Property Expo
×


ေျမာက္ကိုရီးယားအစိုးရႏွင့္ ပတ္သက္ေသာ ႏိုင္ငံေရး စုိးရိမ္မႈမ်ားေၾကာင့္ ယင္းႏိုင္ငံရွိ အဓိကေရေဘးသင့္ဒုကၡသည္မ်ားထံသို႔ အေရးႀကီးသည့္ ကယ္ဆယ္ေရး အကူအညီမ်ား ေပးပို႔မႈသည္ တားဆီးခံေနရေၾကာင္း ႏိုင္ငံတကာၾကက္ေျခနီအဖဲြ႕(IFRC)က စေနေန႔တြင္ ေျပာၾကားသည္။



လူေပါင္း ၁၃၀ ဦး ေသဆံုးခဲ့ ေသာ ၾသဂုတ္ႏွင့္စက္တင္ဘာက ေျမာက္ဟမ္ယြန္း ျပည္နယ္တြင္ ျဖစ္ပြားခဲ့သည့္ ေရႀကီးေရလွ်ံမႈ မ်ားအတြင္း လူ ၇၀,၀၀၀ နီးပါး အိုးအိမ္မ်ားကို ဆံုး႐ံႈးသြားခဲ့ သည္။

 အစိုးရအဖဲြ႕မ်ားအေနျဖင့္ ႏိုင္ငံေရးကို ေဘးဖယ္ထားၿပီး ယခုအေျခအေနသည္ လူသား ခ်င္းစာနာေထာက္ထားေရး အ ျဖစ္ဆိုးျဖစ္သည္ကို အသိအမွတ္ ျပဳရမည္ဟု IFRC ၏ ဆက္သြယ္ ေရးမန္ေနဂ်ာက ေဘဂ်င္းၿမိဳ႕တြင္ သတင္းေထာက္မ်ားအား ေျပာ ၾကားသည္။

 ေျမာက္ကိုရီးယားအေပၚ တားဆီးပိတ္ဆို႔မႈမ်ားႏွင့္ အကူအ ညီမ်ား လိုအပ္ေနမႈကို သီးျခားစီ သေဘာထားေရး လူအမ်ားအ တြက္ ခက္ခဲေနသည္ဟု ေရေဘး သင့္ေဒသမ်ားသို႔ သြားေရာက္ခဲ့ သည့္ IFRC ဆက္ဆံေရးမန္ေန ဂ်ာက ေျပာၾကားသည္။

ၿပီးခဲ့သည့္လက ၾကက္ေျခနီ အဖဲြ႕က ရန္ပံုေငြရွာေဖြေရး လႈပ္ ရွားမႈ စတင္ခဲ့ေသာ္လည္း ၎တို႔ ရည္မွန္းထားသည့္ ပမာဏ၏ ၂၅ ရာခုိင္ႏႈန္းသာ ရရွိေသးသျဖင့္ စိတ္ပ်က္စရာ တံု႔ျပန္မႈမ်ား ရင္ ဆိုင္ေနရသည္ဟု ၎ကေျပာ သည္။

ေရေဘးသင့္ျပည္သူမ်ားအ တြက္ ေျမာက္ကိုရီးယားအစိုးရက ေနအိမ္သစ္မ်ားရရွိေရး ေဆာင္ ရြက္ေပးေနေသာ္လည္း လူမ်ား စြာမွာ ယာယီအမိုးအကာမ်ား ေအာက္တြင္ ေနထိုင္ေနရဆဲျဖစ္ သည္။

ရာသီဥတု ေျပာင္းလဲလာစဥ္ အပူခ်ိန္သည္ အႏုတ္ ၁၅ ဒီဂရီ ဆဲလ္စီးယပ္စ္သို႔ က်ဆင္းလာ မည္ဟု ေမွ်ာ္လင့္ထားၿပီး ယခုေရ ေဘးသင့္ ဒုကၡသည္မ်ားအတြက္ ေဆာင္းရာသီသည္ အဓိက စိန္ ေခၚမႈတစ္ခုျဖစ္လာႏိုင္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

  မြောက်ကိုရီးယားအစိုးရနှင့် ပတ်သက်သော နိုင်ငံရေး စိုးရိမ်မှုများကြောင့် ယင်းနိုင်ငံရှိ အဓိကရေဘေးသင့်ဒုက္ခသည်များထံသို့ အရေးကြီးသည့် ကယ်ဆယ်ရေး အကူအညီများ ပေးပို့မှုသည် တားဆီးခံနေရကြောင်း နိုင်ငံတကာကြက်ခြေနီအဖွဲ့(IFRC)က စနေနေ့တွင် ပြောကြားသည်။


လူပေါင်း ၁၃၀ ဦး သေဆုံးခဲ့ သော သြဂုတ်နှင့်စက်တင်ဘာက မြောက်ဟမ်ယွန်း ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှု များအတွင်း လူ ၇၀,၀၀၀ နီးပါး အိုးအိမ်များကို ဆုံးရှုံးသွားခဲ့ သည်။

 အစိုးရအဖွဲ့များအနေဖြင့် နိုင်ငံရေးကို ဘေးဖယ်ထားပြီး ယခုအခြေအနေသည် လူသား ချင်းစာနာထောက်ထားရေး အ ဖြစ်ဆိုးဖြစ်သည်ကို အသိအမှတ် ပြုရမည်ဟု IFRC ၏ ဆက်သွယ် ရေးမန်နေဂျာက ဘေဂျင်းမြို့တွင် သတင်းထောက်များအား ပြော ကြားသည်။

 မြောက်ကိုရီးယားအပေါ် တားဆီးပိတ်ဆို့မှုများနှင့် အကူအ ညီများ လိုအပ်နေမှုကို သီးခြားစီ သဘောထားရေး လူအများအ တွက် ခက်ခဲနေသည်ဟု ရေဘေး သင့်ဒေသများသို့ သွားရောက်ခဲ့ သည့် IFRC ဆက်ဆံရေးမန်နေ ဂျာက ပြောကြားသည်။

ပြီးခဲ့သည့်လက ကြက်ခြေနီ အဖွဲ့က ရန်ပုံငွေရှာဖွေရေး လှုပ် ရှားမှု စတင်ခဲ့သော်လည်း ၎င်းတို့ ရည်မှန်းထားသည့် ပမာဏ၏ ၂၅ ရာခိုင်နှုန်းသာ ရရှိသေးသဖြင့် စိတ်ပျက်စရာ တုံ့ပြန်မှုများ ရင် ဆိုင်နေရသည်ဟု ၎င်းကပြော သည်။

ရေဘေးသင့်ပြည်သူများအ တွက် မြောက်ကိုရီးယားအစိုးရက နေအိမ်သစ်များရရှိရေး ဆောင် ရွက်ပေးနေသော်လည်း လူများ စွာမှာ ယာယီအမိုးအကာများ အောက်တွင် နေထိုင်နေရဆဲဖြစ် သည်။

ရာသီဥတု ပြောင်းလဲလာစဉ် အပူချိန်သည် အနုတ် ၁၅ ဒီဂရီ ဆဲလ်စီးယပ်စ်သို့ ကျဆင်းလာ မည်ဟု မျှော်လင့်ထားပြီး ယခုရေ ဘေးသင့် ဒုက္ခသည်များအတွက် ဆောင်းရာသီသည် အဓိက စိန် ခေါ်မှုတစ်ခုဖြစ်လာနိုင်သည်။



ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top