Property Expo
×

မိသားစု သိုက္သိုက္ဝန္းဝန္းနဲ႕ ၾကီးၿပင္းလာတဲ့ မိန္းကေလးဆိုတာ ဘယ္လိုၿဖစ္မလဲ။

သာမန္မိသားစုေတြထက္ မိသားစု ေမာင္ႏွမမ်ားတဲ့ ပတ္ဝန္းက်င္မွာ ၾကီးၿပင္းလာတဲ့ မိန္းကေလးေတြ အေၾကာင္းကုိ တင္ၿပလိုက္ပါတယ္။

၀၁. ဘာမဆို အတူတူသံုးတတ္တယ္။

လူေတြနဲ႕ ပစၥည္းတခုကို အတူတူ သံုးဖို႔ရန္ မခဲယဥ္းပါ။ အိမ္မွာ ကိုယ့္အတြက္ အခန္းေပးထားပင္မဲ့လည္း၊ ညီမနဲ႕အတူတူ သံုးလည္း အဆင္ေၿပတယ္။ အဝတ္အစားဆိုရင္လည္း အတူတူသံုးလည္း ၿပသာနာမရွိပါ။ ကိုယ့္ပစၥည္းဆိုၿပီး ဥစၥာေၿခာက္မၿဖစ္ပါ။ ဒါပင္မဲ့လည္း ကိုယ့္ရဲ႕ပစၥည္းေတြကိုလည္း ယူၿပီး သံုးရင္သံုးလိမ့္မယ္။

၀၂. ဘာပဲၿဖစ္ၿဖစ္ ေပ်ာ္ေပ်ာ္ေနတတ္ပါတယ္။

သူ႕အိမ္ကို လိုက္သြားရင္လည္း မိသားစုသိုက္သိုက္ဝန္းဝန္းၿဖစ္တာေၾကာင့္ သူ႕မိဘေတြကို ေၾကာက္ေနစရာမလိုပါ။ မိဘေတြနဲ႕အတူတူ ေပ်ာ္စရာေလးေတြလည္း ၾကံဳေတြ႕ႏုိင္မွာပါ။

၀၃. သူမ်ားေတြနဲ႕မတူတဲ့ ထူးၿခားခ်က္ေတြရွိပါတယ္။

သူဟာ မိသားစုဝင္မ်ားတဲ့ ပတ္ဝန္းက်င္မွာ ၾကီးၿပင္းလာတဲ့အတြက္ အားလံုးထဲမွာ ကိုယ္က ထူးၿခားေအာင္၊ ေပၚလြင္ေအာင္ ၾကိဳးစားၿပီး ေနထိုင္တတ္တဲ့အတြက္ သူ႕ရဲ႕အၿပဳအမူေတြက စိတ္ဝင္းစားဖို႔ေကာင္းပါတယ္။

၀၄. ၿပသာနာေလးေတြကို ေခါင္းထဲမွာ မထားပါ။

ငယ္ငယ္ကတည္းက မိသားစုၾကီးထဲမွာ ၾကီးၿပင္းလာတဲ့အတြက္ ၿပသာနာေတြဆိုတာက အၿမဲၾကံဳေနရတဲ့အတြက္ အေသးအဖဲြ ၿပသာနာေတြကို ေမ့ထားတတ္ပါတယ္။ ဘာပဲၿဖစ္ၿဖစ္ ကိုယ့္ရဲ႕ၿပသာနာေတြကို နားေထာင္ေပးသလို အၾကံလည္းေပးမွာပါ။

၀၅. သူ႕စကားေတြက စိတ္ဝင္စားဖို႔ေကာင္းတယ္။

သူ႕ရဲ႕စကားေတြက အၿမဲတမ္း စိတ္ဝင္စားဖို႔ေကာင္းပါတယ္။ အကိုေတြ၊ ညီမေတြၾကားထဲမွာ ၾကီးၿပင္းလာတဲ့အတြက္ စိတ္ဝင္စားစရာေကာင္းတဲ့စကားေတြ အၿပင္ လူေတြကို ရယ္ေမာေအာင္လည္း ေၿပာတတ္သူပါ။

၀၆. ဘာေတြၿဖစ္ၿဖစ္ ကိုယ့္ဘက္က ရပ္တည္ေပးမည့္သူပါ။

မိသားစုၾကီးထဲမွာ ၾကီးၿပင္းလာတဲ့သူ႕မွာ ကိုယ့္ရဲ႕ ေမာင္ႏွမေတြအေပၚမွာ ဘယ္လိုသေဘာထားရမလဲဆိုတာတင္မက၊ သူတို႕ၿပသာနာတခုခုၾကံဳလာၿပီဆိုရင္လည္း ဘယ္လိုေၿဖရွင္းရမလဲဆိုတာကို သိေနသူပါ။

၀၇. စိတ္ဓာတ္ ၾကံ့ခိုင္မႈအၿပည့္ရွိပါတယ္။

မိသားစုဝင္ေတြထဲမွာ ကိုယ္အားကိုယ္ကိုးရမွာပါ။ ဒါေၾကာင့္လည္း ဘယ္လို အဆင္ေၿပေအာင္ေနရမလဲဆိုတာကို သိၿပီးသားပါ။ ဒါတင္မဟုတ္ ေပါင္းသင္းဆက္ဆံေရးမွာလည္း ေတာ္ပါလိမ့္မယ္။

၀၈. သူက တစ္လွမ္းေနာက္ဆုတ္ေနသူပါ။

သူအေနနဲ႕ တခါတေလက်ရင္ သာမန္လူတစ္ေယာက္ကေနၾကည့္ရင္ ေၾကာက္စရာေကာင္းပင္မဲ့လည္း သူခ်စ္တဲ့သူကို ကာကြယ္မဲ့ စိတ္က အသင့္ရွိေနသူပါ။ သူက ေၿခတစ္လွမ္း အေနာက္ဆုတ္ၿပီး အၿမဲ အားေပးေနမွာပါ။

၀၉. ဘာေၿပာေၿပာ ပြင့္ပြင့္လင္းလင္းေၿပာႏုိင္ပါတယ္။

သူမွာ ယံုၾကည္ခ်က္အၿပည့္ရွိတယ္။ ဘာၿဖစ္လို႔လဲဆိုေတာ့ သူ႔ရဲ႕အေနာက္မွာ မိသားစုေတြရွိတာေၾကာင့္ပါ။ သူ႔ရဲ႕ပတ္ဝန္းက်င္မွာက အၿမဲေႏြးေထြးၿပီး ေပ်ာ္ရႊင္ဖြယ္ေကာင္ေနလို႔ သူကိုယ္တိုင္လည္း ယံုၾကည္ခ်က္ေတြရွိသလို သူမ်ားေၿပာစကားကုိလည္း ေလးေလးနက္နက္ ပြင့္ပြင့္လင္းလင္း ေၿပာဆို နားေထာင္ေပးႏုိင္ပါတယ္။

၁၀. ဟန္ေဆာင္မႈမရွိ၊ သဘာဝအတိုင္းပါ။

သူ႕မွာ ဘာမွ ဟန္ေဆာင္မႈေတြမရွိ။ေမာင္ႏွမေတြက ဘာေတြပဲေၿပာေၿပာ၊ သူ႕မွာေတာ့ နာၾကည္းမႈဆိုတာ မရွိပါ။ မွတ္ထားတယ္ဆိုတာလည္း မရွိပါ။ သဘာဝအတိုင္းသာ ေနထိုင္တတ္သူပါ။

၁၁. အလုပ္နဲ႕ ငါ့ကို ဘယ္သူ႕ကို ေရြးမလဲလို႔ ေၿပာလာမွာ မဟုတ္ပါ။

သူ႕မွာ မင္းမရွိလဲ အသက္ရွင္သြားႏုိင္တဲ့အတြက္ ေအးေအးေဆးေဆးပါ။ ဘယ္လို အသက္ရွည္ရမလဲဆိုတာကို ေကာင္းေကာင္းနားလည္သူပါ။ မင္းကို လိုအပ္တာထက္ မင္းနဲ႕အတူတူ ရွိေနခ်င္တယ္ဆိုတာက မွန္ပါလိမ့္မယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: tabi-labo

Unicode Version

မိသားစု သိုက်သိုက်ဝန်းဝန်းနဲ့ ကြီးပြင်းလာတဲ့ မိန်းကလေးဆိုတာ ဘယ်လိုဖြစ်မလဲ။

သာမန်မိသားစုတွေထက် မိသားစု မောင်နှမများတဲ့ ပတ်ဝန်းကျင်မှာ ကြီးပြင်းလာတဲ့ မိန်းကလေးတွေ အကြောင်းကို တင်ပြလိုက်ပါတယ်။

၀၁. ဘာမဆို အတူတူသုံးတတ်တယ်။

လူတွေနဲ့ ပစ္စည်းတခုကို အတူတူ သုံးဖို့ရန် မခဲယဉ်းပါ။ အိမ်မှာ ကိုယ့်အတွက် အခန်းပေးထားပင်မဲ့လည်း၊ ညီမနဲ့အတူတူ သုံးလည်း အဆင်ပြေတယ်။ အဝတ်အစားဆိုရင်လည်း အတူတူသုံးလည်း ပြသာနာမရှိပါ။ ကိုယ့်ပစ္စည်းဆိုပြီး ဥစ္စာခြောက်မဖြစ်ပါ။ ဒါပင်မဲ့လည်း ကိုယ့်ရဲ့ပစ္စည်းတွေကိုလည်း ယူပြီး သုံးရင်သုံးလိမ့်မယ်။

၀၂. ဘာပဲဖြစ်ဖြစ် ပျော်ပျော်နေတတ်ပါတယ်။

သူ့အိမ်ကို လိုက်သွားရင်လည်း မိသားစုသိုက်သိုက်ဝန်းဝန်းဖြစ်တာကြောင့် သူ့မိဘတွေကို ကြောက်နေစရာမလိုပါ။ မိဘတွေနဲ့အတူတူ ပျော်စရာလေးတွေလည်း ကြုံတွေ့နိုင်မှာပါ။

၀၃. သူများတွေနဲ့မတူတဲ့ ထူးခြားချက်တွေရှိပါတယ်။

သူဟာ မိသားစုဝင်များတဲ့ ပတ်ဝန်းကျင်မှာ ကြီးပြင်းလာတဲ့အတွက် အားလုံးထဲမှာ ကိုယ်က ထူးခြားအောင်၊ ပေါ်လွင်အောင် ကြိုးစားပြီး နေထိုင်တတ်တဲ့အတွက် သူ့ရဲ့အပြုအမူတွေက စိတ်ဝင်းစားဖို့ကောင်းပါတယ်။

၀၄. ပြသာနာလေးတွေကို ခေါင်းထဲမှာ မထားပါ။

ငယ်ငယ်ကတည်းက မိသားစုကြီးထဲမှာ ကြီးပြင်းလာတဲ့အတွက် ပြသာနာတွေဆိုတာက အမြဲကြုံနေရတဲ့အတွက် အသေးအဖွဲ ပြသာနာတွေကို မေ့ထားတတ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကိုယ့်ရဲ့ပြသာနာတွေကို နားထောင်ပေးသလို အကြံလည်းပေးမှာပါ။

၀၅. သူ့စကားတွေက စိတ်ဝင်စားဖို့ကောင်းတယ်။

သူ့ရဲ့စကားတွေက အမြဲတမ်း စိတ်ဝင်စားဖို့ကောင်းပါတယ်။ အကိုတွေ၊ ညီမတွေကြားထဲမှာ ကြီးပြင်းလာတဲ့အတွက် စိတ်ဝင်စားစရာကောင်းတဲ့စကားတွေ အပြင် လူတွေကို ရယ်မောအောင်လည်း ပြောတတ်သူပါ။

၀၆. ဘာတွေဖြစ်ဖြစ် ကိုယ့်ဘက်က ရပ်တည်ပေးမည့်သူပါ။

မိသားစုကြီးထဲမှာ ကြီးပြင်းလာတဲ့သူ့မှာ ကိုယ့်ရဲ့ မောင်နှမတွေအပေါ်မှာ ဘယ်လိုသဘောထားရမလဲဆိုတာတင်မက၊ သူတို့ပြသာနာတခုခုကြုံလာပြီဆိုရင်လည်း ဘယ်လိုဖြေရှင်းရမလဲဆိုတာကို သိနေသူပါ။

၀၇. စိတ်ဓာတ် ကြံ့ခိုင်မှုအပြည့်ရှိပါတယ်။

မိသားစုဝင်တွေထဲမှာ ကိုယ်အားကိုယ်ကိုးရမှာပါ။ ဒါကြောင့်လည်း ဘယ်လို အဆင်ပြေအောင်နေရမလဲဆိုတာကို သိပြီးသားပါ။ ဒါတင်မဟုတ် ပေါင်းသင်းဆက်ဆံရေးမှာလည်း တော်ပါလိမ့်မယ်။

၀၈. သူက တစ်လှမ်းနောက်ဆုတ်နေသူပါ။

သူအနေနဲ့ တခါတလေကျရင် သာမန်လူတစ်ယောက်ကနေကြည့်ရင် ကြောက်စရာကောင်းပင်မဲ့လည်း သူချစ်တဲ့သူကို ကာကွယ်မဲ့ စိတ်က အသင့်ရှိနေသူပါ။ သူက ခြေတစ်လှမ်း အနောက်ဆုတ်ပြီး အမြဲ အားပေးနေမှာပါ။

၀၉. ဘာပြောပြော ပွင့်ပွင့်လင်းလင်းပြောနိုင်ပါတယ်။

သူမှာ ယုံကြည်ချက်အပြည့်ရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့ရဲ့အနောက်မှာ မိသားစုတွေရှိတာကြောင့်ပါ။ သူ့ရဲ့ပတ်ဝန်းကျင်မှာက အမြဲနွေးထွေးပြီး ပျော်ရွှင်ဖွယ်ကောင်နေလို့ သူကိုယ်တိုင်လည်း ယုံကြည်ချက်တွေရှိသလို သူများပြောစကားကိုလည်း လေးလေးနက်နက် ပွင့်ပွင့်လင်းလင်း ပြောဆို နားထောင်ပေးနိုင်ပါတယ်။

၁၀. ဟန်ဆောင်မှုမရှိ၊ သဘာဝအတိုင်းပါ။

သူ့မှာ ဘာမှ ဟန်ဆောင်မှုတွေမရှိ။မောင်နှမတွေက ဘာတွေပဲပြောပြော၊ သူ့မှာတော့ နာကြည်းမှုဆိုတာ မရှိပါ။ မှတ်ထားတယ်ဆိုတာလည်း မရှိပါ။ သဘာဝအတိုင်းသာ နေထိုင်တတ်သူပါ။

၁၁. အလုပ်နဲ့ ငါ့ကို ဘယ်သူ့ကို ရွေးမလဲလို့ ပြောလာမှာ မဟုတ်ပါ။

သူ့မှာ မင်းမရှိလဲ အသက်ရှင်သွားနိုင်တဲ့အတွက် အေးအေးဆေးဆေးပါ။ ဘယ်လို အသက်ရှည်ရမလဲဆိုတာကို ကောင်းကောင်းနားလည်သူပါ။ မင်းကို လိုအပ်တာထက် မင်းနဲ့အတူတူ ရှိနေချင်တယ်ဆိုတာက မှန်ပါလိမ့်မယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: tabi-labo
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top