Kantharyar Centre
×

အေမရိကန္ႏုိင္ငံ Massachusetts ျပည္နယ္ Worcester ျမိဳ႕ Saint Vincent ေဆးရံု က ခြဲစိတ္ဆရာဝန္တစ္ဦးဟာ လူနာတစ္ဦးကို ေက်ာက္ကပ္အၾကိတ္ေဝဒနာရွင္နဲ႔ နာမည္တူေနတာေၾကာင့္ ေက်ာက္ကပ္မွားယြင္း ခြဲထုတ္မိခဲ့ပါတယ္။

Medicare နဲ႔မိတ္ဖက္ ျပည္သူ႔က်န္းမာေရးဝန္ၾကီးဌာနအေနနဲ႔ အဲဒီေဆးရုံကို ျပီးခဲ့တဲ့ႏွစ္ ၾသဂုတ္လက သကၤာမကင္းျဖစ္ျပီးေနာက္ ဇူလိုင္လကျဖစ္ပြားခဲ့တဲ့ မေတာ္တဆေက်ာက္ကပ္ခြဲထုတ္မႈ အပါအဝင္ စိုးရိမ္ဖြယ္အသက္ေဘးအႏၱရာယ္ကိစၥရပ္ေတြ ေတြ႔ရိွခဲ့တယ္လုိ႔ The Boston Globe သတင္းအရ သိရပါတယ္။ ယင္းေဆးရုံအေနနဲ႔ Medicare program ကေန ဒီဇင္ဘာ ၁၂ ရက္ေန႔က ရပ္နားခံရပါတယ္။

ျဖစ္စဥ္ကေတာ့ ဘယ္ဘက္ေက်ာက္ကပ္မွာ အၾကိတ္ရိွေၾကာင္းေဖာ္ျပတဲ့ CT scan ကို ခြဲစိတ္မႈမတုိင္ခင္ ခြဲစိတ္ဆရာဝန္ ၾကည့္ရႈခဲ့ေပမယ့့္ စကင္ဟာ နာမည္တူေနာက္လူနာတစ္ဦးအတြက္ျဖစ္ျပီး ခြဲစိတ္မႈျပီးသည့္တုိင္ အဲဒီလြဲေခ်ာ္မႈကို သတိမထားမိခဲ့ပါဘူး။ ဒီမွားယြင္းမႈမွာ ေဆးရုံက ခန္႔အပ္ထားတဲ့ ဝန္ထမ္းတစ္ဦးတစ္ေယာက္မွ မပါဝင္ပဲ ေဆးရုံက ခန္႔အပ္မထားတဲ့ ခြဲစိတ္ကုဆရာဝန္ေၾကာင့္ ျဖစ္တာလုိ႔ ေျပာေရးဆုိခြင့္ရိွသူတစ္ဦးက ရွင္းလင္းခဲ့ပါတယ္။

ဒီလြဲမႈဟာ ဘယ္မွာ၊ ဘယ္လုိျဖစ္ပြားတယ္ဆုိတာ အတိအက် မသိရပါဘူး။ ခြဲစိတ္ကုသမႈအျပီး ခြဲထုတ္လုိက္တဲ့ ေက်ာက္ကပ္ကို စမ္းသပ္ျပီး အၾကိတ္မေတြ႕ေတာ့မွ သိရိွခဲ့တာျဖစ္ပါတယ္။ လူနာေတြရဲ႕အတြင္းေရးလ်ဳိ႕ဝွက္မႈ ဥပေဒေၾကာင့္ လူနာေတြရဲ႕ကိုယ္ပုိင္အခ်က္အလက္ေတြ ေဖာ္ျပျခင္းမရိွခဲ့ပါဘူး။

အခုအခါမွာေတာ့ အဆုိပါ ေဆးရုံအေနနဲ႔ လူနာေတြရဲ႕ကိုယ္ေရးအလက္အခ်က္ေတြ မွန္ကန္ေၾကာင္းအတည္ျပဳဖုိ႔ ေနာက္ထပ္ေျခလွမ္းေတြ ေဆာင္ရြက္ေနပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit :  Trend Myanmar

#Unicode Version

အမေရိကန်နိုင်ငံ Massachusetts ပြည်နယ် Worcester မြို့ Saint Vincent ဆေးရုံ က ခွဲစိတ်ဆရာဝန်တစ်ဦးဟာ လူနာတစ်ဦးကို ကျောက်ကပ်အကြိတ်ဝေဒနာရှင်နဲ့ နာမည်တူနေတာကြောင့် ကျောက်ကပ်မှားယွင်း ခွဲထုတ်မိခဲ့ပါတယ်။

Medicare နဲ့မိတ်ဖက် ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ အဲဒီဆေးရုံကို ပြီးခဲ့တဲ့နှစ် သြဂုတ်လက သင်္ကာမကင်းဖြစ်ပြီးနောက် ဇူလိုင်လကဖြစ်ပွားခဲ့တဲ့ မတော်တဆကျောက်ကပ်ခွဲထုတ်မှု အပါအဝင် စိုးရိမ်ဖွယ်အသက်ဘေးအန္တရာယ်ကိစ္စရပ်တွေ တွေ့ရှိခဲ့တယ်လို့ The Boston Globe သတင်းအရ သိရပါတယ်။ ယင်းဆေးရုံအနေနဲ့ Medicare program ကနေ ဒီဇင်ဘာ ၁၂ ရက်နေ့က ရပ်နားခံရပါတယ်။

ဖြစ်စဉ်ကတော့ ဘယ်ဘက်ကျောက်ကပ်မှာ အကြိတ်ရှိကြောင်းဖော်ပြတဲ့ CT scan ကို ခွဲစိတ်မှုမတိုင်ခင် ခွဲစိတ်ဆရာဝန် ကြည့်ရှုခဲ့ပေမယ့့် စကင်ဟာ နာမည်တူနောက်လူနာတစ်ဦးအတွက်ဖြစ်ပြီး ခွဲစိတ်မှုပြီးသည့်တိုင် အဲဒီလွဲချော်မှုကို သတိမထားမိခဲ့ပါဘူး။ ဒီမှားယွင်းမှုမှာ ဆေးရုံက ခန့်အပ်ထားတဲ့ ဝန်ထမ်းတစ်ဦးတစ်ယောက်မှ မပါဝင်ပဲ ဆေးရုံက ခန့်အပ်မထားတဲ့ ခွဲစိတ်ကုဆရာဝန်ကြောင့် ဖြစ်တာလို့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ရှင်းလင်းခဲ့ပါတယ်။

ဒီလွဲမှုဟာ ဘယ်မှာ၊ ဘယ်လိုဖြစ်ပွားတယ်ဆိုတာ အတိအကျ မသိရပါဘူး။ ခွဲစိတ်ကုသမှုအပြီး ခွဲထုတ်လိုက်တဲ့ ကျောက်ကပ်ကို စမ်းသပ်ပြီး အကြိတ်မတွေ့တော့မှ သိရှိခဲ့တာဖြစ်ပါတယ်။ လူနာတွေရဲ့အတွင်းရေးလျို့ဝှက်မှု ဥပဒေကြောင့် လူနာတွေရဲ့ကိုယ်ပိုင်အချက်အလက်တွေ ဖော်ပြခြင်းမရှိခဲ့ပါဘူး။

အခုအခါမှာတော့ အဆိုပါ ဆေးရုံအနေနဲ့ လူနာတွေရဲ့ကိုယ်ရေးအလက်အချက်တွေ မှန်ကန်ကြောင်းအတည်ပြုဖို့ နောက်ထပ်ခြေလှမ်းတွေ ဆောင်ရွက်နေပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit :  Trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top