Property Expo
×

အလုပ္မွာ တကယ္ကိုေတာ္တဲ့သူနဲ႕ မေတာ္တဲ့သူွရွိပါတယ္။

ဘာကြာၿခားခ်က္ရွိလဲဆိုတာ အလုပ္ေပၚမွာလည္းမူတည္ သလိုအလုပ္တြင္းမွာ ေၿပာေနေသာ စကားေတြေပၚမွာလည္း ဒီလူဟာ ဟုတ္ေကာဟုတ္ရဲ႕လားလို႕ထင္တဲ့အခါလည္းရွိကိုရွိမွာပါ။

သူတို႕ေပးတဲ့ဆင္ေၿခေတြကေတာ့ ဘယ္လုိဟာေတြ ၿဖစ္မွာလဲ။

၁.အခုအလုပ္မ်ားလြန္းလို႕ ေနာက္မွလာေၿပာ ….

အလုပ္မ်ားတယ္လို႕ေၿပာေလ့ရွိတယ္သူကို ေၿပာခ်င္တာကေတာ့ အလုပ္လုပ္ေနမွေတာ့ အလုပ္မ်ားမယ္ဆုိတာ သဘာဝပါ။အလုပ္လုပ္ေနတဲ့အတြက္ ၿဖစ္လာမယ့္ ၿပႆနာကို ေၿဖရွင္းရမယ္ဆိုတာလည္း သဘာဝပါ။

စိတ္ေအးေအးေလးနဲ႕ခိုင္းတဲ့အလုပ္ကိုပဲလုပ္မယ္ဆိုရင္ေတာ့ တာဝန္ၾကီးတဲ့အလုပ္ကို ကိုယ့္အထက္က အရာရွိက ခို္င္းမွာ မဟုတ္ေတာ့ပါ။

၂.မၿဖစ္ႏုိင္ဘူး

အၿမဲတန္း ဆင္ေၿခေတြပဲေပး၊ ဘာလုပ္လုပ္ မၿဖစ္ႏုိင္ဘူးက စရင္ေတာ့ ဘယ္သူမွကိုယ့္ကို ယံုၾကည္မွာမဟုတ္ပါ။

၃.ေၿပာတဲ့အတိုင္း လုပ္ခဲ့တာပဲဟာကို

ေၿပာတဲ့အတိုင္းလုပ္ေပးခဲ့တာပဲဆိုၿပီး ကိုယ္ကဘာမွားသလဲဆိုတာကို ၿပန္ၿပီးမသံုးသပ္ပဲ သူမ်ားကိုပဲအၿပစ္တင္ေနရင္ေတာ့မွားတယ္လို႕ထင္ပါတယ္။ဘယ္လုိလုပ္ရင္ အဆင္ေၿပမလဲဆိုတာကို စဥ္းစားၿပီး ေၿပလည္ေအာင္ရွင္းၿပဖို႕လုိအပ္ပါတယ္။

၄.ကြ်န္ေတာ္၊ကြ်န္မ တတ္ႏုိင္သေလာက္ပဲလုပ္မယ္

ကိုယ္ကိုေပးတဲ့တာဝန္ကို ကိုယ့္ရဲ႕အေတြ႕အၾကံဳေပၚမွာမူတည္ၿပီး ၿဖစ္ႏုိင္မၿဖစ္ႏုိင္ကို ဆံုးၿဖတ္ရင္ေတာ့ ဘယ္ေတာ့မွတိုးတတ္မွာ မဟုတ္ပါ။မၿဖစ္ႏုိင္တဲ့အရာကို လူေတြကလုပ္လာခဲ့တဲ့အတြက္ ၂၁ရာစုမွာ ကားေတြစီး၊ကိုရီးယားကားေတြၾကည့္ႏုိင္တယ္လို႕ ထင္ပါတယ္။
 
၅.အားလံုးနဲ႕တိုင္ပင္ၿပီး အေၿဖထုတ္ၾကရေအာင္

တကယ္ေတာ့ ကိုယ္ကိုကိုယ္ ယံုၾကည္ခ်က္မရွိတာရယ္ မစဥ္းစားတတ္တာကို သူမ်ားကိုေၿပာရမွာ ရွက္တဲ့အတြက္အားလံုးနဲ႕ တိုင္ပင္ၿပီး ေၿဖရွင္းမယ္လို႕အၿမဲတမ္းေတြးေနမယ္ဆိုရင္ေတာ့ တတ္လမ္းကရွိမွာ မဟုတ္ပါ။

၆.လူလိုတယ္

တကယ္ေတာ့ လူလိုတာ မဟုတ္ပါ။အလုပ္လုပ္ႏုိင္စြမ္းႏွင့္အရည္အခ်င္း မရွိတာက အဓိကပါ။အလုပ္ကို ကိုယ္တေယာက္တည္းနဲ႕ ဘယ္လုိၿပီးေအာင္လုပ္မလဲဆိုတာကို စဥ္းစားၿပီး အခ်ိန္ကို အေလအလြင့္မရွိေအာင္သံုးတတ္ဖိုု႕လိုပါတယ္။

၇.ဒီအလုပ္က ကြ်န္ေတာ္၊ကြ်န္မနဲ႕ မကိုက္ဘူး။စိတ္မဝင္စားဘူး။

သင္ယူမယ္ဆိုတဲ့ စိတ္ဓာတ္မရွိလို႕ပါ။အထက္လူၾကီးအပင္ လုပ္ေဖာ္ကိုင္ဖက္က ၾကည့္ရင္လည္း ဒီလူနဲ႕အလုပ္အတူတူလုပ္ခ်င္တဲ့စိတ္ကို ရိွမွာ မဟုတ္ေတာ့ပါ။

၈.ကုမၸဏီရဲ႕ Vision ကဘာလဲ

ဒီစကားကိုေၿပာေလ့ရွိတဲ့သူကေတာ့ ကုမၸဏီကို အၿပစ္တင္ေနတာပဲတတ္ပါတယ္။ကုမၸဏီကို အၿပစ္မတင္ခင္မွာ ကိုယ္မွာေရာ ကိုယ့္ရဲ႕ ရည္မွန္းခ်က္ (Vision) ကေသေသခ်ာခ်ာရွိရဲ႕လား။ကိုယ့္ကိုကို ၿပန္ေမးၾကည့္ပါ။

၉.အၿမဲတည္း ၿမည္တြန္ေတာက္တည္းေသာသူ

တခုခုအဆင္မေၿပတဲ့အခါ ပတ္ဝန္းက်င္မွာ လုပ္ေဖာ္ကုိင္ဖက္ေတြရွိရင္လည္း အားမနာပဲ အသံမ်ိဳးစံုနဲ႕ ညိွးတြားေနတဲ့သူကေတာ့ ရွင္းၿပစရာလိုမယ္မထင္ပါ။

၁၀.စိတ္မရွိပါနဲ႕
ခဏခဏေတာင္းပန္ေနတဲ့သူဟာလည္းကိုယ္ကိုကိုယ္ယံုၾကည္ခ်က္မရွိလို႕ပါ။စိတ္ေအးေအးနဲ႕
စဥ္းစားၿပီးမွအေၿဖကိုေပးသင့္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Chelmo Team

#Unicode Version
အလုပ်မှာ တကယ်ကိုတော်တဲ့သူနဲ့ မတော်တဲ့သူှရှိပါတယ်။

ဘာကွာခြားချက်ရှိလဲဆိုတာ အလုပ်ပေါ်မှာလည်းမူတည် သလိုအလုပ်တွင်းမှာ ပြောနေသော စကားတွေပေါ်မှာလည်း ဒီလူဟာ ဟုတ်ကောဟုတ်ရဲ့လားလို့ထင်တဲ့အခါလည်းရှိကိုရှိမှာပါ။

သူတို့ပေးတဲ့ဆင်ခြေတွေကတော့ ဘယ်လိုဟာတွေ ဖြစ်မှာလဲ။

၀၁.အခုအလုပ်များလွန်းလို့ နောက်မှလာပြော ….

အလုပ်များတယ်လို့ပြောလေ့ရှိတယ်သူကို ပြောချင်တာကတော့ အလုပ်လုပ်နေမှတော့ အလုပ်များမယ်ဆိုတာ သဘာဝပါ။အလုပ်လုပ်နေတဲ့အတွက် ဖြစ်လာမယ့် ပြဿနာကို ဖြေရှင်းရမယ်ဆိုတာလည်း သဘာဝပါ။

စိတ်အေးအေးလေးနဲ့ခိုင်းတဲ့အလုပ်ကိုပဲလုပ်မယ်ဆိုရင်တော့ တာဝန်ကြီးတဲ့အလုပ်ကို ကိုယ့်အထက်က အရာရှိက ခိုင်းမှာ မဟုတ်တော့ပါ။

၀၂.မဖြစ်နိုင်ဘူး

အမြဲတန်း ဆင်ခြေတွေပဲပေး၊ ဘာလုပ်လုပ် မဖြစ်နိုင်ဘူးက စရင်တော့ ဘယ်သူမှကိုယ့်ကို ယုံကြည်မှာမဟုတ်ပါ။

၀၃.ပြောတဲ့အတိုင်း လုပ်ခဲ့တာပဲဟာကို

ပြောတဲ့အတိုင်းလုပ်ပေးခဲ့တာပဲဆိုပြီး ကိုယ်ကဘာမှားသလဲဆိုတာကို ပြန်ပြီးမသုံးသပ်ပဲ သူများကိုပဲအပြစ်တင်နေရင်တော့မှားတယ်လို့ထင်ပါတယ်။ဘယ်လိုလုပ်ရင် အဆင်ပြေမလဲဆိုတာကို စဉ်းစားပြီး ပြေလည်အောင်ရှင်းပြဖို့လိုအပ်ပါတယ်။

၀၄.ကျွန်တော်၊ကျွန်မ တတ်နိုင်သလောက်ပဲလုပ်မယ်

ကိုယ်ကိုပေးတဲ့တာဝန်ကို ကိုယ့်ရဲ့အတွေ့အကြုံပေါ်မှာမူတည်ပြီး ဖြစ်နိုင်မဖြစ်နိုင်ကို ဆုံးဖြတ်ရင်တော့ ဘယ်တော့မှတိုးတတ်မှာ မဟုတ်ပါ။မဖြစ်နိုင်တဲ့အရာကို လူတွေကလုပ်လာခဲ့တဲ့အတွက် ၂၁ရာစုမှာ ကားတွေစီး၊ကိုရီးယားကားတွေကြည့်နိုင်တယ်လို့ ထင်ပါတယ်။

၀၅.အားလုံးနဲ့တိုင်ပင်ပြီး အဖြေထုတ်ကြရအောင်

တကယ်တော့ ကိုယ်ကိုကိုယ် ယုံကြည်ချက်မရှိတာရယ် မစဉ်းစားတတ်တာကို သူများကိုပြောရမှာ ရှက်တဲ့အတွက်အားလုံးနဲ့ တိုင်ပင်ပြီး ဖြေရှင်းမယ်လို့အမြဲတမ်းတွေးနေမယ်ဆိုရင်တော့ တတ်လမ်းကရှိမှာ မဟုတ်ပါ။

၀၆.လူလိုတယ်

တကယ်တော့ လူလိုတာ မဟုတ်ပါ။အလုပ်လုပ်နိုင်စွမ်းနှင့်အရည်အချင်း မရှိတာက အဓိကပါ။အလုပ်ကို ကိုယ်တယောက်တည်းနဲ့ ဘယ်လိုပြီးအောင်လုပ်မလဲဆိုတာကို စဉ်းစားပြီး အချိန်ကို အလေအလွင့်မရှိအောင်သုံးတတ်ဖိုု့လိုပါတယ်။

၀၇.ဒီအလုပ်က ကျွန်တော်၊ကျွန်မနဲ့ မကိုက်ဘူး။စိတ်မဝင်စားဘူး။

သင်ယူမယ်ဆိုတဲ့ စိတ်ဓာတ်မရှိလို့ပါ။အထက်လူကြီးအပင် လုပ်ဖော်ကိုင်ဖက်က ကြည့်ရင်လည်း ဒီလူနဲ့အလုပ်အတူတူလုပ်ချင်တဲ့စိတ်ကို ရှိမှာ မဟုတ်တော့ပါ။

၀၈.ကုမ္ပဏီရဲ့ Vision ကဘာလဲ

ဒီစကားကိုပြောလေ့ရှိတဲ့သူကတော့ ကုမ္ပဏီကို အပြစ်တင်နေတာပဲတတ်ပါတယ်။ကုမ္ပဏီကို အပြစ်မတင်ခင်မှာ ကိုယ်မှာရော ကိုယ့်ရဲ့ ရည်မှန်းချက် (Vision) ကသေသေချာချာရှိရဲ့လား။ကိုယ့်ကိုကို ပြန်မေးကြည့်ပါ။

၀၉.အမြဲတည်း မြည်တွန်တောက်တည်းသောသူ

တခုခုအဆင်မပြေတဲ့အခါ ပတ်ဝန်းကျင်မှာ လုပ်ဖော်ကိုင်ဖက်တွေရှိရင်လည်း အားမနာပဲ အသံမျိုးစုံနဲ့ ညှိးတွားနေတဲ့သူကတော့ ရှင်းပြစရာလိုမယ်မထင်ပါ။

၁၀.စိတ်မရှိပါနဲ့

ခဏခဏတောင်းပန်နေတဲ့သူဟာလည်း ကိုယ်ကိုကိုယ်ယုံကြည်ချက်မရှိလို့ပါ။စိတ်အေးအေးနဲ့စဉ်းစားပြီးမှအဖြေကိုပေးသင့်ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Chelmo Team
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top