Property Expo
×






#Unicode Version

ကမ္ဘာ့အညစ်ပတ်ဆုံး လူသားအဖြစ်စံချိန်တင်ခဲ့တဲ့ အသက် ၈၀ နှစ်အရွယ် အီရန်အမျိုးသားတစ်ဦးက သူ့ရဲ့အသက်ရှင်နေထိုင်တဲ့ နှစ်ကာလပေါင်းများစွာကို ရေချိုးသန့်စင်ခြင်းလုံးဝမပြုပဲ နေထိုင်ခဲ့ တယ်လို့ သိရပါတယ်။

ဟာဂျီလို့ခေါ်တဲ့ အဆိုပါအမျိုးသားက သူ့ရဲ့နေ့စဉ်နေထိုင်မှုပုံစံကို သဘာဝအတိုင်း သဘာဝကျတဲ့ ဖြတ်သန်းမှုပုံစံမျိုးနဲ့ နေထိုင်လာခဲ့ တယ်လို့ သိရပါတယ်။ နှစ်ပေါင်း ၆၀ ကျော်ကြာ လုံးဝရေချိုးခြင်းမရှိ ခဲ့ပဲ သူ့ရဲ့ နေထိုင်မှုအတွက် မြေအောက်ကြွင်းတစ်ခုကို အသုံးပြုပြီး နေထိုင်ပါတယ်။

သံဂျေးအလိမ်းလိမ်းတက်နေတဲ့ ခွက်တွေကို သောက်ရေခွက်အဖြစ်အသုံးပြုပြီး ဆေးလိပ်သောက်သုံးခြင်းအ တွက်ကို တိရစ္ဆာန်တွေရဲ့ မစင်တွေကို အသုံးပြုပြီး သောက်သုံး တယ်လို့ ဆိုပါတယ်။

မြေကြီးထဲမှာသာ နေထိုင်ပြီးတော့ ရေချိုးသန့်စင်ခြင်းလုံးဝမရှိပဲ ညစ်ပတ်တဲ့အသုံးအဆောင် အပြုအမူနေထိုင်ခြင်းတို့ကြောင့် ကမ္ဘာ့အညစ်ပတ်ဆုံး လူသားလို့ စံချိန်တင် သတ်မှတ်ခြင်းခံထား ရပါတယ်။

Credit: ဖိုးသူတော် (www.phothutaw.com)
ဖိုးသူတော် Team မှ ဘာသာပြန်သည်။
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top