Property Expo
×


(၁) ကောင်းကျိုး


(၂) ဆိုးကျိုး




Credit:Yoyarlay

#Unicode Version
ယနေ့ခေတ် ပတ်ဝန်းကျင်မှာ ကြည့်လိုက်မယ်ဆိုလျှင် လူတိုင်းနီးပါး ဖုန်းကိုင်နေတာကို တွေ့ရပါတယ်။ ဒါကြောင့် လူတစ်ယောက် အတွက် ဖုန်းဟာ ဘယ်လောက်များ အရေးပါသလဲ ဆိုတာကို ရေးသား လိုက်ရပါတယ်။

(၁) ကောင်းကျိုး

အမျိုးသမီး တစ်ယောက်ဟာ အပြင်ကို အလုပ်ကိစ္စတစ်ခု အတွက် သွားပါတယ်။ ကားပေါ်မှာ သူမမှာ ပါလာသော ငွေအားလုံးကို ခါးပိုက်နှိုက် ခံလိုက်ရပါတယ်။ ဒါကြောင့် သူမ၏ အမျိုးသား ဖြစ်သူကို ဖုန်းဆက်လိုက်ပါတယ်။ ခဏအကြာမှာပဲ သူမ၏ အမျိုးသားဟာ ရောက်ရှိလို့ လာပါတယ်။ ဒါက ဘာမှမဟုတ်တဲ့ သာမန် ပြဿနာ တစ်ခုပဲ ရှိပါတယ်။
ဒီနေရာမှာ ၎င်းအမျိုးသမီးဟာ ဖုန်းပါမသွားခဲ့ ဘူးဆိုလျှင် အခက်အခဲ တစ်ခုခုကို ကြုံတွေ့ရနိုင်ပါတယ်။ သင် ဘယ်နေရာကို သွားသွား ဖုန်းရှိနေမယ်ဆိုရင် အန္တရာယ်၏ ၅၀ ရာခိုင်နှုန်းကို ကာကွယ်ပြီးသား ဖြစ်ပါတယ်။ တစ်နေရာကို သွားလို့ ဖုန်းပါသွားမယ် ဆိုလျှင် မိသားစု၊ ဆွေမျိုး၊ သူငယ်ချင်း တို့နဲ့ အလွယ်တကူ ဆက်သွယ်နိုင်ပါ လိမ့်မယ်။ ဒါကတော့ ဖုန်းရှိခြင်း၏ ကောင်းကျိုး ဖြစ်ပါတယ်။

(၂) ဆိုးကျိုး

ဖုန်းတစ်လုံးဟာ လူတစ်ယောက်ကို ပေးနိုင်တဲ့ ဆိုကျိုး တွေကတော့ အချိန်ကုန်စေတယ် ၊ ငွေကုန်စေတယ် ၊ အချိန်ကြာကြာ ဖုန်းပြောရင် နားကို ထိခိုက်စေနိုင်တယ် ဒါတွေက အကြမ်းမျဉ်းအားဖြင့် ဆိုးကျိုးတွေပဲ ဖြစ်ပါတယ်။

(၃) ကောင်ကျိုးနှင့် ဆိုးကျိုး

ကောင်းကျိုးနဲ့ ကြည့်မယ်ဆိုလျှင် အလွန်ပင် အသုံးဝင်သော်လည်း ဆိုးကျိုးဘက်က ပြန်ကြည့်လိုက်မယ် ဆိုလျှင်လည်း ဆိုးကျိုးတွေ ကတော့ ရှိမှာပါ။ အသေချာဆုံး တစ်ခုကတော့ လူတစ်ယောက် ဖုန်းကတော့ မရှိမဖြစ် ဆောင်ထားသင့်ပါတယ်။ သို့မှသာ မိမိ ပတ်ဝန်းကျင်ကို အလွယ်တကူ ဆက်သွယ်နိုင် လိမ့်မယ်လို့ ထင်ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Yoyarlay
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top