Property Expo
×

ဓာတ္ပံု႐ိုက္လိုက္တုိင္း သဘာဝအလွကို ပိုၿပီးေပၚလြင္ေနတဲ့ အမ်ိဳးသမီးေမာ္ဒယ္ေတြ အမ်ားႀကီး႐ွိပါတယ္။ ပင္ကိုယ္ထက္ ပိုၿပီးလွပေအာင္ ရင္သားအတုတပ္္ထားတာမ်ိဳးမဟုတ္ဘဲ မိတ္ကပ္နဲ႔ပဲ ပိုမိုေပၚလြင္ေအာင္ ျပဳလုပ္ထားတာပါ။ ဒီလိုျပဳလုပ္နည္းကို အလွအပေရးရာ ဘေလာ့ဂါတစ္ဦးက YouTube ေပၚမွာ လက္ေတြ႔ျပသထားပါတယ္။

အဆင့္-၁

ပထမဆံုးအေနနဲ႔ ရင္သားႏွစ္ဖက္ရဲ႕အလယ္ကေန အေပၚဘက္ကို မိတ္ကပ္အရင့္နဲ႔ ခပ္ဝိုက္ဝိုက္ျခယ္ရမွာျဖစ္္ပါတယ္။ ၿပီးရင္ ခ်ိဳင္းႏွစ္ဘက္ေထာင့္စြန္းမွာ ပံုထဲကလိုဆြဲပါ။ လည္ပင္းနဲ႔ညႇပ္႐ိုးႏွစ္ခုၾကားက ခ်ိဳင့္ေနတဲ့ေနရာမွာေတာ့ V ပံုစံ ခပ္ေသးေသးဆြဲထားရပါမယ္။ ညႇပ္႐ိုးေတြကိုေတာ့ ညီမွ်ျခင္းပံုစံ မ်ဥ္းႏွစ္ေၾကာင္းနဲ႔ အဆံုးထိဆြဲထားပါ။

အဆင့္-၂

မိတ္ကပ္အရင့္နဲ႔ ျခယ္ထားတဲဲ့ေနရာေတြရဲ႕ အေပၚဘက္ေတြမွာ မိမိအသားထက္ပိုလင္းတဲ့ မိတ္ကပ္ေဖ်ာ့နဲ႔ လိုက္ၿပီး ဖို႔ထားေပးပါ။ မိတ္ကပ္အႏုေရာ အရင့္ကိုပါ မျခယ္ပါနဲ႔ဦး။

အဆင့္-၃

ပထမဦးစြာ မိတ္ကပ္အေဖ်ာ့ေရာင္ျခယ္ထားတာေတြကို ပ်ံ႕ႏွံ႔သြားေအာင္ Blending လုပ္ေပးရပါမယ္။ လက္နဲ႔မျခယ္ပါနဲ႔ မညီမညာျဖစ္တတ္လို႔ပါ။ ၿပီးမွ အေရာင္ရင့္ဆြဲထားတဲ့ေနရာေတြကို ပ်ံ႕ႏွံ႔ေအာင္ဆက္ျဖန္႔ေပးရမွာျဖစ္ပါတယ္။

အဆင့္-၄

လိမ္းထားတဲ့ မိတ္ကပ္ေတြ ညီညာသြားေအာင္ ဘရပ္႐ွ္ကိုသံုးၿပီး ေပါင္ဒါနဲ႔လိုက္ညႇိေပးရမွာျဖစ္ပါတယ္။ ေနာက္တစ္ဆင့္ကေတာ့ သဘာဝအေရာင္ဆန္တဲ့ သဘာဝက်ေစမယ့္အေရာင္မႈိင္းမိႈင္းနဲ႔ ပံုထဲကလို လိုက္ျဖည့္ေပးပါ။

အဆင့္-၅

မ်က္ႏွာကို လင္းလက္ေစတဲ့ Shimmer နဲ႔ ေနာက္ဆံံုး ျခယ္ၿပီးရင္ ၿပီးပါၿပီ။

Push-up ဘရာစီယာေလးက ရင္သားေတြကို အေပၚကိုပင့္တင္ေပးႏိုင္သလို ကိုယ့္ရဲ႕ျခယ္သမႈကလည္း သဘာဝက်က်နဲ႔ ဆက္စီဆန္ဆန္လွေနေစပါလိမ့္မယ္။ မင္းသမီးေတြရဲ႕ဓာတ္ပံုေတြကိုၾကည့္ၿပီး အမ်ိဳးသမီးသဘာဝအလွေတြ ၿပီးျပည့္စံုေနတယ္လို႔ မထင္လုိက္ပါနဲ႔။ သူတုိ႔လည္း ဒီနည္းလမ္းနဲ႔ပဲ ဆက္စီက်ၿပီး ဆြဲေဆာင္ေနၾကတာပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Duwun

#Unicode Version

ဓာတ်ပုံရိုက်လိုက်တိုင်း သဘာဝအလှကို ပိုပြီးပေါ်လွင်နေတဲ့ အမျိုးသမီးမော်ဒယ်တွေ အများကြီးရှိပါတယ်။ ပင်ကိုယ်ထက် ပိုပြီးလှပအောင် ရင်သားအတုတပ်ထားတာမျိုးမဟုတ်ဘဲ မိတ်ကပ်နဲ့ပဲ ပိုမိုပေါ်လွင်အောင် ပြုလုပ်ထားတာပါ။ ဒီလိုပြုလုပ်နည်းကို အလှအပရေးရာ ဘလော့ဂါတစ်ဦးက YouTube ပေါ်မှာ လက်တွေ့ပြသထားပါတယ်။

အဆင့်-၁

ပထမဆုံးအနေနဲ့ ရင်သားနှစ်ဖက်ရဲ့အလယ်ကနေ အပေါ်ဘက်ကို မိတ်ကပ်အရင့်နဲ့ ခပ်ဝိုက်ဝိုက်ခြယ်ရမှာဖြစ်ပါတယ်။ ပြီးရင် ချိုင်းနှစ်ဘက်ထောင့်စွန်းမှာ ပုံထဲကလိုဆွဲပါ။ လည်ပင်းနဲ့ညှပ်ရိုးနှစ်ခုကြားက ချိုင့်နေတဲ့နေရာမှာတော့ V ပုံစံ ခပ်သေးသေးဆွဲထားရပါမယ်။ ညှပ်ရိုးတွေကိုတော့ ညီမျှခြင်းပုံစံ မျဉ်းနှစ်ကြောင်းနဲ့ အဆုံးထိဆွဲထားပါ။

အဆင့်-၂

မိတ်ကပ်အရင့်နဲ့ ခြယ်ထားတဲ့နေရာတွေရဲ့ အပေါ်ဘက်တွေမှာ မိမိအသားထက်ပိုလင်းတဲ့ မိတ်ကပ်ဖျော့နဲ့ လိုက်ပြီး ဖို့ထားပေးပါ။ မိတ်ကပ်အနုရော အရင့်ကိုပါ မခြယ်ပါနဲ့ဦး။

အဆင့်-၃

ပထမဦးစွာ မိတ်ကပ်အဖျော့ရောင်ခြယ်ထားတာတွေကို ပျံ့နှံ့သွားအောင် Blending လုပ်ပေးရပါမယ်။ လက်နဲ့မခြယ်ပါနဲ့ မညီမညာဖြစ်တတ်လို့ပါ။ ပြီးမှ အရောင်ရင့်ဆွဲထားတဲ့နေရာတွေကို ပျံ့နှံ့အောင်ဆက်ဖြန့်ပေးရမှာဖြစ်ပါတယ်။

အဆင့်-၄

လိမ်းထားတဲ့ မိတ်ကပ်တွေ ညီညာသွားအောင် ဘရပ်ရှ်ကိုသုံးပြီး ပေါင်ဒါနဲ့လိုက်ညှိပေးရမှာဖြစ်ပါတယ်။ နောက်တစ်ဆင့်ကတော့ သဘာဝအရောင်ဆန်တဲ့ သဘာဝကျစေမယ့်အရောင်မှိုင်းမှိုင်းနဲ့ ပုံထဲကလို လိုက်ဖြည့်ပေးပါ။


အဆင့်-၅

မျက်နှာကို လင်းလက်စေတဲ့ Shimmer နဲ့ နောက်ဆံုံး ခြယ်ပြီးရင် ပြီးပါပြီ။

Push-up ဘရာစီယာလေးက ရင်သားတွေကို အပေါ်ကိုပင့်တင်ပေးနိုင်သလို ကိုယ့်ရဲ့ခြယ်သမှုကလည်း သဘာဝကျကျနဲ့ ဆက်စီဆန်ဆန်လှနေစေပါလိမ့်မယ်။ မင်းသမီးတွေရဲ့ဓာတ်ပုံတွေကိုကြည့်ပြီး အမျိုးသမီးသဘာဝအလှတွေ ပြီးပြည့်စုံနေတယ်လို့ မထင်လိုက်ပါနဲ့။ သူတို့လည်း ဒီနည်းလမ်းနဲ့ပဲ ဆက်စီကျပြီး ဆွဲဆောင်နေကြတာပါ။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top