Property Expo
×

၁။လက္ဖဝါးတို + လက္ေခ်ာင္းတို ကို
ပထဝီလက္လို႔ေခၚပါတယ္။


စိတ္ကူးယဥ္တာ ၊စဥ္းစားတာအားနည္းတဲ့သူမ်ိဳးပါပဲ။အရာရာတိုင္းကိုလက္ေတ႔ြ လုပ္ကိုင္တတ္သူမ်ား
ျဖစ္ပါတယ္။ လုပ္လိုက္တာကအရင္ စဥ္းစားတာကေနာက္မွဆိုတဲ့ သူမ်ိဳးေတြပါ။
အႏုစိပ္ အေသးစိပ္လုပ္ရတာမ်ိဳးကိုစိတ္မဝင္စားပါဘူး။ သူတစ္ပါးလုပ္တာစိတ္တိုင္းမက်ျခင္း၊ မိမိကိုယ္တိုင္လုပ္ရမွေက်နပ္ျခင္းေတြကအ႐ြယ္လြန္သည္အထိ အလုပ္နဲ႔မျပတ္လုပ္ရတတ္ပါတယ္။
 ေနရာတကာစဥ္းစားမႈ အားနည္းျခင္း၊ ေတြးေခၚအေျမာ္အျမင္နည္းပါးျခင္းေတြက ဘဝမွာ အခက္အခဲမ်ားတာအမွားမ်ားတာမ်ိဳးျဖစ္ေစပါလိမ့္မယ္။ခ်င့္ခ်ိန္နိုင္၊ဆင္ျခင္နိုင္ကာမွဘဝမွာ
 ေအာင္ျမင္ပါလိမ့္မယ္။

၂ ။လက္ဖဝါး႐ွည္ +လက္ေခ်ာင္းတို ကို
ေတေဇာလက္လို႔ေခၚပါတယ္။

စိတ္ျမန္လက္ျမန္တဲ့သူပါပဲ။ အၿမဲတမ္းသြက္လက္ ထက္ျမက္သူေတြပါ။
အလုပ္တစ္ခုကုိလုပ္တဲ့အခါ ေႏွးတာမႀကိဳက္အလြန္ျမန္ဆန္ ခ်င္သူမ်ား ျဖစ္ပါတယ္။
ထိုသူေတြေအာက္မွာ တာဝန္ထမ္းေဆာင္ရတဲ့ သူေတြကေတာ့မေခ်ာင္ပါဘူး။ သူတို႔ကိုယ္တိုင္လဲ အေခ်ာင္မခိုတတ္သလို ေအာက္လက္ငယ္သားကိုလဲ နားေနတာ ၊ေႏွးေကြးစြာလုပ္ေနတာျမင္ရင္
မႀကိဳက္တဲ့သူမ်ိဳးေတြပါ။ျဖစ္သင့္တာကိုမၾကည့္ ျဖစ္ခ်င္တာကိုဦးစားေပးတတ္ေသာေၾကာင့္
တယူသန္သမားေတြလို႔ ေခၚလဲမမွားပါဘူး။
လဲရင္ျပန္ထမယ္၊ဇြဲရွိမယ္ဆိုရင္ေအာင္ျမင္မႈကိုလွမ္းကိုင္နိုင္ပါလိမ့္မယ္။

၃။လက္ဖဝါး႐ွည္ + လက္ေခ်ာင္း႐ွည္ကို
အာေပါလက္လို႔ေခၚပါတယ္။


စိတ္ကူးယဥ္တတ္သူေတြပါ။မိသားစုအေပၚ သံေယာဇဥ္ႀကီးတတ္သူမ်ားလဲ ျဖစ္ေနၾကျပန္တယ္။
အလုပ္တစ္ခု လုပ္တဲ့အခါ အေသးစိပ္ လုိက္ၿပီးစဥ္းစား လုပ္တတ္သူ ျဖစ္ပါတယ္။
 အႏုစိပ္အေသးစိပ္လုပ္ရမဲ့အလုပ္၊ လက္ဝင္တဲ့အလုပ္မ်ိဳးေတြကို စိတ္ရွည္စြာ လုပ္နိုင္သူပါ။ ေဒါသနည္းတယ္။ ဦးေႏွာက္ထက္ ႏွလံုးသားကို ဦးစားေပးတတ္သူပါ။
ေလထဲတိုက္အိမ္ေဆာက္ၿပီး လက္ေတြ႕ပိုင္းအားနည္းသာေၾကာင့္ တခါတရံ ႀကိ္ီးမားတဲ့ အခက္အခဲနဲ႔ေတြ႕ရတတ္တယ္။
စိတ္ကူးေကာင္းေတြကို လက္ေတြ႕အေကာင္အထည္ေဖာ္ရင္ျဖင့္ ေအာင္ျမင္မႈကိုလွမ္းကိုင္နိုင္ပါလိမ့္မယ္။

၄ ။လက္ဖဝါးတို + လက္ေခ်ာင္း႐ွည္ က ဝါေယာ
လက္လို႔ေခၚပါတယ္။


စည္းကမ္းႀကီး ၊ရည္႐ြယ္ခ်က္ႀကီးၾကပါတယ္။ ရိုးရိုးက်င့္ ျမင့္ျမင့္ႀကံၾကသူေတြပါ။
အလုပ္တစ္ခုကုိ စနစ္တက် လုပ္တတ္ေသာေၾကာင့္ အတတ္ပညာ႐ွင္ အသိပညာ႐ွင္မ်ား
အျဖစ္ထင္ေပၚလာတတ္တယ္။ဘယ္ေနရာေရာက္ေရာက္ ေခါင္းေဆာင္ရသူ၊ဦးေဆာင္ဦး႐ြက္ျပဳရသူျဖစ္
လြယ္ပါတယ္။ သူတစ္ပါးစိတ္ကိုနားလည္ေပးနိုင္ၾကပါတယ္။ အတၲဟိတထက္ ပရဟိတကို ဦးစားေပးတတ္ေသာေၾကာင့္မိသားစုတာဝန္လစ္ဟင္းရတတ္ပါတယ္။ ခ်မ္းသာမႈထက္ ဂုဏ္သိကၡာကိုအေလးေပးတဲ့သူပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ၿငိမ္းေအးလူ (ေဗဒင္သုေတသီ)

#Unicode Version
၁။လက်ဖဝါးတို + လက်ချောင်းတို ကို
ပထဝီလက်လို့ခေါ်ပါတယ်။

စိတ်ကူးယဉ်တာ ၊စဉ်းစားတာအားနည်းတဲ့သူမျိုးပါပဲ။အရာရာတိုင်းကိုလက်တေ့ွ လုပ်ကိုင်တတ်သူများ
ဖြစ်ပါတယ်။ လုပ်လိုက်တာကအရင် စဉ်းစားတာကနောက်မှဆိုတဲ့ သူမျိုးတွေပါ။
အနုစိပ် အသေးစိပ်လုပ်ရတာမျိုးကိုစိတ်မဝင်စားပါဘူး။ သူတစ်ပါးလုပ်တာစိတ်တိုင်းမကျခြင်း၊ မိမိကိုယ်တိုင်လုပ်ရမှကျေနပ်ခြင်းတွေကအရွယ်လွန်သည်အထိ အလုပ်နဲ့မပြတ်လုပ်ရတတ်ပါတယ်။

 နေရာတကာစဉ်းစားမှု အားနည်းခြင်း၊ တွေးခေါ်အမြော်အမြင်နည်းပါးခြင်းတွေက ဘဝမှာ အခက်အခဲများတာအမှားများတာမျိုးဖြစ်စေပါလိမ့်မယ်။ချင့်ချိန်နိုင်၊ဆင်ခြင်နိုင်ကာမှဘဝမှာ

 အောင်မြင်ပါလိမ့်မယ်။

၂ ။လက်ဖဝါးရှည် +လက်ချောင်းတို ကို
တေဇောလက်လို့ခေါ်ပါတယ်။

စိတ်မြန်လက်မြန်တဲ့သူပါပဲ။ အမြဲတမ်းသွက်လက် ထက်မြက်သူတွေပါ။
အလုပ်တစ်ခုကိုလုပ်တဲ့အခါ နှေးတာမကြိုက်အလွန်မြန်ဆန် ချင်သူများ ဖြစ်ပါတယ်။

ထိုသူတွေအောက်မှာ တာဝန်ထမ်းဆောင်ရတဲ့ သူတွေကတော့မချောင်ပါဘူး။ သူတို့ကိုယ်တိုင်လဲ အချောင်မခိုတတ်သလို အောက်လက်ငယ်သားကိုလဲ နားနေတာ ၊နှေးကွေးစွာလုပ်နေတာမြင်ရင်

မကြိုက်တဲ့သူမျိုးတွေပါ။ဖြစ်သင့်တာကိုမကြည့် ဖြစ်ချင်တာကိုဦးစားပေးတတ်သောကြောင့်

တယူသန်သမားတွေလို့ ခေါ်လဲမမှားပါဘူး။

လဲရင်ပြန်ထမယ်၊ဇွဲရှိမယ်ဆိုရင်အောင်မြင်မှုကိုလှမ်းကိုင်နိုင်ပါလိမ့်မယ်။

၃။လက်ဖဝါးရှည် + လက်ချောင်းရှည်ကို
အာပေါလက်လို့ခေါ်ပါတယ်။

စိတ်ကူးယဉ်တတ်သူတွေပါ။မိသားစုအပေါ် သံယောဇဉ်ကြီးတတ်သူများလဲ ဖြစ်နေကြပြန်တယ်။

အလုပ်တစ်ခု လုပ်တဲ့အခါ အသေးစိပ် လိုက်ပြီးစဉ်းစား လုပ်တတ်သူ ဖြစ်ပါတယ်။

 အနုစိပ်အသေးစိပ်လုပ်ရမဲ့အလုပ်၊ လက်ဝင်တဲ့အလုပ်မျိုးတွေကို စိတ်ရှည်စွာ လုပ်နိုင်သူပါ။ ဒေါသနည်းတယ်။ ဦးနှောက်ထက် နှလုံးသားကို ဦးစားပေးတတ်သူပါ။
လေထဲတိုက်အိမ်ဆောက်ပြီး လက်တွေ့ပိုင်းအားနည်းသာကြောင့် တခါတရံ ကြီးမားတဲ့ အခက်အခဲနဲ့တွေ့ရတတ်တယ်။
စိတ်ကူးကောင်းတွေကို လက်တွေ့အကောင်အထည်ဖော်ရင်ဖြင့် အောင်မြင်မှုကိုလှမ်းကိုင်နိုင်ပါလိမ့်မယ်။

၄ ။လက်ဖဝါးတို + လက်ချောင်းရှည် က ဝါယော
လက်လို့ခေါ်ပါတယ်။

စည်းကမ်းကြီး ၊ရည်ရွယ်ချက်ကြီးကြပါတယ်။ ရိုးရိုးကျင့် မြင့်မြင့်ကြံကြသူတွေပါ။
အလုပ်တစ်ခုကို စနစ်တကျ လုပ်တတ်သောကြောင့် အတတ်ပညာရှင် အသိပညာရှင်များ
အဖြစ်ထင်ပေါ်လာတတ်တယ်။ဘယ်နေရာရောက်ရောက် ခေါင်းဆောင်ရသူ၊ဦးဆောင်ဦးရွက်ပြုရသူဖြစ်

လွယ်ပါတယ်။ သူတစ်ပါးစိတ်ကိုနားလည်ပေးနိုင်ကြပါတယ်။ အတ္တဟိတထက် ပရဟိတကို ဦးစားပေးတတ်သောကြောင့်မိသားစုတာဝန်လစ်ဟင်းရတတ်ပါတယ်။ ချမ်းသာမှုထက် ဂုဏ်သိက္ခာကိုအလေးပေးတဲ့သူပါ။


ဖိုးသူတော် (www.phothutaw.com)
Credit: ငြိမ်းအေးလူ (ဗေဒင်သုတေသီ)
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top