Property Expo
×

သူငယ္ခ်င္းတိုင္းကို သက္ဆံုးတိုင္ ေပါင္းသင္းဖို့ဆိုတာ မျဖစ္ႏိုင္ပါဘူး။ ဘာျဖစ္လုိ႕လဲဆိုေတာ့ သူငယ္ခ်င္းေတြအားလံုးက ကိုယ့္အေပၚ မေကာင္းႏိုင္ပါဘူး။ ကိုယ့္အေပၚ သူ႕အက်ိဳးတစ္ခုခုကို ၾကည့္ျပီးေပါင္းေနတာမ်ိဳး၊ အသံုးခ်ရံုသက္သက္ ေပါင္းသင္းတာမ်ိဳး၊  ကိုယ့္အေပၚ ပြင့္ပြင့္လင္းလင္း မရွိတာမ်ိဳး ၊ ဒါတင္မကေသးပဲ ကိုယ္ကိုယ္တိုင္က သူငယ္ခ်င္း တစ္ေယာက္ကို ရန္သူ တစ္ေယာက္သဖြယ္ ခံစားေတြ႔ၾကံဳေနရျပီ ဆိုရင္ေတာ့ ဒီလို သူငယ္ခ်င္းမ်ိဳးကို အဆက္ျဖတ္လိုက္ဖို ့အခ်ိန္တန္ျပီလို႔ပဲ သတ္မွတ္လိုက္ပါ။ ဒီလုိ အခ်ိန္မ်ိဳးေတြမွာ ကိုယ့္ဘက္က ဘယ္လို အခ်က္အလက္မ်ိဳးေတြ ျပင္ဆင္ထားသင့္ သလဲ၊ ၾကည့္ၾကရေအာင္။

ကိုယ္ပိုင္သီးသန့္အခ်ိန္ကိုဖန္တီးပါ။

တကယ္လို႔မ်ား သင္က ဒီသူငယ္ခ်င္း တစ္ေယာက္နဲ့ပဲ ပံုမွန္အခ်ိန္ကုန္ ေနရင္ သူနဲ့အေန နည္းနည္း ေ၀းေအာင္ ေနလိုက္ပါ။ အစပိုင္းေတာ့ ရုတ္တရက္ အဆက္အသြယ္ မလုပ္ဖို့ ခက္ခဲႏိုင္ေပမယ့္ တေျဖးေျဖးခ်င္း ဖုန္း အဆက္အသြယ္ လုပ္တာတို ့ စာပို႔တာတို ့ အလည္အပတ္သြားတာတို႔ ကို မျဖစ္မေနကို ေလွ်ာ့ခ် သင့္ပါတယ္။ ဒါမွမဟုတ္ သူနဲ႔ အဆက္အသြယ္ လုပ္တာကို အကန္႔အသတ္တစ္ခု ထားလိုက္ပါ။

ရွင္းျပပါ ဒါေပမဲ့ နား၀င္ခ်ိဳေအာင္ လွည့္ပတ္ေျပာတတ္ပါေစ။

သူငယ္ခ်င္းက သင္နဲ႔ေတြ႔ဖို့၊ အျပင္ အတူတူ ေလွ်ာက္သြားဖို႔ေခၚတိုင္း သင္က မအားလပ္တာ ဘာေၾကာင့္လဲလို ့ သူငယ္ခ်င္းက ေမးခြန္းထုတ္ လာႏိုင္ပါတယ္။ ဒီလို အေျခအေနမ်ိဳးေရာက္ရင္ တိုက္ရိုက္ၾကီး သူတစ္ပါးကို တိုက္ခိုက္ သလို ပံုစံမ်ိဳးနဲ႔ေၿပာမယ့္ အစား သူငယ္ခ်င္းရဲ ့ ဘယ္လိုအျပဳအမူမ်ိဳး က သင့္ကို ၀မ္းနည္း စိတ္ပ်က္ဖြယ္ ေကာင္းေၾကာင္း ကို ေသခ်ာ ရွင္းျပသင့္ပါတယ္။

ျပတ္သားရမယ္ ၊ စိတ္ဓာတ္ၾကံ့ခိုင္ရမယ္။

သင့္ဘက္က အေကာင္းဆံုးေနလာခဲ့ျပီး သင့္ သူငယ္ခ်င္းက သင့္ အေပၚမေကာင္းဘူးလို႔ ထင္ရင္ေတာ့ သူနဲ ့ အဆက္အသြယ္ လံုး၀ျဖတ္ဖို ့ျပတ္ျပတ္သားသား ဆံုးျဖတ္ျပီး စိတ္ဓာတ္ကို မာမာထားရမယ္။ အစပိုင္းေတာ့ သင္က စ အဆက္အသြယ္ျဖတ္လို ့ စိတ္ထဲမွာ မသိုးမသန္႔ ခံစားေနရႏိုင္ပါတယ္။ ဒါက ပံုမွန္ ပါပဲ။ ဒါေပမဲ့ မိမိအေပၚ မေကာင္းတဲ့ သူငယ္ခ်င္း တစ္ေယာက္ ကို မိမိ ဘ၀ထဲက ထုတ္ပယ္လိုက္တာ က မွန္ကန္တဲ့ လုပ္ေဆာင္ခ်က္ျဖစ္လို ့ စိတ္ထဲ မသိုးမသန္႔သလို ဆက္ခံစားမေနပါနဲ ့။  ကုိယ္နဲ႔ သူနဲ႔ တေျဖးေျဖးေ၀းသြားရင္ သူ ဆက္သမွ် ဖုန္းေတြ၊ ပို႔သမွ် မက္ေဆ့စ္ ေတြကိုျပန္စရာ မလိုေတာ့ပါဘူး။ Facebook၊ Twitter အစရွိ တဲ့ Social Network ေတြမွာ အေႏွာင့္အယွက္ လာေပးရင္လည္း သူငယ္ခ်င္းအျဖစ္ ကေန ပယ္ဖ်က္လိုက္ပါ။ စိတ္အေႏွာင့္အယွက္ အျဖစ္မခံပါနဲ ့။ ဒီလို သူငယ္ခ်င္းမ်ိဳး ကို စြန္ ့လႊတ္လိုက္တာ က ဆက္လက္ေပါင္းသင္း ေနတာထက္ ပိုျပီး စိတ္ခ်မ္းသာေနႏိုင္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Trend Myanmar

#Unicode Version

 သူငယ်ချင်းတိုင်းကို သက်ဆုံးတိုင် ပေါင်းသင်းဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူငယ်ချင်းတွေအားလုံးက ကိုယ့်အပေါ် မကောင်းနိုင်ပါဘူး။ ကိုယ့်အပေါ် သူ့အကျိုးတစ်ခုခုကို ကြည့်ပြီးပေါင်းနေတာမျိုး၊ အသုံးချရုံသက်သက် ပေါင်းသင်းတာမျိုး၊  ကိုယ့်အပေါ် ပွင့်ပွင့်လင်းလင်း မရှိတာမျိုး ၊ ဒါတင်မကသေးပဲ ကိုယ်ကိုယ်တိုင်က သူငယ်ချင်း တစ်ယောက်ကို ရန်သူ တစ်ယောက်သဖွယ် ခံစားတွေ့ကြုံနေရပြီ ဆိုရင်တော့ ဒီလို သူငယ်ချင်းမျိုးကို အဆက်ဖြတ်လိုက်ဖို့အချိန်တန်ပြီလို့ပဲ သတ်မှတ်လိုက်ပါ။ ဒီလို အချိန်မျိုးတွေမှာ ကိုယ့်ဘက်က ဘယ်လို အချက်အလက်မျိုးတွေ ပြင်ဆင်ထားသင့် သလဲ၊ ကြည့်ကြရအောင်။

ကိုယ်ပိုင်သီးသန့်အချိန်ကိုဖန်တီးပါ။

တကယ်လို့များ သင်က ဒီသူငယ်ချင်း တစ်ယောက်နဲ့ပဲ ပုံမှန်အချိန်ကုန် နေရင် သူနဲ့အနေ နည်းနည်း ဝေးအောင် နေလိုက်ပါ။ အစပိုင်းတော့ ရုတ်တရက် အဆက်အသွယ် မလုပ်ဖို့ ခက်ခဲနိုင်ပေမယ့် တဖြေးဖြေးချင်း ဖုန်း အဆက်အသွယ် လုပ်တာတို့ စာပို့တာတို့ အလည်အပတ်သွားတာတို့ ကို မဖြစ်မနေကို လျှော့ချ သင့်ပါတယ်။ ဒါမှမဟုတ် သူနဲ့ အဆက်အသွယ် လုပ်တာကို အကန့်အသတ်တစ်ခု ထားလိုက်ပါ။

ရှင်းပြပါ ဒါပေမဲ့ နားဝင်ချိုအောင် လှည့်ပတ်ပြောတတ်ပါစေ။

သူငယ်ချင်းက သင်နဲ့တွေ့ဖို့၊ အပြင် အတူတူ လျှောက်သွားဖို့ခေါ်တိုင်း သင်က မအားလပ်တာ ဘာကြောင့်လဲလို့ သူငယ်ချင်းက မေးခွန်းထုတ် လာနိုင်ပါတယ်။ ဒီလို အခြေအနေမျိုးရောက်ရင် တိုက်ရိုက်ကြီး သူတစ်ပါးကို တိုက်ခိုက် သလို ပုံစံမျိုးနဲ့ပြောမယ့် အစား သူငယ်ချင်းရဲ့ ဘယ်လိုအပြုအမူမျိုး က သင့်ကို ဝမ်းနည်း စိတ်ပျက်ဖွယ် ကောင်းကြောင်း ကို သေချာ ရှင်းပြသင့်ပါတယ်။

ပြတ်သားရမယ် ၊ စိတ်ဓာတ်ကြံ့ခိုင်ရမယ်။

သင့်ဘက်က အကောင်းဆုံးနေလာခဲ့ပြီး သင့် သူငယ်ချင်းက သင့် အပေါ်မကောင်းဘူးလို့ ထင်ရင်တော့ သူနဲ့ အဆက်အသွယ် လုံးဝဖြတ်ဖို့ပြတ်ပြတ်သားသား ဆုံးဖြတ်ပြီး စိတ်ဓာတ်ကို မာမာထားရမယ်။ အစပိုင်းတော့ သင်က စ အဆက်အသွယ်ဖြတ်လို့ စိတ်ထဲမှာ မသိုးမသန့် ခံစားနေရနိုင်ပါတယ်။ ဒါက ပုံမှန် ပါပဲ။ ဒါပေမဲ့ မိမိအပေါ် မကောင်းတဲ့ သူငယ်ချင်း တစ်ယောက် ကို မိမိ ဘဝထဲက ထုတ်ပယ်လိုက်တာ က မှန်ကန်တဲ့ လုပ်ဆောင်ချက်ဖြစ်လို့ စိတ်ထဲ မသိုးမသန့်သလို ဆက်ခံစားမနေပါနဲ့။  ကိုယ်နဲ့ သူနဲ့ တဖြေးဖြေးဝေးသွားရင် သူ ဆက်သမျှ ဖုန်းတွေ၊ ပို့သမျှ မက်ဆေ့စ် တွေကိုပြန်စရာ မလိုတော့ပါဘူး။ Facebook၊ Twitter အစရှိ တဲ့ Social Network တွေမှာ အနှောင့်အယှက် လာပေးရင်လည်း သူငယ်ချင်းအဖြစ် ကနေ ပယ်ဖျက်လိုက်ပါ။ စိတ်အနှောင့်အယှက် အဖြစ်မခံပါနဲ့။ ဒီလို သူငယ်ချင်းမျိုး ကို စွန့်လွှတ်လိုက်တာ က ဆက်လက်ပေါင်းသင်း နေတာထက် ပိုပြီး စိတ်ချမ်းသာနေနိုင်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Trend Myanmar

 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top