Property Expo
×

ပရေလာက ရွိမရွိနဲ႔ပတ္သက္ၿပီး ငယ္စဥ္ကတည္းက ပံုျပင္ေတြ ၀တၱဳေတြ အေတာ္မ်ားမ်ား ဖတ္ဖူးပါတယ္။ တခ်ိဳ႕ကလည္း ကိုယ္တိုင္ေတြ႔ဖူးမွယံုၾကည္ၾကပါတယ္။ တစ္ခ်ိဳ႕ကလည္း ကိုယ္တိုင္မၾကံဴဘူးေပမဲ့ ယံုၾကည္ေလာက္တဲ့ အေထာက္အထားေတြကို ေတြ႔ၿပီး ယံုၾကည္ၾကပါတယ္။

ဘုရားေဟာ ဇတ္ေတာ္ေတြမွာလည္း နတ္၊ နဂါး၊ ၿပိတၱာ ေတြအေၾကာင္းပါ၀င္ပါတယ္။

ကၽႊန္ေတာ္အယူအဆကေတာ့ ကိုယ္တိုင္မျမင္ဘူးေသာ္လည္း ယုတၱိတန္တယ္ဆိုရင္ ယံုၾကည္သင့္တယ္ ထင္ပါတယ္။ ပရေလာကသားေတြကို တစ္ခါေလာက္မ်က္၀ါးထင္ထင္ ျမင္ဘူးခ်င္တယ္။

တစ္ခါေတာ့ ထူးထူးဆန္းဆန္း ျဖစ္ရပ္ေလး တစ္ခုနဲ႔ တိုက္တိုက္ဆိုင္ဆိုင္ၾကံဳခဲ့ဖူးပါတယ္။ အဲဒီျဖစ္ရပ္ေလးကိုု အားလံုးသိေအာင္ ေရးသားလိုက္တာပါ။ ဒီဇတ္လမ္းမွာပါ၀င္တဲ့့ လူပုဂၢိဳလ္ ေတြရဲ့ အမည္နာမ၊ ရြာအမည္မ်ားကို လႊဲေျပာင္းထားတာကလြဲလို႔ ဇတ္လမ္းတစ္ခုလုံးက ျဖစ္ရပ္မွန္ပါပဲ။

ကၽႊန္ေတာ္ ဘြဲရၿပီး ကၽႊန္ေတာ့္ေမြးရပ္ေျမျဖစ္တဲ့ ရမ္းျဗဲကၽြန္းကို အလည္တစ္ေခါက္ ျပန္ျဖစ္ပါတယ္။ ေမြးရပ္ေျမက အျပန္မွာ ကၽႊန္ေတာ့္ အေဖဘက္က ဦးေလးတစ္ေယာက္ရဲ့ ဖိတ္ေခၚမႈနဲ႔ ေဆြမ်ိဳးေတြရွိရာ အမ္းၿမိဳ႕ နယ္ကရြာတစ္ရြာကို ကၽႊန္ေတာ္ အလည္အပတ္သေဘာမ်ိဳးနဲ႔ ေရာက္သြားပါတယ္။

အဲဒီရြာနာမည္က မင္းဒင္ရြာလို႔ေခၚပါတယ္။ အိမ္ေျခႏွစ္ရာငါးဆယ္ေလာက္ရွိတဲ့ ရခိုင္ရိုးမ အေနာက္ေတာင္ေျခ တစ္ခုမွာတည္ရွိတဲ့ ရြာေလးတစ္ရြာျဖစ္ပါတယ္။

တစ္ရြာလံုး ရခိုင္လူမ်ိဳးေတြျဖစ္ၿပီး သူတို႔ ရခိုင္ဘာသာစကားက ကၽြန္ေတာ္တို႔ ေဒသမွာေျပာတဲ့ စကားထက္ပိုၿပီး ေလယူေလသိမ္းက ပိုၿပီး၀ဲပါတယ္။ ရခိုင္အခ်င္းခ်င္းေတာင္ နားလည္ေအာင္ ေတာ္ေတာ္နားစိုက္ ေထာင္ရပါတယ္။

အဲဒီရြာကို တတ္ေတာင္ဆိုတဲ့ ရြာကေန ၆ နာရီၾကာ ေမာ္ေတာ္ဘုတ္ စီးၿပီး၊ ၂ နာရီခန္႔ လမ္းေလွ်ာက္မွ ေရာက္တာပါ။

ကၽႊန္ေတာ္တို႔ရြာကိုေရာက္သြားတဲ့ အခ်ိန္မွာ ညေန ၆ နာရီနီးပါးရွိပါၿပီ။ ရြာကိုေရာက္ခဏနားၿပီး ေရမိုးခ်ိဳး ထမင္းစားၾကပါတယ္။

ထမင္း၀ိုင္းမွာပဲ ထူးျခားတဲ့သတင္း တစ္ခုကိုၾကားရပါတယ္။ ကၽႊန္ေတာ္ တည္းတဲ့အိမ္ရဲ့ ေဘးအိမ္မွာ ေက်ာင္းသူမိန္းကေလးတစ္ေယာက္ ဖ်ားနာေနတာ သံုးပတ္ေလာက္ၾကာေနၿပီပါတယ္။

ဘယ္လိုေဆးဆရာကို ေခၚကုေသာ္လည္း မသက္သာပဲျဖစ္ေနပါတယ္။ ကၽႊန္ေတာ့္အတြက္ေတာ့ ၾကားၾကားခ်င္း ဒီကိစၥကိုလက္မခံႏိုင္ပါဘူး။

တကယ္နားလည္တတ္ကၽြမ္းတဲ့ ဆရာ၀န္၊ အထူးကုေတြနဲ႔ ေသခ်ာကုရင္ ေပ်ာက္ကိုေပ်ာက္ႏိုင္တယ္ေပါ့။ သူျဖစ္တာဘယ္လိုေရာဂါဆိုတာ ဒီေတာက ေဆးဆရာရမ္းကုေတြက ဘယ္သိႏိုင္မလဲေပါ့။ စိတ္ထဲ့စဥ္းစားမိတာပါ။ ႏုတ္ကေတာ့ ကိုယ္နဲ႔သိပ္မဆိုင္ေတာ့ ထုတ္မေျပာျဖစ္ပါဘူး။

အဲဒီမိန္းကေလးကို အဂၤလိပ္ေဆးနဲ႔ ဘယ္လိုမွကုမရလို႔ ပေရာဂဆရာနဲ႔ ကုမယ္ဆိုၿပီးသူ႔မိသားစုက စီစဥ္ေနၾကတယ္ဆိုပဲ။ ကၽႊန္ေတာ္လည္းနည္းနည္းေတာ့ စိတ္၀င္စားသြားတယ္။ ပေရာဂကုတာ ရုပ္ရွင္ထဲမွာပဲ ျမင္ဘူးတယ္ေလ။ အျပင္မွာတစ္ခါမွ မျမင္ဖူးဘူး။

ဒီတစ္ခါေတာ့ မလြတ္တန္းၾကည့္ရမယ္ ဆိုၿပီး စိတ္ထဲ ေတးထားလိုက္တယ္။ ကၽႊန္ေတာ့္ဦးေလးကလည္းရြာမွာ ရပ္မိရပ္ဖထဲမွာပါေလေတာ့ ေနရာတကာသူမပါရင္ မၿပီးဘူး။

စကားေျပာရင္လည္း သူ႔အလွည့္ခ်ည္းပဲ သူမ်ားကိုသိပ္အလွည့္မေပးတတ္တဲ့သူမ်ိဳး။ သဒၵါတရား ေကာင္းၿပီးေနရာတကာပါလြန္းလို႔ သူမိန္းမက သူကိုအျမဲဘရိတ္အုပ္ေနရတဲ့ သူမ်ိဳး။

ညေနစာစားၿပီး ဦးေလးကေဘးအိမ္ကိုသတင္းသြားေမးၾကမယ္လို႔ ကၽႊန္ေတာ့္ကိုလာေခၚပါတယ္။ သူစကားထဲမွာပါေသးတာက ေနမေကာင္းတဲ့ေကာင္မေလးက အေတာ္ကိုေခ်ာတယ္ဆိုပဲ။ ကၽႊန္ေတာ္တို႔ေရာက္သြားေတာ့ ညရွစ္နာရီေက်ာ္ေလာက္ရွိေနပါၿပီ။ ေတာရြာမွာဆိုေတာ့ ရွစ္နာရီဆိုတာ အားလံုးအိပ္ယာ ၀င္တဲ့အခ်ိန္ပါပဲ။ ဒါေပမဲ့ ေနမေကာင္းတဲ့သူရွိတဲ့ အတြက္ သတင္းလာေမးတဲ့သူေတြနဲ႔ သူတို႔အိမ္မွာ လူစည္ေနပါတယ္။

အိမ္က ကၽႊန္းတိုင္ေတြအမ်ားႀကီးနဲ႔ေဆာက္ထားတဲ့ ႏွစ္ထပ္ရခိုင္အိမ္ႀကီးပါပဲ။ အေပၚထပ္ကိုတက္သြားေတာ့ လူနာကိုဘုရာခန္းမွာ သိပ္ထားၿပီး ဘုရားခန္းေရွ႕ ၀ရန္တာမွာ လူနာရဲ့ဖခင္၊ မိခင္ နဲ႔ အတူဧည့္သည္ လူႀကီးႏွစ္ဦး ထိုင္ေနၾကပါတယ္။

ဦးေလးက ကၽႊန္ေတာ့္ကို ရန္ကုန္က သူ႔တူျဖစ္ေၾကာင္း ဘြဲ႔ရၿပီး အလုပ္မ၀င္ခင္ ေဆြမ်ိဳးမ်ားရွိရာသို႔ ေဒသႏၱရဗဟုသုတ အလိုငွာ လာေရာက္လည္ပတ္ေၾကာင္း စသည္ျဖင့္ ေျပာဆို မိတ္ဆက္ေပးပါတယ္။ သူမိဘေတြေျပာျပတာကေတာ့ မက်န္းမာ ျဖစ္ေနတဲ့ မိန္းကေလးက သားသမီးေတြထဲမွာ အႀကီးဆံုးပါ။ ဆယ္တန္းေျဖဖို႔ လုပ္ေနပါတယ္။ သူ႔ေအာက္က တစ္ယာက္က ၆ တန္း မိန္းကေလးပါပဲ။

အငယ္ဆံုးတစ္ေယာက္က ေယာက္က်ားေလးျဖစ္ၿပီး တစ္တန္းပါ။ သူ႔မိဘမ်ားေျပာျပခ်က္အရေတာ့ ေနမေကာင္းျဖစ္တာ သံုးပတ္ေလာက္ရွိပါၿပီ။ အစမွာ အသံ၀င္သြားတာကစတာပါ။ အသံ၀င္ၿပီး သံုး၊ ေလးရက္ေလာက္မွာ ဖ်ားပါတယ္။ ေနာက္ၿပီး အစာမစားႏိုင္ အိပ္ယာထဲ လဲတာပါပဲ။

ညဆိုရင္ကေယာင္ကတမ္းထေျပာၿပီး ငိုတယ္ဆိုပါတယ္။

ဆရာ၀န္ကိုပင့္ၿပီး ျပပါေသာ္လည္း မသက္သာသည္မွာ တစ္ပတ္ေက်ာ္ၾကာၿပီျဖစ္တဲ့အတြက္ လူႀကီးသူမေတြက အၾကံေပးတဲ့အတိုင္း ပေရာဂဆရာကိုေခၚျပဖို႔ လုပ္ေနၾကတာျဖစ္ပါတယ္။
စကားစျမည္ေျပာေနၾကတဲ့ အခ်ိန္မွာပဲ လူနာကို ဆန္ျပဳတ္တိုက္ဖို႔ လုပ္ပါတယ္။

မက်န္းမာတဲ့ မိန္းကေလးက ဦးေလးေျပာတဲ့အတိုင္း အသားျဖဴျဖဴနဲ႔ ေတာ္ေတာ္ကိုေခ်ာပါတယ္။ သူညီမျဖစ္တဲ့ ၆ တန္းေက်ာင္းသူေလးလဲ သ႔ူအမလိုပဲ ေတာ္ေတာ္ေခ်ာပါတယ္။ က်န္တဲ့ မိဘႏွစ္ပါးနဲ႔ အငယ္ဆံုးကေလး၊ သူတို႔ေဆြမ်ိဳးေတြကေတာ့ ကၽႊန္ေတာ့မ်က္စိထဲ သာမန္ပါပဲ။ ပေရာဂဆရာကို ေနာက္ေန႔ညေန ၆ နာရီမွာခ်ိန္းထားတယ္ေျပာပါတယ္။ ဆရာကလည္း ပေရာဂကုတဲ့ေနရာမွာ အဲဒီနယ္တ၀ိုက္အလြန္နာမည္ႀကီးတဲ့ ဆရာဆိုပဲ။ အဲဒီညေတာ့ လူႀကီးေတြ အာလာပသာလာပေျပာၾကတာကို နားေထာင္ၿပီး ျပန္ခဲ့ပါတယ္။

အဲလိုနဲ႔ပဲ ေနာက္တစ္ေန႔ ညေန ၅ နာရီေက်ာ္ေလာက္ကတည္းက သူတို႔ အိမ္ဘက္က လႈပ္လႈပ္ရွားရွား စကားေျပာသံေတြ စၾကားရပါတယ္။

ကၽႊန္ေတာ္တို႔လည္း ထမင္းေစာေစာစားၿပီး ေနရာေကာင္းရေအာင္ ထိုင္ေတာင္မထိုင္ပဲ သူတို႔အိမ္ကို ထြက္ခဲ့ၾကပါတယ္။

လူနာကိုဘုရားခန္းေရွ႕ မွာသိပ္ထားၿပီး သူ႔မိသားစုေတြကေတာ့ ထုံးစံအတိုင္း သူေဘးမွာ ၀ိုင္းထိုင္လို႔ေပါ့။ ကၽႊန္ေတာ္ကေတာ့ ဘုရားခန္းအေရွ႕ ၀န္ရတာမွာ လူႀကီးေတြနဲ႔ထိုင္ေနပါတယ္။ ကၽႊန္ေတာ့္မွာေျပာစရာစကားလည္းမရွိပါဘူး။

အားလံုးကလူႀကီးေတြပဲဆိုေတာ့ သူတို႔အခ်င္းခ်င္းပဲ ေျပာဆိုေနၾကတာပါ။ သူတို႔ေျပာတဲ့ စကားကလည္း အရမ္း၀ဲေတာ့ ေတာ္ေတာ္အာရံုစိုက္နားေထာင္ရပါတယ္။

ဒီလိုနဲ႔ပဲ ေလ့လာအကဲခတ္ရင္း ဆရာအလာကို ေစာင့္ေနပါတယ္။ အဲလိုေစာင့္ေနရင္း ဆရာမလာခင္ မိနစ္ပိုင္းအလိုမွာပဲ လူနာကေကာက္ကာငင္ကာ ထငိုပါေတာ့တယ္။မိသားစု၀င္ေတြက ေခ်ာ့ေမာၿပီးဘယ္လိုပဲေမးေမး ငိုတာကရပ္မသြားသလို စကားလည္းလံုး၀ျပန္မေျပာပါဘူး။

ဆရာက ၆ နာရီေက်ာ္ေလာက္မွာ သူ႔တပည့္တစ္ေယာက္နဲ႔ ေရာက္လာပါတယ္။ ဆရာကအသက္ ၇၀ ေက်ာ္ေလာက္ရွိမယ္ထင္ပါတယ္။ ဆရာက အိမ္ေပၚကိုတက္လာၿပီး လူနာေဘးမွာထိုင္လိုက္တာနဲ႔ပဲ လူနာက အသံထြက္ငိုတာရပ္ၿပီး ႀကိတ္ငိုေနပါေတာ့တယ္။ ဆရာက လူနာေဘးကလူေတြကို ဖယ္ခိုင္းၿပီး သ႔ူမွာပါတဲ့ေရပုလင္းထဲကေရနဲ႔ လူနာပတ္လည္ကိုျဖန္းပါတယ္။
ၿပီးေတာ့ဘုရားေရွ႕ ခိုးပါတယ္။ အားလံုးစီမံစရာေတြ စီမံၿပီးမွ လူနာေဘးကထိုင္ၿပီး ”ကဲ အခုဒီသမီးငယ္ရဲ့ခႏၱာမွာ ပူးကပ္ေနတာ ဘယ္သူလဲေျပာစမ္း” ဆိုၿပီး ေငါက္လိုက္ပါေတာ့တယ္။ ဘာမွျပန္မေျပာပါဘူး။ ဆရာကႏွစ္ခြန္းေငါက္လိုက္မွ လူနာက ”အရင္ဘ၀ကသ႔ူအမပါ” ဆိုၿပီးျပန္ေျပာတယ္။ လူနာကို ေဘးကသူအေမနဲ႔ အေဒၚျဖစ္သူက ထိုိုင္ၿပီးစကားေျပာႏိုင္ေအာင္ တြဲကိုင္ေပးထားလိုက္ပါတယ္။

ဆရာက ဘာလို႔ဒီလိုလုပ္ရတာလဲလို႔ဆရာက ဆက္ၿပီးေမးေတာ့ စကားကိုဆက္ၿပီးေျပာပါတယ္။ သူမေျပာျပတာက သူတို႔ေတြက အရင္ဘ၀ကညီအမေလးေယာက္ အတူရွိေနၾကတာပါတဲ့ သူတို႔ရဲ့သိုက္နန္းက မင္းဘူးၿမိဳ႕နယ္ထဲကပါတဲ့။ သူကအႀကီးဆံုးျဖစ္ၿပီး အလတ္မ ျဖစ္သူ (ယကၡဳ ေနမေကာင္းျဖစ္ေနသူ) က လူျပည္ကိုသြားခ်င္တဲ့ အတြက္ခြင့္ျပဳလိုက္တာပါ။

အလတ္မၿပီးေတာ့ ေနာက္အငယ္တစ္ေယာက္ကလည္း သြားခ်င္ျပန္ေတာ့ ခြင့္ျပဳလိုက္ျပန္သတဲ့။ သူတို႔ကတိျပဳခဲ့တာက အိမ္ေထာင္မျပဳပါဘူး။ အိမ္ေထာင္မျပဳခင္ျပန္လာမယ္ဆိုလို႔ အခုသူတို႔ကို ေခၚဖ႔ိုလုပ္ေနရတာပါ။

ဘယ္သူ႔ကိုမွ ထိခိုက္ေအာင္မလုပ္ပါဘူး။ သူတို႔ညီအမေလးေယာက္ကို မခြဲပါနဲ႔ဆိုၿပီး ေျပာလိုက္ငိုလိုက္ ေတာ္ေတာ္ၾကာပါတယ္။ ဒီေနရာမွာကၽႊန္ေတာ္ေျပာခ်င္တာက သူမေျပာတဲ့စကားပါပဲ။

သူမေျပာတဲ့စကားက ကၽႊန္ေတာ့္ကို အရမ္းကိုအံၾသေစပါတယ္။ ဘာေၾကာင့္လည္းဆိုေတာ့ ဒီေလာက္စကားအလြန္၀ဲၿပီး ရခိုင္အခ်င္းခ်င္းေတာင္ အေတာ္နားေထာင္ရတဲ့ ရခိုင္ရြာႀကီးမွာ ဗမာလိုပီပီသသေျပာတတ္တာဆိုလို႔ ရန္ကုန္ကလာတဲ့ ကၽႊန္ေတာ္တစ္ေယာက္တည္း ပါတယ္ဆိုတာ ရဲရဲႀကီးေျပာရဲတယ္။

ကၽႊန္ေတာ္ကငယ္ငယ္ကတည္းက ရန္ကုန္မွာႀကီးလို႔ ကၽႊန္ေတာ္ဗမာစကားေျပာရင္ ကၽႊန္ေတာ့္ကိုရခိုင္မွန္း ဘယ္သူမွ မသိပါဘူး။ ပေရာဂဆရာကလည္း ဒီဘ၀မွာ သူလည္းသူမိသားစုနဲ႔သူျဖစ္ေနၿပီျဖစ္တဲ့အတြက္ အဲလိုျပန္ေခၚဖို႔မျဖစ္ႏိုင္ေၾကာင္း ရခိုင္စကားနဲ႔ေျပာပါတယ္။ လူနာကလည္း ဗမာစကားနဲ႔ျပန္ၿပီးေျဖပါတယ္။
ငိုတဲ့အခါလည္း သူတို႔ညီအမေတြဘယ္ေလာက္ခ်စ္ၾကတယ္ ဆိုတဲ့အေၾကာင္းကို ဗမာလိုဖြဲ႔ႏြဲ႔ေျပာၿပီးငိုပါတယ္။

ေနာက္ဆံုးေတာ့ ဆရာက အမိန္ျပန္တမ္းထုတ္ၿပီး သိုက္ႀကိဳးျဖတ္လိုက္ပါတယ္။ အဲလိုျဖတ္တာ သူတစ္ေယာက္ တည္းကိုမဟုပ္ပါဘူး။ သူညီမကိုပါျဖတ္လိုက္တာပါ။

သိုက္ႀကိဳးမျဖတ္ခင္ အေတာ္ႀကီးကို ေတာင္းပန္ၿပီး ငိုခဲ့ပါေသးတယ္။ ေနာက္ဆံုးဆရာသိုက္ႀကိဳးျဖတ္ၿပီးေတာ့ လူနာမိန္းကေလးက ဘုန္းကနည္းလဲၿပီး နဲနဲေလးၿငီးၿပီး အိပ္ေပ်ာ္သြားပါတယ္။

ကၽႊန္ေတာ္တို႔လည္း အံၾသျခင္းမ်ားစြာနဲ႔ အိမ္ကိုျပန္ခဲ့ၾကပါတယ္။

ေနာက္ေန႔မနက္မိုးလင္းေတာ့ လူနာသတင္းေမးဖို႔ အေစာဆံုးဦးေလးကိုပူဆာသူက ကၽႊန္ေတာ္ပါ။ ကၽႊန္ေတာ့္ေခါင္းထဲမွာ ေမးစရာေမးခြန္းေပါင္းမ်ားစြာ တန္းစီေနပါတယ္။

ဒါေပမဲ့ ဦးေလးက မိန္းကေလးေနေကာင္းပါေစဦး ေစာင့္ပါဦးဆိုလို႔ ၄ ရက္တိတိေစာင့္ခဲ့ပါတယ္။
အဲေန႔ကစၿပီး ေကာင္မေလးလည္း လူေကာင္းပကတိအလားေနေကာင္းသြားပါတယ္။ အားရွိလာေအာင္ေတာ့ အားျပန္ေမြးရတာေပါ့။

၄ ရက္ၾကာေလာက္ေစာင့္ေနတဲ့ အေတာအတြင္းမွာပဲ သူ႔ရဲ့ညီမျဖစ္သူ၊ သူမိသားစုေတြနဲ႔ ကၽႊန္ေတာ္ အေတာ္ေလးရင္းနီးသြားခဲ့ပါတယ္။ ၄ ရက္ေျမာက္တဲ့ေန႔မွာ ကၽႊန္ေတာ္သူတို႔အိမ္ကို သြားလည္ေတာ့ မိန္းကေလးက အိမ္ေရွ႕ မွာ ထိုင္ေနရာက ကၽႊန္ေတာ္လာတာျမင္ေတာ့ ထေျပးဖို႔လုပ္ပါတယ္။

လူႀကီးေတြက အတင္းတားၿပီး နင့္ကို ဒီဧည့္သည္ေလးက စကားေျပာခ်င္လို႔ ဆိုၿပီးအတင္းေခၚမွာ ဆက္ထိုင္ေနပါတယ္။

အဲေန႔က ကၽႊန္ေတာ္သူကို ေမးတဲ့ေမးခြန္းေတြကေတာ့ ဗမာစကားေျပာဘူးလား၊ ေျပာတတ္လား။
ေက်ာင္းမွာဆရာမက ဗမာလိုေျပာၿပီးသင္တာလား။

ရခိုင္စကားနဲ႔သင္တာလား။ ရန္ကုန္ေရာက္ဘူးလား။ အဲညက အျဖစ္ေတြကိုမွတ္မိလား စသျဖင့္ စံုလို႔ပါပဲ။ သူအေ၀းဆံုးေရာက္ဘူးတာ အမ္းၿမိဳ႕ ပါ။
အမ္းၿမိဳ႕ ကလြဲၿပီး ဘယ္မွမေရာက္ဘူးပါဘူး။

ဗမာစကားကိုဘယ္ေနရာမွာမွ ေျပာစရာေနရာမရွိပါဘူးတဲ့။ ဗြီဒီယိုကားေတြကို ၾကည့္တဲ့အတြက္နားလည္ၿပီး သီခ်င္းေတြလည္း နည္းနည္းပါးပါးနားေထာင္ဘူးပါတယ္တဲ့။

(ရခိုင္ေတာ္ေတာ္မ်ားမ်ားက ဗမာစကားကိုနားလည္ၾကပါတယ္။ ျပန္မေျပာတတ္ၾကပါ) ပေရာဂကုတဲ့ညက ကိစၥေတြ သူဘာမွမသိပါဘူးတဲ့။

သို႔ေသာ္ သူ႔ကိုပေရာဂ ကုတဲ့ညက သူေျပာခဲ့တာေတြကိုကၽႊန္ေတာ့္နားနဲ႔ ဆက္ဆက္ၾကားခဲ့တဲ့ အတြက္ ကၽႊန္ေတာ့္အဖို႔ေတာ့ သူ႔ကိုၾကည့္ရင္း အံၾသၿပီးရင္းအံၾသေနရပါတယ္။

သူ႔မိသားစုေတြကေတာ့ သူတို႔သမီးေလး ေနေကာင္းသြားတဲ့ အတြက္ဘာမွေထြေထြထူးထူး မစဥ္းစားၾကေတာ့ပါဘူး။

သူ႔သူငယ္ခ်င္းေတြကေတာ့ အဲဒီညက သူဗမာစကားေျပာတာကို နဲနဲအံၾသၾကပါသတဲ့။
ကၽႊန္ေတာ္ကေတာ့ ပရေလာကဆိုတဲ့ စကားလံုးကိုၾကားတိုင္း သူမကိုေျပးၿပီးျမင္ေယာင္မိပါတယ္။ သူမရဲ့အရင္ဘ၀က အမျဖစ္သူေကာ အဆင္မွေျပပါေလစ ဆိုၿပီးတစ္ခါတစ္ရံ စဥ္းစားမိၿပီး စိုးရိမ္မိပါေတာ့တယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:ThaYae BlogSpot

#Unicode Version
ပရလောက ရှိမရှိနဲ့ပတ်သက်ပြီး ငယ်စဉ်ကတည်းက ပုံပြင်တွေ ဝတ္တုတွေ အတော်များများ ဖတ်ဖူးပါတယ်။ တချို့ကလည်း ကိုယ်တိုင်တွေ့ဖူးမှယုံကြည်ကြပါတယ်။ တစ်ချို့ကလည်း ကိုယ်တိုင်မကြူံဘူးပေမဲ့ ယုံကြည်လောက်တဲ့ အထောက်အထားတွေကို တွေ့ပြီး ယုံကြည်ကြပါတယ်။

ဘုရားဟော ဇတ်တော်တွေမှာလည်း နတ်၊ နဂါး၊ ပြိတ္တာ တွေအကြောင်းပါဝင်ပါတယ်။

ကျွှန်တော်အယူအဆကတော့ ကိုယ်တိုင်မမြင်ဘူးသော်လည်း ယုတ္တိတန်တယ်ဆိုရင် ယုံကြည်သင့်တယ် ထင်ပါတယ်။ ပရလောကသားတွေကို တစ်ခါလောက်မျက်ဝါးထင်ထင် မြင်ဘူးချင်တယ်။

တစ်ခါတော့ ထူးထူးဆန်းဆန်း ဖြစ်ရပ်လေး တစ်ခုနဲ့ တိုက်တိုက်ဆိုင်ဆိုင်ကြုံခဲ့ဖူးပါတယ်။ အဲဒီဖြစ်ရပ်လေးကိုု အားလုံးသိအောင် ရေးသားလိုက်တာပါ။ ဒီဇတ်လမ်းမှာပါဝင်တဲ့ လူပုဂ္ဂိုလ် တွေရဲ့ အမည်နာမ၊ ရွာအမည်များကို လွှဲပြောင်းထားတာကလွဲလို့ ဇတ်လမ်းတစ်ခုလုံးက ဖြစ်ရပ်မှန်ပါပဲ။

ကျွှန်တော် ဘွဲရပြီး ကျွှန်တော့်မွေးရပ်မြေဖြစ်တဲ့ ရမ်းဗြဲကျွန်းကို အလည်တစ်ခေါက် ပြန်ဖြစ်ပါတယ်။ မွေးရပ်မြေက အပြန်မှာ ကျွှန်တော့် အဖေဘက်က ဦးလေးတစ်ယောက်ရဲ့ ဖိတ်ခေါ်မှုနဲ့ ဆွေမျိုးတွေရှိရာ အမ်းမြို့ နယ်ကရွာတစ်ရွာကို ကျွှန်တော် အလည်အပတ်သဘောမျိုးနဲ့ ရောက်သွားပါတယ်။

အဲဒီရွာနာမည်က မင်းဒင်ရွာလို့ခေါ်ပါတယ်။ အိမ်ခြေနှစ်ရာငါးဆယ်လောက်ရှိတဲ့ ရခိုင်ရိုးမ အနောက်တောင်ခြေ တစ်ခုမှာတည်ရှိတဲ့ ရွာလေးတစ်ရွာဖြစ်ပါတယ်။

တစ်ရွာလုံး ရခိုင်လူမျိုးတွေဖြစ်ပြီး သူတို့ ရခိုင်ဘာသာစကားက ကျွန်တော်တို့ ဒေသမှာပြောတဲ့ စကားထက်ပိုပြီး လေယူလေသိမ်းက ပိုပြီးဝဲပါတယ်။ ရခိုင်အချင်းချင်းတောင် နားလည်အောင် တော်တော်နားစိုက် ထောင်ရပါတယ်။

အဲဒီရွာကို တတ်တောင်ဆိုတဲ့ ရွာကနေ ၆ နာရီကြာ မော်တော်ဘုတ် စီးပြီး၊ ၂ နာရီခန့် လမ်းလျှောက်မှ ရောက်တာပါ။

ကျွှန်တော်တို့ရွာကိုရောက်သွားတဲ့ အချိန်မှာ ညနေ ၆ နာရီနီးပါးရှိပါပြီ။ ရွာကိုရောက်ခဏနားပြီး ရေမိုးချိုး ထမင်းစားကြပါတယ်။

ထမင်းဝိုင်းမှာပဲ ထူးခြားတဲ့သတင်း တစ်ခုကိုကြားရပါတယ်။ ကျွှန်တော် တည်းတဲ့အိမ်ရဲ့ ဘေးအိမ်မှာ ကျောင်းသူမိန်းကလေးတစ်ယောက် ဖျားနာနေတာ သုံးပတ်လောက်ကြာနေပြီပါတယ်။

ဘယ်လိုဆေးဆရာကို ခေါ်ကုသော်လည်း မသက်သာပဲဖြစ်နေပါတယ်။ ကျွှန်တော့်အတွက်တော့ ကြားကြားချင်း ဒီကိစ္စကိုလက်မခံနိုင်ပါဘူး။

တကယ်နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်၊ အထူးကုတွေနဲ့ သေချာကုရင် ပျောက်ကိုပျောက်နိုင်တယ်ပေါ့။ သူဖြစ်တာဘယ်လိုရောဂါဆိုတာ ဒီတောက ဆေးဆရာရမ်းကုတွေက ဘယ်သိနိုင်မလဲပေါ့။ စိတ်ထဲ့စဉ်းစားမိတာပါ။ နုတ်ကတော့ ကိုယ်နဲ့သိပ်မဆိုင်တော့ ထုတ်မပြောဖြစ်ပါဘူး။

အဲဒီမိန်းကလေးကို အင်္ဂလိပ်ဆေးနဲ့ ဘယ်လိုမှကုမရလို့ ပရောဂဆရာနဲ့ ကုမယ်ဆိုပြီးသူ့မိသားစုက စီစဉ်နေကြတယ်ဆိုပဲ။ ကျွှန်တော်လည်းနည်းနည်းတော့ စိတ်ဝင်စားသွားတယ်။ ပရောဂကုတာ ရုပ်ရှင်ထဲမှာပဲ မြင်ဘူးတယ်လေ။ အပြင်မှာတစ်ခါမှ မမြင်ဖူးဘူး။

ဒီတစ်ခါတော့ မလွတ်တန်းကြည့်ရမယ် ဆိုပြီး စိတ်ထဲ တေးထားလိုက်တယ်။ ကျွှန်တော့်ဦးလေးကလည်းရွာမှာ ရပ်မိရပ်ဖထဲမှာပါလေတော့ နေရာတကာသူမပါရင် မပြီးဘူး။

စကားပြောရင်လည်း သူ့အလှည့်ချည်းပဲ သူများကိုသိပ်အလှည့်မပေးတတ်တဲ့သူမျိုး။ သဒ္ဒါတရား ကောင်းပြီးနေရာတကာပါလွန်းလို့ သူမိန်းမက သူကိုအမြဲဘရိတ်အုပ်နေရတဲ့ သူမျိုး။

ညနေစာစားပြီး ဦးလေးကဘေးအိမ်ကိုသတင်းသွားမေးကြမယ်လို့ ကျွှန်တော့်ကိုလာခေါ်ပါတယ်။ သူစကားထဲမှာပါသေးတာက နေမကောင်းတဲ့ကောင်မလေးက အတော်ကိုချောတယ်ဆိုပဲ။ ကျွှန်တော်တို့ရောက်သွားတော့ ညရှစ်နာရီကျော်လောက်ရှိနေပါပြီ။ တောရွာမှာဆိုတော့ ရှစ်နာရီဆိုတာ အားလုံးအိပ်ယာ ဝင်တဲ့အချိန်ပါပဲ။ ဒါပေမဲ့ နေမကောင်းတဲ့သူရှိတဲ့ အတွက် သတင်းလာမေးတဲ့သူတွေနဲ့ သူတို့အိမ်မှာ လူစည်နေပါတယ်။

အိမ်က ကျွှန်းတိုင်တွေအများကြီးနဲ့ဆောက်ထားတဲ့ နှစ်ထပ်ရခိုင်အိမ်ကြီးပါပဲ။ အပေါ်ထပ်ကိုတက်သွားတော့ လူနာကိုဘုရာခန်းမှာ သိပ်ထားပြီး ဘုရားခန်းရှေ့ ဝရန်တာမှာ လူနာရဲ့ဖခင်၊ မိခင် နဲ့ အတူဧည့်သည် လူကြီးနှစ်ဦး ထိုင်နေကြပါတယ်။

ဦးလေးက ကျွှန်တော့်ကို ရန်ကုန်က သူ့တူဖြစ်ကြောင်း ဘွဲ့ရပြီး အလုပ်မဝင်ခင် ဆွေမျိုးများရှိရာသို့ ဒေသန္တရဗဟုသုတ အလိုငှာ လာရောက်လည်ပတ်ကြောင်း စသည်ဖြင့် ပြောဆို မိတ်ဆက်ပေးပါတယ်။ သူမိဘတွေပြောပြတာကတော့ မကျန်းမာ ဖြစ်နေတဲ့ မိန်းကလေးက သားသမီးတွေထဲမှာ အကြီးဆုံးပါ။ ဆယ်တန်းဖြေဖို့ လုပ်နေပါတယ်။ သူ့အောက်က တစ်ယာက်က ၆ တန်း မိန်းကလေးပါပဲ။

အငယ်ဆုံးတစ်ယောက်က ယောက်ကျားလေးဖြစ်ပြီး တစ်တန်းပါ။ သူ့မိဘများပြောပြချက်အရတော့ နေမကောင်းဖြစ်တာ သုံးပတ်လောက်ရှိပါပြီ။ အစမှာ အသံဝင်သွားတာကစတာပါ။ အသံဝင်ပြီး သုံး၊ လေးရက်လောက်မှာ ဖျားပါတယ်။ နောက်ပြီး အစာမစားနိုင် အိပ်ယာထဲ လဲတာပါပဲ။

ညဆိုရင်ကယောင်ကတမ်းထပြောပြီး ငိုတယ်ဆိုပါတယ်။

ဆရာဝန်ကိုပင့်ပြီး ပြပါသော်လည်း မသက်သာသည်မှာ တစ်ပတ်ကျော်ကြာပြီဖြစ်တဲ့အတွက် လူကြီးသူမတွေက အကြံပေးတဲ့အတိုင်း ပရောဂဆရာကိုခေါ်ပြဖို့ လုပ်နေကြတာဖြစ်ပါတယ်။
စကားစမြည်ပြောနေကြတဲ့ အချိန်မှာပဲ လူနာကို ဆန်ပြုတ်တိုက်ဖို့ လုပ်ပါတယ်။

မကျန်းမာတဲ့ မိန်းကလေးက ဦးလေးပြောတဲ့အတိုင်း အသားဖြူဖြူနဲ့ တော်တော်ကိုချောပါတယ်။ သူညီမဖြစ်တဲ့ ၆ တန်းကျောင်းသူလေးလဲ သ့ူအမလိုပဲ တော်တော်ချောပါတယ်။ ကျန်တဲ့ မိဘနှစ်ပါးနဲ့ အငယ်ဆုံးကလေး၊ သူတို့ဆွေမျိုးတွေကတော့ ကျွှန်တော့မျက်စိထဲ သာမန်ပါပဲ။ ပရောဂဆရာကို နောက်နေ့ညနေ ၆ နာရီမှာချိန်းထားတယ်ပြောပါတယ်။ ဆရာကလည်း ပရောဂကုတဲ့နေရာမှာ အဲဒီနယ်တဝိုက်အလွန်နာမည်ကြီးတဲ့ ဆရာဆိုပဲ။ အဲဒီညတော့ လူကြီးတွေ အာလာပသာလာပပြောကြတာကို နားထောင်ပြီး ပြန်ခဲ့ပါတယ်။

အဲလိုနဲ့ပဲ နောက်တစ်နေ့ ညနေ ၅ နာရီကျော်လောက်ကတည်းက သူတို့ အိမ်ဘက်က လှုပ်လှုပ်ရှားရှား စကားပြောသံတွေ စကြားရပါတယ်။

ကျွှန်တော်တို့လည်း ထမင်းစောစောစားပြီး နေရာကောင်းရအောင် ထိုင်တောင်မထိုင်ပဲ သူတို့အိမ်ကို ထွက်ခဲ့ကြပါတယ်။

လူနာကိုဘုရားခန်းရှေ့ မှာသိပ်ထားပြီး သူ့မိသားစုတွေကတော့ ထုံးစံအတိုင်း သူဘေးမှာ ဝိုင်းထိုင်လို့ပေါ့။ ကျွှန်တော်ကတော့ ဘုရားခန်းအရှေ့ ဝန်ရတာမှာ လူကြီးတွေနဲ့ထိုင်နေပါတယ်။ ကျွှန်တော့်မှာပြောစရာစကားလည်းမရှိပါဘူး။

အားလုံးကလူကြီးတွေပဲဆိုတော့ သူတို့အချင်းချင်းပဲ ပြောဆိုနေကြတာပါ။ သူတို့ပြောတဲ့ စကားကလည်း အရမ်းဝဲတော့ တော်တော်အာရုံစိုက်နားထောင်ရပါတယ်။

ဒီလိုနဲ့ပဲ လေ့လာအကဲခတ်ရင်း ဆရာအလာကို စောင့်နေပါတယ်။ အဲလိုစောင့်နေရင်း ဆရာမလာခင် မိနစ်ပိုင်းအလိုမှာပဲ လူနာကကောက်ကာငင်ကာ ထငိုပါတော့တယ်။မိသားစုဝင်တွေက ချော့မောပြီးဘယ်လိုပဲမေးမေး ငိုတာကရပ်မသွားသလို စကားလည်းလုံးဝပြန်မပြောပါဘူး။

ဆရာက ၆ နာရီကျော်လောက်မှာ သူ့တပည့်တစ်ယောက်နဲ့ ရောက်လာပါတယ်။ ဆရာကအသက် ၇၀ ကျော်လောက်ရှိမယ်ထင်ပါတယ်။ ဆရာက အိမ်ပေါ်ကိုတက်လာပြီး လူနာဘေးမှာထိုင်လိုက်တာနဲ့ပဲ လူနာက အသံထွက်ငိုတာရပ်ပြီး ကြိတ်ငိုနေပါတော့တယ်။ ဆရာက လူနာဘေးကလူတွေကို ဖယ်ခိုင်းပြီး သ့ူမှာပါတဲ့ရေပုလင်းထဲကရေနဲ့ လူနာပတ်လည်ကိုဖြန်းပါတယ်။
ပြီးတော့ဘုရားရှေ့ ခိုးပါတယ်။ အားလုံးစီမံစရာတွေ စီမံပြီးမှ လူနာဘေးကထိုင်ပြီး ”ကဲ အခုဒီသမီးငယ်ရဲ့ခန္တာမှာ ပူးကပ်နေတာ ဘယ်သူလဲပြောစမ်း” ဆိုပြီး ငေါက်လိုက်ပါတော့တယ်။ ဘာမှပြန်မပြောပါဘူး။ ဆရာကနှစ်ခွန်းငေါက်လိုက်မှ လူနာက ”အရင်ဘဝကသ့ူအမပါ” ဆိုပြီးပြန်ပြောတယ်။ လူနာကို ဘေးကသူအမေနဲ့ အဒေါ်ဖြစ်သူက ထိုင်ပြီးစကားပြောနိုင်အောင် တွဲကိုင်ပေးထားလိုက်ပါတယ်။

ဆရာက ဘာလို့ဒီလိုလုပ်ရတာလဲလို့ဆရာက ဆက်ပြီးမေးတော့ စကားကိုဆက်ပြီးပြောပါတယ်။ သူမပြောပြတာက သူတို့တွေက အရင်ဘဝကညီအမလေးယောက် အတူရှိနေကြတာပါတဲ့ သူတို့ရဲ့သိုက်နန်းက မင်းဘူးမြို့နယ်ထဲကပါတဲ့။ သူကအကြီးဆုံးဖြစ်ပြီး အလတ်မ ဖြစ်သူ (ယက္ခု နေမကောင်းဖြစ်နေသူ) က လူပြည်ကိုသွားချင်တဲ့ အတွက်ခွင့်ပြုလိုက်တာပါ။

အလတ်မပြီးတော့ နောက်အငယ်တစ်ယောက်ကလည်း သွားချင်ပြန်တော့ ခွင့်ပြုလိုက်ပြန်သတဲ့။ သူတို့ကတိပြုခဲ့တာက အိမ်ထောင်မပြုပါဘူး။ အိမ်ထောင်မပြုခင်ပြန်လာမယ်ဆိုလို့ အခုသူတို့ကို ခေါ်ဖ့ိုလုပ်နေရတာပါ။

ဘယ်သူ့ကိုမှ ထိခိုက်အောင်မလုပ်ပါဘူး။ သူတို့ညီအမလေးယောက်ကို မခွဲပါနဲ့ဆိုပြီး ပြောလိုက်ငိုလိုက် တော်တော်ကြာပါတယ်။ ဒီနေရာမှာကျွှန်တော်ပြောချင်တာက သူမပြောတဲ့စကားပါပဲ။

သူမပြောတဲ့စကားက ကျွှန်တော့်ကို အရမ်းကိုအံသြစေပါတယ်။ ဘာကြောင့်လည်းဆိုတော့ ဒီလောက်စကားအလွန်ဝဲပြီး ရခိုင်အချင်းချင်းတောင် အတော်နားထောင်ရတဲ့ ရခိုင်ရွာကြီးမှာ ဗမာလိုပီပီသသပြောတတ်တာဆိုလို့ ရန်ကုန်ကလာတဲ့ ကျွှန်တော်တစ်ယောက်တည်း ပါတယ်ဆိုတာ ရဲရဲကြီးပြောရဲတယ်။

ကျွှန်တော်ကငယ်ငယ်ကတည်းက ရန်ကုန်မှာကြီးလို့ ကျွှန်တော်ဗမာစကားပြောရင် ကျွှန်တော့်ကိုရခိုင်မှန်း ဘယ်သူမှ မသိပါဘူး။ ပရောဂဆရာကလည်း ဒီဘဝမှာ သူလည်းသူမိသားစုနဲ့သူဖြစ်နေပြီဖြစ်တဲ့အတွက် အဲလိုပြန်ခေါ်ဖို့မဖြစ်နိုင်ကြောင်း ရခိုင်စကားနဲ့ပြောပါတယ်။ လူနာကလည်း ဗမာစကားနဲ့ပြန်ပြီးဖြေပါတယ်။
ငိုတဲ့အခါလည်း သူတို့ညီအမတွေဘယ်လောက်ချစ်ကြတယ် ဆိုတဲ့အကြောင်းကို ဗမာလိုဖွဲ့နွဲ့ပြောပြီးငိုပါတယ်။

နောက်ဆုံးတော့ ဆရာက အမိန်ပြန်တမ်းထုတ်ပြီး သိုက်ကြိုးဖြတ်လိုက်ပါတယ်။ အဲလိုဖြတ်တာ သူတစ်ယောက် တည်းကိုမဟုပ်ပါဘူး။ သူညီမကိုပါဖြတ်လိုက်တာပါ။

သိုက်ကြိုးမဖြတ်ခင် အတော်ကြီးကို တောင်းပန်ပြီး ငိုခဲ့ပါသေးတယ်။ နောက်ဆုံးဆရာသိုက်ကြိုးဖြတ်ပြီးတော့ လူနာမိန်းကလေးက ဘုန်းကနည်းလဲပြီး နဲနဲလေးငြီးပြီး အိပ်ပျော်သွားပါတယ်။

ကျွှန်တော်တို့လည်း အံသြခြင်းများစွာနဲ့ အိမ်ကိုပြန်ခဲ့ကြပါတယ်။

နောက်နေ့မနက်မိုးလင်းတော့ လူနာသတင်းမေးဖို့ အစောဆုံးဦးလေးကိုပူဆာသူက ကျွှန်တော်ပါ။ ကျွှန်တော့်ခေါင်းထဲမှာ မေးစရာမေးခွန်းပေါင်းများစွာ တန်းစီနေပါတယ်။

ဒါပေမဲ့ ဦးလေးက မိန်းကလေးနေကောင်းပါစေဦး စောင့်ပါဦးဆိုလို့ ၄ ရက်တိတိစောင့်ခဲ့ပါတယ်။
အဲနေ့ကစပြီး ကောင်မလေးလည်း လူကောင်းပကတိအလားနေကောင်းသွားပါတယ်။ အားရှိလာအောင်တော့ အားပြန်မွေးရတာပေါ့။

၄ ရက်ကြာလောက်စောင့်နေတဲ့ အတောအတွင်းမှာပဲ သူ့ရဲ့ညီမဖြစ်သူ၊ သူမိသားစုတွေနဲ့ ကျွှန်တော် အတော်လေးရင်းနီးသွားခဲ့ပါတယ်။ ၄ ရက်မြောက်တဲ့နေ့မှာ ကျွှန်တော်သူတို့အိမ်ကို သွားလည်တော့ မိန်းကလေးက အိမ်ရှေ့ မှာ ထိုင်နေရာက ကျွှန်တော်လာတာမြင်တော့ ထပြေးဖို့လုပ်ပါတယ်။

လူကြီးတွေက အတင်းတားပြီး နင့်ကို ဒီဧည့်သည်လေးက စကားပြောချင်လို့ ဆိုပြီးအတင်းခေါ်မှာ ဆက်ထိုင်နေပါတယ်။

အဲနေ့က ကျွှန်တော်သူကို မေးတဲ့မေးခွန်းတွေကတော့ ဗမာစကားပြောဘူးလား၊ ပြောတတ်လား။
ကျောင်းမှာဆရာမက ဗမာလိုပြောပြီးသင်တာလား။

ရခိုင်စကားနဲ့သင်တာလား။ ရန်ကုန်ရောက်ဘူးလား။ အဲညက အဖြစ်တွေကိုမှတ်မိလား စသဖြင့် စုံလို့ပါပဲ။ သူအဝေးဆုံးရောက်ဘူးတာ အမ်းမြို့ ပါ။
အမ်းမြို့ ကလွဲပြီး ဘယ်မှမရောက်ဘူးပါဘူး။

ဗမာစကားကိုဘယ်နေရာမှာမှ ပြောစရာနေရာမရှိပါဘူးတဲ့။ ဗွီဒီယိုကားတွေကို ကြည့်တဲ့အတွက်နားလည်ပြီး သီချင်းတွေလည်း နည်းနည်းပါးပါးနားထောင်ဘူးပါတယ်တဲ့။

(ရခိုင်တော်တော်များများက ဗမာစကားကိုနားလည်ကြပါတယ်။ ပြန်မပြောတတ်ကြပါ) ပရောဂကုတဲ့ညက ကိစ္စတွေ သူဘာမှမသိပါဘူးတဲ့။

သို့သော် သူ့ကိုပရောဂ ကုတဲ့ညက သူပြောခဲ့တာတွေကိုကျွှန်တော့်နားနဲ့ ဆက်ဆက်ကြားခဲ့တဲ့ အတွက် ကျွှန်တော့်အဖို့တော့ သူ့ကိုကြည့်ရင်း အံသြပြီးရင်းအံသြနေရပါတယ်။

သူ့မိသားစုတွေကတော့ သူတို့သမီးလေး နေကောင်းသွားတဲ့ အတွက်ဘာမှထွေထွေထူးထူး မစဉ်းစားကြတော့ပါဘူး။

သူ့သူငယ်ချင်းတွေကတော့ အဲဒီညက သူဗမာစကားပြောတာကို နဲနဲအံသြကြပါသတဲ့။
ကျွှန်တော်ကတော့ ပရလောကဆိုတဲ့ စကားလုံးကိုကြားတိုင်း သူမကိုပြေးပြီးမြင်ယောင်မိပါတယ်။ သူမရဲ့အရင်ဘဝက အမဖြစ်သူကော အဆင်မှပြေပါလေစ ဆိုပြီးတစ်ခါတစ်ရံ စဉ်းစားမိပြီး စိုးရိမ်မိပါတော့တယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:ThaYae BlogSpot
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top