Property Expo
×

                                              တိမ္းေမွာက္ေရယာဥ္မွ ဆယ္ယူရ႐ွိသည့္ အေလာင္းတခ်ဳိ႕
                                                  
စစ္ကုိင္းတုိင္း ကနီၿမဳိ့နယ္အတြင္း ခ်င္းတြင္းျမစ္မွာ နစ္ျမဳပ္ခဲ့တဲ့ ေအာင္စိုးမိုးေက်ာ္ ေရယာဥ္ရဲ႕ပဲ့ထိန္းကို ဖမ္း၀ရမ္းထုတ္ထားၿပီး ရာဇ၀တ္မႈအရ အေရးယူသြားဖို႔ ကနီရဲစခန္းက အမႈဖြင့္ထားေၾကာင္း ေဒသခံ ျပည္သူ႔လႊတ္ေတာ္ ကုိယ္စားလွယ္ကေျပာပါတယ္။ ေရယာဥ္နစ္ျမဳပ္မႈအတြက္ ေပါ့ဆမႈ၊ မဆင္မျခင္ေမာင္းႏွင္မႈ ျပစ္မႈဆိုင္ရာပုဒ္မ ၂၈၀ အရ အေရးယူသြားမွာျဖစ္တယ္လို႔ ဆုိပါတယ္။ ဆက္သြယ္စုံစမ္းထားတဲ့ ကိုဉာဏ္ဝင္းေအာင္က တင္ျပထားပါတယ္။

ေအာက္တိုဘာလ ၁၅ ရက္ေန႔က စစ္ကိုင္းတုိင္း ဟုမၼလင္းၿမိဳ႕ကေန မံုရြာျမိဳ႕ကုိ ထြက္ခြာလာတဲ့ ေအာင္စိုးမိုးေက်ာ္ အျမန္ေရယာဥ္နစ္ျမဳပ္ခဲ့တာေၾကာင့္ တ၀က္နီးပါး ေပ်ာက္ဆံုးေနဆဲျဖစ္သလို ေအာက္တိုဘာ ၁၈ ရက္အဂၤါညေနအထိ ၄၁ ေလာင္း ဆယ္ယူႏိုင္ခဲ့တယ္လို႔ စစ္ကိုင္းတိုင္း ကယ္ဆယ္ေရးနဲ႔ ျပန္လည္ေနရာခ်ထားေရး ဦးစီးဌာန တာ၀န္႐ွိသူတဦးက ဗြီအိုေအျမန္မာပိုင္းကို ေျပာပါတယ္။

ေအာင္စိုးမိုးေက်ာ္ေရယာဥ္ ေျပးဆြဲဖို႔ စီမံခန္႔ခြဲေနတဲ့ ေအးခ်မ္းသာဂိတ္ကေတာ့ ဟုမၼလင္းက ထြက္ခ်ိန္မွာ ေရယာဥ္ေပၚလိုက္ပါသူ ၆၀ ေက်ာ္သာ႐ွိၿပီး၊ လမ္းခုလတ္က လိုက္ပါသူေတြနဲ႔ပါဆုိရင္ လူ ၉၀ ေက်ာ္သာ႐ွိတယ္လို႔ မီဒီယာေတြကို ေျပာဆိုေပမဲ့့ တကယ္တမ္း ေအာင္စိုးမိုးေက်ာ္ေရယာဥ္ေပၚ လိုက္ပါခဲ့သူ ၃၀၀ ေက်ာ္ေလာက္ ႐ွိႏုိင္တယ္လို႔ အသက္႐ွင္က်န္ရစ္သူေတြေရာ လူကယ္ျပန္ဌာနကပါ ခန္႔မွန္းထားတာပါ။

အခုလို ေအာင္စိုးမိုးေက်ာ္ အျမန္ေရယာဥ္ နစ္ျမဳပ္ရတာဟာ သတ္မွတ္လူဦးေရထက္ ပိုၿပီး တင္ေဆာင္ခဲ့တာျဖစ္ၿပီး၊ ေပါ့ဆမႈ မဆင္မျခင္ ေမာင္းႏွင္မႈေတြနဲ႔ ျပစ္မႈဆိုင္ရာအရ အေရးယူသြားႏိုင္ဖုိ႔ ကနီရဲစခန္းက အမႈဖြင့္ထားေၾကာင္း စစ္ကိုင္းတိုင္း ကနီၿမဳိ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးထြန္းထြန္းႏိုင္က ေျပာပါတယ္။

“ဖမ္း၀ရမ္းထုတ္ထားတာ ဟုတ္ပါတယ္။ ေပါ့ဆမႈကေတာ့ ဆုိင္တာေပါ့ ဘာျဖစ္လို႔လဲဆုိေတာ့ ေရယာဥ္ေပၚပါလာတဲ့သူေတြရဲ႕ ေျပာျပခ်က္အရပဲ ေပါ့ဆတဲ့အပိုင္းက ေတာ္ေတာ္ျဖစ္ႏုိင္ေခ်မ်ားတယ္။ ဆြဲလွည့္လိုက္တဲ့အခ်ိန္မွာ ေမာ္ေတာ္က ေမွာက္သြားတယ္။”

နစ္ျမဳပ္ခဲ့တဲ့ေန႔က ေအာင္စိုးမိုးေက်ာ္ေရယာဥ္မွာ ပဲ့ထိန္းအပါအဝင္ ေရလုပ္သား ၅ ဦးေလာက္ လုိက္ပါ တာ၀န္ထမ္းေဆာင္ခဲ့ၿပီး၊ ေရလုပ္သား ၄ ဦးကို ဖမ္းဆီးထားပါတယ္။ ေရယာဥ္ပုိင္႐ွင္နဲ႔ ပဲ့ထိန္းျဖစ္သူ ဦးေဇာ္မ်ဳိး၀င္းကေတာ့ ထြက္ေျပး တိန္းေ႐ွာင္ေနဆဲ ျဖစ္ပါတယ္။ ဦးေဇာ္မ်ဳိး၀င္းကို ရာဇ၀တ္ မဆင္မျခင္ေမာင္းႏွင္မႈပုဒ္မ ၂၈၀၊ ေပါ့ဆမႈေၾကာင့္ လူေသေစမႈ ပုဒ္မ ၃၀၄ (က) အရ တရားစြဲဆုိႏိုင္ဖို႔ ဖမ္း၀ရမ္းထုတ္ထားတာျဖစ္ ပါတယ္။ ပုဒ္မ ၂၈၀ အရျပစ္မႈထင္ရွားရင္ ေထာင္ဒဏ္ ၆ လအထိ က်ခံရမွာျဖစ္ၿပီး၊ ပုဒ္မ ၃၀၄ (က) အရ ျပစ္မႈထင္ရွားရင္ေတာ့ ေထာင္ဒဏ္ ၇ ႏွစ္ကေန ၁၀ ႏွစ္အထိ က်ခံရမွာ ျဖစ္ပါတယ္။ ေအာင္စိုးမိုးေက်ာ္ေရယာဥ္ နစ္ျမဳပ္ခ်ိန္မွာ အသက္မေသပဲ က်န္ရစ္ခဲ့သူ မမ်ဳိးပပလႈိင္ကေတာ့ ေရယာဥ္ေပၚက အေနအထားေတြကို ျပန္ေျပာ ျပပါတယ္။

“လူက ၃၀၀ ေက်ာ္ေလာက္ တင္ထားတယ္။ ဆုိင္ကယ္လ္ကလည္း အစီး ၂၀ ေလာက္ရွိမယ္။ ေနာက္ၿပီးေတာ့ သြပ္ျပားေတြလည္းပါတယ္။ ၀န္က မမွ်ဘူး။ ကုန္းပတ္ေတာင္မွ ေရထိေနၿပီ။ ၀ိတ္ေတြက အရမ္းမ်ားေတာ့ အဲ့ေလာက္ႀကီး မႏုိင္ဘူး သယ္လို႔မရဘူး။ အႏၱရာယ္ရွိ မရွိ စစ္ေဆးတာမ်ိဳးလည္း မေတြ႔ဘူး။ ေမာ္လိုက္ကေန ၈ နာရီ ၄၀ မွာ စလိုက္တာ။ မၾကာဘူး နစ္ျမဳပ္သြားတယ္။ အဲဒီ ၀ဲ အေကြ႔ကို ေကြ႔လိုက္တဲ့အခ်ိန္မွာ ေစာင္းၿပီးေတာ့ ေမွာက္သြားတယ္။”

အခုလို ေရယာဥ္ရဲ႕ ခံႏူိင္ရည္၀န္ထက္ ေက်ာ္လြန္ၿပီး လူေရာကုန္ပစၥည္းေတြကိုပါ အဆမတန္တင္တဲ့ အႏၱရာယ္မ်ားတဲ့ လုပ္ရပ္မ်ဳိး ေနာင္မွာ ဆက္မျဖစ္ေစဖုိ႔ စည္းကမ္းတင္းၾကပ္ လုပ္ေဆာင္ဖုိ႔လိုေၾကာင္း ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးထြန္းထြန္းက ေျပာပါတယ္။

“စည္းကမ္းပိုင္းကေတာ့ အမ်ားႀကီး လိုပါတယ္။ ဘာျဖစ္လို႔လဲဆုိေတာ့ ဘယ္ႏွစ္ေယာက္ပါလို႔ ပါမွန္းမသိဘူး။ ဘယ္ႏွစ္ေယာက္ ေသလို႔ ေသမွန္းေတာင္ မသိဘူး။ စာရင္းအတိအက် က်ေနာ္တုိ႔ မလိုက္ႏုိင္တဲ့ အေျခအေနမွာ အဲ့အပိုင္းကေတာ့ အမ်ားႀကီး လုပ္ဖို႔ လိုပါတယ္။”

ေအာင္စိုးမိုးေက်ာ္ေရယာဥ္ဟာ လူ ၃၆ ဦးသာ တင္ေဆာင္ႏုိင္ခြင့္႐ွိတဲ့ ယာဥ္အျဖစ္ မွတ္ပုံတင္ထားတာပါ။ နစ္ျမဳပ္ေနတဲ့ ဒီ္ေရယာဥ္ကို တာ၀န္႐ွိသူေတြက ဆယ္ယူဖို႔ႀကဳိးစားေနေပမဲ့ ခုခ်ိန္ထိ အၿပီးသတ္ ဆယ္ယူႏိုင္တာမ်ဳိးေတာ့ မ႐ွိေသးပါဘူး။

 ဖိုးသူေတာ္ (www.phothutaw.com)
Credit: ဗီြအုိေအ (ျမန္မာပုိင္း)

#Unicode Version
တိမ်းမှောက်ရေယာဉ်မှ ဆယ်ယူရရှိသည့် အလောင်းတချို့



 စစ်ကိုင်းတိုင်း ကနီမြို့နယ်အတွင်း ချင်းတွင်းမြစ်မှာ နစ်မြုပ်ခဲ့တဲ့ အောင်စိုးမိုးကျော် ရေယာဉ်ရဲ့ပဲ့ထိန်းကို ဖမ်းဝရမ်းထုတ်ထားပြီး ရာဇဝတ်မှုအရ အရေးယူသွားဖို့ ကနီရဲစခန်းက အမှုဖွင့်ထားကြောင်း ဒေသခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ကပြောပါတယ်။ ရေယာဉ်နစ်မြုပ်မှုအတွက် ပေါ့ဆမှု၊ မဆင်မခြင်မောင်းနှင်မှု ပြစ်မှုဆိုင်ရာပုဒ်မ ၂၈၀ အရ အရေးယူသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ ဆက်သွယ်စုံစမ်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။

အောက်တိုဘာလ ၁၅ ရက်နေ့က စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့ကနေ မုံရွာမြို့ကို ထွက်ခွာလာတဲ့ အောင်စိုးမိုးကျော် အမြန်ရေယာဉ်နစ်မြုပ်ခဲ့တာကြောင့် တဝက်နီးပါး ပျောက်ဆုံးနေဆဲဖြစ်သလို အောက်တိုဘာ ၁၈ ရက်အင်္ဂါညနေအထိ ၄၁ လောင်း ဆယ်ယူနိုင်ခဲ့တယ်လို့ စစ်ကိုင်းတိုင်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဦးစီးဌာန တာဝန်ရှိသူတဦးက ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။

အောင်စိုးမိုးကျော်ရေယာဉ် ပြေးဆွဲဖို့ စီမံခန့်ခွဲနေတဲ့ အေးချမ်းသာဂိတ်ကတော့ ဟုမ္မလင်းက ထွက်ချိန်မှာ ရေယာဉ်ပေါ်လိုက်ပါသူ ၆၀ ကျော်သာရှိပြီး၊ လမ်းခုလတ်က လိုက်ပါသူတွေနဲ့ပါဆိုရင် လူ ၉၀ ကျော်သာရှိတယ်လို့ မီဒီယာတွေကို ပြောဆိုပေမဲ့ တကယ်တမ်း အောင်စိုးမိုးကျော်ရေယာဉ်ပေါ် လိုက်ပါခဲ့သူ ၃၀၀ ကျော်လောက် ရှိနိုင်တယ်လို့ အသက်ရှင်ကျန်ရစ်သူတွေရော လူကယ်ပြန်ဌာနကပါ ခန့်မှန်းထားတာပါ။

အခုလို အောင်စိုးမိုးကျော် အမြန်ရေယာဉ် နစ်မြုပ်ရတာဟာ သတ်မှတ်လူဦးရေထက် ပိုပြီး တင်ဆောင်ခဲ့တာဖြစ်ပြီး၊ ပေါ့ဆမှု မဆင်မခြင် မောင်းနှင်မှုတွေနဲ့ ပြစ်မှုဆိုင်ရာအရ အရေးယူသွားနိုင်ဖို့ ကနီရဲစခန်းက အမှုဖွင့်ထားကြောင်း စစ်ကိုင်းတိုင်း ကနီမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းနိုင်က ပြောပါတယ်။

“ဖမ်းဝရမ်းထုတ်ထားတာ ဟုတ်ပါတယ်။ ပေါ့ဆမှုကတော့ ဆိုင်တာပေါ့ ဘာဖြစ်လို့လဲဆိုတော့ ရေယာဉ်ပေါ်ပါလာတဲ့သူတွေရဲ့ ပြောပြချက်အရပဲ ပေါ့ဆတဲ့အပိုင်းက တော်တော်ဖြစ်နိုင်ချေများတယ်။ ဆွဲလှည့်လိုက်တဲ့အချိန်မှာ မော်တော်က မှောက်သွားတယ်။”

နစ်မြုပ်ခဲ့တဲ့နေ့က အောင်စိုးမိုးကျော်ရေယာဉ်မှာ ပဲ့ထိန်းအပါအဝင် ရေလုပ်သား ၅ ဦးလောက် လိုက်ပါ တာဝန်ထမ်းဆောင်ခဲ့ပြီး၊ ရေလုပ်သား ၄ ဦးကို ဖမ်းဆီးထားပါတယ်။ ရေယာဉ်ပိုင်ရှင်နဲ့ ပဲ့ထိန်းဖြစ်သူ ဦးဇော်မျိုးဝင်းကတော့ ထွက်ပြေး တိန်းရှောင်နေဆဲ ဖြစ်ပါတယ်။ ဦးဇော်မျိုးဝင်းကို ရာဇဝတ် မဆင်မခြင်မောင်းနှင်မှုပုဒ်မ ၂၈၀၊ ပေါ့ဆမှုကြောင့် လူသေစေမှု ပုဒ်မ ၃၀၄ (က) အရ တရားစွဲဆိုနိုင်ဖို့ ဖမ်းဝရမ်းထုတ်ထားတာဖြစ် ပါတယ်။ ပုဒ်မ ၂၈၀ အရပြစ်မှုထင်ရှားရင် ထောင်ဒဏ် ၆ လအထိ ကျခံရမှာဖြစ်ပြီး၊ ပုဒ်မ ၃၀၄ (က) အရ ပြစ်မှုထင်ရှားရင်တော့ ထောင်ဒဏ် ၇ နှစ်ကနေ ၁၀ နှစ်အထိ ကျခံရမှာ ဖြစ်ပါတယ်။ အောင်စိုးမိုးကျော်ရေယာဉ် နစ်မြုပ်ချိန်မှာ အသက်မသေပဲ ကျန်ရစ်ခဲ့သူ မမျိုးပပလှိုင်ကတော့ ရေယာဉ်ပေါ်က အနေအထားတွေကို ပြန်ပြော ပြပါတယ်။

“လူက ၃၀၀ ကျော်လောက် တင်ထားတယ်။ ဆိုင်ကယ်လ်ကလည်း အစီး ၂၀ လောက်ရှိမယ်။ နောက်ပြီးတော့ သွပ်ပြားတွေလည်းပါတယ်။ ဝန်က မမျှဘူး။ ကုန်းပတ်တောင်မှ ရေထိနေပြီ။ ဝိတ်တွေက အရမ်းများတော့ အဲ့လောက်ကြီး မနိုင်ဘူး သယ်လို့မရဘူး။ အန္တရာယ်ရှိ မရှိ စစ်ဆေးတာမျိုးလည်း မတွေ့ဘူး။ မော်လိုက်ကနေ ၈ နာရီ ၄၀ မှာ စလိုက်တာ။ မကြာဘူး နစ်မြုပ်သွားတယ်။ အဲဒီ ဝဲ အကွေ့ကို ကွေ့လိုက်တဲ့အချိန်မှာ စောင်းပြီးတော့ မှောက်သွားတယ်။”

အခုလို ရေယာဉ်ရဲ့ ခံနိူင်ရည်ဝန်ထက် ကျော်လွန်ပြီး လူရောကုန်ပစ္စည်းတွေကိုပါ အဆမတန်တင်တဲ့ အန္တရာယ်များတဲ့ လုပ်ရပ်မျိုး နောင်မှာ ဆက်မဖြစ်စေဖို့ စည်းကမ်းတင်းကြပ် လုပ်ဆောင်ဖို့လိုကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းက ပြောပါတယ်။

“စည်းကမ်းပိုင်းကတော့ အများကြီး လိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘယ်နှစ်ယောက်ပါလို့ ပါမှန်းမသိဘူး။ ဘယ်နှစ်ယောက် သေလို့ သေမှန်းတောင် မသိဘူး။ စာရင်းအတိအကျ ကျနော်တို့ မလိုက်နိုင်တဲ့ အခြေအနေမှာ အဲ့အပိုင်းကတော့ အများကြီး လုပ်ဖို့ လိုပါတယ်။”

အောင်စိုးမိုးကျော်ရေယာဉ်ဟာ လူ ၃၆ ဦးသာ တင်ဆောင်နိုင်ခွင့်ရှိတဲ့ ယာဉ်အဖြစ် မှတ်ပုံတင်ထားတာပါ။ နစ်မြုပ်နေတဲ့ ဒီ်ရေယာဉ်ကို တာဝန်ရှိသူတွေက ဆယ်ယူဖို့ကြိုးစားနေပေမဲ့ ခုချိန်ထိ အပြီးသတ် ဆယ်ယူနိုင်တာမျိုးတော့ မရှိသေးပါဘူး။



 ဖိုးသူတော် (www.phothutaw.com)
Credit: ဗွီအိုအေ (မြန်မာပိုင်း)
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top