Kantharyar Centre
×

ေဒၚေအာင္ဆန္းစုၾကည္ ဦး ေဆာင္ေသာ ျမန္မာအစိုးရသစ္၏ တုိင္း က်ိဳးျပည္ျပဳေဆာင္ရြက္မႈမ်ားတြင္ အိႏၵိယ က အတူယွဥ္တြဲရပ္တည္ ကူညီသြားမည္ ဟု အိႏၵိယဝန္ႀကီးခ်ဳပ္ နာရန္ဒရာမိုဒီက ကတိျပဳေျပာၾကားသည္။

ႏိုင္ငံေတာ္၏ အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ သည္ ၿပီးခဲ့သည့္ သီတင္းပတ္ကုန္ က BIMSTEC အစည္းအေဝး တက္ေရာက္ရန္ အိႏိၵယႏုိင္ငံသို႔ ေရာက္ရွိေနသည္။ ေဒၚေအာင္ ဆန္းစုၾကည္သည္ အစည္းအ ေဝးက်င္းပရာ ဂိုအာမွတစ္ဆင့္ နယူးေဒလီၿမိဳ႕သို႔ သြားေရာက္ကာ မိုဒီႏွင့္ ေတြ႕ဆံုေဆြးေႏြးခဲ့ျခင္းျဖစ္ သည္။ ၎သည္ အိႏၵိယသမၼတ ပရာနက္ဘ္ မူခါဂ်ီ၊ ႏုိင္ငံျခားေရးဝန္ႀကီး ဆူရွမားဆြာရက္ဂ်္တို႔ႏွင့္ ဦးစြာ ေတြ႕ဆံုခဲ့ၿပီးေနာက္ ဝန္ႀကီးခ်ဳပ္မိုဒီက ေဟဒရာဘက္ဒ္ ႏုိင္ငံေတာ္ ေဂဟာတြင္ ေဒၚေအာင္ဆန္းစုၾကည္ အားဧည့္ခံခဲ့ျခင္းျဖစ္သည္။

ေခါင္းေဆာင္ႏွစ္ဦးေဆြးေႏြးမႈမ်ားအၿပီး သတင္းေထာက္မ်ား ႏွင့္ ေတြ႕ဆံုရာ၌ မိုဒီက ‘‘ေဒၚ ေအာင္ဆန္းစုၾကည္ကို သူ႔ရဲ႕  ဒုတိယအိမ္က ႀကိဳဆိုပါတယ္။ ေဒၚေအာင္ဆန္းစုၾကည္ကို အခု လို လက္ခံႀကိဳဆိုခြင့္ရျခင္းဟာ အိႏၵိယ ႏုိင္ငံအတြက္ ဂုဏ္ယူစရာ အေျခအေန တစ္ရပ္ပါ’’ ဟု ေျပာ ၾကားခဲ့သည္။

 ေဒၚေအာင္ဆန္းစုၾကည္ (၁၈) ႏွစ္သမီးအရြယ္ကပင္အိႏိၵယ သို႔ ေရာက္ရွိခဲ့သည္။ မိခင္ျဖစ္သူ ေဒၚခင္ၾကည္ အိႏိၵယႏိုင္ငံဆိုင္ရာ ျမန္မာ သံအမတ္ႀကီးျဖစ္လာ၍ နယူးေဒလီသို႔ ၁၉၆၀ တြင္ လိုက္ပါခဲ့ရျခင္း ျဖစ္သည္။ ၎သည္ အိႏိၵယတြင္ ဆက္လက္ပညာသင္ယူခဲ့ၿပီး ၁၉၆၂ မွ ၆၃ အထိ ေဒလီတကၠသိုလ္၌ ႏိုင္ငံေရးသိပၸံဘာသာရပ္ကို ေလ့လာဆည္းပူးခဲ့သည္။ တစ္ဖန္ေဒၚေအာင္ဆန္းစုၾကည္သည္ အသက္ (၄၅)ႏွစ္အရြယ္ ၁၉၈၇ တြင္ အိႏိၵယသို႔ျပန္ေရာက္လာခဲ့ၿပီး ဆင္းမလားၿမိဳ႕ရွိအထူးေလ့လာေရး အိႏိၵယ သိပၸံဌာနတြင္ သုေတသီအျဖစ္ လုပ္ကိုင္ခဲ့သည္။

ျမန္မာႏိုင္ငံ ခ်မ္းသာႂကြယ္၀ ေအာင္ ေဒၚေအာင္ဆန္းစုၾကည္ ဦးေဆာင္ေနရာတြင္ အိႏိၵယက အစစအရာရာ အဆင္သင့္ရွိေန မည္ျဖစ္ေၾကာင္း မိုဒီက ထပ္ ေလာင္းေျပာၾကားသည္။

‘‘ႏွစ္ႏိုင္ငံပူးေပါင္းေဆာင္ရြက္ ရန္ ခိုင္မာသည့္ ဖြံ႕ၿဖိဳးေရးအစီအ စဥ္တစ္ခုရွိပါတယ္’’ဟု မိုဒီက ေျပာၾကားသည္။

‘‘အိႏိၵယႏုိင္ငံဟာ ေဒၚေအာင္ဆန္းစုၾကည္ ဦးေဆာင္ၿပီး ျမန္မာႏုိင္ငံ ဖြံ႕ၿဖိဳးတိုးတက္ ေအာင္ ႀကိဳးပမ္းေဆာင္ရြက္ေနမႈ ေတြမွာ အတူယွဥ္တြဲရပ္တည္ၿပီး  အကူအညီေပးသြားမွာပါ။အိႏၵိယ ဟာ ျမန္မာႏုိင္ငံနဲ႔ ပူးေပါင္းေဆာင္ ရြက္မႈက႑မွာ အရွိန္အဟုန္နဲ႔  တိုးတက္မႈေတြ ရွိေနပါတယ္’’ ဟု ဆိုသည္။ ထုိ႔အျပင္ ျမန္မာႏွင့္ အိႏၵိယတို႔သည္ အိမ္နီးခ်င္းႏုိင္ငံ မ်ားပီပီ ေဒသလံုၿခံဳေရးက႑တြင္ အေလးအနက္ ပူးေပါင္းေဆာင္ ရြက္ရန္လည္း လိုအပ္ေၾကာင္း ၎က မွတ္ခ်က္ေပးခဲ့သည္။

‘‘ကြၽန္ေတာ္တုိ႔ ႏွစ္ႏုိင္ငံရဲ႕လူ႔ အဖြဲ႕အစည္းေတြဟာ ရာစုႏွစ္ ေပါင္းမ်ားစြာ ယဥ္ေက်းမႈခ်င္း ဆက္စပ္ေနခဲ့ပါတယ္။ မၾကာ ေသးမီကလႈပ္ခတ္သြားတဲ့ ငလ်င္ ႀကီးေၾကာင့္ ျမန္မာႏိုင္ငံက ေရွး ေဟာင္းေစတီပုထိုးေတြ ထိခုိက္ ပ်က္စီးခဲ့တာကို ျပန္လည္ျပင္ ဆင္ မြမ္းမံဖို႔အတြက္ အကူအညီ  ေပးဖို႔လည္း ကြၽန္ေတာ္တို႔ဘက္ ကမ္းလွမ္းခဲ့ပါတယ္’’ ဟု မိုဒီက ေျပာၾကားသည္။

ေဒၚေအာင္ဆန္းစုၾကည္က လည္း မီဒီယာမ်ားေရွ႕ေမွာက္တြင္ ‘‘အိႏၵိယဟာ ကမၻာေပၚမွာ ဒီမိုက ေရစီစံႏႈန္း အျမင့္မားဆံုး ႏုိင္ငံ ျဖစ္ေနတဲ့အတြက္ ျမန္မာႏုိင္ငံက  ေလးစားပါတယ္’’ ဟု ေျပာၾကားခဲ့ သည္။ မိုဒီႏွင့္ေဆြးေႏြးသည့္ ကိစၥ ရပ္မ်ားကို ေမးျမန္းခ်ိန္တြင္မူ ေဒၚ ေအာင္ဆန္းစုၾကည္က ဖြံ႕ၿဖိဳးေရး၊  ေဆာက္လုပ္ေရး၊ ေရွးေဟာင္း သုေတသန ပညာရပ္ဆိုင္ရာက႑စံု က်ယ္က်ယ္ျပန္႔ျပန္႔ ပါဝင္ေၾကာင္း ေျဖၾကားခဲ့သည္။

 ေဒၚေအာင္ဆန္းစုၾကည္ သည္ အစိုးရသစ္ အာဏာရလာ ၿပီးေနာက္ ႏိုင္ငံေတာ္အႀကီးအကဲ တစ္ဦးအျဖစ္ အိႏိၵယသို႔ ပထမဆံုး အႀကိမ္ တရားဝင္ခရီးစဥ္ သြား ေရာက္ခဲ့ျခင္းျဖစ္သည္။ အိႏိၵယ ႏုိင္ငံျခားေရး ဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရ ပုဂၢိဳလ္ ဗီးကက္စ္ ဆြာရပ္က မိုဒီႏွင့္ ေဒၚေအာင္ဆန္း စုၾကည္တို႔ အတူယွဥ္တြဲထိုင္ေန သည့္ ဓာတ္ပံုကို Twitter ေပၚ လႊင့္တင္ခဲ့သလို ေဒၚေအာင္ဆန္း စုၾကည္ကို ‘‘အေရွ႕ အရပ္က မိတ္ေဆြရင္းခ်ာေဟာင္းတစ္ဦး’’ ဟု ၫႊန္းဆိုေရးသားထားသည္။

‘‘ႏုိင္ငံနယ္နိမိတ္ကို ေက်ာ္ လြန္ၿပီး ၿငိမ္းခ်မ္းေရး ေဆာင္ၾကဥ္း ေပးဖုိ႔ဆိုတာက ကြၽန္မတို႔ရဲ႕ ရည္ မွန္းခ်က္ ပန္းတိုင္ပါပဲ။ ဘာ ေၾကာင့္လဲဆိုေတာ့ ကြၽန္မတို႔ဟာ မတည္ၿငိမ္ မေအးခ်မ္းမႈရဲ႕ဒဏ္ကို ႏွစ္ရွည္လမ်ား ႀကံဳေတြ႕ ခံစားခဲ့ဖူး တာေၾကာင့္ပါပဲ’’ ဟု ေဒၚေအာင္ ဆန္းစုၾကည္ကဆိုသည္။

မိုဒီက အိႏၵိယႏွင့္ ျမန္မာအစိုးရမ်ားအေနျဖင့္ နယ္စပ္ေဒသမ်ား လံုၿခံဳေရးႏွင့္ ႏွစ္ႏုိင္ငံမဟာဗ်ဴဟာ အရင္းအျမစ္မ်ားကို ကာကြယ္ေရး ပူး ေပါင္းေဆာင္ရြက္ရန္ သေဘာတူညီမႈရရွိခဲ့ေၾကာင္း သတင္းေထာက္မ်ား၏ေမးျမန္းမႈကို အတုိခ်ဳပ္ ေျဖၾကားခဲ့သည္။

ႏိုင္ငံေတာ္၏ အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကို နယူးေဒလီၿမိဳ႕ရွိ ႏိုင္ငံေတာ္သမၼတ အိမ္ေတာ္၀င္း Rashtrapati Bhavan ၌ ဂုဏ္ျပဳအခမ္းအနား ျဖင့္ အိႏိၵယ၀န္ႀကီးခ်ဳပ္ မစၥတာ နာရန္ဒရာမိုဒီက ႀကိဳဆိုခဲ့သည္။ အတုိင္ပင္ခံပုဂၢိဳလ္သည္ ဂုဏ္ျပဳ တပ္ဖြဲ႕၏ အေလးျပဳျခင္းကို ခံယူ ၿပီး ဂုဏ္ျပဳတပ္ဖြဲ႕ကို စစ္ေဆး ခဲ့သည္။

ႏိုင္ငံေတာ္၏ အတုိင္ပင္ခံ ပုဂၢိဳလ္ႏွင့္ အိိႏိၵယသမၼတႏိုင္ငံ သမၼတ ပရာနာက္မူခါဂ်ီတို႔သည္ အိႏိၵယႏိုင္ငံ သမၼတအိမ္ေတာ္၀င္း Rashtrapati Bhavan , Morning Room ၌ ေတြ႕ဆံုခဲ့သည္။

ေတြ႕ဆံုစဥ္ အိႏိၵယသမၼတ ႏိုင္ငံလြတ္လပ္ေရးရၿပီးေနာက္ ပိုင္း ႏိုင္ငံထူေထာင္ခဲ့သည့္ အ ေတြ႕အႀကံဳမ်ားႏွင့္ ျမန္မာႏိုင္ငံ တြင္ ဒီမိုကေရစီထူေထာင္လ်က္ရွိ သည့္ အေျခအေနမ်ားႏွင့္ စပ္ လ်ဥ္း၍ အျမင္ခ်င္းဖလွယ္ေဆြး ေႏြးခဲ့ၾကေၾကာင္း အတိုင္ပင္ခံ႐ံုး က ထုတ္ျပန္သည္။

ေဒၚေအာင္ဆန္းစုၾကည္က ႏွစ္ႏုိင္ငံ ပူးေပါင္းေဆာင္ရြက္မႈကို ျမႇင့္တင္ရန္ အေလးအနက္လိုလား ေဆြးေႏြးခဲ့ျခင္းအတြက္ အိႏၵိယ ဝန္ႀကီးခ်ဳပ္ မိုဒီႏွင့္ သမၼတ မူခါဂ်ီ တို႔ကို ေက်းဇူးတင္ရွိေၾကာင္း ထပ္ေလာင္း ေျပာၾကားခဲ့သည္။

အတိုင္ပင္ခံ ပုဂၢိဳလ္သည္ အိႏိၵယႏိုင္ငံသမၼတ အိမ္ေတာ္မွ မဟတၱမဂႏၵီဗိမာန္သို႔ သြားေရာက္ ၍ ပန္းေခြခ်အေလးျပဳကာ ဧည့္ သည္ေတာ္မွတ္တမ္းတြင္ လက္ မွတ္ေရးထိုးခဲ့သည္။

ေဒၚေအာင္ဆန္းစုၾကည္၏ ေလးရက္ၾကာ အိႏိၵယႏိုင္ငံခ်စ္ၾကည္ေရးခရီးမွ ေအာက္တိုဘာ ၁၉ ညေန ၇ နာရီ ၃၅ မိနစ္တြင္ ေနျပည္ေတာ္ အျပည္ျပည္ဆုိင္ရာ ေလဆိပ္သို႔ ျပန္လည္ေရာက္ရွိခဲ့သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

ဒါ်အောင်ဆန်းစုကြည် ဦး ဆောင်သော မြန်မာအစိုးရသစ်၏ တိုင်း ကျိုးပြည်ပြုဆောင်ရွက်မှုများတွင် အိန္ဒိယ က အတူယှဉ်တွဲရပ်တည် ကူညီသွားမည် ဟု အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီက ကတိပြုပြောကြားသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် ပြီးခဲ့သည့် သီတင်းပတ်ကုန် က BIMSTEC အစည်းအဝေး တက်ရောက်ရန် အိန္ဒိယနိုင်ငံသို့ ရောက်ရှိနေသည်။ ဒေါ်အောင် ဆန်းစုကြည်သည် အစည်းအ ဝေးကျင်းပရာ ဂိုအာမှတစ်ဆင့် နယူးဒေလီမြို့သို့ သွားရောက်ကာ မိုဒီနှင့် တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ် သည်။ ၎င်းသည် အိန္ဒိယသမ္မတ ပရာနက်ဘ် မူခါဂျီ၊ နိုင်ငံခြားရေးဝန်ကြီး ဆူရှမားဆွာရက်ဂျ်တို့နှင့် ဦးစွာ တွေ့ဆုံခဲ့ပြီးနောက် ဝန်ကြီးချုပ်မိုဒီက ဟေဒရာဘက်ဒ် နိုင်ငံတော် ဂေဟာတွင် ဒေါ်အောင်ဆန်းစုကြည် အားဧည့်ခံခဲ့ခြင်းဖြစ်သည်။

ခေါင်းဆောင်နှစ်ဦးဆွေးနွေးမှုများအပြီး သတင်းထောက်များ နှင့် တွေ့ဆုံရာ၌ မိုဒီက ‘‘ဒေါ် အောင်ဆန်းစုကြည်ကို သူ့ရဲ့  ဒုတိယအိမ်က ကြိုဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို အခု လို လက်ခံကြိုဆိုခွင့်ရခြင်းဟာ အိန္ဒိယ နိုင်ငံအတွက် ဂုဏ်ယူစရာ အခြေအနေ တစ်ရပ်ပါ’’ ဟု ပြော ကြားခဲ့သည်။

 ဒေါ်အောင်ဆန်းစုကြည် (၁၈) နှစ်သမီးအရွယ်ကပင်အိန္ဒိယ သို့ ရောက်ရှိခဲ့သည်။ မိခင်ဖြစ်သူ ဒေါ်ခင်ကြည် အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီးဖြစ်လာ၍ နယူးဒေလီသို့ ၁၉၆၀ တွင် လိုက်ပါခဲ့ရခြင်း ဖြစ်သည်။ ၎င်းသည် အိန္ဒိယတွင် ဆက်လက်ပညာသင်ယူခဲ့ပြီး ၁၉၆၂ မှ ၆၃ အထိ ဒေလီတက္ကသိုလ်၌ နိုင်ငံရေးသိပ္ပံဘာသာရပ်ကို လေ့လာဆည်းပူးခဲ့သည်။ တစ်ဖန်ဒေါ်အောင်ဆန်းစုကြည်သည် အသက် (၄၅)နှစ်အရွယ် ၁၉၈၇ တွင် အိန္ဒိယသို့ပြန်ရောက်လာခဲ့ပြီး ဆင်းမလားမြို့ရှိအထူးလေ့လာရေး အိန္ဒိယ သိပ္ပံဌာနတွင် သုတေသီအဖြစ် လုပ်ကိုင်ခဲ့သည်။

မြန်မာနိုင်ငံ ချမ်းသာကြွယ်၀ အောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်နေရာတွင် အိန္ဒိယက အစစအရာရာ အဆင်သင့်ရှိနေ မည်ဖြစ်ကြောင်း မိုဒီက ထပ် လောင်းပြောကြားသည်။

‘‘နှစ်နိုင်ငံပူးပေါင်းဆောင်ရွက် ရန် ခိုင်မာသည့် ဖွံ့ဖြိုးရေးအစီအ စဉ်တစ်ခုရှိပါတယ်’’ဟု မိုဒီက ပြောကြားသည်။

‘‘အိန္ဒိယနိုင်ငံဟာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက် အောင် ကြိုးပမ်းဆောင်ရွက်နေမှု တွေမှာ အတူယှဉ်တွဲရပ်တည်ပြီး  အကူအညီပေးသွားမှာပါ။အိန္ဒိယ ဟာ မြန်မာနိုင်ငံနဲ့ ပူးပေါင်းဆောင် ရွက်မှုကဏ္ဍမှာ အရှိန်အဟုန်နဲ့  တိုးတက်မှုတွေ ရှိနေပါတယ်’’ ဟု ဆိုသည်။ ထို့အပြင် မြန်မာနှင့် အိန္ဒိယတို့သည် အိမ်နီးချင်းနိုင်ငံ များပီပီ ဒေသလုံခြုံရေးကဏ္ဍတွင် အလေးအနက် ပူးပေါင်းဆောင် ရွက်ရန်လည်း လိုအပ်ကြောင်း ၎င်းက မှတ်ချက်ပေးခဲ့သည်။

‘‘ကျွန်တော်တို့ နှစ်နိုင်ငံရဲ့လူ့ အဖွဲ့အစည်းတွေဟာ ရာစုနှစ် ပေါင်းများစွာ ယဉ်ကျေးမှုချင်း ဆက်စပ်နေခဲ့ပါတယ်။ မကြာ သေးမီကလှုပ်ခတ်သွားတဲ့ ငလျင် ကြီးကြောင့် မြန်မာနိုင်ငံက ရှေး ဟောင်းစေတီပုထိုးတွေ ထိခိုက် ပျက်စီးခဲ့တာကို ပြန်လည်ပြင် ဆင် မွမ်းမံဖို့အတွက် အကူအညီ  ပေးဖို့လည်း ကျွန်တော်တို့ဘက် ကမ်းလှမ်းခဲ့ပါတယ်’’ ဟု မိုဒီက ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်က လည်း မီဒီယာများရှေ့မှောက်တွင် ‘‘အိန္ဒိယဟာ ကမ္ဘာပေါ်မှာ ဒီမိုက ရေစီစံနှုန်း အမြင့်မားဆုံး နိုင်ငံ ဖြစ်နေတဲ့အတွက် မြန်မာနိုင်ငံက  လေးစားပါတယ်’’ ဟု ပြောကြားခဲ့ သည်။ မိုဒီနှင့်ဆွေးနွေးသည့် ကိစ္စ ရပ်များကို မေးမြန်းချိန်တွင်မူ ဒေါ် အောင်ဆန်းစုကြည်က ဖွံ့ဖြိုးရေး၊  ဆောက်လုပ်ရေး၊ ရှေးဟောင်း သုတေသန ပညာရပ်ဆိုင်ရာကဏ္ဍစုံ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်ကြောင်း ဖြေကြားခဲ့သည်။

 ဒေါ်အောင်ဆန်းစုကြည် သည် အစိုးရသစ် အာဏာရလာ ပြီးနောက် နိုင်ငံတော်အကြီးအကဲ တစ်ဦးအဖြစ် အိန္ဒိယသို့ ပထမဆုံး အကြိမ် တရားဝင်ခရီးစဉ် သွား ရောက်ခဲ့ခြင်းဖြစ်သည်။ အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် ဗီးကက်စ် ဆွာရပ်က မိုဒီနှင့် ဒေါ်အောင်ဆန်း စုကြည်တို့ အတူယှဉ်တွဲထိုင်နေ သည့် ဓာတ်ပုံကို Twitter ပေါ် လွှင့်တင်ခဲ့သလို ဒေါ်အောင်ဆန်း စုကြည်ကို ‘‘အရှေ့ အရပ်က မိတ်ဆွေရင်းချာဟောင်းတစ်ဦး’’ ဟု ညွှန်းဆိုရေးသားထားသည်။

‘‘နိုင်ငံနယ်နိမိတ်ကို ကျော် လွန်ပြီး ငြိမ်းချမ်းရေး ဆောင်ကြဉ်း ပေးဖို့ဆိုတာက ကျွန်မတို့ရဲ့ ရည် မှန်းချက် ပန်းတိုင်ပါပဲ။ ဘာ ကြောင့်လဲဆိုတော့ ကျွန်မတို့ဟာ မတည်ငြိမ် မအေးချမ်းမှုရဲ့ဒဏ်ကို နှစ်ရှည်လများ ကြုံတွေ့ ခံစားခဲ့ဖူး တာကြောင့်ပါပဲ’’ ဟု ဒေါ်အောင် ဆန်းစုကြည်ကဆိုသည်။

မိုဒီက အိန္ဒိယနှင့် မြန်မာအစိုးရများအနေဖြင့် နယ်စပ်ဒေသများ လုံခြုံရေးနှင့် နှစ်နိုင်ငံမဟာဗျူဟာ အရင်းအမြစ်များကို ကာကွယ်ရေး ပူး ပေါင်းဆောင်ရွက်ရန် သဘောတူညီမှုရရှိခဲ့ကြောင်း သတင်းထောက်များ၏မေးမြန်းမှုကို အတိုချုပ် ဖြေကြားခဲ့သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နယူးဒေလီမြို့ရှိ နိုင်ငံတော်သမ္မတ အိမ်တော်ဝင်း Rashtrapati Bhavan ၌ ဂုဏ်ပြုအခမ်းအနား ဖြင့် အိန္ဒိယဝန်ကြီးချုပ် မစ္စတာ နာရန်ဒရာမိုဒီက ကြိုဆိုခဲ့သည်။ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဂုဏ်ပြု တပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူ ပြီး ဂုဏ်ပြုတပ်ဖွဲ့ကို စစ်ဆေး ခဲ့သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် အိန္ဒိယသမ္မတနိုင်ငံ သမ္မတ ပရာနာက်မူခါဂျီတို့သည် အိန္ဒိယနိုင်ငံ သမ္မတအိမ်တော်ဝင်း Rashtrapati Bhavan , Morning Room ၌ တွေ့ဆုံခဲ့သည်။

တွေ့ဆုံစဉ် အိန္ဒိယသမ္မတ နိုင်ငံလွတ်လပ်ရေးရပြီးနောက် ပိုင်း နိုင်ငံထူထောင်ခဲ့သည့် အ တွေ့အကြုံများနှင့် မြန်မာနိုင်ငံ တွင် ဒီမိုကရေစီထူထောင်လျက်ရှိ သည့် အခြေအနေများနှင့် စပ် လျဉ်း၍ အမြင်ချင်းဖလှယ်ဆွေး နွေးခဲ့ကြကြောင်း အတိုင်ပင်ခံရုံး က ထုတ်ပြန်သည်။

ဒေါ်အောင်ဆန်းစုကြည်က နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် အလေးအနက်လိုလား ဆွေးနွေးခဲ့ခြင်းအတွက် အိန္ဒိယ ဝန်ကြီးချုပ် မိုဒီနှင့် သမ္မတ မူခါဂျီ တို့ကို ကျေးဇူးတင်ရှိကြောင်း ထပ်လောင်း ပြောကြားခဲ့သည်။

အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် အိန္ဒိယနိုင်ငံသမ္မတ အိမ်တော်မှ မဟတ္တမဂန္ဒီဗိမာန်သို့ သွားရောက် ၍ ပန်းခွေချအလေးပြုကာ ဧည့် သည်တော်မှတ်တမ်းတွင် လက် မှတ်ရေးထိုးခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ လေးရက်ကြာ အိန္ဒိယနိုင်ငံချစ်ကြည်ရေးခရီးမှ အောက်တိုဘာ ၁၉ ညနေ ၇ နာရီ ၃၅ မိနစ်တွင် နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည်ရောက်ရှိခဲ့သည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily


 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top