Property Expo
×

  ေက်ာက္ပန္းေတာင္း တြင္ အရက္ေၾကာင္ေနေသာ ဖခင္က သမီးရင္းႏွစ္ဦးကို ဓားျဖင့္ ခုတ္သတ္ၿပီး ကိုယ့္ကိုယ္ကိုယ္ေသေၾကာင္းႀကံစည္ခဲ့ေၾကာင္း သတင္းရရွိသည္။

 ေက်ာက္ပန္းေတာင္းၿမိဳ႕ နယ္ ကင္မြန္းခ်ံဳေက်းရြာတြင္ ေအာက္တိုဘာ ၂၁ ရက္ နံနက္ ၅ နာရီခန္႔က ျဖစ္ပြားခဲ့သည္ဟု ေက်ာက္ပန္းေတာင္းၿမိဳ႕မရဲစခန္း မွ ရဲအရာရွိတစ္ဦးကေျပာသည္။

‘‘ျပစ္မႈက်ဴးလြန္တဲ့ အေဖက အရက္ေၾကာင္ေနတာ။ အေမက ရန္ကုန္ဘက္မွာ အလုပ္သြားလုပ္ ေနတာလို႔ သိရတယ္။ ကေလး ေတြ အိပ္ေနတုန္း လည္ပင္းကို ဓားနဲ႔ခုတ္တာ။ ခုတ္ၿပီးေတာ့ သူ႔ လည္ပင္းသူ ဓားနဲ႔လွီးတယ္။ ေလ ႁပြန္ကို ထိသြားေပမယ့္ မေသဘူး။ ေညာင္ဦးေဆး႐ံုမွာ ရဲအေစာင့္အေရွာက္နဲ႔ ကုေနတယ္’’ဟု အထက္ပါ ရဲအရာရွိကေျပာၾကားသည္။

ေသဆံုးသူမွာ (၄)ႏွစ္အရြယ္ ႏွင့္ (၁၈)ႏွစ္အရြယ္ မိန္းကေလး ႏွစ္ဦးျဖစ္ၿပီး ေသဆံုးသူႏွစ္ဦး၏ ဦးေလးက တရားလိုျပဳလုပ္တုိင္ တန္းထားၿပီး လူသတ္မႈဥပေဒ ပုဒ္မ ၃၀၂ ျဖင့္ ေက်ာက္ပန္း ေတာင္းၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္ စစ္ေဆးေနေၾကာင္း သတင္းရရွိ သည္။

ကခ်င္ျပည္နယ္ မိုးေမာက္ ၿမိဳ႕နယ္တြင္လည္း ေျမးႏွစ္ဦးကို စိတ္ေဝဒနာရွင္ အဘြားက ဓား ျဖင့္ထိုးသတ္ကာ ၎ကိုယ္၎ အဆံုးစီရင္မႈ ေအာက္တိုဘာ ၁၉ ရက္က ျဖစ္ပြားခဲ့ေသးသည္။

ယခုကဲ့သို႔ ေဆြမ်ိဳးသားခ်င္း အရင္းအခ်ာခ်င္း ျဖစ္ပြားသည့္ လူသတ္မႈျဖစ္စဥ္မ်ားမွာ သက္ ဆုိင္ေသာ မိသားစုဝင္မ်ားအတြင္း စီးပြားေရးႏွင့္ လူမႈေရးျပႆနာ မ်ားကဲ့သို႔ အိမ္တြင္းေရးကိစၥမ်ား မေျဖရွင္းႏုိင္ဟု ယူဆရာမွ ထြက္ ေပါက္ပိတ္ကာ ျပစ္မႈက်ဴးလြန္မိ ၾကျခင္းျဖစ္ေၾကာင္း ဥပေဒပညာ ရွင္ ဦးစိန္ျမင့္ကသံုးသပ္သည္။

 အရက္အလြန္အကြၽံ ေသာက္သူမ်ားႏွင့္ စိတ္ပိုင္းဆုိင္ ရာ က်န္းမာေရးအားနည္းေနသူ မ်ားႏွင့္အတူ သက္ႀကီးရြယ္အို မ်ား၊ ကေလးငယ္မ်ားကို အတူ တကြမထားသင့္ဘဲ မ်က္ျခည္မ ျပတ္ ေစာင့္ၾကည့္ရန္လိုေၾကာင္း ၎ကအႀကံျပဳသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
  ကျောက်ပန်းတောင်း တွင် အရက်ကြောင်နေသော ဖခင်က သမီးရင်းနှစ်ဦးကို ဓားဖြင့် ခုတ်သတ်ပြီး ကိုယ့်ကိုယ်ကိုယ်သေကြောင်းကြံစည်ခဲ့ကြောင်း သတင်းရရှိသည်။

 ကျောက်ပန်းတောင်းမြို့ နယ် ကင်မွန်းချုံကျေးရွာတွင် အောက်တိုဘာ ၂၁ ရက် နံနက် ၅ နာရီခန့်က ဖြစ်ပွားခဲ့သည်ဟု ကျောက်ပန်းတောင်းမြို့မရဲစခန်း မှ ရဲအရာရှိတစ်ဦးကပြောသည်။


‘‘ပြစ်မှုကျူးလွန်တဲ့ အဖေက အရက်ကြောင်နေတာ။ အမေက ရန်ကုန်ဘက်မှာ အလုပ်သွားလုပ် နေတာလို့ သိရတယ်။ ကလေး တွေ အိပ်နေတုန်း လည်ပင်းကို ဓားနဲ့ခုတ်တာ။ ခုတ်ပြီးတော့ သူ့ လည်ပင်းသူ ဓားနဲ့လှီးတယ်။ လေ ပြွန်ကို ထိသွားပေမယ့် မသေဘူး။ ညောင်ဦးဆေးရုံမှာ ရဲအစောင့်အရှောက်နဲ့ ကုနေတယ်’’ဟု အထက်ပါ ရဲအရာရှိကပြောကြားသည်။

သေဆုံးသူမှာ (၄)နှစ်အရွယ် နှင့် (၁၈)နှစ်အရွယ် မိန်းကလေး နှစ်ဦးဖြစ်ပြီး သေဆုံးသူနှစ်ဦး၏ ဦးလေးက တရားလိုပြုလုပ်တိုင် တန်းထားပြီး လူသတ်မှုဥပဒေ ပုဒ်မ ၃၀၂ ဖြင့် ကျောက်ပန်း တောင်းမြို့မရဲစခန်းတွင် အမှုဖွင့် စစ်ဆေးနေကြောင်း သတင်းရရှိ သည်။

ကချင်ပြည်နယ် မိုးမောက် မြို့နယ်တွင်လည်း မြေးနှစ်ဦးကို စိတ်ဝေဒနာရှင် အဘွားက ဓား ဖြင့်ထိုးသတ်ကာ ၎င်းကိုယ်၎င်း အဆုံးစီရင်မှု အောက်တိုဘာ ၁၉ ရက်က ဖြစ်ပွားခဲ့သေးသည်။

ယခုကဲ့သို့ ဆွေမျိုးသားချင်း အရင်းအချာချင်း ဖြစ်ပွားသည့် လူသတ်မှုဖြစ်စဉ်များမှာ သက် ဆိုင်သော မိသားစုဝင်များအတွင်း စီးပွားရေးနှင့် လူမှုရေးပြဿနာ များကဲ့သို့ အိမ်တွင်းရေးကိစ္စများ မဖြေရှင်းနိုင်ဟု ယူဆရာမှ ထွက် ပေါက်ပိတ်ကာ ပြစ်မှုကျူးလွန်မိ ကြခြင်းဖြစ်ကြောင်း ဥပဒေပညာ ရှင် ဦးစိန်မြင့်ကသုံးသပ်သည်။

 အရက်အလွန်အကျွံ သောက်သူများနှင့် စိတ်ပိုင်းဆိုင် ရာ ကျန်းမာရေးအားနည်းနေသူ များနှင့်အတူ သက်ကြီးရွယ်အို များ၊ ကလေးငယ်များကို အတူ တကွမထားသင့်ဘဲ မျက်ခြည်မ ပြတ် စောင့်ကြည့်ရန်လိုကြောင်း ၎င်းကအကြံပြုသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top