Property Expo
×

 လက္၀ဲယိမ္း ဖာ့စ္ သူပုန္မ်ားႏွင့္ (၅၂)ႏွစ္ၾကာ ျဖစ္ ပြားခဲ့ေသာ ပဋိပကၡကို အဆံုး သတ္ေရး ႀကိဳးပမ္းေဆာင္ရြက္ ခ်က္မ်ားအတြက္ ကိုလံဘီယာ သမၼတ ဟြမ္မန္ႏ်ဴရယ္ဆန္းတို႔စ္ ကို ႏိုဗယ္ၿငိမ္းခ်မ္းေရးဆု ခ်ီးျမႇင့္ လိုက္သည္။

ေလးႏွစ္ၾကာ ညိႇႏႈိင္းေဆြး ေႏြးခဲ့ၿပီးေနာက္ ၿပီးခဲ့သည့္လက ဖာ့စ္သူပုန္မ်ားႏွင့္ လက္မွတ္ေရး ထိုးခဲ့ေသာ ၿငိမ္းခ်မ္းေရးသေဘာ တူညီခ်က္အတြက္ ေနာ္ေ၀းႏိုင္ငံ ရွိ ႏိုဗယ္ဆုခ်ီးျမႇင့္ေရးေကာ္မတီ က ဆန္းတို႔စ္ကို ခ်ီးက်ဴးသည္။


သို႔ေသာ္ ယင္းသေဘာတူညီမႈသည္ ၿပီးခဲ့သည့္တနဂၤေႏြေန႔ လူထုဆႏၵခံယူပဲြတြင္ မဲအနည္း ငယ္ ကြာဟခ်က္ျဖင့္ ပယ္ခ်ခံခဲ့ရ သည္။

 ကိုလံဘီယာ ပဋိပကၡအ တြင္း လူ ၂၆၀,၀၀၀ ေသဆံုးခဲ့ၿပီး လူေပါင္းေျခာက္သန္း ႏုိင္ငံတြင္း ထြက္ေျပးေနခဲ့ရသည္။

ကိုလံဘီယာႏိုင္ငံ၏ ႏွစ္ ၅၀ ေက်ာ္ၾကာ ျပည္တြင္းစစ္ကို အ ဆံုးသတ္ေစေရး ကိုလံဘီယာသမၼတဆန္းတို႔စ္၏ ႀကိဳးပမ္းလုပ္ ေဆာင္မႈမ်ားအတြက္ ၂၀၁၆ ၿငိမ္း ခ်မ္းေရးႏိုဗယ္ဆု ခ်ီးျမႇင့္ရန္ ေနာ္ ေ၀းႏိုင္ငံ ႏိုဗယ္ဆုခ်ီးျမႇင့္ေရး ေကာ္မတီက ဆံုးျဖတ္လိုက္သည္ဟု ေကာ္မတီဥကၠ႒ မစၥစ္ကာစီကူလ္ မန္းဖိုက္က ေျပာၾကား သည္။

ဆန္းတို႔စ္သည္ ၾသဇာႀကီး ေသာ မိသားစုတစ္စုမွ ၁၉၅၅ ၾသ ဂုတ္ ၁၀ ရက္တြင္ ဘိုဂိုတာၿမိဳ႕၌ ဖြားျမင္ခဲ့ၿပီး ၂၀၁၀ ကိုလံဘီယာ သမၼတ ေရြးေကာက္ပဲြတြင္ အႏိုင္ ရကာ ၂၀၁၄ တြင္ ထပ္မံေရြး ေကာက္ခံခဲ့ရသည္။

၂၀၀၆ မွ ၂၀၀၉ အထိ ကာ ကြယ္ေရး၀န္ႀကီးအျဖစ္ ထမ္း ေဆာင္ခဲ့ၿပီး သားတစ္ဦးႏွင့္သမီး တစ္ဦး ရွိသည္။

ၿငိမ္းခ်မ္းေရးသေဘာတူညီ မႈကို ကိုလံဘီယာႏိုင္ငံသားအမ်ား စုက ပယ္ခ်ခဲ့ေသာ္လည္း သူပုန္ မ်ားႏွင့္ ဆက္လက္ေဆြးေႏြးသြား မည္ဟု ၎က ေႂကြးေၾကာ္ထား သည္။   

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

 လက်ဝဲယိမ်း ဖာ့စ် သူပုန်များနှင့် (၅၂)နှစ်ကြာ ဖြစ် ပွားခဲ့သော ပဋိပက္ခကို အဆုံး သတ်ရေး ကြိုးပမ်းဆောင်ရွက် ချက်များအတွက် ကိုလံဘီယာ သမ္မတ ဟွမ်မန်နျူရယ်ဆန်းတို့စ် ကို နိုဗယ်ငြိမ်းချမ်းရေးဆု ချီးမြှင့် လိုက်သည်။

လေးနှစ်ကြာ ညှိနှိုင်းဆွေး နွေးခဲ့ပြီးနောက် ပြီးခဲ့သည့်လက ဖာ့စ်သူပုန်များနှင့် လက်မှတ်ရေး ထိုးခဲ့သော ငြိမ်းချမ်းရေးသဘော တူညီချက်အတွက် နော်ဝေးနိုင်ငံ ရှိ နိုဗယ်ဆုချီးမြှင့်ရေးကော်မတီ က ဆန်းတို့စ်ကို ချီးကျူးသည်။


သို့သော် ယင်းသဘောတူညီမှုသည် ပြီးခဲ့သည့်တနင်္ဂနွေနေ့ လူထုဆန္ဒခံယူပွဲတွင် မဲအနည်း ငယ် ကွာဟချက်ဖြင့် ပယ်ချခံခဲ့ရ သည်။

 ကိုလံဘီယာ ပဋိပက္ခအ တွင်း လူ ၂၆၀,၀၀၀ သေဆုံးခဲ့ပြီး လူပေါင်းခြောက်သန်း နိုင်ငံတွင်း ထွက်ပြေးနေခဲ့ရသည်။

ကိုလံဘီယာနိုင်ငံ၏ နှစ် ၅၀ ကျော်ကြာ ပြည်တွင်းစစ်ကို အ ဆုံးသတ်စေရေး ကိုလံဘီယာသမ္မတဆန်းတို့စ်၏ ကြိုးပမ်းလုပ် ဆောင်မှုများအတွက် ၂၀၁၆ ငြိမ်း ချမ်းရေးနိုဗယ်ဆု ချီးမြှင့်ရန် နော် ဝေးနိုင်ငံ နိုဗယ်ဆုချီးမြှင့်ရေး ကော်မတီက ဆုံးဖြတ်လိုက်သည်ဟု ကော်မတီဥက္ကဋ္ဌ မစ္စစ်ကာစီကူလ် မန်းဖိုက်က ပြောကြား သည်။

ဆန်းတို့စ်သည် သြဇာကြီး သော မိသားစုတစ်စုမှ ၁၉၅၅ သြ ဂုတ် ၁၀ ရက်တွင် ဘိုဂိုတာမြို့၌ ဖွားမြင်ခဲ့ပြီး ၂၀၁၀ ကိုလံဘီယာ သမ္မတ ရွေးကောက်ပွဲတွင် အနိုင် ရကာ ၂၀၁၄ တွင် ထပ်မံရွေး ကောက်ခံခဲ့ရသည်။

၂၀၀၆ မှ ၂၀၀၉ အထိ ကာ ကွယ်ရေးဝန်ကြီးအဖြစ် ထမ်း ဆောင်ခဲ့ပြီး သားတစ်ဦးနှင့်သမီး တစ်ဦး ရှိသည်။

ငြိမ်းချမ်းရေးသဘောတူညီ မှုကို ကိုလံဘီယာနိုင်ငံသားအများ စုက ပယ်ချခဲ့သော်လည်း သူပုန် များနှင့် ဆက်လက်ဆွေးနွေးသွား မည်ဟု ၎င်းက ကြွေးကြော်ထား သည်။   


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily


 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top