Property Expo
×

ခုေနာက္ပုိင္း အြန္လိုင္းေပၚမွာ ေရာင္းခ်လာတဲ့ အစားအေသာက္ေတြကို မွာစားလာၾကတဲ့သူေတြ ပိုမိုမ်ားျပားလာပါျပီ။ ကိုယ့္အိမ္မွာ အလုပ္ရႈပ္ခံ ခ်က္ျပဳတ္မေနခ်င္ေတာ့တဲ့သူေတြသာမက ရံုးေတြ၊ ေက်ာင္းေတြထိပါ အိမ္တုိင္ရာေရာက္ ပို႕ေဆာင္ေပးတဲ့ အစားအစာ၊ ဟင္းရာေတြအျပင္ သေရစာမုန္႕ေတြကို မွာယူစားေသာက္ဖုိ႕ ဆံုးျဖတ္ထားတယ္ဆုိရင္ သင့္အေနနဲ႕သတိျပဳရမယ့္ အခ်က္ကေလးေတြေတာ့ ရွိပါတယ္။

၁။ အြန္လိုင္းမွာကိုယ္ေတြ႕တဲ့ အစားအေသာက္၊ ဟင္းလ်ာရဲ႕ပံုနဲ႕ ကိုယ့္ဆီတကယ္ေရာက္လာတဲ့ ဟင္းလ်ာပံု မတူညီတတ္ပါဘူး။

ပံုျပျပီးေရာင္းရတာေၾကာင့္ လူမႈကြန္ယက္ေတြေပၚ သူတုိ႕တင္ျပီးေရာင္းတဲ့ ဟင္းလ်ာ၊ ဟင္းပြဲပံုကေတာ့ တကယ့္ကိုစားခ်င္စဖြယ္ ျဖစ္ေနပါလိမ့္မယ္။ ကိုယ့္ဆီေရာက္လာတဲ့အခါ ဟင္းပြဲပံုက အဲ့ဒီလို မဟုတ္ရင္ေတာင္ စိတ္ပ်က္မသြားပါနဲ႕။ ဒါျဖစ္ေနက်ပါပဲ။ တစ္ခါတစ္ေလ လူတစ္ေယာက္တည္းက ဟင္းပြဲအားလံုး စုထည့္လာတဲ့အခါ ေအာက္က ဟင္းပြဲေတြ ပိသြားတာမ်ိဳးလည္း ရွိႏိုင္ပါတယ္။  အရသာကေတာ့ ေကာင္းမြန္ႏိုင္ပါ တယ္။ တကယ္လုိ႕ ပံုကလည္းပ်က္၊ အရသာကလည္း မေကာင္းဘူးဆုိရင္ေတာ့ ဆုိင္ကို အေျခအေန အားလံုးျပန္ေျပာျပလိုက္ပါ။

၂။ ကိုယ္မွာထားတဲ့ ဟင္း၊ အဆာေျပမုန္႕ စတာေတြနဲ႕ ေရာက္လာတဲ့အရာေတြ ကြဲလြဲေနတာကို တန္းျပီးသတိျပုမိပါေစ။
တစ္ခါတစ္ေလ ကိုယ္က မနက္စာကို ေကာ္ဖီနဲ႕ အဆာေျပမုန္႕တစ္ခု မွာစားတယ္ဆုိပါစို႕။ သူတုိ႕လာပို႕တဲ့အခ်ိန္က ကိုယ္ထင္တာထက္ ေစာေရာက္လာတာမုိ႕ မစားေသးပဲ ပိုက္ဆံရွင္းေပးလိုက္ျပီး မိနစ္ ၂၀ေလာက္ၾကာမွ ပို႕ေပးထားတဲ့ မုန္႕ဗူးကို ဖြင့္မိလိုက္တာမ်ိဳးေတြ ရွိတတ္ပါတယ္။ ဒါဆုိရင္ တစ္ဘက္ကို ဒီအေျခအေနျပန္လိုက္တယ္ဆုိရင္ေတာင္ သူတုိ႕က ကိုယ္မွာတာ ျပန္ပို႕ေပးဖုိ႕ဆုိရင္ အခ်ိန္ထပ္ၾကာသြားပါလိမ့္မယ္။ သူတုိ႕ပို႕ေပးတာကို စားရေအာင္ကလည္း ကိုယ္က ၾကိဳက္ခ်င္မွ ၾကိဳက္မွာပါ။ ဒီလိုအေျခအေနေတြ မျဖစ္ရေအာင္ ေရာက္တာနဲ႕ delivery သမားမျပန္ခင္ မုန္႕ဗူးကို ဖြင့္ၾကည့္လိုက္ပါ။

၃။ သူသတ္မွတ္ေပးထားတဲ့ ရက္အတြင္းသာ စားပါ။
တစ္ခါတစ္ေလ ကိုယ္ကလည္း မေမးျဖစ္၊ သူတုိ႕ကလည္း ေျပာမထားတာေၾကာင့္ ကိုယ္မွာထားတဲ့ ဟင္းလ်ာကို တစ္ရက္၊ႏွစ္ရက္ ထက္ပိုျပီး မစားပဲထားလိုက္တာမ်ိဳး ရွိတတ္ပါတယ္။ သတိထားရမွာက သူတုိ႕က ခ်က္ခ်င္းခ်က္ျပဳတ္ျပီး ကိုယ့္ဆီပို႕ေပးလိုက္တာလား၊ အားလံုးစုခ်က္ျပီး ျပန္ခြဲထားျပီးမွ အလွည့္အက် ပို႕ေနတာလား ဆုိတာပါပဲ။ သူတုိ႕ဆီမွာလည္း အခ်ိန္ၾကာထားမယ္၊ ကိုယ့္ဆီေရာက္ေတာ့ အခ်ိန္ထပ္ၾကာသြားမယ္ဆုိရင္ေတာ့ ဟင္းလ်ာေတြ၊ မုန္႕ေတြက စားေကာင္းခ်င္မွ ေကာင္းပါလိမ့္မယ္။ ကိုယ့္ဘက္က မေသခ်ာရင္ သူတုိ႕က ေမးလိုက္တာ ေကာင္းပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Trend Myanmar

#Unicode Version

ခုနောက်ပိုင်း အွန်လိုင်းပေါ်မှာ ရောင်းချလာတဲ့ အစားအသောက်တွေကို မှာစားလာကြတဲ့သူတွေ ပိုမိုများပြားလာပါပြီ။ ကိုယ့်အိမ်မှာ အလုပ်ရှုပ်ခံ ချက်ပြုတ်မနေချင်တော့တဲ့သူတွေသာမက ရုံးတွေ၊ ကျောင်းတွေထိပါ အိမ်တိုင်ရာရောက် ပို့ဆောင်ပေးတဲ့ အစားအစာ၊ ဟင်းရာတွေအပြင် သရေစာမုန့်တွေကို မှာယူစားသောက်ဖို့ ဆုံးဖြတ်ထားတယ်ဆိုရင် သင့်အနေနဲ့သတိပြုရမယ့် အချက်ကလေးတွေတော့ ရှိပါတယ်။

၁။ အွန်လိုင်းမှာကိုယ်တွေ့တဲ့ အစားအသောက်၊ ဟင်းလျာရဲ့ပုံနဲ့ ကိုယ့်ဆီတကယ်ရောက်လာတဲ့ ဟင်းလျာပုံ မတူညီတတ်ပါဘူး။

ပုံပြပြီးရောင်းရတာကြောင့် လူမှုကွန်ယက်တွေပေါ် သူတို့တင်ပြီးရောင်းတဲ့ ဟင်းလျာ၊ ဟင်းပွဲပုံကတော့ တကယ့်ကိုစားချင်စဖွယ် ဖြစ်နေပါလိမ့်မယ်။ ကိုယ့်ဆီရောက်လာတဲ့အခါ ဟင်းပွဲပုံက အဲ့ဒီလို မဟုတ်ရင်တောင် စိတ်ပျက်မသွားပါနဲ့။ ဒါဖြစ်နေကျပါပဲ။ တစ်ခါတစ်လေ လူတစ်ယောက်တည်းက ဟင်းပွဲအားလုံး စုထည့်လာတဲ့အခါ အောက်က ဟင်းပွဲတွေ ပိသွားတာမျိုးလည်း ရှိနိုင်ပါတယ်။  အရသာကတော့ ကောင်းမွန်နိုင်ပါ တယ်။ တကယ်လို့ ပုံကလည်းပျက်၊ အရသာကလည်း မကောင်းဘူးဆိုရင်တော့ ဆိုင်ကို အခြေအနေ အားလုံးပြန်ပြောပြလိုက်ပါ။

၂။ ကိုယ်မှာထားတဲ့ ဟင်း၊ အဆာပြေမုန့် စတာတွေနဲ့ ရောက်လာတဲ့အရာတွေ ကွဲလွဲနေတာကို တန်းပြီးသတိပြုမိပါစေ။
တစ်ခါတစ်လေ ကိုယ်က မနက်စာကို ကော်ဖီနဲ့ အဆာပြေမုန့်တစ်ခု မှာစားတယ်ဆိုပါစို့။ သူတို့လာပို့တဲ့အချိန်က ကိုယ်ထင်တာထက် စောရောက်လာတာမို့ မစားသေးပဲ ပိုက်ဆံရှင်းပေးလိုက်ပြီး မိနစ် ၂၀လောက်ကြာမှ ပို့ပေးထားတဲ့ မုန့်ဗူးကို ဖွင့်မိလိုက်တာမျိုးတွေ ရှိတတ်ပါတယ်။ ဒါဆိုရင် တစ်ဘက်ကို ဒီအခြေအနေပြန်လိုက်တယ်ဆိုရင်တောင် သူတို့က ကိုယ်မှာတာ ပြန်ပို့ပေးဖို့ဆိုရင် အချိန်ထပ်ကြာသွားပါလိမ့်မယ်။ သူတို့ပို့ပေးတာကို စားရအောင်ကလည်း ကိုယ်က ကြိုက်ချင်မှ ကြိုက်မှာပါ။ ဒီလိုအခြေအနေတွေ မဖြစ်ရအောင် ရောက်တာနဲ့ delivery သမားမပြန်ခင် မုန့်ဗူးကို ဖွင့်ကြည့်လိုက်ပါ။

၃။ သူသတ်မှတ်ပေးထားတဲ့ ရက်အတွင်းသာ စားပါ။
တစ်ခါတစ်လေ ကိုယ်ကလည်း မမေးဖြစ်၊ သူတို့ကလည်း ပြောမထားတာကြောင့် ကိုယ်မှားထားတဲ့ ဟင်းလျာကို တစ်ရက်၊နှစ်ရက် ထက်ပိုပြီး မစားပဲထားလိုက်တာမျိုး ရှိတတ်ပါတယ်။ သတိထားရမှာက သူတို့က ချက်ချင်းချက်ပြုတ်ပြီး ကိုယ့်ဆီပို့ပေးလိုက်တာလား၊ အားလုံးစုချက်ပြီး ပြန်ခွဲထားပြီးမှ အလှည့်အကျ ပို့နေတာလား ဆိုတာပါပဲ။ သူတို့ဆီမှာလည်း အချိန်ကြာထားမယ်၊ ကိုယ့်ဆီရောက်တော့ အချိန်ထပ်ကြာသွားမယ်ဆိုရင်တော့ ဟင်းလျာတွေ၊ မုန့်တွေက စားကောင်းချင်မှ ကောင်းပါလိမ့်မယ်။ ကိုယ့်ဘက်က မသေချာရင် သူတို့က မေးလိုက်တာ ကောင်းပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top