ဦးႏွင့္ အမ်ိဳးသမီးေလးဦး တီဗီထိုင္ၾကည့္ေနစဥ္ မုိးသည္း ထန္စြာ ရြာသြန္းၿပီး မိုးႀကိဳးပစ္ခဲ့ သျဖင့္ တီဗီအင္တာနာႀကိဳး ျပဳတ္ က်ကာ အနီးဝန္းက်င္ရွိ ငါးလက္မပတ္လည္ သစ္သားတိုင္ကြဲ၍ က်ိဳးက်၊ ေအာက္ေျခရွိ ကြန္ကရစ္ အုတ္ခံု ေပါက္ကြဲကာ တီဗီထိုင္ ၾကည့္ေနေသာ အမ်ိဳးသမီးတစ္ဦး ႏွင့္ အမ်ိဳးသားတစ္ဦးတို႔ကို မိုးႀကိဳးထိမွန္ခဲ့သည္။

 ေသဆံုးသူမွာ ရြာထဲရွိ ၎ ၏ မိတ္ေဆြျဖစ္သူတုိ႔၏ ေနအိမ္ သို႔ လာေရာက္လည္ပတ္၍ တီဗီ ၾကည့္ရင္း စကားေျပာေနစဥ္ မိုးႀကိဳးထိမွန္ ေသဆံုးခဲ့ျခင္းျဖစ္သည္။မုိးႀကိဳးထိမွန္ခဲ့သည့္ အသက္ (၃၅)ႏွစ္အရြယ္ အမ်ိဳးသမီးတြင္ ဦးေခါင္းႏွင့္ လည္ပင္းပြန္းပဲ့ ဒဏ္ရာမ်ား ရရွိေသဆံုးခဲ့ၿပီး ေနအိမ္ပိုင္ရွင္အမ်ိဳးသား၌ ေျခေထာက္ဒဏ္ရာရရွိခဲ့ေၾကာင္း ရဲမွတ္တမ္းအရ သိရွိရသည္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit : 7Day Daily


#Unicode Version

ရွှေဘိုမြို့နယ် ဆယ်ပင် ကျွန်း ကျေးရွာတွင် နေအိမ်အ တွင်း တီဗီကြည့်နေသော အမျိုး သမီးတစ်ဦး မိုးကြိုးထိမှန်၍ သေ ဆုံးခဲ့ကြောင်း ရွှေဘိုခရိုင် ကျောက်မြောင်းနယ်မြေရဲစခန်းမှ သတင်း ရရှိသည်။

အောက်တိုဘာ ၈ ရက် မွန်း လွဲ ၂ နာရီ မိနစ် ၅၀ တွင် ရွှေဘို မြို့နယ် ဆယ်ပင်ကျွန်း ကျေးရွာရှိ နေအိမ်တစ်အိမ်၌ တီဗီကြည့် နေသူ ငါးဦးအနက် အသက် (၃၅) နှစ်အရွယ် အမျိုးသမီးတစ်ဦး မိုး ကြိုးထိမှန် သေဆုံးခဲ့ကြောင်း ကျောက်မြောင်းနယ်မြေရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။

‘‘မိုးကြိုထိမှန်တဲ့ ဒဏ်ရာနဲ့ အမျိုးသမီးတစ်ဦး သေဆုံးခဲ့တာ ပါ။ ဒဏ်ရာရတဲ့အမျိုးသားတစ်ဦး ကတော့ စဥ့်ကူးမြို့နယ်ဆေးရုံမှာ ဆေးဝါးကုသမှုခံယူနေပါတယ်။ စိုးရိမ်စရာအနေအထားတော့ မရှိ တော့ဘူးလို့ သိရပါတယ်။ မိုးကြိုး ထိမှန် သေဆုံးတဲ့ ကိစ္စကို သေမှုသေခင်းဖွင့်ပြီး စစ်ဆေးနေပါ တယ်’’ဟု ၎င်းက ပြောသည်။

အဆိုပါနေအိမ်တွင် အမျိုး သားတစ်ဦးနှင့် အမျိုးသမီးလေးဦး တီဗီထိုင်ကြည့်နေစဉ် မိုးသည်း ထန်စွာ ရွာသွန်းပြီး မိုးကြိုးပစ်ခဲ့ သဖြင့် တီဗီအင်တာနာကြိုး ပြုတ် ကျကာ အနီးဝန်းကျင်ရှိ ငါးလက်မပတ်လည် သစ်သားတိုင်ကွဲ၍ ကျိုးကျ၊ အောက်ခြေရှိ ကွန်ကရစ် အုတ်ခုံ ပေါက်ကွဲကာ တီဗီထိုင် ကြည့်နေသော အမျိုးသမီးတစ်ဦး နှင့် အမျိုးသားတစ်ဦးတို့ကို မိုးကြိုးထိမှန်ခဲ့သည်။

 သေဆုံးသူမှာ ရွာထဲရှိ ၎င်း ၏ မိတ်ဆွေဖြစ်သူတို့၏ နေအိမ် သို့ လာရောက်လည်ပတ်၍ တီဗီ ကြည့်ရင်း စကားပြောနေစဉ် မိုးကြိုးထိမှန် သေဆုံးခဲ့ခြင်းဖြစ်သည်။မိုးကြိုးထိမှန်ခဲ့သည့် အသက် (၃၅)နှစ်အရွယ် အမျိုးသမီးတွင် ဦးခေါင်းနှင့် လည်ပင်းပွန်းပဲ့ ဒဏ်ရာများ ရရှိသေဆုံးခဲ့ပြီး နေအိမ်ပိုင်ရှင်အမျိုးသား၌ ခြေထောက်ဒဏ်ရာရရှိခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရှိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit : 7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top