Property Expo
×

အခ်စ္က အရာရာကိုစြမ္းေဆာင္ႏုိင္သတဲ့။ အခ်စ္ေၾကာင့္ အရာရာ ေျပာင္းလဲႏုိင္သတဲ့ဆုိေလာက္ေအာင္ အခ်စ္ကအမွန္တကယ္ပဲ စြမ္းအားႀကီးမားလြန္းပါတယ္။ အခုလည္း အခ်စ္တစ္ခုေၾကာင့္ ေတာင္တစ္ေတာင္လုံးကုိေတာင္ ေရႊ႕လုိက္ႏုိင္တယ္လုိ႔ဆုိရင္ ယံုၾကည္ႏုိင္စရာရွိမွာ မဟုတ္ပါဘူးေနာ္….

ဒါေပမဲ့ အိႏၵိယက သူဆင္းရဲအလုပ္သမား အမ်ိဳးသားတစ္ဦးကေတာ့ သူ႔ရဲ႕ဇနီးျဖစ္သူေၾကာင့္ နက္ရႈိင္းတဲ့အခ်စ္ခံစားမႈတစ္ခုေၾကာင့္ ေတာင္တစ္ေတာင္လံုးကုိ ေရႊ႕ႏုိင္ခဲ့ပါတယ္။ ဂါလာရြာက အမ်ိဳးသား မန္ဂ်ီးက ေဝးလံလြန္းတဲ့ေနရာ ၇၀ ကီလုိမီတာ အကြာအေဝးက ေဆးကုဆရာဝန္ထံ ေဆးကုသမႈ ခံယူဖုိ႔မသြားေရာက္ႏုိင္ခဲ့လုိ႔ ေရာ ဂါသည္ ဇနီးသည္ကုိ ဆံုးရံႈးသြားခဲ့ရမႈနဲ႔ပတ္သက္ၿပီး သူက အေတာ္ ေလးခံစားခဲ့ရပါတယ္။

ဒါ့ေၾကာင့္မုိ႔လုိ႔ သူတုိ႔လုိပဲ အျခားသူေတြလည္း ဒီလုိမ်ိဳးအခက္အခဲ ေတြနဲ႔ ေတြ႔ႀကံဳႏုိင္တာမို႔လုိ႔ ေကာင္းမြန္တဲ့စိတ္ထားမြန္ျမတ္မႈထားၿပီး အမ်ားအက်ိဳးအတြက္ လြန္ခဲ့တဲ့ ႏွစ္ေပါင္း ၂၀ ေက်ာ္ကတည္းကေန စတင္ၿပီးေတာ့ ေတာင္ေဖာက္ျခင္းကုိ ျပဳလုပ္ခဲ့ပါတယ္။ ၿမိဳ႕နဲ႔ အ လွမ္းေဝးေနတဲ့ ရြာကုိ ဆက္သြယ္သြားလာႏုိင္ဖုိ႔ ေတာင္ကုိေဖာက္ ၿပီးေတာ့ ၃၆၀ ေပရွိတဲ့ လႈိဏ္ေခါင္းလမ္းေၾကာင္းတစ္ခုကုိ ေဖာက္ လုပ္ေပးႏိုင္ခဲ့တာပဲ ျဖစ္ပါတယ္။

ဒီလုိ မြန္ျမတ္တဲ့စိတ္ထားနဲ႔ အမ်ားအက်ိဳးထမ္းေဆာင္ခဲ့တဲ့ သူ႕ကုိ အိႏၵိယမွာ ခ်ီးက်ဴးဂုဏ္ျပဳထုိက္သူတစ္ဦးလုိ႔ သတ္မွတ္ေခၚဆုိၾက ပါတယ္။ လြန္ခဲ့တဲ့ ၂၀၀၇ ခုႏွစ္မွာ ကြယ္လြန္ခဲ့ၿပီးေတာ့ ျပည္နယ္ တစ္ခုလံုးရဲ႕ အသုဘအခမ္းအနားနဲ႔ ျပဳလုပ္ေပးျခင္းခံခဲ့ရပါတယ္။

Credit: ဖိုးသူေတာ္ (www.phothutaw.com)
ဖိုးသူေတာ္ Team မွ ဘာသာျပန္သည္။

#Unicode Version

အချစ်က အရာရာကိုစွမ်းဆောင်နိုင်သတဲ့။ အချစ်ကြောင့် အရာရာ ပြောင်းလဲနိုင်သတဲ့ဆိုလောက်အောင် အချစ်ကအမှန်တကယ်ပဲ စွမ်းအားကြီးမားလွန်းပါတယ်။ အခုလည်း အချစ်တစ်ခုကြောင့် တောင်တစ်တောင်လုံးကိုတောင် ရွှေ့လိုက်နိုင်တယ်လို့ဆိုရင် ယုံကြည်နိုင်စရာရှိမှာ မဟုတ်ပါဘူးနော်….

ဒါပေမဲ့ အိန္ဒိယက သူဆင်းရဲအလုပ်သမား အမျိုးသားတစ်ဦးကတော့ သူ့ရဲ့ဇနီးဖြစ်သူကြောင့် နက်ရှိုင်းတဲ့အချစ်ခံစားမှုတစ်ခုကြောင့် တောင်တစ်တောင်လုံးကို ရွှေ့နိုင်ခဲ့ပါတယ်။ ဂါလာရွာက အမျိုးသား မန်ဂျီးက ဝေးလံလွန်းတဲ့နေရာ ၇၀ ကီလိုမီတာ အကွာအဝေးက ဆေးကုဆရာဝန်ထံ ဆေးကုသမှု ခံယူဖို့မသွားရောက်နိုင်ခဲ့လို့ ရော ဂါသည် ဇနီးသည်ကို ဆုံးရှုံးသွားခဲ့ရမှုနဲ့ပတ်သက်ပြီး သူက အတော် လေးခံစားခဲ့ရပါတယ်။

ဒါ့ကြောင့်မို့လို့ သူတို့လိုပဲ အခြားသူတွေလည်း ဒီလိုမျိုးအခက်အခဲ တွေနဲ့ တွေ့ကြုံနိုင်တာမို့လို့ ကောင်းမွန်တဲ့စိတ်ထားမွန်မြတ်မှုထားပြီး အများအကျိုးအတွက် လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော်ကတည်းကနေ စတင်ပြီးတော့ တောင်ဖောက်ခြင်းကို ပြုလုပ်ခဲ့ပါတယ်။ မြို့နဲ့ အ လှမ်းဝေးနေတဲ့ ရွာကို ဆက်သွယ်သွားလာနိုင်ဖို့ တောင်ကိုဖောက် ပြီးတော့ ၃၆၀ ပေရှိတဲ့ လှိုဏ်ခေါင်းလမ်းကြောင်းတစ်ခုကို ဖောက် လုပ်ပေးနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

ဒီလို မွန်မြတ်တဲ့စိတ်ထားနဲ့ အများအကျိုးထမ်းဆောင်ခဲ့တဲ့ သူ့ကို အိန္ဒိယမှာ ချီးကျူးဂုဏ်ပြုထိုက်သူတစ်ဦးလို့ သတ်မှတ်ခေါ်ဆိုကြ ပါတယ်။ လွန်ခဲ့တဲ့ ၂၀၀၇ ခုနှစ်မှာ ကွယ်လွန်ခဲ့ပြီးတော့ ပြည်နယ် တစ်ခုလုံးရဲ့ အသုဘအခမ်းအနားနဲ့ ပြုလုပ်ပေးခြင်းခံခဲ့ရပါတယ်။

Credit: ဖိုးသူတော် (www.phothutaw.com)
ဖိုးသူတော် Team မှ ဘာသာပြန်သည်။


 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top