Kantharyar Centre
×

ေကာ္ဖီေန႔တုိင္းေသာက္တာက dementia လုိ႔ေခၚတဲ့ ဦးေႏွာက္ထိခုိက္ဒဏ္ရာရမႈ၊ စဥ္းစားေတြးေခၚႏုိင္စြမ္း ခ်ဳိ႕ယြင္းမႈကို ခုခံကာကြယ္ေပးႏိုင္ေၾကာင္း သုေတသနသစ္တစ္ခုက ေဖာ္ျပထားပါတယ္။ ေကာ္ဖီပိုေသာက္တဲ့ အသက္ၾကီးပိုင္း အမ်ဳိးသမီးေတြဟာ စဥ္းစားေတြေခၚႏုိင္စြမ္းခ်ဳိ႕ယြင္းမႈ အလားအလာပိုနည္းတယ္လုိ႔ ေလ့လာမႈတစ္ခုအရ သိရပါတယ္။

ယင္းသုေတသနက အသက္ ၆၅ နဲ႔ ၈၀ ၾကား အမ်ဳိးသမီး ၆,၅၀၀ ရဲ႕ ကဖိန္းဓာတ္ေသာက္သုုံးမႈကို ၾကည့္ျပီး တစ္ေန႔ ကဖိန္းဓာတ္ ၂၆၁ မီလီဂရမ္ထက္ ပိုေသာက္သုံးသူေတြဟာ dementia ျဖစ္ႏုိင္ေျခ ၃၆ ရာခိုင္ႏႈန္း ပိုေလွ်ာ့နည္းေၾကာင္း ေလ့လာေတြ႔ရိွခဲ့ပါတယ္။ ဒီပမာဏဟာ တစ္ေန႔ ေကာ္ဖီ ၃ ခြက္ သို႔မဟုတ္ ဘလက္ခ္လက္ဖက္ရည္ ၆ ခြက္နီးပါးရွိပါတယ္။

ဒီေလ့လာမႈနဲ႔ ပတ္သက္လုိ႔ ထူးျခားခ်က္မွာေတာ့ ကဖိန္းဓာတ္စားသုံးမႈနဲ႔ dementia ျဖစ္ပြားမႈ ပမာဏၾကား ပတ္သက္ဆက္ႏြယ္မႈဘယ္ေလာက္ရွိတယ္ဆုိတာ ခါတုိင္းနဲ႔မတူ ပိုမုိျပီး တိတိက်က်သိျမင္ခြင့္ရေစခဲ့တယ္လုိ႔ Wisconsin-Milwaukee တကၠသိုလ္ရဲ႕ စိတ္ပညာပါေမာကၡ Ira Driscoll က Medical News Today ကို ေျပာျပခဲ့ပါတယ္။ ထပ္မံျပီး ျပည့္စံုခုိင္လံုတဲ့ အခ်က္အလက္ေတြ ရရွိေစဖုိ႕ ေလ့လာမႈေတြ ထပ္လုပ္ဦးမယ္လို႕လည္း ေျပာဆုိသြားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Trend Myanmar

#Unicode Version

ကော်ဖီနေ့တိုင်းသောက်တာက dementia လို့ခေါ်တဲ့ ဦးနှောက်ထိခိုက်ဒဏ်ရာရမှု၊ စဉ်းစားတွေးခေါ်နိုင်စွမ်း ချို့ယွင်းမှုကို ခုခံကာကွယ်ပေးနိုင်ကြောင်း သုတေသနသစ်တစ်ခုက ဖော်ပြထားပါတယ်။ ကော်ဖီပိုသောက်တဲ့ အသက်ကြီးပိုင်း အမျိုးသမီးတွေဟာ စဉ်းစားတွေခေါ်နိုင်စွမ်းချို့ယွင်းမှု အလားအလာပိုနည်းတယ်လို့ လေ့လာမှုတစ်ခုအရ သိရပါတယ်။

ယင်းသုတေသနက အသက် ၆၅ နဲ့ ၈၀ ကြား အမျိုးသမီး ၆,၅၀၀ ရဲ့ ကဖိန်းဓာတ်သောက်သုုံးမှုကို ကြည့်ပြီး တစ်နေ့ ကဖိန်းဓာတ် ၂၆၁ မီလီဂရမ်ထက် ပိုသောက်သုံးသူတွေဟာ dementia ဖြစ်နိုင်ခြေ ၃၆ ရာခိုင်နှုန်း ပိုလျှော့နည်းကြောင်း လေ့လာတွေ့ရှိခဲ့ပါတယ်။ ဒီပမာဏဟာ တစ်နေ့ ကော်ဖီ ၃ ခွက် သို့မဟုတ် ဘလက်ခ်လက်ဖက်ရည် ၆ ခွက်နီးပါးရှိပါတယ်။

ဒီလေ့လာမှုနဲ့ ပတ်သက်လို့ ထူးခြားချက်မှာတော့ ကဖိန်းဓာတ်စားသုံးမှုနဲ့ dementia ဖြစ်ပွားမှု ပမာဏကြား ပတ်သက်ဆက်နွယ်မှုဘယ်လောက်ရှိတယ်ဆိုတာ ခါတိုင်းနဲ့မတူ ပိုမိုပြီး တိတိကျကျသိမြင်ခွင့်ရစေခဲ့တယ်လို့ Wisconsin-Milwaukee တက္ကသိုလ်ရဲ့ စိတ်ပညာပါမောက္ခ Ira Driscoll က Medical News Today ကို ပြောပြခဲ့ပါတယ်။ ထပ်မံပြီး ပြည့်စုံခိုင်လုံတဲ့ အချက်အလက်တွေ ရရှိစေဖို့ လေ့လာမှုတွေ ထပ်လုပ်ဦးမယ်လို့လည်း ပြောဆိုသွားပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top