Property Expo
×

သင့္ခ်စ္သူအေၾကာင္းကို သိရွိခ်င္ရင္ လက္ေခ်ာင္းေလးေတြကို စီစစ္ ၾကည့္ႏိုင္တယ္လို႔ သိရပါတယ္။ လက္ေခ်ာင္းေလးေတြက ေျပာတဲဲ့ သင့္ ခ်စ္သူအေၾကာင္းကို သိႏိုင္ဖို႔ ေအာက္ပါအခ်က္ (၃) ခ်က္ အတိုင္း ဆန္းစစ္ ၾကည့္ႏိုင္ပါတယ္။

၁။ လက္သူႂကြယ္က လက္ညႇိဳးထက္ ပိုမိုရွည္လွ်င္

အမ်ားအားျဖင့္ လက္သူႂကြယ္က လက္ညႇိဳးထက္ ပိုမိုရွည္တဲ့ သူမ်ားက ႐ုပ္ အဆင္း လွပၿပီး ႏွစ္လိုဖြယ္ ရွိတတ္ၾကပါသတဲ့။ အဲဒီလိုလူမ်ိဳးေတြဟာ ဆြဲေဆာင္မႈ အျပည့္ရွိတတ္တဲ့အျပင္ ႏွစ္လိုဖြယ္ သေဘာရွိတာေၾကာင့္ လူအမ်ားရဲ႕ အာ႐ုံစိုက္မႈကို ရရွိတတ္တဲ့အျပင္ ပ်ိဳတိုင္းႀကိဳက္တဲ့ ႏွင္းဆီ ခိုင္ ျဖစ္တတ္တယ္လို႔လည္း အဆိုရွိပါတယ္။

သို႔ေသာ္ တစ္ခါတစ္ရံမွာေတာ့ သူတို႔ဟာ စိတ္ထက္ၾကတဲ့ သဘာဝေၾကာင့္ ရန္မူတတ္ၾကျပန္ပါတယ္။ တစ္ခါတစ္ရံမွာေတာ့ စြန္႔စားရတဲ့ အလုပ္မ်ိဳးကို ခုံမင္တတ္ၾကၿပီး စြန္႔ဦးတည္ထြင္လုပ္လိုစိတ္မ်ား ကိန္းေအာင္းေနတတ္တယ္ လို႔ ဆိုပါတယ္။

တစ္ခါတစ္ရံမွာ မိုက္႐ူးရဲဆန္စြာ ျပဳမူတတ္ၾကတာကိုလည္း သတိျပဳရမွာ ျဖစ္ ပါတယ္။

အဲဒီလို သြင္ျပင္လကၡဏာရွိသူေတြဟာ ဥပမာအားျဖင့္ စစ္သား၊ အင္ဂ်င္နီ ယာ၊ စစ္တုရင္ ပညာရွင္ အစရွိတဲ့ လုပ္ငန္းမ်ားနဲ႔ အံဝင္တက်ရွိတတ္တယ္လို႔ ဆိုပါတယ္။

သူတို႔တေတြ ထူးခၽြန္တဲ့အရာက ျပႆနာ ေျဖရွင္းျခင္းလုပ္ငန္းမ်ား ျဖစ္ၾကပါ သတဲ့။

သုေတသီေတြ ရွာေဖြေတြ႕ရွိခ်က္အရ လက္ညႇိဳးထက္ လက္သူႂကြယ္ပိုမို ရွည္လ်ားသူေတြဟာ လက္ညႇိဳးက လက္သူႂကြယ္ထက္ ပိုမို ရွည္သူမ်ားထက္ ပိုက္ဆံ ပိုရတတ္တဲ့ သေဘာရွိေၾကာင္း ထုတ္ေဖာ္ေျပာၾကားခဲ့ၾကပါတယ္။

၂။ လက္ညႇိဳးက လက္သူႂကြယ္ထက္ ပိုမိုရွည္လွ်င္

သူတို႔က တစ္ပါးသူထက္ မိမိကိုယ္ကို တန္ဖိုးထားတတ္ၾကတဲ့ အမ်ိဳးအစားထဲ မွာ ပါဝင္တယ္လို႔ ဆိုပါတယ္။ တစ္ခါတစ္ရံမွာေတာ့ သူတို႔တေတြဟာ မိမိ အေရးကုိသာ အေလးထားတတ္တဲ့ သဘာဝေၾကာင့္ အနည္းငယ္ အတၱဆန္ တဲ့ သေဘာရွိတတ္ပါသတဲ့။

ဒါ့အျပင္ သူတို႔ဟာ တစ္ဦးတည္း ေနထိုင္ရျခင္းကို ျမတ္ႏိုးတတ္တဲ့ စိတ္ရွိၿပီး အဲဒီလို တစ္ဦးတည္း အထီးက်န္စြာ ေနထိုင္၊ ေနခ်ိန္မ်ိဳးမွာ ဝင္ေရာက္ စြက္ ဖက္တာမ်ိဳးကို ႏွစ္သက္ေလ့ မရွိၾကဘူးလို႔ သိရပါတယ္။ လူအမ်ား နဲ႔ ေရာေထြးေနထိုင္ရတာကို သိပ္ၿပီး ႏွစ္ၿခိဳက္မႈ မရွိၾကဘူးဆို ပါေတာ့။

ထူးျခားခ်က္ကေတာ့ အခ်စ္ေရးမွာ သူတို႔က အစျပဳဦးေဆာင္ ေျပာၾကား တတ္တဲ့ သူမ်ိဳး မဟုတ္ဘဲ အုံ႔ပုန္းေလး ေနတတ္သူမ်ား ျဖစ္တယ္လို႔ သုေတသီမ်ားက ေလ့လာေတြ႕ရွိခဲ့ၾကပါတယ္။ သို႔ေသာ္ သူတို႔ကို တျခားသူမ်ားက ခ်စ္တာကိုေတာ့ ျမတ္ျမတ္ႏိုးႏိုး ခံယူတတ္ၾကတယ္လို႔ သိရပါတယ္။

၃။ လက္သူႂကြယ္နဲ႔ လက္ညႇိဳး တူညီလွ်င္

လက္သူႂကြယ္နဲ႔ လက္ညႇိဳး တူညီတဲ့ သြင္ျပင္ရွိသူမ်ားက ၿငိမ္းခ်မ္းေရး လိုလားသူမ်ား ျဖစ္ၾကပါသတဲ့။ သူတို႔ဟာ ျပႆနာ၊ ပဋိပကၡမ်ား ျဖစ္ပြား တာေၾကာင့္ အင္မတန္ စိတ္အေႏွာက္ယွက္ ျဖစ္တတ္တဲ့ သူမ်ား ျဖစ္ပါတယ္။

သူတို႔က ပူးေပါင္းလုပ္ေဆာင္လိုစိတ္ ရွိတဲ့သူမ်ား၊ လူအမ်ားနဲ႔ သင့္ တင့္ေလ်ာက္ပတ္စြာ အတူယွဥ္တြဲ ေနထိုင္လိုသူမ်ား ျဖစ္ၾကပါတယ္။

အခ်စ္ေရးမွာေတာ့ သူတို႔ဟာ အင္မတန္ သစၥာရွိတဲ့အျပင္ လက္တြဲေဖာ္ ကို ႏူးညံ့စြာ ၾကင္နာတတ္ၾကသူမ်ား ျဖစ္ၾကပါသတဲ့။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:ျမန္မာ့ဇြဲမာန္

#Unicode Version
သင့်ချစ်သူအကြောင်းကို သိရှိချင်ရင် လက်ချောင်းလေးတွေကို စီစစ် ကြည့်နိုင်တယ်လို့ သိရပါတယ်။ လက်ချောင်းလေးတွေက ပြောတဲ့ သင့် ချစ်သူအကြောင်းကို သိနိုင်ဖို့ အောက်ပါအချက် (၃) ချက် အတိုင်း ဆန်းစစ် ကြည့်နိုင်ပါတယ်။

၁။ လက်သူကြွယ်က လက်ညှိုးထက် ပိုမိုရှည်လျှင်

အများအားဖြင့် လက်သူကြွယ်က လက်ညှိုးထက် ပိုမိုရှည်တဲ့ သူများက ရုပ် အဆင်း လှပပြီး နှစ်လိုဖွယ် ရှိတတ်ကြပါသတဲ့။ အဲဒီလိုလူမျိုးတွေဟာ ဆွဲဆောင်မှု အပြည့်ရှိတတ်တဲ့အပြင် နှစ်လိုဖွယ် သဘောရှိတာကြောင့် လူအများရဲ့ အာရုံစိုက်မှုကို ရရှိတတ်တဲ့အပြင် ပျိုတိုင်းကြိုက်တဲ့ နှင်းဆီ ခိုင် ဖြစ်တတ်တယ်လို့လည်း အဆိုရှိပါတယ်။

သို့သော် တစ်ခါတစ်ရံမှာတော့ သူတို့ဟာ စိတ်ထက်ကြတဲ့ သဘာဝကြောင့် ရန်မူတတ်ကြပြန်ပါတယ်။ တစ်ခါတစ်ရံမှာတော့ စွန့်စားရတဲ့ အလုပ်မျိုးကို ခုံမင်တတ်ကြပြီး စွန့်ဦးတည်ထွင်လုပ်လိုစိတ်များ ကိန်းအောင်းနေတတ်တယ် လို့ ဆိုပါတယ်။

တစ်ခါတစ်ရံမှာ မိုက်ရူးရဲဆန်စွာ ပြုမူတတ်ကြတာကိုလည်း သတိပြုရမှာ ဖြစ် ပါတယ်။

အဲဒီလို သွင်ပြင်လက္ခဏာရှိသူတွေဟာ ဥပမာအားဖြင့် စစ်သား၊ အင်ဂျင်နီ ယာ၊ စစ်တုရင် ပညာရှင် အစရှိတဲ့ လုပ်ငန်းများနဲ့ အံဝင်တကျရှိတတ်တယ်လို့ ဆိုပါတယ်။

သူတို့တတွေ ထူးချွန်တဲ့အရာက ပြဿနာ ဖြေရှင်းခြင်းလုပ်ငန်းများ ဖြစ်ကြပါ သတဲ့။

သုတေသီတွေ ရှာဖွေတွေ့ရှိချက်အရ လက်ညှိုးထက် လက်သူကြွယ်ပိုမို ရှည်လျားသူတွေဟာ လက်ညှိုးက လက်သူကြွယ်ထက် ပိုမို ရှည်သူများထက် ပိုက်ဆံ ပိုရတတ်တဲ့ သဘောရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့ကြပါတယ်။

၂။ လက်ညှိုးက လက်သူကြွယ်ထက် ပိုမိုရှည်လျှင်

သူတို့က တစ်ပါးသူထက် မိမိကိုယ်ကို တန်ဖိုးထားတတ်ကြတဲ့ အမျိုးအစားထဲ မှာ ပါဝင်တယ်လို့ ဆိုပါတယ်။ တစ်ခါတစ်ရံမှာတော့ သူတို့တတွေဟာ မိမိ အရေးကိုသာ အလေးထားတတ်တဲ့ သဘာဝကြောင့် အနည်းငယ် အတ္တဆန် တဲ့ သဘောရှိတတ်ပါသတဲ့။

ဒါ့အပြင် သူတို့ဟာ တစ်ဦးတည်း နေထိုင်ရခြင်းကို မြတ်နိုးတတ်တဲ့ စိတ်ရှိပြီး အဲဒီလို တစ်ဦးတည်း အထီးကျန်စွာ နေထိုင်၊ နေချိန်မျိုးမှာ ဝင်ရောက် စွက် ဖက်တာမျိုးကို နှစ်သက်လေ့ မရှိကြဘူးလို့ သိရပါတယ်။ လူအများ နဲ့ ရောထွေးနေထိုင်ရတာကို သိပ်ပြီး နှစ်ခြိုက်မှု မရှိကြဘူးဆို ပါတော့။

ထူးခြားချက်ကတော့ အချစ်ရေးမှာ သူတို့က အစပြုဦးဆောင် ပြောကြား တတ်တဲ့ သူမျိုး မဟုတ်ဘဲ အုံ့ပုန်းလေး နေတတ်သူများ ဖြစ်တယ်လို့ သုတေသီများက လေ့လာတွေ့ရှိခဲ့ကြပါတယ်။ သို့သော် သူတို့ကို တခြားသူများက ချစ်တာကိုတော့ မြတ်မြတ်နိုးနိုး ခံယူတတ်ကြတယ်လို့ သိရပါတယ်။

၃။ လက်သူကြွယ်နဲ့ လက်ညှိုး တူညီလျှင်

လက်သူကြွယ်နဲ့ လက်ညှိုး တူညီတဲ့ သွင်ပြင်ရှိသူများက ငြိမ်းချမ်းရေး လိုလားသူများ ဖြစ်ကြပါသတဲ့။ သူတို့ဟာ ပြဿနာ၊ ပဋိပက္ခများ ဖြစ်ပွား တာကြောင့် အင်မတန် စိတ်အနှောက်ယှက် ဖြစ်တတ်တဲ့ သူများ ဖြစ်ပါတယ်။

သူတို့က ပူးပေါင်းလုပ်ဆောင်လိုစိတ် ရှိတဲ့သူများ၊ လူအများနဲ့ သင့် တင့်လျောက်ပတ်စွာ အတူယှဉ်တွဲ နေထိုင်လိုသူများ ဖြစ်ကြပါတယ်။

အချစ်ရေးမှာတော့ သူတို့ဟာ အင်မတန် သစ္စာရှိတဲ့အပြင် လက်တွဲဖော် ကို နူးညံ့စွာ ကြင်နာတတ်ကြသူများ ဖြစ်ကြပါသတဲ့။


ဖိုးသူတော် (www.phothutaw.com)
Credit:မြန်မာ့ဇွဲမာန်
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top