Property Expo
×

မိန္းကေလးေတြအေနနဲ႕ ကိုယ္သေဘာက် စိတ္၀င္စားေနတဲ့ ေကာင္ေလးကို အိေျႏၵသိကၡာရွိရွိေလးနဲ႕ ကိုယ့္ကိုသတိျပဳမိ သြားေအာင္ လုပ္ေဆာင္ဖုိ႕ နည္းနည္းခက္ခဲႏိုင္ပါတယ္။ ေပၚတင္ၾကီး နင့္ကိုငါ သေဘာက်တယ္ဆုိျပီး သြားေျပာလို႕ကလည္း မရ၊ သူ႕ကို လူမႈကြန္ယက္မွာ စျပီး သြား chat လုိ႕ကလည္း မရဲဘူးဆုိရင္ ဒီနည္းေလးေတြ သံုးၾကည့္ဖုိ႕ အၾကံေပးခ်င္ပါတယ္။

၁။သူ႕ကို ျပံဳးျပလိုက္ပါ။
အမ်ိဳးသားအမ်ားစုဟာ ကိုယ့္ကိုစိတ္၀င္စားသလိုလို၊ စိတ္မ၀င္စားသလိုလုိ ပဲမ်ားေနတဲ့ အမ်ိဳးသမီးေတြကို အခ်ိန္ၾကာၾကာ အာရံုမစိုက္တတ္ၾကပါဘူး။ အေၾကာခပ္တင္းတင္း အမ်ိဳးသမီးေတြဆုိရင္လည္း ဒီလိုပါပဲ။ ဒီေတာ့ သူကိုယ့္ကို သတိျပဳသြားမိေစဖုိ႕အတြက္ ကိုယ့္အေနနဲ႕ လုပ္ေဆာင္ႏိုင္တဲ့အရာက တစ္ဖက္လူကို အျပံဳးနဲ႕ မိတ္ဆက္လိုက္ျခင္းပါ။ မ်က္ႏွာမွာ အျမဲတမ္းျပံဳးပန္းေ၀ေနတဲ့သူကို ဘယ္သူကမ်ား သတိမျပဳမိပဲ ေနလိမ့္မလဲ။ ဒီေတာ့ သူ႕ကိုေတြ႕ရင္လည္း ျပံဳးျပလိုက္ပါ။ သူ႕ဘက္က အူေၾကာင္ေၾကာင္ ျဖစ္သြားသည့္တုိင္ သင့္ကို မွတ္မွတ္ထင္ထင္ ရွိသြားပါလိမ့္မယ္။

၂။သူ႕မ်က္လံုးေတြကို တစ္ခ်က္ တစ္ခ်က္ စိုက္ၾကည့္ေပးပါ။
အေပၚယံျဖတ္ခနဲ လွမ္းၾကည့္လိုက္တာမ်ိဳး မဟုတ္ပဲ သူ႕မ်က္လံုးကို ေသခ်ာစိုက္ၾကည့္လိုက္ျခင္းအားျဖင့္ သူ႕စိတ္ထဲ တစ္မ်ိဳးတစ္မည္ ခံစားသြားရပါလိမ့္မယ္။ သူ႕ဘက္ကလည္း ကိုယ့္ကို ျပန္စိုက္ၾကည့္ေနတယ္ဆုိရင္ေတာ့ ဒါအေျခအေန ေကာင္းတဲ့သေဘာပါ။ သူကိုယ့္ကို ျပန္စိုက္မၾကည့္ရင္လည္း စိတ္ပ်က္မသြားပါနဲ႕။ သူကိုယ့္အနီးအနားမွာ ရွိတုိင္း တစ္ခ်ိန္လံုးမဟုတ္ရင္ေတာင္ တစ္ခ်က္တစ္ခ်က္ အဲ့ဒီလိုၾကည့္ေပးဖုိ႕ လိုပါတယ္။

၃။ သူေျပာတာေတြကို နားေထာင္ေပးပါ။
ဘယ္သူမဆုိ ကိုယ့္စကားကို စိတ္၀င္တစား နားေထာင္ၾကတဲ့သူကို သေဘာက်တတ္ပါတယ္။ ဒီနည္းေလးကို သံုးၾကည့္ပါ။ သူေျပာျပတဲ့ အေၾကာင္းအရာ၊ သူ႕အၾကိဳက္ေတြ၊ မၾကိဳက္တာေတြကို မွတ္ထားျပီး သူေျပာသမ်ွ အာရံုစိုက္ နားေထာင္ေပးလိုက္ပါ။

၄။ ေမးခြန္းေတြ ေမးပါ။
တကယ္လုိ႕ သူက စကားသိပ္မေျပာတဲ့သူဆုိရင္ သူနဲ႕ကိုယ္နဲ႕ၾကား စကားစျပတ္မသြားဖုိ႕ ကိုယ့္ဘက္က ေမးခြန္းေလးေတြ စေမးေပးလိုက္ပါ။ ကိုယ္ေမးတဲ့ ေမးခြန္းဟာ သူ႕အေၾကာင္းအပါအ၀င္ သူစိတ္၀င္စားတဲ့ အရာေတြကိုသာ ေမးခြန္းထုတ္ရမွာပါ။ ဒါဆုိသူကလည္း အားတက္သေရာ သင့္ကိုရွင္းလင္းျပပါလိမ့္မယ္။

၅။ ဘာမွမေျပာပဲ ေအးေအးခ်မ္းခ်မ္းေလး ေနေပးလိုက္ပါ။
တကယ္လုိ႕ သူက စာအုပ္ဖတ္တာ သေဘာက်တယ္၊ ေအးေဆးေနတတ္တဲ့သူဆုိ သင္လည္း ေအးေဆးေနေပးလိုက္ပါ။ သူနဲ႕အေဖာ္ျပဳတဲ့အခါ သူ႕စိတ္ထဲ သက္ေတာင့္သက္သာရွိေအာင္ သင္ဘက္က ျငိမ္ျငိမ္ေလး ေနျပလိုက္ပါ။ ဒီအဆင့္ကေတာ့ သူနဲ႕ပိုနီးစပ္သြားျပီး နွစ္ေယာက္တည္း hang out လုပ္တဲ့အခ်ိန္ေတြမွာ သံုးရမွာပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Trend Myanmar

#Unicode version

မိန်းကလေးတွေအနေနဲ့ ကိုယ်သဘောကျ စိတ်ဝင်စားနေတဲ့ ကောင်လေးကို အိနြေ္ဒသိက္ခာရှိရှိလေးနဲ့ ကိုယ့်ကိုသတိပြုမိ သွားအောင် လုပ်ဆောင်ဖို့ နည်းနည်းခက်ခဲနိုင်ပါတယ်။ ပေါ်တင်ကြီး နင့်ကိုငါ သဘောကျတယ်ဆိုပြီး သွားပြောလို့ကလည်း မရ၊ သူ့ကို လူမှုကွန်ယက်မှာ စပြီး သွား chat လို့ကလည်း မရဲဘူးဆိုရင် ဒီနည်းလေးတွေ သုံးကြည့်ဖို့ အကြံပေးချင်ပါတယ်။

၁။သူ့ကို ပြုံးပြလိုက်ပါ။
အမျိုးသားအများစုဟာ ကိုယ့်ကိုစိတ်ဝင်စားသလိုလို၊ စိတ်မဝင်စားသလိုလို ပဲများနေတဲ့ အမျိုးသမီးတွေကို အချိန်ကြာကြာ အာရုံမစိုက်တတ်ကြပါဘူး။ အကြောခပ်တင်းတင်း အမျိုးသမီးတွေဆိုရင်လည်း ဒီလိုပါပဲ။ ဒီတော့ သူကိုယ့်ကို သတိပြုသွားမိစေဖို့အတွက် ကိုယ့်အနေနဲ့ လုပ်ဆောင်နိုင်တဲ့အရာက တစ်ဖက်လူကို အပြုံးနဲ့ မိတ်ဆက်လိုက်ခြင်းပါ။ မျက်နှာမှာ အမြဲတမ်းပြုံးပန်းဝေနေတဲ့သူကို ဘယ်သူကများ သတိမပြုမိပဲ နေလိမ့်မလဲ။ ဒီတော့ သူ့ကိုတွေ့ရင်လည်း ပြုံးပြလိုက်ပါ။ သူ့ဘက်က အူကြောင်ကြောင် ဖြစ်သွားသည့်တိုင် သင့်ကို မှတ်မှတ်ထင်ထင် ရှိသွားပါလိမ့်မယ်။

၂။သူ့မျက်လုံးတွေကို တစ်ချက် တစ်ချက် စိုက်ကြည့်ပေးပါ။
အပေါ်ယံဖြတ်ခနဲ လှမ်းကြည့်လိုက်တာမျိုး မဟုတ်ပဲ သူ့မျက်လုံးကို သေချာစိုက်ကြည့်လိုက်ခြင်းအားဖြင့် သူ့စိတ်ထဲ တစ်မျိုးတစ်မည် ခံစားသွားရပါလိမ့်မယ်။ သူ့ဘက်ကလည်း ကိုယ့်ကို ပြန်စိုက်ကြည့်နေတယ်ဆိုရင်တော့ ဒါအခြေအနေ ကောင်းတဲ့သဘောပါ။ သူကိုယ့်ကို ပြန်စိုက်မကြည့်ရင်လည်း စိတ်ပျက်မသွားပါနဲ့။ သူကိုယ့်အနီးအနားမှာ ရှိတိုင်း တစ်ချိန်လုံးမဟုတ်ရင်တောင် တစ်ချက်တစ်ချက် အဲ့ဒီလိုကြည့်ပေးဖို့ လိုပါတယ်။

၃။ သူပြောတာတွေကို နားထောင်ပေးပါ။
ဘယ်သူမဆို ကိုယ့်စကားကို စိတ်ဝင်တစား နားထောင်ကြတဲ့သူကို သဘောကျတတ်ပါတယ်။ ဒီနည်းလေးကို သုံးကြည့်ပါ။ သူပြောပြတဲ့ အကြောင်းအရာ၊ သူ့အကြိုက်တွေ၊ မကြိုက်တာတွေကို မှတ်ထားပြီး သူပြောသမျှ အာရုံစိုက် နားထောင်ပေးလိုက်ပါ။

၄။ မေးခွန်းတွေ မေးပါ။
တကယ်လို့ သူက စကားသိပ်မပြောတဲ့သူဆိုရင် သူနဲ့ကိုယ်နဲ့ကြား စကားစပြတ်မသွားဖို့ ကိုယ့်ဘက်က မေးခွန်းလေးတွေ စမေးပေးလိုက်ပါ။ ကိုယ်မေးတဲ့ မေးခွန်းဟာ သူ့အကြောင်းအပါအဝင် သူစိတ်ဝင်စားတဲ့ အရာတွေကိုသာ မေးခွန်းထုတ်ရမှာပါ။ ဒါဆိုသူကလည်း အားတက်သရော သင့်ကိုရှင်းလင်းပြပါလိမ့်မယ်။

၅။ ဘာမှမပြောပဲ အေးအေးချမ်းချမ်းလေး နေပေးလိုက်ပါ။
တကယ်လို့ သူက စာအုပ်ဖတ်တာ သဘောကျတယ်၊ အေးဆေးနေတတ်တဲ့သူဆို သင်လည်း အေးဆေးနေပေးလိုက်ပါ။ သူနဲ့အဖော်ပြုတဲ့အခါ သူ့စိတ်ထဲ သက်တောင့်သက်သာရှိအောင် သင်ဘက်က ငြိမ်ငြိမ်လေး နေပြလိုက်ပါ။ ဒီအဆင့်ကတော့ သူနဲ့ပိုနီးစပ်သွားပြီး နှစ်ယောက်တည်း hang out လုပ်တဲ့အချိန်တွေမှာ သုံးရမှာပါ။

ဖိုးသူတော် (www.phothutaw.com)
Credit : Trend Myanmar

 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top