Property Expo
×

 ဒလၿမိဳ႕နယ္ ေညာင္ကုန္း ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးထံမွ ၿခိမ္းေျခာက္ေငြေတာင္းခံကာ ရပ္ကြက္အတြင္း ဓားကိုင္ေသာင္းက်န္းသူ အမ်ိဳးသားတစ္ဦးကို ဖမ္းဆီးရမိခဲ့ေၾကာင္း သတင္းရရွိ သည္။

 ၿခိမ္းေျခာက္ ေငြေၾကး ေတာင္းခံသူမွာ ခ်င္းတြင္းလမ္း ေန အသက္(၃၄)ႏွစ္အရြယ္ရွိ ႏိုင္ ဝင္းထူးျဖစ္ကာ ယခင္က လူသတ္မႈျဖင့္ ေထာင္က်ဖူးသူျဖစ္ၿပီး ရပ္ကြက္အတြင္း မိုက္ေၾကးခြဲကာ ပိုက္ဆံေတာင္းေနသူျဖစ္ေၾကာင္း ဒလရဲစခန္းမွ ရဲအရာရွိတစ္ဦးက ေျပာသည္။

‘‘ဒီလူက လူသတ္မႈနဲ႔ေထာင္ က်ဖူးတယ္။ ျပန္လြတ္လာတာ ေတာ့ ၾကာပါၿပီ။ သူ႔အေဖက လည္း အရင္က ရဲအရာရွိႀကီးပါ။ အခုေတာ့ ပင္စင္ယူသြားပါၿပီ။ သူကိုယ္တုိင္လည္း မထိန္းႏုိင္ဘူး။ ရပ္ကြက္လူႀကီးဆီမွာ ပိုက္ဆံ ေတာင္းၿပီး ေနာက္ေန႔ဓားကိုင္ၿပီး ရပ္ကြက္ထဲမွာ ေသာင္းက်န္းေန လုိ႔ ဖမ္းလိုက္တာပါ’’ဟု ၎က ေျပာသည္။

ျပစ္မႈက်ဴးလြန္သူ ႏိုင္ဝင္း ထူးသည္ ရပ္ကြက္အတြင္း တပည့္အခ်ိဳ႕ျဖင့္ မိုက္ေၾကးခြဲကာ ပိုက္ ဆံေတာင္းယူဖူးၿပီး ေအာက္တို ဘာ ၃ ရက္ ည ၈ နာရီတြင္ လွည့္ကင္းတာဝန္ ထမ္းေဆာင္ေန သည့္ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴး ထံမွ က်ပ္ႏွစ္ေသာင္း ေတာင္းခဲ့ေၾကာင္း ဒလရဲစခန္းမွ ရဲအရာရွိတစ္ဦးကေျပာသည္။

‘‘ရပ္ကြက္လွည့္ကင္းလိုက္ လံေဆာင္ရြက္ေနတဲ့ အုပ္ခ်ဳပ္ေရး မွဴးကို ၿခိမ္းေျခာက္ၿပီး ေတာင္း တယ္။ ပိုက္ဆံမေပးရင္ သတ္ မယ္ေျပာေတာ့ ရပ္ကြက္အုပ္ခ်ဳပ္ ေရးမွဴးက တစ္ေသာင္းေပးလုိက္ တယ္။ အခုလိုမ်ိဳး သံုးေယာက္ ထက္မနည္း လုပ္ဖူးတယ္လုိ႔ သိရ ပါတယ္’’ဟု ၎ကေျပာသည္။

မိုက္ေၾကးခြဲ ပိုက္္ဆံေတာင္း ကာ ဓားကိုင္ရမ္းကားသူ ႏိုင္ဝင္း ထူးကို ေအာက္တိုဘာ ၄ ရက္ ေန႔ လယ္တြင္ ဖမ္းဆီးရမိခဲ့ၿပီး ရာဇ သတ္ႀကီးပုဒ္မ ၃၈၆/၃၅၃ ျဖင့္ အမႈဖြင့္ အေရးယူထားေၾကာင္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
 ဒလမြို့နယ် ညောင်ကုန်း ရပ်ကွက်အုပ်ချုပ်ရေးမှူးထံမှ ခြိမ်းခြောက်ငွေတောင်းခံကာ ရပ်ကွက်အတွင်း ဓားကိုင်သောင်းကျန်းသူ အမျိုးသားတစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိ သည်။


 ခြိမ်းခြောက် ငွေကြေး တောင်းခံသူမှာ ချင်းတွင်းလမ်း နေ အသက်(၃၄)နှစ်အရွယ်ရှိ နိုင် ဝင်းထူးဖြစ်ကာ ယခင်က လူသတ်မှုဖြင့် ထောင်ကျဖူးသူဖြစ်ပြီး ရပ်ကွက်အတွင်း မိုက်ကြေးခွဲကာ ပိုက်ဆံတောင်းနေသူဖြစ်ကြောင်း ဒလရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။

‘‘ဒီလူက လူသတ်မှုနဲ့ထောင် ကျဖူးတယ်။ ပြန်လွတ်လာတာ တော့ ကြာပါပြီ။ သူ့အဖေက လည်း အရင်က ရဲအရာရှိကြီးပါ။ အခုတော့ ပင်စင်ယူသွားပါပြီ။ သူကိုယ်တိုင်လည်း မထိန်းနိုင်ဘူး။ ရပ်ကွက်လူကြီးဆီမှာ ပိုက်ဆံ တောင်းပြီး နောက်နေ့ဓားကိုင်ပြီး ရပ်ကွက်ထဲမှာ သောင်းကျန်းနေ လို့ ဖမ်းလိုက်တာပါ’’ဟု ၎င်းက ပြောသည်။

ပြစ်မှုကျူးလွန်သူ နိုင်ဝင်း ထူးသည် ရပ်ကွက်အတွင်း တပည့်အချို့ဖြင့် မိုက်ကြေးခွဲကာ ပိုက် ဆံတောင်းယူဖူးပြီး အောက်တို ဘာ ၃ ရက် ည ၈ နာရီတွင် လှည့်ကင်းတာဝန် ထမ်းဆောင်နေ သည့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ထံမှ ကျပ်နှစ်သောင်း တောင်းခဲ့ကြောင်း ဒလရဲစခန်းမှ ရဲအရာရှိတစ်ဦးကပြောသည်။

‘‘ရပ်ကွက်လှည့်ကင်းလိုက် လံဆောင်ရွက်နေတဲ့ အုပ်ချုပ်ရေး မှူးကို ခြိမ်းခြောက်ပြီး တောင်း တယ်။ ပိုက်ဆံမပေးရင် သတ် မယ်ပြောတော့ ရပ်ကွက်အုပ်ချုပ် ရေးမှူးက တစ်သောင်းပေးလိုက် တယ်။ အခုလိုမျိုး သုံးယောက် ထက်မနည်း လုပ်ဖူးတယ်လို့ သိရ ပါတယ်’’ဟု ၎င်းကပြောသည်။

မိုက်ကြေးခွဲ ပိုက်ဆံတောင်း ကာ ဓားကိုင်ရမ်းကားသူ နိုင်ဝင်း ထူးကို အောက်တိုဘာ ၄ ရက် နေ့ လယ်တွင် ဖမ်းဆီးရမိခဲ့ပြီး ရာဇ သတ်ကြီးပုဒ်မ ၃၈၆/၃၅၃ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top