Property Expo
×

အသက္ ၁၅ ႏွစ္အရြယ္ ေက်ာင္းသူေလးတစ္ဦးနဲ႔ မွားယြင္းခဲ့တယ္လို႔ အစြပ္စြဲခံေနရတဲ့ ေက်ာင္းဆရာဟာ ေဇးေမာလစ္နဲ႔ တူတဲ့အတြက္ ေက်ာင္းသူေတြ ေႏွာင့္ယွက္တာခံခဲ့ရတယ္လို႔ ယူေကရွိ Taunton Crown တရား႐ံုးက ၾကားနာခဲ့ရပါတယ္။

ယင္းမိန္းကေလးနဲ႔ ေတြ႕ဆံုခ်ိန္က အဂၤလန္အေနာက္ေတာင္ပိုင္း၊ ဆြန္းမားရက္ေကာင္တီရွိ ေက်ာင္းတစ္ေက်ာင္းမွာ တာဝန္က်တဲ့ ဟာမစ္ဘက္တီဟာ One Direction အဖြဲ႕ဝင္ေဟာင္း ေဇးေမာလစ္နဲ႔ တူတယ္လို႔ ဆုုိၾကၿပီး မိန္းကေလးေတြက သူ႔ကို အရမ္းစိတ္ဝင္စားၾကတယ္လို႔ သိရပါတယ္။

ပါးသိုင္းေမြးထူလျပစ္နဲ႔ အသက္ ၂၄ ႏွစ္အရြယ္ ဟာမစ္ဟာ ေက်ာင္းသူေလးတစ္ဦးနဲ႔ စာသင္ခန္းတစ္ခုမွာ ေတြ႕ဆံုၿပီးေနာက္ ထုိေက်ာင္းသူနဲ႔ အတူ အိပ္ခဲ့တယ္လို႔ စြပ္စြဲခံေနရတာပါ။


"ရွင္က က်န္မာသန္စြမ္းတယ္လို႔ ကၽြန္မထင္တယ္။ ကၽြန္မ ရွင့္ကို လက္ထပ္ၿပီး ရွင့္အတြက္ ကေလးေတြ ေမြးေပးမယ္" လုိ႔ ထိုေက်ာင္းသူူက ဆုိရင္း ေသြးေဆာင္ေျပာဆိုခဲ့တယ္လို႔ ဟာမစ္က တရား႐ံုးမွာ ထြက္ဆိုခဲ့ပါတယ္။

ဒါ့အျပင္ အဆုိပါ ဆယ္ေက်ာ္သက္မေလးနဲ႔ သူမရဲ႕ သူငယ္ခ်င္းေတြဟာ အသက္ ၂၃ ႏွစ္အရြယ္ ေဇးေမာလစ္နဲ႔ တူတယ္လုိ႔ ေျပာဆုိၾကေၾကာင္း ဟာမစ္က ထြက္ဆုိပါတယ္။

ယင္းေက်ာင္းသူရဲ႕ ျဖားေယာင္းမႈေတြကို စိတ္ပ်က္လာတဲ့အတြက္ သူမကို ေရွာင္ေနရကာ ေနာက္ဆံုးမွာ သူမရဲ႕မိခင္ကိုေတာင္ ဆက္သြယ္ေျပာဆုိခဲ့တယ္လို႔လည္း သူက ဆုိပါတယ္။

"စိတ္အေႏွာင့္အယွက္ျဖစ္လာတယ္။ ဘယ္လိုမွ သည္းမခံႏုိင္ေအာင္ လြန္လြန္းလာတယ္" လုိ႔ ဟာမစ္က ေျပာပါတယ္။


ဒါေပမဲ့ သူမရဲ႕အျပဳအမူနဲ႔ ပတ္သက္ၿပီး ေက်ာင္းကို တုိင္ၾကားတဲ့အခါမွာေတာ့ အားလံုးက ရယ္သြင္းေသြးၾကတယ္လုိ႔ သူက ဆုိပါတယ္။

သခၤ်ာဆရာျဖစ္တဲ့ ဟာမစ္ဟာ ယင္းမိန္းကေလးကို ရည္းစားစာေပးတယ္ဆုိတဲ့ စြပ္စြဲခ်က္ကို ျငင္းဆုိခဲ့ၿပီး  ယင္းစာမွာ သူ အဲဒီအခ်ိန္က ဒိတ္လုပ္ေနတဲ့ အမ်ဳိးသမီးအတြက္ ေရးထားတာျဖစ္ေၾကာင္း ထြက္ဆုိခဲ့ပါတယ္။

သူဟာ ယင္းမိန္းကေလးနဲ႔ ၂၀၁၅ ခုႏွစ္မွာ အတူအိပ္ခဲ့တာကို ဝန္ခံခဲ့ေပမဲ့ သူမ အသက္ မျပည့္ေသးတာကို မသိဘူးလို႔ ျငင္းခဲ့ပါတယ္။

ယင္းအမႈမွာ မၿပီးျပတ္ေသးဘဲ ဆက္လက္စစ္ေဆးရဦးမွာ ျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Duwun

#Unicode Version

အသက် ၁၅ နှစ်အရွယ် ကျောင်းသူလေးတစ်ဦးနဲ့ မှားယွင်းခဲ့တယ်လို့ အစွပ်စွဲခံနေရတဲ့ ကျောင်းဆရာဟာ ဇေးမောလစ်နဲ့ တူတဲ့အတွက် ကျောင်းသူတွေ နှောင့်ယှက်တာခံခဲ့ရတယ်လို့ ယူကေရှိ Taunton Crown တရားရုံးက ကြားနာခဲ့ရပါတယ်။

ယင်းမိန်းကလေးနဲ့ တွေ့ဆုံချိန်က အင်္ဂလန်အနောက်တောင်ပိုင်း၊ ဆွန်းမားရက်ကောင်တီရှိ ကျောင်းတစ်ကျောင်းမှာ တာဝန်ကျတဲ့ ဟာမစ်ဘက်တီဟာ One Direction အဖွဲ့ဝင်ဟောင်း ဇေးမောလစ်နဲ့ တူတယ်လို့ ဆိုုကြပြီး မိန်းကလေးတွေက သူ့ကို အရမ်းစိတ်ဝင်စားကြတယ်လို့ သိရပါတယ်။

ပါးသိုင်းမွေးထူလပြစ်နဲ့ အသက် ၂၄ နှစ်အရွယ် ဟာမစ်ဟာ ကျောင်းသူလေးတစ်ဦးနဲ့ စာသင်ခန်းတစ်ခုမှာ တွေ့ဆုံပြီးနောက် ထိုကျောင်းသူနဲ့ အတူ အိပ်ခဲ့တယ်လို့ စွပ်စွဲခံနေရတာပါ။


"ရှင်က ကျန်မာသန်စွမ်းတယ်လို့ ကျွန်မထင်တယ်။ ကျွန်မ ရှင့်ကို လက်ထပ်ပြီး ရှင့်အတွက် ကလေးတွေ မွေးပေးမယ်" လို့ ထိုကျောင်းသူူက ဆိုရင်း သွေးဆောင်ပြောဆိုခဲ့တယ်လို့ ဟာမစ်က တရားရုံးမှာ ထွက်ဆိုခဲ့ပါတယ်။

ဒါ့အပြင် အဆိုပါ ဆယ်ကျော်သက်မလေးနဲ့ သူမရဲ့ သူငယ်ချင်းတွေဟာ အသက် ၂၃ နှစ်အရွယ် ဇေးမောလစ်နဲ့ တူတယ်လို့ ပြောဆိုကြကြောင်း ဟာမစ်က ထွက်ဆိုပါတယ်။

ယင်းကျောင်းသူရဲ့ ဖြားယောင်းမှုတွေကို စိတ်ပျက်လာတဲ့အတွက် သူမကို ရှောင်နေရကာ နောက်ဆုံးမှာ သူမရဲ့မိခင်ကိုတောင် ဆက်သွယ်ပြောဆိုခဲ့တယ်လို့လည်း သူက ဆိုပါတယ်။

"စိတ်အနှောင့်အယှက်ဖြစ်လာတယ်။ ဘယ်လိုမှ သည်းမခံနိုင်အောင် လွန်လွန်းလာတယ်" လို့ ဟာမစ်က ပြောပါတယ်။


ဒါပေမဲ့ သူမရဲ့အပြုအမူနဲ့ ပတ်သက်ပြီး ကျောင်းကို တိုင်ကြားတဲ့အခါမှာတော့ အားလုံးက ရယ်သွင်းသွေးကြတယ်လို့ သူက ဆိုပါတယ်။

သင်္ချာဆရာဖြစ်တဲ့ ဟာမစ်ဟာ ယင်းမိန်းကလေးကို ရည်းစားစာပေးတယ်ဆိုတဲ့ စွပ်စွဲချက်ကို ငြင်းဆိုခဲ့ပြီး  ယင်းစာမှာ သူ အဲဒီအချိန်က ဒိတ်လုပ်နေတဲ့ အမျိုးသမီးအတွက် ရေးထားတာဖြစ်ကြောင်း ထွက်ဆိုခဲ့ပါတယ်။

သူဟာ ယင်းမိန်းကလေးနဲ့ ၂၀၁၅ ခုနှစ်မှာ အတူအိပ်ခဲ့တာကို ဝန်ခံခဲ့ပေမဲ့ သူမ အသက် မပြည့်သေးတာကို မသိဘူးလို့ ငြင်းခဲ့ပါတယ်။

ယင်းအမှုမှာ မပြီးပြတ်သေးဘဲ ဆက်လက်စစ်ဆေးရဦးမှာ ဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top