Kantharyar Centre
×

လူတုိင္း အားက်ရတဲ့ ဘရတ္ပစ္နဲ႔ ဂ်ဳိလီတုိ႔စံုတြဲ ကြဲသြားၾကတဲ့အတြက္ အခ်စ္စစ္ဆုိတာ တကယ္ေရာရွိရဲ႕လားဆုိတဲ့ အေတြးေတြနဲ႔ တစ္ကမာၻလံုး တုန္လႈပ္ခဲ့ၾကရပါတယ္။

ဒါေပမဲ့ သူတုိ႔ရဲ႕အျဖစ္အပ်က္ကို ၾကည့္ၿပီး ကိုယ့္အတြက္ သင္ခန္းစာယူႏိုင္ပါေသးတယ္။

၁။ ျပည့္စံုလြန္းလွတယ္လို႔ ထင္ရတဲ့ အိမ္ထာင္ေရးမွာေတာင္ အားနည္းခ်က္ေတြရွိပါတယ္

ဘရတ္ပစ္နဲ႔ ဂ်ဳိလီတုိ႔ရဲ႕ဘဝက အရမ္းကို ျပည့္စံုသာယာတာ လူတုိင္းအသိပါ။ ကမာၻပတ္ၿပီး လူသားခ်င္းစာနာေထာက္မႈဆုိင္ရာ ျပႆနာေတြကို ကူညီတယ္၊ ႐ုပ္ရွင္ဇာတ္ကားေတြထဲမွာ အတူသ႐ုပ္ေဆာင္တယ္။ ကေလး ၆ ေယာက္လည္းရွိသလို ကမာၻအႏွံ႔မွာ အိမ္ေတြလည္း ပိုင္ဆုိင္ထားပါေသးတယ္။ ဒါ့အျပင္ သူတို႔ရဲ႕အားလပ္ခ်ိန္မွာ ၂၀၁၃ ခုႏွစ္မွာ ကမာၻ႕အေကာင္းဆံုး ပန္းႏုေရာင္ဝုိင္အျဖစ္ အသိအမွတ္ျပဳခံခဲ့ရတဲ့ ဝုိင္ကိုေတာင္ ထုတ္ခဲ့ၾကပါေသးတယ္။

ရလိုက္တဲ့သင္ခန္းစာ အျပင္ကျမင္ရတဲ့ ပံုစံထက္ စိတ္တြင္းက ခံစားခ်က္က ပိုၿပီး အေရးပါတယ္ဆုိတာပါပဲ။ အိမ္ေထာင္ေရးအဆင္ေျပဖုိ႔ဆုိတာ အိမ္ေထာင္ေရး အေကာင္းဆံုးျဖစ္ေစဖို႔ ျပဳစုပ်ဳိးေထာင္ရမယ္၊ အေလးထားေပးရပါမယ္။

၂။ ဒုတိယနဲ႔ တတိယ အိမ္ေထာင္က ပထမအိမ္ေထာင္ထက္ ပိုၿပီး ခက္ခဲတတ္တယ္

ဒုတိယနဲ႔ တတိယ အိမ္ေထာင္ေတြဟာ အိမ္ေထာင္ကြဲႏုိင္ေျခပိုမ်ားပါတယ္။ ဂ်ဳိလီက အိမ္ေထာင္ႏွစ္ဆက္ က်ဖူးသလို ဘရတ္ပစ္ကလည္း ဂ်နီဖာအန္နစၥတန္နဲ႔ အိမ္ေထာ္ငက်ခဲ့ဖူးပါတယ္။

ဒါဟာ ပထမအိမ္ေထာင္နဲ႔ ျဖစ္ခဲ့ဖူးတဲ့ ျပႆနာေတြဟာ ေနာက္အိမ္ေထာင္မွာ ျဖစ္ေပၚတဲ့အခါ ေသးေသးေလးျဖစ္ပါေစ၊ အရင္ျပႆနာေတြကို ျပသတိရမိၿပီး စိတ္ပ်က္တာေၾကာင့္လည္း ပါပါတယ္။

၃။ အိမ္ေထာင္ေေရး ၿပိဳကြဲသြားတဲ့အခါ အေသးစိတ္အခ်က္အလက္ေတြကို လူသိမခံပါနဲ႔

သူတုိ႔ႏွစ္ေယာက္ အိမ္ေထာင္ေရး အဆံုးသတ္သြားရတဲ့ အေၾကာင္ရင္းနဲ႔ ပတ္သက္လို႔ ေကာလာဟလေတြ ထြက္ေနေပမဲ့ ႏွစ္ဖက္စလံုးက ကြာရွင္းမႈနဲ႔ ပတ္သက္ၿပီး ထုတ္ျပန္ခ်က္ေတြကို ေသခ်ာဂ႐ုစိုက္ ထုတ္ျပန္ခဲ့ေပမဲ့ ဘာကိုမွ ထုတ္္ေဖာ္မေျပာၾကားခဲ့ပါဘူး။

ဒါဟာ ပါးနပ္တဲ့ ေျခလွမ္းျဖစ္တယ္လို႔ ကြာရွင္းျပတ္ဆဲေရးေရွ႕ေန ခါရန္ကိုဗီက ေျပာပါတယ္။

၄။ ကိုယ္တတ္ႏိုင္တဲ့ ေငြနဲ႔ အေကာင္းဆံုး ေရွ႕ေနကို ငွားပါ

ဂ်ဳိလီ့ကို နမူနာၾကည့္ပါ။ ကြာရွင္းခြင့္ တင္လိုက္ၿပီးေနာက္ ဂၽြန္နီဒက္ပ္၊ ဘရစ္တေနစပီးယား၊ ကင္မ္ကာဒါရွီယန္နဲ႔ ေဟဒီကလမ္းတုိ႔ ကြာရွင္းစဥ္က ငွားရမ္းခဲ့တဲ့ နာမည္ႀကီး ေရွ႕ေနကို ငွားရမ္းခဲ့ပါတယ္။

၅။ မိဘေတြရဲ႕ ျပႆနာကို ကေလးေတြအေပၚ မ႐ိုက္ခတ္ပါေစနဲ႔

ဂ်ဳိလီဟာ ကေလး ၆ ေယာက္ကို လက္ေတြ႕အုပ္ထိန္းခြင့္ ေတာင္းဆုိထားၿပီး ေလာေလာဆယ္မွာ ယာယီကြာရွင္းမႈသေဘာတူညီခ်က္အျဖစ္ သံုးပတ္ ကေလးေတြကို ေခၚထားခြင့္ ရပါတယ္။

ဘယ္သူက ကေလးေတြကို ေခၚထားခြင့္ရရ ကေလးေတြကို ပဋိပကၡၾကား ဆြဲမထည့္မိပါေစနဲ႔။ သူတို႔သိသင့္တာကို စိတ္ရွည္လက္ရွည္ေျပာျပၿပီး ဘာေတြပဲျဖစ္ေနေန သားသမီးေတြကို မိဘႏွစ္ပါးစလံုးက ခ်စ္ဆဲပဲဆုိတာကို သိေအာင္ ေျပာျပဖုိ႔ လိုပါတယ္။

၆။ အိမ္ေထာင္ေရး ၿပိဳကြဲသြားေပမဲ့ သားသမီးေတြကို အျမဲတမ္း ပူးတြဲအုပ္ထိန္းရမွာပါ

ဘရတ္ပစ္နဲ႔ ဂ်ဳိလီကလည္း မိသားစုကို ဦးစားေပးသြားမယ္လို႔ ေျပာခဲ့ၾကပါတယ္။

သူနဲ႔ မဆက္္ဆံခ်င္ေတာ့ေပမဲ့ ကိုယ့္သားသမီးေတြရဲ႕ မ်က္ႏွာနဲ႔ မိဘေတြအျဖစ္ အေကာင္းဆံုးျဖစ္ေအာင္ ေဆာင္ရြက္ရမွာပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Duwun

#Unicode Version

လူတိုင်း အားကျရတဲ့ ဘရတ်ပစ်နဲ့ ဂျိုလီတို့စုံတွဲ ကွဲသွားကြတဲ့အတွက် အချစ်စစ်ဆိုတာ တကယ်ရောရှိရဲ့လားဆိုတဲ့ အတွေးတွေနဲ့ တစ်ကမ္ဘာလုံး တုန်လှုပ်ခဲ့ကြရပါတယ်။

ဒါပေမဲ့ သူတို့ရဲ့အဖြစ်အပျက်ကို ကြည့်ပြီး ကိုယ့်အတွက် သင်ခန်းစာယူနိုင်ပါသေးတယ်။

၁။ ပြည့်စုံလွန်းလှတယ်လို့ ထင်ရတဲ့ အိမ်ထောင်ရေးမှာတောင် အားနည်းချက်တွေရှိပါတယ်

ဘရတ်ပစ်နဲ့ ဂျိုလီတို့ရဲ့ဘဝက အရမ်းကို ပြည့်စုံသာယာတာ လူတိုင်းအသိပါ။ ကမ္ဘာပတ်ပြီး လူသားချင်းစာနာထောက်မှုဆိုင်ရာ ပြဿနာတွေကို ကူညီတယ်၊ ရုပ်ရှင်ဇာတ်ကားတွေထဲမှာ အတူသရုပ်ဆောင်တယ်။ ကလေး ၆ ယောက်လည်းရှိသလို ကမ္ဘာအနှံ့မှာ အိမ်တွေလည်း ပိုင်ဆိုင်ထားပါသေးတယ်။ ဒါ့အပြင် သူတို့ရဲ့အားလပ်ချိန်မှာ ၂၀၁၃ ခုနှစ်မှာ ကမ္ဘာ့အကောင်းဆုံး ပန်းနုရောင်ဝိုင်အဖြစ် အသိအမှတ်ပြုခံခဲ့ရတဲ့ ဝိုင်ကိုတောင် ထုတ်ခဲ့ကြပါသေးတယ်။

ရလိုက်တဲ့သင်ခန်းစာ အပြင်ကမြင်ရတဲ့ ပုံစံထက် စိတ်တွင်းက ခံစားချက်က ပိုပြီး အရေးပါတယ်ဆိုတာပါပဲ။ အိမ်ထောင်ရေးအဆင်ပြေဖို့ဆိုတာ အိမ်ထောင်ရေး အကောင်းဆုံးဖြစ်စေဖို့ ပြုစုပျိုးထောင်ရမယ်၊ အလေးထားပေးရပါမယ်။

၂။ ဒုတိယနဲ့ တတိယ အိမ်ထောင်က ပထမအိမ်ထောင်ထက် ပိုပြီး ခက်ခဲတတ်တယ်

ဒုတိယနဲ့ တတိယ အိမ်ထောင်တွေဟာ အိမ်ထောင်ကွဲနိုင်ခြေပိုများပါတယ်။ ဂျိုလီက အိမ်ထောင်နှစ်ဆက် ကျဖူးသလို ဘရတ်ပစ်ကလည်း ဂျနီဖာအန်နစ္စတန်နဲ့ အိမ်ထော်ငကျခဲ့ဖူးပါတယ်။

ဒါဟာ ပထမအိမ်ထောင်နဲ့ ဖြစ်ခဲ့ဖူးတဲ့ ပြဿနာတွေဟာ နောက်အိမ်ထောင်မှာ ဖြစ်ပေါ်တဲ့အခါ သေးသေးလေးဖြစ်ပါစေ၊ အရင်ပြဿနာတွေကို ပြသတိရမိပြီး စိတ်ပျက်တာကြောင့်လည်း ပါပါတယ်။

၃။ အိမ်ထောင်ေရေး ပြိုကွဲသွားတဲ့အခါ အသေးစိတ်အချက်အလက်တွေကို လူသိမခံပါနဲ့

သူတို့နှစ်ယောက် အိမ်ထောင်ရေး အဆုံးသတ်သွားရတဲ့ အကြောင်ရင်းနဲ့ ပတ်သက်လို့ ကောလာဟလတွေ ထွက်နေပေမဲ့ နှစ်ဖက်စလုံးက ကွာရှင်းမှုနဲ့ ပတ်သက်ပြီး ထုတ်ပြန်ချက်တွေကို သေချာဂရုစိုက် ထုတ်ပြန်ခဲ့ပေမဲ့ ဘာကိုမှ ထုတ်ဖော်မပြောကြားခဲ့ပါဘူး။

ဒါဟာ ပါးနပ်တဲ့ ခြေလှမ်းဖြစ်တယ်လို့ ကွာရှင်းပြတ်ဆဲရေးရှေ့နေ ခါရန်ကိုဗီက ပြောပါတယ်။

၄။ ကိုယ်တတ်နိုင်တဲ့ ငွေနဲ့ အကောင်းဆုံး ရှေ့နေကို ငှားပါ

ဂျိုလီ့ကို နမူနာကြည့်ပါ။ ကွာရှင်းခွင့် တင်လိုက်ပြီးနောက် ဂျွန်နီဒက်ပ်၊ ဘရစ်တနေစပီးယား၊ ကင်မ်ကာဒါရှီယန်နဲ့ ဟေဒီကလမ်းတို့ ကွာရှင်းစဉ်က ငှားရမ်းခဲ့တဲ့ နာမည်ကြီး ရှေ့နေကို ငှားရမ်းခဲ့ပါတယ်။

၅။ မိဘတွေရဲ့ ပြဿနာကို ကလေးတွေအပေါ် မရိုက်ခတ်ပါစေနဲ့

ဂျိုလီဟာ ကလေး ၆ ယောက်ကို လက်တွေ့အုပ်ထိန်းခွင့် တောင်းဆိုထားပြီး လောလောဆယ်မှာ ယာယီကွာရှင်းမှုသဘောတူညီချက်အဖြစ် သုံးပတ် ကလေးတွေကို ခေါ်ထားခွင့် ရပါတယ်။

ဘယ်သူက ကလေးတွေကို ခေါ်ထားခွင့်ရရ ကလေးတွေကို ပဋိပက္ခကြား ဆွဲမထည့်မိပါစေနဲ့။ သူတို့သိသင့်တာကို စိတ်ရှည်လက်ရှည်ပြောပြပြီး ဘာတွေပဲဖြစ်နေနေ သားသမီးတွေကို မိဘနှစ်ပါးစလုံးက ချစ်ဆဲပဲဆိုတာကို သိအောင် ပြောပြဖို့ လိုပါတယ်။

၆။ အိမ်ထောင်ရေး ပြိုကွဲသွားပေမဲ့ သားသမီးတွေကို အမြဲတမ်း ပူးတွဲအုပ်ထိန်းရမှာပါ

ဘရတ်ပစ်နဲ့ ဂျိုလီကလည်း မိသားစုကို ဦးစားပေးသွားမယ်လို့ ပြောခဲ့ကြပါတယ်။

သူနဲ့ မဆက်ဆံချင်တော့ပေမဲ့ ကိုယ့်သားသမီးတွေရဲ့ မျက်နှာနဲ့ မိဘတွေအဖြစ် အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ရမှာပါ။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun


 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top