Kantharyar Centre
×

ကုန္ေစ်းႏႈန္းတက္ သည္ဟုဆိုကာ ႏုိင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကို ဆဲဆိုသည့္သူ ႏွစ္ဦး၏အမႈကို ဥပေဒ႐ံုးသို႔ အႀကံျပဳခ်က္ ေတာင္းခံထားရာ အ ေၾကာင္း ျပန္ၾကားသျဖင့္ ေအာက္တိုဘာ ၂၅ ရက္တြင္တစ္ဦးကို တရားစြဲဆို လိုက္ၿပီျဖစ္ေၾကာင္း ေဇယ်ာသီရိၿမိဳ႕နယ္ ေရဆင္း ရဲစခန္းမွ သတင္းရရွိသည္။

ေအာက္တိုိဘာ ၂၄ ရက္ တြင္ ဇဗၺဴသီရိၿမိဳ႕နယ္ ဥပေဒ႐ံုးက ဆဲဆုိသူႏွစ္ဦးအနက္ တစ္ဦးကို သာ တရားစြဲဆိုရန္ ဥပေဒအရာရွိ က ၫႊန္ၾကားအႀကံေပးလိုက္ သည္ဟု ေရဆင္းရဲစခန္းမွ စခန္း မွဴးသန္းေဌးက ေျပာသည္။

‘‘အႀကံေပးဆိုတာက အႀကံေပးတဲ့အဆင့္ပဲရွိတယ္။ ဒီအတုိင္းျဖစ္ရင္လည္းျဖစ္သြားမယ္။ တရား ႐ံုးမွာ တိုးရင္လည္းတိုးလာႏိုင္တဲ့ အေနအထားပါ။ တရားဝင္စစ္ ေဆးတဲ့အခါက်ရင္ အေနအထား က တရားသူႀကီးရဲ႕ ဆံုးျဖတ္ခ်က္ အတိုင္းပါ။ သက္ေသရဲ႕ ထြက္ဆုိ ခ်က္ေတြ စစ္ၿပီးမွ တရားသူႀကီး က ဘယ္လိုလုပ္မလဲ၊ ရွင္းရွင္း လင္းလင္း သိလာပါလိမ့္မယ္’’ဟု ၎က ေျပာသည္။

ေနျပည္ေတာ္ေကာင္စီနယ္ ေျမ ေဇယ်ာသီရိၿမိဳ႕နယ္ ေရဆင္း လသာေက်းရြာတြင္ စက္တင္ဘာ ၂၂ ရက္ည ၁၁ နာရီခန္႔က ကုန္ ေစ်းႏႈန္းတက္သည္ဟု ဆိုကာ ရြာလမ္းမေပၚထြက္၍ ဆဲဆိုခဲ့ၿပီးေနာက္တစ္လအၾကာ ေအာက္တုိဘာ ၅ ရက္၌ ဆဲဆိုသူႏွစ္ဦးကို ေဇယ်ာသီရိၿမိဳ႕နယ္ အမ်ဳိးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္၏ ဥကၠ႒ျဖစ္သူက အမႈဖြင့္တိုင္ၾကားခဲ့ျခင္းျဖစ္သည္။အဆိုပါဆဲဆုိသူႏွစ္ဦးကို ပုဒ္မ ၂၉၄/ပုဒ္မ ၅၀၀/ပုဒ္မ ၅၀၅(ခ) ပုဒ္မတို႔ျဖင့္ အမႈဖြင့္ခဲ့သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day News

#Unicode Version
ကုန်ဈေးနှုန်းတက် သည်ဟုဆိုကာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဆဲဆိုသည့်သူ နှစ်ဦး၏အမှုကို ဥပဒေရုံးသို့ အကြံပြုချက် တောင်းခံထားရာ အ ကြောင်း ပြန်ကြားသဖြင့် အောက်တိုဘာ ၂၅ ရက်တွင်တစ်ဦးကို တရားစွဲဆို လိုက်ပြီဖြစ်ကြောင်း ဇေယျာသီရိမြို့နယ် ရေဆင်း ရဲစခန်းမှ သတင်းရရှိသည်။

အောက်တိုဘာ ၂၄ ရက် တွင် ဇဗ္ဗူသီရိမြို့နယ် ဥပဒေရုံးက ဆဲဆိုသူနှစ်ဦးအနက် တစ်ဦးကို သာ တရားစွဲဆိုရန် ဥပဒေအရာရှိ က ညွှန်ကြားအကြံပေးလိုက် သည်ဟု ရေဆင်းရဲစခန်းမှ စခန်း မှူးသန်းဌေးက ပြောသည်။

‘‘အကြံပေးဆိုတာက အကြံပေးတဲ့အဆင့်ပဲရှိတယ်။ ဒီအတိုင်းဖြစ်ရင်လည်းဖြစ်သွားမယ်။ တရား ရုံးမှာ တိုးရင်လည်းတိုးလာနိုင်တဲ့ အနေအထားပါ။ တရားဝင်စစ် ဆေးတဲ့အခါကျရင် အနေအထား က တရားသူကြီးရဲ့ ဆုံးဖြတ်ချက် အတိုင်းပါ။ သက်သေရဲ့ ထွက်ဆို ချက်တွေ စစ်ပြီးမှ တရားသူကြီး က ဘယ်လိုလုပ်မလဲ၊ ရှင်းရှင်း လင်းလင်း သိလာပါလိမ့်မယ်’’ဟု ၎င်းက ပြောသည်။

နေပြည်တော်ကောင်စီနယ် မြေ ဇေယျာသီရိမြို့နယ် ရေဆင်း လသာကျေးရွာတွင် စက်တင်ဘာ ၂၂ ရက်ည ၁၁ နာရီခန့်က ကုန် ဈေးနှုန်းတက်သည်ဟု ဆိုကာ ရွာလမ်းမပေါ်ထွက်၍ ဆဲဆိုခဲ့ပြီးနောက်တစ်လအကြာ အောက်တိုဘာ ၅ ရက်၌ ဆဲဆိုသူနှစ်ဦးကို ဇေယျာသီရိမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဥက္ကဋ္ဌဖြစ်သူက အမှုဖွင့်တိုင်ကြားခဲ့ခြင်းဖြစ်သည်။အဆိုပါဆဲဆိုသူနှစ်ဦးကို ပုဒ်မ ၂၉၄/ပုဒ်မ ၅၀၀/ပုဒ်မ ၅၀၅(ခ) ပုဒ်မတို့ဖြင့် အမှုဖွင့်ခဲ့သည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day News
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top