Property Expo
×

အီတလီႏုိင္ငံ ေတာင္တန္းထူထပ္ရာ ေဒသမွာ ေအာက္တုိဘာ ၃၀ ရက္က လႈပ္ခတ္ခဲ့တဲ့ ၃၆ ႏွစ္အတြင္း အျပင္းထန္ဆုံး ငလ်င္ေၾကာင့္ လူ ၃,၀၀၀ ယာယီအားျဖင့္ အုိးအိမ္မဲ့ျဖစ္ခဲ့ရေၾကာင္း သိရပါတယ္။

ျပင္းအားအဆင့္ ၆.၆ ႐ွိ ငလ်င္လႈပ္ခတ္မႈေၾကာင့္ အဆုိပါေဒသမွ သက္တမ္း ႏွစ္ ၆၀၀ ႐ွိ ခရစ္ယာန္ဘရားေက်ာင္းလည္း ၿပဳိက်ပ်က္စီးခဲ့ပါတယ္။ ငလ်င္လႈပ္ခတ္မႈေၾကာင့္ လူေသဆုံးမႈ မ႐ွိခဲ့ဘဲ အေဆာက္အအုံ အမ်ားအျပား ပ်က္စီးခဲ့ပါတယ္။

ငလ်င္ဒဏ္သင့္ ေဒသခံေတြအတြက္ လွ်ပ္စစ္ဓာတ္အားနဲ႕ ေရေထာက္ပံ့ေပးရန္ လုိအပ္လ်က္႐ွိေၾကာင္း သိရပါတယ္။ ငလ်င္ဟာ ေအာက္တုိဘာ ၃၀ ရက္ ေဒသစံေတာ္ခ်ိန္ နံနက္ ၇း၄၀ မွာ ေနာ္စီယာၿမဳိ႕ငယ္အနီး ဗဟုိျပဳလႈပ္ခတ္ခဲ့ၿပီး အီတလီၿမဳိ႕ေတာ္ ေရာမနဲ႕ ဗင္းနစ္ၿမဳိ႕တုိ႕မွာလည္း ခံစားသိ႐ွိခဲ့ရတယ္လုိ႕ ဆုိပါတယ္။

အီတလီအလယ္ပုိင္းမွာလည္း ေအာက္တုိဘာ ၂၆ ရက္ ျပင္းအားအဆင့္ ၅.၅ နဲ႕ ၆.၁ အဆင့္႐ွိ ငလ်င္ႏွစ္ခု နာရီပုိင္းသာျခားၿပီး လႈပ္ခတ္ခဲ့ေသးေၾကာင္း သိပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: duwun

#Unicode Version

အီတလီနိုင်ငံ တောင်တန်းထူထပ်ရာ ဒေသမှာ အောက်တိုဘာ ၃၀ ရက်က လှုပ်ခတ်ခဲ့တဲ့ ၃၆ နှစ်အတွင်း အပြင်းထန်ဆုံး ငလျင်ကြောင့် လူ ၃,၀၀၀ ယာယီအားဖြင့် အိုးအိမ်မဲ့ဖြစ်ခဲ့ရကြောင်း သိရပါတယ်။

ပြင်းအားအဆင့် ၆.၆ ရှိ ငလျင်လှုပ်ခတ်မှုကြောင့် အဆိုပါဒေသမှ သက်တမ်း နှစ် ၆၀၀ ရှိ ခရစ်ယာန်ဘရားကျောင်းလည်း ပြိုကျပျက်စီးခဲ့ပါတယ်။ ငလျင်လှုပ်ခတ်မှုကြောင့် လူသေဆုံးမှု မရှိခဲ့ဘဲ အဆောက်အအုံ အများအပြား ပျက်စီးခဲ့ပါတယ်။

ငလျင်ဒဏ်သင့် ဒေသခံတွေအတွက် လျှပ်စစ်ဓာတ်အားနဲ့ ရေထောက်ပံ့ပေးရန် လိုအပ်လျက်ရှိကြောင်း သိရပါတယ်။ ငလျင်ဟာ အောက်တိုဘာ ၃၀ ရက် ဒေသစံတော်ချိန် နံနက် ရး၄၀ မှာ နော်စီယာမြို့ငယ်အနီး ဗဟိုပြုလှုပ်ခတ်ခဲ့ပြီး အီတလီမြို့တော် ရောမနဲ့ ဗင်းနစ်မြို့တို့မှာလည်း ခံစားသိရှိခဲ့ရတယ်လို့ ဆိုပါတယ်။

အီတလီအလယ်ပိုင်းမှာလည်း အောက်တိုဘာ ၂၆ ရက် ပြင်းအားအဆင့် ၅.၅ နဲ့ ၆.၁ အဆင့်ရှိ ငလျင်နှစ်ခု နာရီပိုင်းသာခြားပြီး လှုပ်ခတ်ခဲ့သေးကြောင်း သိပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top