Property Expo
×

  ေဆာ္ဒီ ေတာ္ဝင္မိသားစုဝင္ေတြ ကြပ္မ်က္ခံရေလ့ မရွိပါဘူး။ (Credit: Reuters)
ေဆာ္ဒီအာေရးဗ်ႏိုင္ငံ ​အစိုးရက ​လူသတ္မႈ ​က်ဴးလြန္တဲ့ ​ေတာ္ဝင္မင္းသား ​Tuki ​bin ​Saud ​al-Kabir ​ကို ​ကြပ္မ်က္လိုက္ပါတယ္။

အဲဒီ ေဆာ္ဒီ ေတာ္ဝင္မင္းသားဟာ ​၂၀၁၂ ​ခုႏွစ္တုန္းက ​Adel ​al-Mohaimeed ​ဆိုတဲ့ ​သူငယ္ခ်င္းတစ္ေယာက္နဲ႔ ​စကားမ်ားရာက ေသနတ္နဲ႔ ​ပစ္သတ္လိုက္တာလို႔ ေဆာ္ဒီ ျပည္ထဲေရး ​ဝန္ႀကီးဌာနက ေျပာတဲ့အေၾကာင္း ​SPA ​သတင္းမွာ ေဖာ္ျပထားပါတယ္။

မင္းသားကို ​ဘယ္လိုနည္းနဲ႔ ​ကြပ္မ်က္လိုက္သလဲ ​ဆိုတာကိုေတာ့ ျပည္ထဲေရး ​ဝန္ႀကီးဌာနက ​မေျပာထားေပမယ့္ ​အမ်ားအားျဖင့္ ေဆာ္ဒီအာေရးဗ်ႏိုင္ငံမွာ ေခါင္းျဖတ္ၿပီး ​ကြပ္မ်က္ေလ့ရွိပါတယ္။

ေဆာ္ဒီႏိုင္ငံကို ေဆာ္ဒီေတာ္ဝင္ ​မိသားစုဝင္ေတြက ​အုပ္ခ်ဳပ္တဲ့အတြက္ ​အုပ္ခ်ဳပ္သူ ​လူတန္းစားကို ​အျပစ္ေပး ​ကြပ္မ်က္တာက ​ထူးဆန္းေနၿပီး ​၁၉၇၅ ​ခုႏွစ္တုန္းကေတာ့ ​Faisal ​bin ​Musaid ​al ​Saud ​ဆိုတဲ့ ​လူက ​ဦးေလးေတာ္စပ္သူ ​King ​Faisal ​ကို ​လုပ္ၾကံသတ္ျဖတ္လို႔ ​ကြပ္မ်က္ခံခဲ့ရဖူးပါတယ္။

အစိုးရအေနနဲ႔ ​ႏိုင္ငံအတြင္းမွာ ​Allah ​အရွင္ျမတ္ရဲ့ ​နည္းလမ္းအတိုင္း ​တည္ၿငိမ္ေအးခ်မ္းမႈ၊ ​လုံၿခဳံေရးေတြနဲ႔ ​တရားဥပေဒ ​စိုးမိုးေရးရွိဖို႔အတြက္ ​အခုလို ​လုပ္ေဆာင္တာလို႔လည္း ျပည္ထဲေရး ​ဝန္ႀကီးက ေျပာဆိုတဲ့အေၾကာင္း ​ရိုက္တာ ​သတင္းမွာ ​ပါရွိပါတယ္။

ေဆာ္ဒီႏိုင္ငံမွာ ေတာ္ဝင္ ​မိသားစုဝင္ ​အေယာက္ေပါင္း ေထာင္နဲ႔ခ်ီ ​ရွိတယ္လို႔လည္း ​သိရပါတယ္။

 ဖိုးသူေတာ္ (www.phothutaw.com)
Credit:ABC Radio Australia

#Unicode Version
ဆော်ဒီ တော်ဝင်မိသားစုဝင်တွေ ကွပ်မျက်ခံရလေ့ မရှိပါဘူး။ (Credit: Reuters)
ဆော်ဒီအာရေးဗျနိုင်ငံ အစိုးရက လူသတ်မှု ကျူးလွန်တဲ့ တော်ဝင်မင်းသား Tuki bin Saud al-Kabir ကို ကွပ်မျက်လိုက်ပါတယ်။

အဲဒီ ဆော်ဒီ တော်ဝင်မင်းသားဟာ ၂၀၁၂ ခုနှစ်တုန်းက Adel al-Mohaimeed ဆိုတဲ့ သူငယ်ချင်းတစ်ယောက်နဲ့ စကားများရာက သေနတ်နဲ့ ပစ်သတ်လိုက်တာလို့ ဆော်ဒီ ပြည်ထဲရေး ဝန်ကြီးဌာနက ပြောတဲ့အကြောင်း SPA သတင်းမှာ ဖော်ပြထားပါတယ်။

မင်းသားကို ဘယ်လိုနည်းနဲ့ ကွပ်မျက်လိုက်သလဲ ဆိုတာကိုတော့ ပြည်ထဲရေး ဝန်ကြီးဌာနက မပြောထားပေမယ့် အများအားဖြင့် ဆော်ဒီအာရေးဗျနိုင်ငံမှာ ခေါင်းဖြတ်ပြီး ကွပ်မျက်လေ့ရှိပါတယ်။

ဆော်ဒီနိုင်ငံကို ဆော်ဒီတော်ဝင် မိသားစုဝင်တွေက အုပ်ချုပ်တဲ့အတွက် အုပ်ချုပ်သူ လူတန်းစားကို အပြစ်ပေး ကွပ်မျက်တာက ထူးဆန်းနေပြီး ၁၉၇၅ ခုနှစ်တုန်းကတော့ Faisal bin Musaid al Saud ဆိုတဲ့ လူက ဦးလေးတော်စပ်သူ King Faisal ကို လုပ်ကြံသတ်ဖြတ်လို့ ကွပ်မျက်ခံခဲ့ရဖူးပါတယ်။

အစိုးရအနေနဲ့ နိုင်ငံအတွင်းမှာ Allah အရှင်မြတ်ရဲ့ နည်းလမ်းအတိုင်း တည်ငြိမ်အေးချမ်းမှု၊ လုံခြုံရေးတွေနဲ့ တရားဥပဒေ စိုးမိုးရေးရှိဖို့အတွက် အခုလို လုပ်ဆောင်တာလို့လည်း ပြည်ထဲရေး ဝန်ကြီးက ပြောဆိုတဲ့အကြောင်း ရိုက်တာ သတင်းမှာ ပါရှိပါတယ်။

ဆော်ဒီနိုင်ငံမှာ တော်ဝင် မိသားစုဝင် အယောက်ပေါင်း ထောင်နဲ့ချီ ရှိတယ်လို့လည်း သိရပါတယ်။



 ဖိုးသူတော် (www.phothutaw.com)
Credit:ABC Radio Australia
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top