Property Expo
×

လူအမ်ား ကန္႔ကြက္မႈမ်ား ရွိေနေသာ္လည္း ယခင္ကန္ေတာ္ႀကီး ငါးျပတိုက္ေဟာင္း ေနရာတြင္ ရန္ကုန္ၿမိဳ႕၏ ျမင္ကြင္းအား အေပၚစီးမွ ၾကည့္႐ႈႏိုင္မည္ဆိုသည့္ Hydrogen Ballon မိုးပ်ံပူေဖာင္း စီမံကိန္းအား ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရး ေကာ္မတီက ခြင့္ျပဳေပးခဲ့ေၾကာင္း သတင္းရရွိသည္။

အဆိုပါ စီမံကိန္းသည္ ကန္ေတာ္ႀကီး ယခင္ငါးျပတိုက္ေဟာင္း ေနရာရွိ ေပ ၂၀၀ ပတ္လည္ (စတုရန္းေပ ၄၀၀၀၀) ရွိ ဧရိယာတြင္ လုပ္ေဆာင္မည္ျဖစ္ၿပီး ယင္းဧရိယာသည္ လက္ရွိပန္းမ်ားကို အလွဆင္ကာ ပံုေဖာ္ထားျခင္းေၾကာင့္ အမ်ားျပည္သူ စိတ္၀င္စားသည့္ ေနရာတစ္ခုျဖစ္ၿပီး အလွဓာတ္ပံုမ်ား ႐ိုက္ျခင္း၊ မဂၤလာေဆာင္ အလွဓာတ္ပံုမ်ားလည္း ႐ိုက္ကူးေလ့ရွိသည့္ ေနရာတစ္ခု ျဖစ္ေၾကာင္း သိရသည္။

ယင္းစီမံကိန္းကို လုပ္ေဆာင္လိုသည္ဟု Myanmar Voyages International Tourism Co.,Ltd က တင္ျပလာခဲ့ျခင္းျဖစ္ၿပီး အဆိုပါ ကုမၸဏီအေနျဖင့္ ပုဂံတြင္ လက္ရွိ၀န္ေဆာင္မႈ ေပးေနသည့္ ပံုစံအတိုင္း လုပ္ေဆာင္ရန္ တင္ျပခဲ့ျခင္းျဖစ္ေၾကာင္း၊ ၎တို႔က ရန္ကုန္တုိင္း ေဒသႀကီး အစိုးရအဖြဲ႕ထံ ယင္းသို႔လုပ္ကိုင္လိုေၾကာင္း တင္ျပလာသည့္အတြက္ ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႕က ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရး ေကာ္မတီကို စိစစ္ခိုင္းခဲ့ေၾကာင္း သိရသည္။

သို႔ျဖစ္၍ ယင္းကိစၥကို ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရး ေကာ္မတီ၀င္မ်ား အစည္းအေ၀း (EC) သို႔တင္ျပရာ (EC) က ခြင့္ျပဳခဲ့ျခင္းျဖစ္ၿပီး ယင္းစီမံကိန္းကို ခြင့္ျပဳေၾကာင္း ကုမၸဏီထံသို႔ စည္ပင္က စာထုတ္ေပးခဲ့ၿပီး ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ စီမံကိန္းအား ေျမငွားရမ္းခ မည္သည့္ႏႈန္းထားမ်ားျဖင့္ ခြင့္ျပဳမည္ ဆိုသည္မွာ ျပန္လည္ ညိႇႏိႈင္းေနၿပီး ကုမၸဏီႏွင့္ စာခ်ဳပ္ခ်ဳပ္ရန္ ျပင္ဆင္ေနသည္ဟု သိရသည္။

စည္ပင္ႏွင့္ ကုမၸဏီတို႔ ညိႇႏိႈင္းမႈ အဆင္ေျပပါက စာခ်ဳပ္ခ်ဳပ္ကာ လုပ္ငန္းမ်ားကို လုပ္ေဆာင္ခြင့္ ျပဳေတာ့မည္ျဖစ္ၿပီး ယင္းသို႔ ရန္ကုန္ၿမိဳ႕ႏွင့္ မသင့္ေလ်ာ္သည့္၊ လူထုအပန္းေျဖ အနားယူႏိုင္မည့္ေနရာ နည္းပါးလာမႈမ်ားအတြက္ အဘက္ဘက္က ေ၀ဖန္ကန္႔ကြက္မႈမ်ားစြာ ထြက္ေပၚလာခဲ့သည္။

ယင္းကိစၥသည္ လူနည္းစု ခ်မ္းသာေရးအတြက္ ပန္း ျခံ ထဲတြင္ လုပ္ကိုင္ခြင့္ျပဳလုိက္သည့္ စီမံကိန္းအေပၚ သေဘာမတူေၾကာင္း၊ ယင္းကိစၥအေပၚ စိတ္္မသက္မသာ ခံစားရေၾကာင္း မဂၤလာေတာင္ညြန္႔ၿမိဳ႕နယ္ မဲဆႏၵနယ္ အမွတ္ (၁) ရန္ကုန္တုိင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ ဦးရန္ေအာင္က ဆိုသည္။

“ဒီစီမံကိန္းလုပ္မယ့္ နယ္ေျမက ကြၽန္ေတာ့္မဲဆႏၵနယ္ထဲမွာ ျဖစ္ပါတယ္။ ကြၽန္ေတာ့္အေနနဲ႔ ေျပာရရင္ ဒါကိုကြၽန္ေတာ္ သေဘာမက်ဘူး။ လူနည္းစု ခ်မ္းသာေရးအတြက္ ျဖစ္ေနတယ္။ ၿပီးေတာ့ ဒီလိုရန္ကုန္ၿမိဳ႕ ႐ႈခင္းကို ၾကည့္ဖို႔လုပ္တယ္ ဆိုေပမယ့္ လူတိုင္းၾကည့္ႏိုင္မွေလ။ ရန္ကုန္မွာ အခုက အပန္းေျဖေနရာ ေတာ္ေတာ္မ်ားမ်ား ရွားပါးေနၿပီ။ မလုပ္သင့္ မလုပ္ထုိက္တဲ့ ေနရာပါ။ ဒီမွာမဟုတ္ဘဲ အျခားေနရာမွာပဲ ေရြးခ်ယ္လုပ္သင့္တယ္လို႔ ျမင္ပါတယ္” ဟု ဦးရန္ေအာင္က ေျပာၾကားသည္။

အဆိုပါ စီမံကိန္းသည္ လက္ရွိ လူထုအပန္းေျဖရာ ဧရိယာတြင္ လုပ္ေဆာင္ေနျခင္းေၾကာင့္ လူထုအတြက္ စိတ္အေႏွာင့္အယွက္ မ်ားစြာရွိႏိုင္ၿပီး ယခုေရြးခ်ယ္ထားသည့္ ေျမေနရာသည္ လက္ရွိသစ္ပင္ အလွပင္မ်ားစြာ ရွိေနျခင္းေၾကာင့္ အဆိုပါ အပင္္မ်ားကို ခုတ္ထြင္ရမည့္ အေနအထား ရွိေနသည့္အတြက္ သဘာ၀ ပတ္၀န္းက်င္ ထိန္းသိမ္းေရး အျမင္မွ ၾကည့္လွ်င္လည္း မ်ားစြာထိခုိက္ ေစႏိုင္ေၾကာင္း သံုးသပ္မႈမ်ား ထြက္ေပၚေနသည္။

ယင္းစီမံကိန္းအား တင္ဒါေခၚယူခဲ့ျခင္း မဟုတ္ဘဲ ယင္းကုမၸဏီဘက္က လုပ္ကိုင္လိုေၾကာင္း တင္ျပခဲ့ျခင္းသာ ျဖစ္ေၾကာင္း၊ ယင္းစီမံကိန္းသည္ မိုးပ်ံပူေဖာင္းကို အေသထားကာ ရန္ကုန္ၿမိဳ႕၏ ျမင္ကြင္းကို အေပၚစီးမွ ၾကည့္႐ႈႏိုင္ရန္ ရည္ရြယ္ျခင္းျဖစ္ေၾကာင္း၊ အဆိုပါစီမံကိန္း လုပ္ေဆာင္မည္ ျဖစ္ေသာ ေၾကာင့္ ကန္ေတာ္ႀကီး အတြင္းရွိ သစ္ပင္မ်ား ခုတ္ထြင္ရွင္းလင္း ရမည္ဆိုသည့္ ကိစၥႏွင့္ပတ္သက္၍ ွSurvey လုပ္ထားခ်က္အရ ကန္ေတာ္ႀကီး အတြင္းရွိ ပန္းအလွပင္ ၄၀ ခန္႔ ေျပာင္းေရႊ႕ စိုက္ရမည္ ျဖစ္သည့္အေပၚ ေ၀ဖန္မႈမ်ား ရွိေနသည္။

“အဲဒီေနရာက အရင္ကေတာ့ အုပ္အုပ္ဆိုင္းဆိုင္းနဲ႔ သစ္ပင္ေတြ အမ်ားႀကီးရွိတယ္။ အခုေနာက္ပိုင္းေတာ့ အငွားခ်ထားတာေတြ ဘာေတြလုပ္ေတာ့ မူရင္းသဘာ၀ အပင္ႀကီးေတြ၊ သက္တမ္းရာခ်ီရွိတဲ့ အပင္ႀကီးေတြကိုခုတ္ၿပီး အလွပင္ေတြ စိုက္ၾကတယ္။ အဲဒါမ်ိဳးေလးေတြေတာ့ ေတြ႕ရတယ္။ ပတ္၀န္းက်င္ ထိန္းသိမ္းေရး အျမင္နဲ႔ ေျပာရရင္ေတာ့ ဒီစီမံကိန္းကို အားမေပးသင့္ဘူး။ ဘာေၾကာင့္လဲဆိုေတာ့ မိုးပ်ံပူေဖာင္းဆိုတာ ရန္ကုန္ၿမိဳ႕နဲ႔လည္း မသင့္ေတာ္ဘူး။ ေတာေတာင္ေတြ ႐ႈေမွ်ာ္ခင္းေကာင္းတဲ့ ေနရာေတြမွာ လုပ္တာမ်ိဳးက မကန္႔ကြက္ဘူး။ အခုကန္ေတာ္ႀကီးလို ေနရာမ်ိဳးမွာ ဒါမ်ိဳးကို လာလုပ္မယ္။ အပင္ေတြကို ဖယ္မယ္ဆုိေတာ့ မျဖစ္ေစခ်င္ဘူး။ ရန္ကုန္ၿမိဳ႕က လူေတြက ကြန္ကရစ္ ဘေလာက္တံုးေတြ ၾကားထဲမွာ ေတာ္ေတာ္ကို မြန္းက်ပ္ေနပါၿပီ။ အမ်ားျပည္သူ ဧရိယာက အရမ္းကို ရွားလာပါၿပီ။ သဘာ၀ပတ္၀န္းက်င္ ႐ႈေထာင့္အေနနဲ႔ ၾကည့္ရင္ အက်ိဳးသက္ေရာက္မႈေကာင္း မရွိႏိုင္ပါဘူး။ ဒါေၾကာင့္ အဲဒီစီမံကိန္းကို ျပန္ၿပီးစဥ္းစား ေစခ်င္တယ္။ အျခားေနရာကို ေရႊ႕ေပးေစခ်င္တယ္။ ဒီေနရာေလးကိုေတာ့ မြန္းက်ပ္ေနတဲ့ သူေတြအတြက္ ေနရာေလးအျဖစ္ ထားေပးပါလို႔။ လူငယ္ေတြ၊ ကေလးေတြ လြတ္လြတ္လပ္လပ္ အႏၲရာယ္ကင္းကင္း ေနထိုင္ႏိုင္တဲ့ အခမဲ့ေနရာေတြ ျဖစ္ေစခ်င္ပါတယ္။ ဒီစီမံကိန္းကို သေဘာမတူပါဘူး” ဟု သဘာ၀ ပတ္၀န္းက်င္ ထိန္းသိမ္းေရး ပညာရွင္ ေဒါက္တာေစာမြန္သိမ့္က ေျပာၾကားသည္။

ရန္ကုန္ၿမိဳ႕တြင္ ယခင္က လူထုအနားယူ အပန္းေျဖနုိင္သည့္ ဥယ်ာဥ္ႀကီးမ်ားအျဖစ္ ျပည္သူ႔ရင္ျပင္၊ ကန္ေတာ္ႀကီး၊ ျမကြၽန္းသာ စသည့္ေနရာႀကီးမ်ား ရွိခဲ့ေသာ္လည္း ယခင္အစိုးရ လက္ထက္မ်ားက ျမကြၽန္းသာ၊ ျပည္သူ႔ရင္ျပင္စသည့္ ဥယ်ာဥ္ႀကီးမ်ားကို ပုဂၢလိကသို႔ လုပ္ကိုင္ခြင့္ ျပဳလုိက္ျခင္းေၾကာင့္ လူထုအမွန္တကယ္ အနားယူ အပန္းေျဖႏိုင္သည့္ေနရာ သိသာစြာ ေလ်ာ့က်လာခဲ့ၿပီး ကန္ေတာ္ႀကီး တစ္ခုသာ ရွိေတာ့ေၾကာင္း၊ ယခုမိုးပ်ံပူေဖာင္း စီမံကိန္း လုပ္ေဆာင္မည့္ေနရာ အပါအ၀င္ ငါးျပတိုက္ေဟာင္း ဧရိယာသည္ နံနက္ခင္းပိုင္းမ်ား၊ ညေနပိုင္းမ်ားတြင္ အားကစား လုပ္သူမ်ား လာေရာက္သည့္ ေနရာတစ္ခု ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ကိစၥကို ေငြရရွိသည့္ တစ္ခုတည္းျဖင့္ ၾကည့္႐ႈတာ ခြင့္မျပဳေစခ်င္ေၾကာင္း မွတ္ခ်က္ေပးမႈမ်ား ရွိသည္။

“ပိုက္ဆံရတာ တစ္ခုတည္းနဲ႔လည္း မၾကည့္ပါနဲ႔ဦး။ လူထုရဲ႕ စိတ္ပိုင္းဆိုင္ရာ မြန္းက်ပ္မႈေတြကို စိတ္ထြက္ေပါက္ေတြ မရွိေတာ့ဘူး။ စိတ္ထြက္ေပါက္ေတြက အျခားေနရာေတြ ျဖစ္ျဖစ္ကုန္တဲ့အတြက္ လူငယ္ေတြမွာလည္း လဲြကုန္တယ္။ အဲဒါမ်ိဳးေတြ ျဖစ္လာေတာ့ ရန္ကုန္တုိင္းေဒသႀကီး အစိုးရအဖြဲ႕ အေနနဲဲ႔လည္း စဥ္းစားေပးပါလို႔ ေျပာခ်င္ပါတယ္” ဟု သဘာ၀ပတ္၀န္းက်င္ ထိန္းသိမ္းေရး ပညာရွင္ ေဒါက္တာေစာမြန္သိမ့္က ဆက္လက္ ေျပာၾကားသည္။

စီမံကိန္းျပဳလုပ္ရန္ ေျမေနရာကို ငွားရမ္းခ စည္ပင္က ရရွိမည္ ဆိုေသာ္လည္း မည္မွ်ရရွိမည္ကို ညိႇႏိႈင္းေနဆဲျဖစ္ေၾကာင္း၊ သို႔ေသာ္ ယခင္အေတြ႕အၾကံဳမ်ားအရ ကန္ေတာ္ႀကီး အတြင္းရွိ ေျမ ၂၅ ဧက က်ယ္၀န္းေသာ ကရ၀ိက္ဥယ်ာဥ္ကမၻာအား ေဇကမၻာ ကုမၸဏီသို႔ ငွားရမ္းရာတြင္ တစ္ႏွစ္လွ်င္ က်ပ္သိန္း ၃၀၀ သာရရွိ၍ ႏိုင္ငံေတာ္အတြက္ နစ္နာေနေၾကာင္း၊ ကရ၀ိက္ဥယ်ာဥ္အား ၂၀၁၀ ျပည့္ ႏွစ္မွ စတင္၍ ႏွစ္ ၃၀ ငွားရမ္းျခင္းျဖစ္၍ ပထမငါးႏွစ္အထိ ငွားရမ္းခ တစ္ႏွစ္လွ်င္ တစ္ဧကအတြက္ က်ပ္ ၁၂ သိန္းႏႈန္းျဖင့္ စုစုေပါင္း က်ပ္သိန္း ၃၀၀ ျဖင့္ ငွားရမ္းျခင္းျဖစ္ၿပီး စာခ်ဳပ္တြင္ ငွားရမ္းခမ်ားအား ႏွစ္စဥ္တိုးျမႇင့္လာသည့္ ကာလေပါက္ေစ်းႏွင့္ ဆီေလ်ာ္သည့္ ငွားရမ္းခႏႈန္းထားႏွင့္ ခ်ိန္ထိုး၍ တိုးျမႇင့္ရန္ သင့္ေသာ္လည္း မတိုးျမႇင့္ခဲ့ေၾကာင္း၊ ေနာက္ထပ္မံခ်ဳပ္ဆိုမည့္ စာခ်ဳပ္မ်ားတြင္ ႏိုင္ငံေတာ္အတြက္ မနစ္နာေစရန္ ႏႈန္းထားတိုးျမႇင့္ ခ်ဳပ္ဆိုသင့္ေၾကာင္း ၿပီးခဲ့သည့္ အစိုးရ လက္ထက္က ၂၀၁၅ ခုႏွစ္ ႏို၀င္ဘာ ၃၀ ရက္တြင္ ျပဳလုပ္ခဲ့သည့္ ရန္ကုန္တိုင္းေဒသႀကီး လႊတ္ေတာ္ အထူးအစည္းအေ၀း (၃/၂၀၁၅)တြင္ တင္သြင္းခဲ့ျခင္းေသာ ရန္ကုန္တုိင္းေဒသႀကီး စာရင္းစစ္ခ်ဳပ္ အစီရင္ခံစာက ေဖာ္ျပခဲ့သည္။

“အခုရွိတဲ့ ျမင္ကြင္းေလးအတိုင္းပဲ ရွိေစခ်င္ပါတယ္။ အခုအတိုင္းေလးပဲ ထားေစခ်င္ပါတယ္။ မိုးပ်ံဖူေဖာင္းႀကီးလည္း မစီးခ်င္ပါဘူး” ဟု စီမံကိန္း လုပ္ေဆာင္မည့္ ငါးျပတိုက္ေဟာင္းေနရာသို႔ မႏၲေလးၿမိဳ႕မွ လာေရာက္လည္ပတ္သူ ကိုညီညီေအာင္က ဆိုသည္။

“ၿပီးခဲ့တဲ့ အစိုးရသက္တမ္း မကုန္ခင္ေလးမွာ ျပည္သူ႔ရင္ျပင္ထဲက ဧရိယာ အခ်ိဳ႕ကိုလည္း ပုဂၢလိကကို လုပ္ကိုင္္ခြင့္ေပးခဲ့တယ္။ ဒါကလည္း မျဖစ္သင့္တဲ့ကိစၥပါ။ အခုလည္း ကန္ေတာ္ႀကီးမွာ ဒီလိုမ်ိဳး စီမံကိန္း လုပ္ဦးမယ္ဆိုေတာ့ လူထုမ်က္ႏွာကို မၾကည့္ဘူး ျဖစ္ေနတယ္။ ဟုတ္ပါၿပီ တစ္ေန႔တစ္ေန႔ စား၀တ္ေနေရးအတြက္ လံုးပန္းေနရတာကို အခုလိုမ်ိဳး ရန္ကုန္ၿမိဳ႕႐ႈခင္းကို ဘယ္သူက တက္ၾကည့္မွာလဲ။ ၿပီးေတာ့ အလကား ၾကည့္ရမွာလား။ ဒီကိစၥကို ရန္ကုန္တုိင္းအစိုးရက ျပန္ၿပီးစဥ္းစား ဆံုးျဖတ္ေစခ်င္တယ္။ ဒီကိစၥကို လံုး၀ကန္႔ကြက္ပါတယ္” ဟု ရန္ကုန္တုိင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ တစ္ဦးက ဆိုသည္။
ယင္းစီမံကိန္းႏွင့္ ပတ္သက္၍ လူမႈကြန္ရက္ စာမ်က္ႏွာမ်ားတြင္လည္း ေ၀ဖန္ကန္႔ကြက္မႈမ်ား ရိွခဲ့သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Eleven News

#Unicode Version
ကန်တော်ကြီး အတွင်းရှိ မိုးပျံပူဖောင်း စီမံကိန်း ပြုလုပ်မည့် နေရာအား တွေ့ရစဉ်

လူအများ ကန့်ကွက်မှုများ ရှိနေသော်လည်း ယခင်ကန်တော်ကြီး ငါးပြတိုက်ဟောင်း နေရာတွင် ရန်ကုန်မြို့၏ မြင်ကွင်းအား အပေါ်စီးမှ ကြည့်ရှုနိုင်မည်ဆိုသည့် Hydrogen Ballon မိုးပျံပူဖောင်း စီမံကိန်းအား ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ခွင့်ပြုပေးခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ စီမံကိန်းသည် ကန်တော်ကြီး ယခင်ငါးပြတိုက်ဟောင်း နေရာရှိ ပေ ၂၀၀ ပတ်လည် (စတုရန်းပေ ၄၀၀၀၀) ရှိ ဧရိယာတွင် လုပ်ဆောင်မည်ဖြစ်ပြီး ယင်းဧရိယာသည် လက်ရှိပန်းများကို အလှဆင်ကာ ပုံဖော်ထားခြင်းကြောင့် အများပြည်သူ စိတ်ဝင်စားသည့် နေရာတစ်ခုဖြစ်ပြီး အလှဓာတ်ပုံများ ရိုက်ခြင်း၊ မင်္ဂလာဆောင် အလှဓာတ်ပုံများလည်း ရိုက်ကူးလေ့ရှိသည့် နေရာတစ်ခု ဖြစ်ကြောင်း သိရသည်။

ယင်းစီမံကိန်းကို လုပ်ဆောင်လိုသည်ဟု Myanmar Voyages International Tourism Co.,Ltd က တင်ပြလာခဲ့ခြင်းဖြစ်ပြီး အဆိုပါ ကုမ္ပဏီအနေဖြင့် ပုဂံတွင် လက်ရှိဝန်ဆောင်မှု ပေးနေသည့် ပုံစံအတိုင်း လုပ်ဆောင်ရန် တင်ပြခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းတို့က ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ထံ ယင်းသို့လုပ်ကိုင်လိုကြောင်း တင်ပြလာသည့်အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီကို စိစစ်ခိုင်းခဲ့ကြောင်း သိရသည်။

သို့ဖြစ်၍ ယင်းကိစ္စကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဝင်များ အစည်းအဝေး (EC) သို့တင်ပြရာ (EC) က ခွင့်ပြုခဲ့ခြင်းဖြစ်ပြီး ယင်းစိမံကိန်းကို ခွင့်ပြုကြောင်း ကုမ္ပဏီထံသို့ စည်ပင်က စာထုတ်ပေးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

အဆိုပါ စီမံကိန်းအား မြေငှားရမ်းခ မည်သည့်နှုန်းထားများဖြင့် ခွင့်ပြုမည် ဆိုသည်မှာ ပြန်လည် ညှိနှိုင်းနေပြီး ကုမ္ပဏီနှင့် စာချုပ်ချုပ်ရန် ပြင်ဆင်နေသည်ဟု သိရသည်။

စည်ပင်နှင့် ကုမ္ပဏီတို့ ညှိနှိုင်းမှု အဆင်ပြေပါက စာချုပ်ချုပ်ကာ လုပ်ငန်းများကို လုပ်ဆောင်ခွင့် ပြုတော့မည်ဖြစ်ပြီး ယင်းသို့ ရန်ကုန်မြို့နှင့် မသင့်လျော်သည့်၊ လူထုအပန်းဖြေ အနားယူနိုင်မည့်နေရာ နည်းပါးလာမှုများအတွက် အဘက်ဘက်က ဝေဖန်ကန့်ကွက်မှုများစွာ ထွက်ပေါ်လာခဲ့သည်။

ယင်းကိစ္စသည် လူနည်းစု ချမ်းသာရေးအတွက် ပန်းခြံထဲတွင် လုပ်ကိုင်ခွင့်ပြုလိုက်သည့် စီမံကိန်းအပေါ် သဘောမတူကြောင်း၊ ယင်းကိစ္စအပေါ် စိတ်မသက်မသာ ခံစားရကြောင်း မင်္ဂလာတောင်ညွန့်မြို့နယ် မဲဆန္ဒနယ် အမှတ် (၁) ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်က ဆိုသည်။

“ဒီစီမံကိန်းလုပ်မယ့် နယ်မြေက ကျွန်တော့်မဲဆန္ဒနယ်ထဲမှာ ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ပြောရရင် ဒါကိုကျွန်တော် သဘောမကျဘူး။ လူနည်းစု ချမ်းသာရေးအတွက် ဖြစ်နေတယ်။ ပြီးတော့ ဒီလိုရန်ကုန်မြို့ ရှုခင်းကို ကြည့်ဖို့လုပ်တယ် ဆိုပေမယ့် လူတိုင်းကြည့်နိုင်မှလေ။ ရန်ကုန်မှာ အခုက အပန်းဖြေနေရာ တော်တော်များများ ရှားပါးနေပြီ။ မလုပ်သင့် မလုပ်ထိုက်တဲ့ နေရာပါ။ ဒီမှာမဟုတ်ဘဲ အခြားနေရာမှာပဲ ရွေးချယ်လုပ်သင့်တယ်လို့ မြင်ပါတယ်” ဟု ဦးရန်အောင်က ပြောကြားသည်။

အဆိုပါ စီမံကိန်းသည် လက်ရှိ လူထုအပန်းဖြေရာ ဧရိယာတွင် လုပ်ဆောင်နေခြင်းကြောင့် လူထုအတွက် စိတ်အနှောင့်အယှက် များစွာရှိနိုင်ပြီး ယခုရွေးချယ်ထားသည့် မြေနေရာသည် လက်ရှိသစ်ပင် အလှပင်များစွာ ရှိနေခြင်းကြောင့် အဆိုပါ အပင်များကို ခုတ်ထွင်ရမည့် အနေအထား ရှိနေသည့်အတွက် သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အမြင်မှ ကြည့်လျှင်လည်း များစွာထိခိုက် စေနိုင်ကြောင်း သုံးသပ်မှုများ ထွက်ပေါ်နေသည်။

ယင်းစီမံကိန်းအား တင်ဒါခေါ်ယူခဲ့ခြင်း မဟုတ်ဘဲ ယင်းကုမ္ပဏီဘက်က လုပ်ကိုင်လိုကြောင်း တင်ပြခဲ့ခြင်းသာ ဖြစ်ကြောင်း၊ ယင်းစီမံကိန်းသည် မိုးပျံပူဖောင်းကို အသေထားကာ ရန်ကုန်မြို့၏ မြင်ကွင်းကို အပေါ်စီးမှ ကြည့်ရှုနိုင်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း၊ အဆိုပါစီမံကိန်း လုပ်ဆောင်မည် ဖြစ်သော ကြောင့် ကန်တော်ကြီး အတွင်းရှိ သစ်ပင်များ ခုတ်ထွင်ရှင်းလင်း ရမည်ဆိုသည့် ကိစ္စနှင့်ပတ်သက်၍ ှSurvey လုပ်ထားချက်အရ ကန်တော်ကြီး အတွင်းရှိ ပန်းအလှပင် ၄၀ ခန့် ပြောင်းရွှေ့ စိုက်ရမည် ဖြစ်သည့်အပေါ် ဝေဖန်မှုများ ရှိနေသည်။

“အဲဒီနေရာက အရင်ကတော့ အုပ်အုပ်ဆိုင်းဆိုင်းနဲ့ သစ်ပင်တွေ အများကြီးရှိတယ်။ အခုနောက်ပိုင်းတော့ အငှားချထားတာတွေ ဘာတွေလုပ်တော့ မူရင်းသဘာ၀ အပင်ကြီးတွေ၊ သက်တမ်းရာချီရှိတဲ့ အပင်ကြီးတွေကိုခုတ်ပြီး အလှပင်တွေ စိုက်ကြတယ်။ အဲဒါမျိုးလေးတွေတော့ တွေ့ရတယ်။ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အမြင်နဲ့ ပြောရရင်တော့ ဒီစီမံကိန်းကို အားမပေးသင့်ဘူး။ ဘာကြောင့်လဲဆိုတော့ မိုးပျံပူဖောင်းဆိုတာ ရန်ကုန်မြို့နဲ့လည်း မသင့်တော်ဘူး။ တောတောင်တွေ ရှုမျှော်ခင်းကောင်းတဲ့ နေရာတွေမှာ လုပ်တာမျိုးက မကန့်ကွက်ဘူး။ အခုကန်တော်ကြီးလို နေရာမျိုးမှာ ဒါမျိုးကို လာလုပ်မယ်။ အပင်တွေကို ဖယ်မယ်ဆိုတော့ မဖြစ်စေချင်ဘူး။ ရန်ကုန်မြို့က လူတွေက ကွန်ကရစ် ဘလောက်တုံးတွေ ကြားထဲမှာ တော်တော်ကို မွန်းကျပ်နေပါပြီ။ အများပြည်သူ ဧရိယာက အရမ်းကို ရှားလာပါပြီ။ သဘာဝပတ်ဝန်းကျင် ရှုထောင့်အနေနဲ့ ကြည့်ရင် အကျိုးသက်ရောက်မှုကောင်း မရှိနိုင်ပါဘူး။ ဒါကြောင့် အဲဒီစီမံကိန်းကို ပြန်ပြီးစဉ်းစား စေချင်တယ်။ အခြားနေရာကို ရွှေ့ပေးစေချင်တယ်။ ဒီနေရာလေးကိုတော့ မွန်းကျပ်နေတဲ့ သူတွေအတွက် နေရာလေးအဖြစ် ထားပေးပါလို့။ လူငယ်တွေ၊ ကလေးတွေ လွတ်လွတ်လပ်လပ် အန္တရာယ်ကင်းကင်း နေထိုင်နိုင်တဲ့ အခမဲ့နေရာတွေ ဖြစ်စေချင်ပါတယ်။ ဒီစီမံကိန်းကို သဘောမတူပါဘူး” ဟု သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင် ဒေါက်တာစောမွန်သိမ့်က ပြောကြားသည်။

ရန်ကုန်မြို့တွင် ယခင်က လူထုအနားယူ အပန်းဖြေနိုင်သည့် ဥယျာဉ်ကြီးများအဖြစ် ပြည်သူ့ရင်ပြင်၊ ကန်တော်ကြီး၊ မြကျွန်းသာ စသည့်နေရာကြီးများ ရှိခဲ့သော်လည်း ယခင်အစိုးရ လက်ထက်များက မြကျွန်းသာ၊ ပြည်သူ့ရင်ပြင်စသည့် ဥယျာဉ်ကြီးများကို ပုဂ္ဂလိကသို့ လုပ်ကိုင်ခွင့် ပြုလိုက်ခြင်းကြောင့် လူထုအမှန်တကယ် အနားယူ အပန်းဖြေနိုင်သည့်နေရာ သိသာစွာ လျော့ကျလာခဲ့ပြီး ကန်တော်ကြီး တစ်ခုသာ ရှိတော့ကြောင်း၊ ယခုမိုးပျံပူဖောင်း စီမံကိန်း လုပ်ဆောင်မည့်နေရာ အပါအဝင် ငါးပြတိုက်ဟောင်း ဧရိယာသည် နံနက်ခင်းပိုင်းများ၊ ညနေပိုင်းများတွင် အားကစား လုပ်သူများ လာရောက်သည့် နေရာတစ်ခု ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကိစ္စကို ငွေရရှိသည့် တစ်ခုတည်းဖြင့် ကြည့်ရှုတာ ခွင့်မပြုစေချင်ကြောင်း မှတ်ချက်ပေးမှုများ ရှိသည်။

“ပိုက်ဆံရတာ တစ်ခုတည်းနဲ့လည်း မကြည့်ပါနဲ့ဦး။ လူထုရဲ့ စိတ်ပိုင်းဆိုင်ရာ မွန်းကျပ်မှုတွေကို စိတ်ထွက်ပေါက်တွေ မရှိတော့ဘူး။ စိတ်ထွက်ပေါက်တွေက အခြားနေရာတွေ ဖြစ်ဖြစ်ကုန်တဲ့အတွက် လူငယ်တွေမှာလည်း လွဲကုန်တယ်။ အဲဒါမျိုးတွေ ဖြစ်လာတော့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အနေနဲ့လည်း စဉ်းစားပေးပါလို့ ပြောချင်ပါတယ်” ဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင် ဒေါက်တာစောမွန်သိမ့်က ဆက်လက် ပြောကြားသည်။

စီမံကိန်းပြုလုပ်ရန် မြေနေရာကို ငှားရမ်းခ စည်ပင်က ရရှိမည် ဆိုသော်လည်း မည်မျှရရှိမည်ကို ညှိနှိုင်းနေဆဲဖြစ်ကြောင်း၊ သို့သော် ယခင်အတွေ့အကြုံများအရ ကန်တော်ကြီး အတွင်းရှိ မြေ ၂၅ ဧက ကျယ်ဝန်းသော ကရဝိက်ဥယျာဉ်ကမ္ဘာအား ဇေကမ္ဘာ ကုမ္ပဏီသို့ ငှားရမ်းရာတွင် တစ်နှစ်လျှင် ကျပ်သိန်း ၃၀၀ သာရရှိ၍ နိုင်ငံတော်အတွက် နစ်နာနေကြောင်း၊ ကရဝိက်ဥယျာဉ်အား ၂၀၁၀ ပြည့် နှစ်မှ စတင်၍ နှစ် ၃၀ ငှားရမ်းခြင်းဖြစ်၍ ပထမငါးနှစ်အထိ ငှားရမ်းခ တစ်နှစ်လျှင် တစ်ဧကအတွက် ကျပ် ၁၂ သိန်းနှုန်းဖြင့် စုစုပေါင်း ကျပ်သိန်း ၃၀၀ ဖြင့် ငှားရမ်းခြင်းဖြစ်ပြီး စာချုပ်တွင် ငှားရမ်းခများအား နှစ်စဉ်တိုးမြှင့်လာသည့် ကာလပေါက်ဈေးနှင့် ဆီလျော်သည့် ငှားရမ်းခနှုန်းထားနှင့် ချိန်ထိုး၍ တိုးမြှင့်ရန် သင့်သော်လည်း မတိုးမြှင့်ခဲ့ကြောင်း၊ နောက်ထပ်မံချုပ်ဆိုမည့် စာချုပ်များတွင် နိုင်ငံတော်အတွက် မနစ်နာစေရန် နှုန်းထားတိုးမြှင့် ချုပ်ဆိုသင့်ကြောင်း ပြီးခဲ့သည့် အစိုးရ လက်ထက်က ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၃၀ ရက်တွင် ပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အထူးအစည်းအဝေး (၃/၂၀၁၅)တွင် တင်သွင်းခဲ့ခြင်းသော ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ် အစီရင်ခံစာက ဖော်ပြခဲ့သည်။

“အခုရှိတဲ့ မြင်ကွင်းလေးအတိုင်းပဲ ရှိစေချင်ပါတယ်။ အခုအတိုင်းလေးပဲ ထားစေချင်ပါတယ်။ မိုးပျံဖူဖောင်းကြီးလည်း မစီးချင်ပါဘူး” ဟု စီမံကိန်း လုပ်ဆောင်မည့် ငါးပြတိုက်ဟောင်းနေရာသို့ မန္တလေးမြို့မှ လာရောက်လည်ပတ်သူ ကိုညီညီအောင်က ဆိုသည်။

“ပြီးခဲ့တဲ့ အစိုးရသက်တမ်း မကုန်ခင်လေးမှာ ပြည်သူ့ရင်ပြင်ထဲက ဧရိယာ အချို့ကိုလည်း ပုဂ္ဂလိကကို လုပ်ကိုင်ခွင့်ပေးခဲ့တယ်။ ဒါကလည်း မဖြစ်သင့်တဲ့ကိစ္စပါ။ အခုလည်း ကန်တော်ကြီးမှာ ဒီလိုမျိုး စီမံကိန်း လုပ်ဦးမယ်ဆိုတော့ လူထုမျက်နှာကို မကြည့်ဘူး ဖြစ်နေတယ်။ ဟုတ်ပါပြီ တစ်နေ့တစ်နေ့ စားဝတ်နေရေးအတွက် လုံးပန်းနေရတာကို အခုလိုမျိုး ရန်ကုန်မြို့ရှုခင်းကို ဘယ်သူက တက်ကြည့်မှာလဲ။ ပြီးတော့ အလကား ကြည့်ရမှာလား။ ဒီကိစ္စကို ရန်ကုန်တိုင်းအစိုးရက ပြန်ပြီးစဉ်းစား ဆုံးဖြတ်စေချင်တယ်။ ဒီကိစ္စကို လုံးဝကန့်ကွက်ပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက ဆိုသည်။

ယင်းစီမံကိန်းနှင့် ပတ်သက်၍ လူမှုကွန်ရက် စာမျက်နှာများတွင်လည်း ဝေဖန်ကန့်ကွက်မှုများ ရှိခဲ့သည်။


ဖိုးသူတော် (www.phothutaw.com)
Credit:Eleven News
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top