Property Expo
×

 ျပည္တြင္း ေရႊေစ်းအ ေျပာင္းအလဲမ်ားေနေသာေၾကာင့္ လက္၀တ္ရတနာဆုိင္မ်ားအပါ အ၀င္ ေရႊအေရာင္းအ၀ယ္နည္း ပါးေနေၾကာင္း ျပည္တြင္းေရႊေစ်း ကြက္မွ သတင္းရရွိသည္။ ျပည္တြင္း ေရႊေစ်းသည္ သီ တင္းတစ္ပတ္ေက်ာ္အတြင္း တစ္ က်ပ္သားလွ်င္ က်ပ္ငါးေသာင္း ေက်ာ္ျပန္လည္ က်ဆင္းလာျခင္း ျဖစ္သည္။

‘‘ေရႊေစ်းက အတက္ေစ်းဆုိ လည္း တက္ၿပီးၿငိမ္ေနမွ။ အက် ေစ်းလည္း က်ၿပီး ၿငိမ္ေနမွ။ အခု အတက္အက်မ်ားေနေတာ့ ၀ယ္ ေရာင္းသမားေတြေတာင္ အ၀ယ္ မလုပ္ေတာ့ဘူး’’ ဟု ျမန္မာႏုိင္ငံ ေရႊလုပ္ငန္းရွင္မ်ား အသင္းအ တြင္းေရးမွဴး ဦးေက်ာ္၀င္းကေျပာ ၾကားသည္။

ေငြလဲႏႈန္းျမင့္တက္လာျခင္း ေၾကာင့္ ျပည္တြင္းအေခါက္ေရႊ ေစ်းသည္ စက္တင္ဘာလကုန္ တြင္ က်ပ္ကိုးသိန္းေက်ာ္ျမင့္တက္ လာၿပီးေနာက္ ျပန္လည္က်ဆင္း လာကာ ေအာက္တုိဘာ ၁၀ ရက္ တြင္ က်ပ္ရွစ္သိန္းခဲြေက်ာ္ ေပါက္ ေစ်းရွိခဲ့သည္။

ေရႊေစ်းျပန္လည္က် ဆင္း ျခင္းမွာ ျပည္တြင္းေငြလဲႏႈန္းတြင္ ေဒၚလာေစ်းျပန္လည္က်ဆင္း လာျခင္းအျပင္ ကမၻာ့ေရႊေစ်းပါ တစ္ရွိန္ထိုးက် ဆင္းလာျခင္းျဖစ္ ေၾကာင္း ေရႊအေရာင္းအ၀ယ္ျပဳ လုပ္သူ ကိုမင္းမင္းက ေျပာသည္။

‘‘အခု ကမၻာ့ေရႊေစ်းက အ ရင္က ျဖစ္ခဲ့တဲ့ အနိမ့္ဆံုးေစ်းကို က်သြားတာ။  ေရႊေစ်းက ဆက္ က်ဖို႔ ရွိေနတယ္’’ဟု ၎က ေျပာ ၾကားသည္။

သီတင္းကၽြတ္၊ တန္ေဆာင္ တိုင္ ကာလမ်ားတြင္ ေတာင္သူ မ်ားေငြေပၚသည့္အခ်ိန္ျဖစ္ၿပီး ေရႊ ေရာင္းအားေကာင္းသည့္ ကာလ ျဖစ္ေသာေၾကာင့္ ထိုကာလ အ တြင္း ေရႊေစ်း တည္ၿငိမ္ရန္လိုအပ္ ေၾကာင္း ဦးေက်ာ္၀င္းက ေျပာ ၾကားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 day daily

#Unicode Version

 ပြည်တွင်း ရွှေဈေးအ ပြောင်းအလဲများနေသောကြောင့် လက်ဝတ်ရတနာဆိုင်များအပါ အဝင် ရွှေအရောင်းအဝယ်နည်း ပါးနေကြောင်း ပြည်တွင်းရွှေဈေး ကွက်မှ သတင်းရရှိသည်။

ပြည်တွင်း ရွှေဈေးသည် သီ တင်းတစ်ပတ်ကျော်အတွင်း တစ် ကျပ်သားလျှင် ကျပ်ငါးသောင်း ကျော်ပြန်လည် ကျဆင်းလာခြင်း ဖြစ်သည်။

‘‘ရွှေဈေးက အတက်ဈေးဆို လည်း တက်ပြီးငြိမ်နေမှ။ အကျ ဈေးလည်း ကျပြီး ငြိမ်နေမှ။ အခု အတက်အကျများနေတော့ ဝယ် ရောင်းသမားတွေတောင် အဝယ် မလုပ်တော့ဘူး’’ ဟု မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များ အသင်းအ တွင်းရေးမှူး ဦးကျော်ဝင်းကပြော ကြားသည်။

ငွေလဲနှုန်းမြင့်တက်လာခြင်း ကြောင့် ပြည်တွင်းအခေါက်ရွှေ ဈေးသည် စက်တင်ဘာလကုန် တွင် ကျပ်ကိုးသိန်းကျော်မြင့်တက် လာပြီးနောက် ပြန်လည်ကျဆင်း လာကာ အောက်တိုဘာ ၁၀ ရက် တွင် ကျပ်ရှစ်သိန်းခွဲကျော် ပေါက် ဈေးရှိခဲ့သည်။

ရွှေဈေးပြန်လည်ကျ ဆင်း ခြင်းမှာ ပြည်တွင်းငွေလဲနှုန်းတွင် ဒေါ်လာဈေးပြန်လည်ကျဆင်း လာခြင်းအပြင် ကမ္ဘာ့ရွှေဈေးပါ တစ်ရှိန်ထိုးကျ ဆင်းလာခြင်းဖြစ် ကြောင်း ရွှေအရောင်းအဝယ်ပြု လုပ်သူ ကိုမင်းမင်းက ပြောသည်။

‘‘အခု ကမ္ဘာ့ရွှေဈေးက အ ရင်က ဖြစ်ခဲ့တဲ့ အနိမ့်ဆုံးဈေးကို ကျသွားတာ။  ရွှေဈေးက ဆက် ကျဖို့ ရှိနေတယ်’’ဟု ၎င်းက ပြော ကြားသည်။

သီတင်းကျွတ်၊ တန်ဆောင် တိုင် ကာလများတွင် တောင်သူ များငွေပေါ်သည့်အချိန်ဖြစ်ပြီး ရွှေ ရောင်းအားကောင်းသည့် ကာလ ဖြစ်သောကြောင့် ထိုကာလ အ တွင်း ရွှေဈေး တည်ငြိမ်ရန်လိုအပ် ကြောင်း ဦးကျော်ဝင်းက ပြော ကြားသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top