Property Expo
×

ေအာက္တိုဘာ ၂၀ တြင္ ေျမာက္ကိုရီးယားက ဒံုးက်ည္စမ္းသပ္မႈတစ္ခု ျပဳလုပ္ခဲ့ေသာ္လည္း မေအာင္ျမင္ခဲ့ဟု ေတာင္ကိုရီးယား ေထာက္လွမ္းေရးက ေၾကညာခဲ့သည္။


အေမရိကန္ စစ္ဘက္ကလည္း ေျမာက္ကိုရီးယား၏ တာလတ္ပစ္ ဒံုးက်ည္ စမ္းသပ္မႈသည္ ရည္မွန္းခ်က္ ျပည့္မီေအာင္ အေကာင္အထည္ ေပၚခဲ့ဖြယ္ မရွိဟု ဆိုသည္။ အဆိုပါ ဒံုးက်ည္သည္ Musudan အမ်ိဳးအစားဟု ယူဆရၿပီး ေဒသစံေတာ္ခ်ိန္ နံနက္ ၆း၀၀ နာရီက စမ္းသပ္ ပစ္ခတ္ခဲ့ျခင္းဟု သိရသည္။

ေတာင္ကိုရီးယား စစ္ဆင္ေရး ကြပ္ကဲမႈ ဌာနက ေၾကညာခ်က္ ထုတ္ျပန္ရာ၌ အဆိုပါ ဒံုးက်ည္ စမ္းသပ္မႈကို ကူေဆာင္ၿမိဳ႕အနီး၊ ဘန္ေဂ်ာင္ ေလဆိပ္အနီး၌ ျပဳလုပ္ခဲ့ျခင္းဟု ေဖာ္ျပထားသည္။ “ေတာင္ကိုရီးယား အေနနဲ႔ ေျမာက္ကိုရီးယားက အခုလို တရားဥပေဒနဲ႔ မေလ်ာ္ညီတဲ့ ရန္စၿခိမ္းေျခာက္မႈေတြ ဆက္တိုက္ ျပဳလုပ္ေနတာကို အျပင္းအထန္ ႐ႈတ္ခ်ပါတယ္”ဟုလည္း ေၾကညာခ်က္တြင္ ပါရွိသည္။

ေျမာက္ကိုရီးယားသည္ ဒံုးက်ည္စမ္းသပ္မႈ အေတာ္မ်ားမ်ားတြင္ မေအာင္ျမင္သည့္ အေျခအေနမ်ား ရွိခဲ့ၿပီး ယခုျဖစ္ရပ္သည္ တစ္ပတ္အတြင္း ဒုတိယ အႀကိမ္ေျမာက္ မေအာင္ျမင္ေသာ ဒံုးက်ည္ လႊတ္တင္မႈ ျဖစ္လာေၾကာင္းလည္း သိရသည္။

ေျမာက္ကိုရီးယား စစ္တပ္သည္ Musudan ဒံုးက်ည္မ်ားႏွင့္ ပတ္သက္၍ အေလးအနက္ ေမွ်ာ္လင့္ခ်က္ ထားရွိဟန္ရွိၿပီး ယခုႏွစ္အတြင္း ၈ ႀကိမ္ စမ္းသပ္မႈ ျပဳလုပ္ခဲ့ရာ ၁ ႀကိမ္သာ ေအာင္ျမင္ခဲ့သည္။ အဆုိပါ ဒံုးက်ည္သည္ ကီလိုမီတာ ၄၀၀၀ မွ် ပ်ံသန္းႏုိင္ရာ ဂူအမ္ရွိ အေမရိကန္ စစ္စခန္းမ်ားကိုပါ တိုက္ခုိက္ႏုိင္ေၾကာင္း ေျမာက္ကိုရီးယားက ေႂကြးေၾကာ္ထားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

အာက်တိုဘာ ၂၀ တွင် မြောက်ကိုရီးယားက ဒုံးကျည်စမ်းသပ်မှုတစ်ခု ပြုလုပ်ခဲ့သော်လည်း မအောင်မြင်ခဲ့ဟု တောင်ကိုရီးယား ထောက်လှမ်းရေးက ကြေညာခဲ့သည်။


အမေရိကန် စစ်ဘက်ကလည်း မြောက်ကိုရီးယား၏ တာလတ်ပစ် ဒုံးကျည် စမ်းသပ်မှုသည် ရည်မှန်းချက် ပြည့်မီအောင် အကောင်အထည် ပေါ်ခဲ့ဖွယ် မရှိဟု ဆိုသည်။ အဆိုပါ ဒုံးကျည်သည် Musudan အမျိုးအစားဟု ယူဆရပြီး ဒေသစံတော်ချိန် နံနက် ၆း၀၀ နာရီက စမ်းသပ် ပစ်ခတ်ခဲ့ခြင်းဟု သိရသည်။

တောင်ကိုရီးယား စစ်ဆင်ရေး ကွပ်ကဲမှု ဌာနက ကြေညာချက် ထုတ်ပြန်ရာ၌ အဆိုပါ ဒုံးကျည် စမ်းသပ်မှုကို ကူဆောင်မြို့အနီး၊ ဘန်ဂျောင် လေဆိပ်အနီး၌ ပြုလုပ်ခဲ့ခြင်းဟု ဖော်ပြထားသည်။ “တောင်ကိုရီးယား အနေနဲ့ မြောက်ကိုရီးယားက အခုလို တရားဥပဒေနဲ့ မလျော်ညီတဲ့ ရန်စခြိမ်းခြောက်မှုတွေ ဆက်တိုက် ပြုလုပ်နေတာကို အပြင်းအထန် ရှုတ်ချပါတယ်”ဟုလည်း ကြေညာချက်တွင် ပါရှိသည်။

မြောက်ကိုရီးယားသည် ဒုံးကျည်စမ်းသပ်မှု အတော်များများတွင် မအောင်မြင်သည့် အခြေအနေများ ရှိခဲ့ပြီး ယခုဖြစ်ရပ်သည် တစ်ပတ်အတွင်း ဒုတိယ အကြိမ်မြောက် မအောင်မြင်သော ဒုံးကျည် လွှတ်တင်မှု ဖြစ်လာကြောင်းလည်း သိရသည်။

မြောက်ကိုရီးယား စစ်တပ်သည် Musudan ဒုံးကျည်များနှင့် ပတ်သက်၍ အလေးအနက် မျှော်လင့်ချက် ထားရှိဟန်ရှိပြီး ယခုနှစ်အတွင်း ၈ ကြိမ် စမ်းသပ်မှု ပြုလုပ်ခဲ့ရာ ၁ ကြိမ်သာ အောင်မြင်ခဲ့သည်။ အဆိုပါ ဒုံးကျည်သည် ကီလိုမီတာ ၄၀၀၀ မျှ ပျံသန်းနိုင်ရာ ဂူအမ်ရှိ အမေရိကန် စစ်စခန်းများကိုပါ တိုက်ခိုက်နိုင်ကြောင်း မြောက်ကိုရီးယားက ကြွေးကြော်ထားသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily


 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top